အမျိုးသားတစ်ဦး ရေချိုးမယ်ဆိုပြီး အတွင်းခံမပါဘဲ ထိုင်ခုံပေါ် တက်ထိုင်စဉ် (++) ဥ’’ ညှစ်ကာ အရေးပေါ် (၁၁၉) ခေါ်လိုက်ရ

Tuesday, September 30, 2014
ထိုင်ဝမ်တွင် အသက်( ၆၅ )နှစ် ဦးလေးကြီး တစ် ယောက် ရေချိုးမယ် ဆိုပြီး အတွင်းခံ မပါဘဲ ယခုကဲ့သို့  ဓါတ်ပုံအတိုင်း ပလတ်စတစ် ထိုင်ခုံပေါ် ခဏထိုင်လိုက် ၍ (ဥ)ဟိုဒင်း တစ်လုံးက ခုံအပေါက်ထဲ ဝင်ပြီး ခံနေလို့ ၁၁၉ ခေါ်ရလိုက်ရကြောင်း တရုတ်သတင်း စာမျက်နှာ တစ်ခုတွင် ဖော်ပြထားသည်။

ယခုပုံပါ ဓါတ်ပုံသည် ပလတ်စတစ် ရောင်းစုံ ကုလား ထိုင်ဖြစ်ပြီး တရုတ်နိုင်ငံထုတ် အမှတ်တံဆိပ်
ပါရှိသော ကုလားထိုင် ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ထိုင်ဝမ်အဖိုးကြီးသည် ကုလားထိုင်ပေါ်တွင် ရုတ်တစ်ရက် တက်ထိုင်လိုက်စဉ် ဥ အပေါက်ကြားသို့  ၀င်သွားခဲ့ပြီး ပြန်နှုတ်ရန် ခက်ခဲ့သဖြင့် ယခုကဲ့သို့  အရေးပေါ် ဖုန်းခေါ်ဆိုခဲ့ခြင်းဖြစ်သည်။

ထိုနောက် အရေးပေါ် ကားရောက်ရှိပြီး အဖိုးကြီးအား အမြန်ဆုံး အသက်ကို ကယ်တင်လိုက်ရသည်။ ယခုကဲ့သို့ ဖြစ်စဉ်မှ မကြာခဏဖြစ်ပွား ခဲ့သော်လည်း ’’ဥ’’ ကဲ့သို့ အပေါက်အတွင်းသို့ ဝင်ရောက်ဖို့  သည် အလွန်တရာမှ ရှားပါးကြောင်းနဲ့ သတိမမူဘဲ ရုတ်တစ်ရက် တက်ထိုင်စဉ် ဥ သည်အထဲသို့  ၀င်ရောက်ပြီး ညှပ်နေတာဖြစ်ကြောင်း အရေးပေါ် ကယ်ဆယ်သူ တစ်ဦးမှ မှတ်ချက်ပေးသည်။


ရွှေမြန်မာမီဒီယာ

မူရင်းလင့်





-------------------------------------- 
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

Shipyard vs Construction (အပိုင်း-၂)

Tuesday, September 30, 2014
archive.wired.com
အပိုင်း (၁) မှာ Keppel Shipyard ရဲ့ Take-5 လို့ ခေါ်တဲ့ Safe Work Procedure ကို အကျဉ်းသဘော ရှင်းပြခဲ့ပါတယ်။ အဲဒီ Safe Work Procedure ကို အကောင် အထည်ဖေါ်ဖို့ Safe Work Method ဆိုတာကို နည်းနည်းလောက် ပြောပြ ပါရစေဦး။ သဘော ကတော့ ကလေး တစ်ယောက်ကို လိမ်မာ ပါလို့ ပြောရုံနဲ့ မပြီးပါဘူး။ လိမ်မာတယ် ဆိုတာဘာ လဲ…. ဘယ်လို နေတာ ထိုင်တာကို လိမ်မာတယ် ခေါ်သလဲ ဆိုတာကိုပါ ရှင်းပြမှသာ ထိရောက်မှာ ဖြစ်ပါတယ်။ ဟော်တယ် လုပ်ငန်းမှာဆိုရင် Hygiene & Sanitation ဆိုပြီး ရှိသလိုပါပဲ။ သန့်ရှင်းခြင်းနဲ့ သန့်ရှင်းအောင် ပြုလုပ်ခြင်းပေါ့။ အခုလည်း ဒီလိုပါပဲ။ Safe ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ… ဒီအတွက် ဘယ်လို စံနစ်တွေနဲ့ ထိန်းချုပ်ထားသလဲ…. ကြည့်ရအောင်ပါ။

