MRI Scan ဖတ်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ကာကွယ်ပေးမည့် ICD

ခန္ဓာကိုယ်အတွင်း မည်သည့်ရောဂါများ ဖြစ်ပွားနေသည်၊ မည်သည့်နေရာ တွင် ဖြစ်နေသည်ကို သိရှိနိုင် ရန်အတွက် ဆရာဝန်များ အနေဖြင့် MRI Scan ဖတ်ခြင်းကို ပြုလုပ်လေ့ရှိကြပြီး ၄င်း Scan ဖတ်ခြင်းဖြင့် ခန္ဓာကိုယ် အတွင်း ပိုင်းရှိ အစိတ်အပိုင်းများ၊ သွေးကြောများ၊ နှလုံးရောဂါ အခြေအနေများ၊ ကင်ဆာ များနှင့် အယ်လ်ဇိုင်းမား ရောဂါများကိုပါ အသေးစိတ် တွေ့မြင်နိုင် မည်ဖြစ်သည်။

သို့သော် ထိုသို့ဖတ်နိုင်ရန်အတွက် အလွန်ပြင်းထန်သော သံလိုက်လှိုင်း များနှင့် ရေဒီယိုလှိုင်းများကို အသုံးပြုရပြီး ၄င်းလှိုင်းများကြောင့် မလိုလား အပ်သော တုန်လှုပ်ချောက်ချားမှုများ၊ အပူချိန်တက်ခြင်းများနှင့် နှလုံးတစ်ရှုး စများကို လောင်ကျွမ်းခြင်းများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် လူများ အနေဖြင့် ထိုသို့ပြုလုပ် ခြင်းများကို အကန့်အသတ်ဖြင့်သာ ပြုလုပ်သင့် ကြောင်းလည်း ဆရာဝန်များက ပြောဆိုလာကြပေသည်။

ထို့ကြောင့် ယခုအခါ Implantable Cardioverter Defibrillators – ICD ဟုခေါ်သော ခန္ဓာကိုယ်အတွင်းရှိ ညှပ်ရိုးအောက်၌ မြုပ်နှံထားရမည့် ပစ္စည်းတစ်မျိုးကို တီထွင်ခဲ့ကြပါသည်။ ၄င်းပစ္စည်းကို အသုံးပြုခြင်းဖြင့် ဆရာဝန် များအနေဖြင့် ခန္ဓာကိုယ်၏ နှလုံးအပါအ၀င် မည့်သည့်အစိတ်အပိုင်းကိုမဆို MRI Scan ဖတ်ခြင်းကို ကောင်းစွာ လုပ်ဆောင်နိုင်မည်ဖြစ်ပေသည်။ ၄င်းပစ္စည်းအနေဖြင့် ဘက်ထရီစွမ်းအားပေး စနစ်ကို အသုံးပြုထားပြီး ၄င်းတွင် အထူးပြုလုပ်ထားသော ဆော့ဖ်ဝဲလ်အသုံးပြုထားကာ Scan ဖတ်ခြင်းမှ ဖြစ်ပေါ်လာမည့် မည့်သည့်လှိုင်းလုံးများကို မဆို တားမြစ်ပေးနိုင်မည်ဖြစ်သည်။

ဆရာဝန်များအနေဖြင့်လည်း Laptop နှင့်ကြိုးမဲ့စနစ်ချိတ်ဆက်ကာ Scan မဖတ်မီ Programm အား ပြန်လည် စစ်ဆေးခြင်း များ၊ပြင် ဆင်ခြင်းများပြုလုပ်နိုင်မည်ဖြစ်သည်။ ၄င်းပစ္စည်းအနေဖြင့် မီးခြစ်ဆံဘူး အရွယ်အစားခန့်ပင် ရှိကာ လန်ဒန်မြို့ အနောက်မြောက်ပိုင်းတွင် နေထိုင်သူ Penelope Wybrow ဆိုသူမှာ ၄င်းကိရိယာကို ပထမဦးဆုံး တပ်ဆင် အသုံးပြုခဲ့သူ ဖြစ်ပေသည်။

ကိရိယာတပ်ဆင်ရန်အချိန် ၄၅ မိနစ်ခန့်ကြာမြင့်မည်ဖြစ်ပြီး ဘယ်ဘက်ရင်အုံအောက်တွင် ကိရိယာကို ထားရှိကာ ၄င်းမှ ၀ါယာကြိုးနှစ်ချောင်းဖြင့် နှလုံး၏ အပေါ်ခန်းနှင့် အောက်အခန်းများကို ဆက်သွယ်တပ်ဆင် ထားမည်ဖြစ် သည်။ ထိုသို့တပ်ဆင်လိုက်ခြင်းဖြင့် လူနာအနေဖြင့် MRI Scan များကို လုံခြုံစိတ်ချစွာ အသုံးပြု နိုင်မည်ဖြစ် ကြောင်း နှင့် ပစ္စည်းတန်ဖိုးမှာ ပေါင် ၂၀၀၀၀ တန်ဖိုးရှိကြောင်း သိရှိရပါသည်။


Ref:PS
WorldWide(BMSTU)
TechSpace Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...