ပထမအချက်အနေနဲ့ Shipyard မှာ ဘာအလုပ် လုပ် လုပ်၊ ခွင့်ပြုမိန့် (Permit) လျှောက်ရပါတယ်။ ဒါကို PTW (Peremit to Work System) လို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်္ဘောတစ်စီးမှာ အလုပ် လုပ်နေတဲ့ ကန်ထရိုက်တာတွေ၊ အဖွဲ့တွေက အများကြီး ခင်ဗျ။ တချို့ အလုပ်တွေက အကြောင်းအမျိုးမျိုးကြောင့် သူလုပ်နေရင် ကိုယ်လုပ်လို့ မရ…. ကိုယ်လုပ်နေရင် သူလုပ်လို့ မရတာတွေ ရှိပါတယ်။ ဥပမာအားဖြင့် ဆေးသုတ်တဲ့ လုပ်ငန်းနဲ့ ဝရိန်ဆော်တဲ့ လုပ်ငန်းမျိုးကို တစ်နေရာတည်းမှာ သွားလုပ်ခိုင်းလို့ မရပါဘူး။ မီးလောင်မှု ကျိန်းသေ ဖြစ်မှာ ဖြစ်ပါ တယ်။ ပါမစ်ကို လျှောက်တဲ့အခါ ဒီအလုပ်ကို လုပ်ဖို့ တာဝန်ကျတဲ့ အနည်းဆုံး Supervisor/ Technician အဆင့် က VSCC လို့ ခေါ်တဲ့ Vessel Safety Control Commette အစည်းအဝေးမှာ လက်မှတ်ထိုး လျှောက်ရ ပါတယ်။

VSCC meeting ကတော့ မနက်တိုင်း မဖြစ်မနေ လုပ်ရတဲ့ အစည်းအဝေးတစ်ခု ဆိုပါတော့။ သင်္ဘော ပိုင်ရှင်တွေ၊ Shipyard Department တိုင်းက သင်္ဘောအတွက် တာဝန်ကျ Supervisor တွေ၊ အရာရှိတွေ၊ ကန်ထရိုက်တာ ခေါင်းဆောင်တွေ တက်ရပါတယ်။ ပြီးရင် ဒီနေ့ ဘာတွေလုပ်မယ် ဆိုတာကို ပြောကြ ဆွေးနွေးကြရတဲ့ အစည်း အဝေး ပါပဲ။ အစည်းအဝေးမှာ ပါမစ်တွေကို အတည်ပြုပေးသူတွေကတော့ တာဝန်ကျ Safety Officer နဲ့ Project Manager တွေ ပဲပေါ့။ ပြီးသွားတဲ့အလုပ်တွေရဲ့ ပါမစ်တွေကိုလည်း တစ်ပါတည်း ဖျက်ကြရပါတယ်။

နောက်ထပ် အရေးကြီးတာက ပါမစ်နဲ့အတူ RA (Risk Assessment) ဆိုတာ တွဲတင်ရပါတယ်။ အဲဒီ RA ဆိုတာ လည်း စာရွက်စာတမ်းတစ်ခုပါပဲ။ ဒါပေမဲ့ RA ဟာ တကဲ့တကယ်တော့ စာရွက်စာတမ်းတစ်ခု ဆိုတာထက် ပိုပါတယ်။ RA မှာ ပါတဲ့အချက်တွေက အခုလုပ်မဲ့အလုပ်ရဲ့ လုပ်ရမဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်၊ လုပ်ငန်းအဆင့် အလိုက် ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေ၊ အဲဒီ အန္တရာယ်တွေရဲ့ ဖြစ်နိုင်ရာချေ (Likelihood) နဲ့ ပြင်းထန်နိုင်မှု (Severity) ပေါ် မူတည်ပြီး အန္တရာယ်များနိုင်မှု အဆင့် (Risk level) ကို သတ်မှတ်ပါတယ်။ ပြီးတော့ ဘယ်လို ကာကွယ်မလဲဆိုတာကို တိတိကျကျ ရေးထားပါတယ်။ ကာကွယ်မှုတွေ လုပ်လိုက်ရင် အန္တရာယ်အဆင့်က လျော့ကျ သွားပါတယ်။ ဘယ်လောက်ထိ လျော့သွားနိုင်တယ် ဆိုတာကို ထပ်ပြီး ဆုံးဖြတ်ပါတယ်။ ပြီးတော့မှ လုပ်ငန်းစဉ် တစ်ဆင့်ချင်းစီအပေါ် တာဝန်ရှိသူ ဘယ်သူဆိုတာကို ဖေါ်ပြထားပါတယ်။

သဘောကတော့ အလုပ်တစ်ခုကို မလုပ်ခင်မှာ ခေါင်းအေးအေးနဲ့ သေသေချာချာ စဉ်းစားပြီး အန္တရာယ် မဖြစ် အောင် ပြင်ဆင်ထားတဲ့ အင်မတန်တန်ဖိုးရှိတဲ့ Document တစ်ခုပါ။ တကယ်တမ်းမှာ ပြောရမယ်ဆိုရင် RA ဟာ လုပ်ငန်းခွင်အတွက်သာ မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ ဘဝမှာပါ လက်တွေ့ အသုံးကျပါတယ်။ စီးပွားရေးတစ်ခု လုပ်မယ်ဆိုပါစို့။ ကျွန်တော်တို့ ဆုံးရှုံးသွားနိုင်တဲ့ အချက်တွေကို လုပ်ငန်းမစခင် သေသေချာချာ ပြင်ဆင်ပြီး RA တစ်စောင် ချရေးထားမယ်ဆိုရင် ဖြစ်လာတဲ့အခါ အဆင့်အလိုက် အဖတ်ဆည်ဖို့ အခွင့်အလမ်းများပါလိမ့်မယ်။ ဒါ့အပြင် လူဆိုတာ ပြဿနာတကယ်ကြုံလာတဲ့အခါ ထူပူပြီး အမှားတွေ ဆုံးဖြတ်လုပ်ကိုင်မိတတ်တဲ့ ဘေးမှလည်း သက်သာရာ ရပါလိမ့်မယ်။ ပြီးတော့ ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာ အစကတည်းက သတ်မှတ်ထားပြီးဖြစ်လို့ ဘယ်သူ့ဘယ်သူကိုမှ လွှဲချ ပုံချ လို့ မရတော့ပါဘူး။ တာဝန်ယူမှုဆိုတာ RA မှာ တစ်ပါတည်း ပါပြီးသားပါ။

အဲဒီတော့ အလုပ်တစ်ခု လုပ်မယ်ဆိုတိုင်း Permit နဲ့ RA ဆိုတာ ဘာကြောင့်လိုအပ်တယ် ဆိုတာကို ရိပ်စားမိ လောက်ပြီ ထင်ပါတယ်။ အလုပ်မစခင် တာဝန်ပေးမဲ့ အလုပ်သမားတွေကို သက်ဆိုင်ရာ RA နဲ့ ပါတ်သက်ပြီး သေသေချာချာ ရှင်းပြပြောပြ ရပါတယ်။ နားလည်သည်အထိ ရှင်းပြဖို့ Supervisor သို့မဟုတ် အရာရှိမှာ တာဝန်ရှိ ပါတယ်။ ပြီးရင် အလုပ်သမားတွေကို သိရှိနားလည်ကြောင်းအနေနဲ့ RA မှာ လက်မှတ်ထိုးခိုင်းတာ အကောင်းဆုံး ပါပဲ။

အလုပ်သမားတွေအတွက်တော့ RA ဟာ ကောင်းလည်းကောင်းသလို မကောင်းတာလည်း မကောင်းဘူးလို့ ပြောနိုင်ပါတယ်။ ကောင်းတာကတော့ အလုပ်မစခင် ဘာတွေလုပ်ရမယ်၊ ဘာတွေ ဖြစ်နိုင်တယ်၊ ဘာတွေ ပြင်ဆင် ရမယ် ဆိုတာကို သိတဲ့အတွက် ကောင်းပါတယ်။ မကောင်းတာက မတော်တဆ (Accident) တစ်ခု ဖြစ်ပြီဆိုရင် RA ကို အရင် ကြည့်ပါတယ်။ RA ထဲမှာ သတိပေးထားပါရက်နဲ့ RA ကို မလိုက်နာလို့ ပဲဖြစ်ဖြစ်၊ မေ့လျော့ပေါ့ဆ လို့ပဲဖြစ်ဖြစ် တစ်ခုခု ဖြစ်တယ်ဆိုရင် လျော်ကြေးရမှာ မဟုတ်တဲ့အပြင် အရေးယူခံရနိုင်ပါတယ်။ RA ထဲမှာ မဖေါ် ပြထားတဲ့ ပြဿနာမျိုးဆိုရင်တော့ ရနိုင်ပါတယ်။ ဒါပေမဲ့ RA ဆိုတာက ခေါင်းအေးအေးနဲ့ သေသေချာချာ စဉ်းစားပြီး ရေးထားတာဖြစ်လေတော့ အများအားဖြင့် အဲဒီထဲကအချက်တွေနဲ့ ပြေးမလွတ်ပါဘူး။ အဲဒီတော့ RA ဟာ တာဝန် ယူရတဲ့ အရာရှိအတွက်တော့ အကာအကွယ်ဖြစ်ပေမဲ့ အလုပ်သမားအတွက်တော့ အကောင်းအဆိုးလို့ ပြောရမှာ ပါပဲ။

တကဲ့လက်တွေ့မှာတော့ ပြောထားပြီးပြီပဲ…. ဖြစ်ရင် သူတို့အပြစ်ပေါ့လို့ အလုပ်သမားတွေကို လွယ်လွယ်ကူကူ ပုံမချရက်ပါဘူး။ ရူးနေတာ မဟုတ်ရင် ဘယ်သူမှတော့ တမင်သက်သက် Accident မဖြစ်ချင်ပါဘူး။ Accident ဆိုကတည်းက မတော်တဆ ဖြစ်တာခင်ဗျ။ တမင် လုပ်တာ မဟုတ်ဘူးလို့ အဓိပ္ပါယ်ပေါက်ပါတယ်။ လုပ်ငန်းခွင် ဆိုတာမျိုးက တကယ်အလုပ်ဇော ကပ်လာတဲ့အခါပဲ ဖြစ်ဖြစ်၊ အရေးကြီးနေရင်ပဲ ဖြစ်ဖြစ်၊ အလုပ်မှာ စိတ်ဝင်စား လွန်းလို့ ဖြစ်ဖြစ်၊ မိသားစု ပြဿနာလို တစ်ခုခုကြောင့် စိတ်ပျံ့လွင့်နေရင်ပဲ ဖြစ်ဖြစ် Accident ဆိုတာ ဖြစ်နိုင်တာချည်း ပါပဲ။ Speed နဲ့ Safety ဟာ ပြောင်းပြန် အချိုးကျပါတယ်။ တစ်ခါတစ်ရံ အရမ်းတွန်းထိုးပြီး လုပ်လာတဲ့အခါ Safety ဟာ အလိုလိုနေရင်း နောက်ရောက်လာပါတော့တယ်။ အလုပ်ပြီးဖို့ပဲ အတင်းတွန်းတဲ့အခါ ဒါဟာ ဖြစ်တတ်တဲ့ သဘာဝပါ။ ဖြစ်လာမှသာ စာရွက်စာတမ်းတွေ၊ လုပ်ပိုင်ခွင့်တွေ၊ ဘောင်တွေ၊ သက်သေတွေနဲ့ ရှုပ်ကြရတာပါ။ အဲဒီအခါကျရင် အလုပ်ပြီးဖို့ အတင်းတွန်းထိုး ဖိအားပေးခဲ့သူတွေကလည်း ဝန်ခံကြတော့မှာ မဟုတ်ပါဘူး။ ကိုယ်ဖြစ်ကိုယ်ခံပါပဲ။

အလုပ်သမားတွေထဲမှာလည်း ယေဘူယျပြောရရင် ပညာတတ်တဲ့သူနဲ့ မတတ်တဲ့သူ အတော်ကွာပါတယ်။ ပညာ တတ်တဲ့သူက ပညာတတ်မာန်ကြောင့် ပြောရင်ဆိုရင် သိပ်မကြိုက်ပါဘူး။ အများအားဖြင့်တော့ အပြောအဆို မခံရအောင် အလုပ်လုပ်တတ်သလို အမှားအမှန်ကို အနည်းနဲ့ အများ ပိုင်းခြားတတ်လေတော့ သူ့ကိုယ်သူလည်း တန်ဖိုးထားပါတယ်။ ပြီးတော့ သူတို့မှာ ရည်မှန်းချက်ရှိပါတယ်။ ဒါကြောင့် သူ့ Safety ကို သူဂရုစိုက်ပါတယ်။

ပြောရမယ်ဆိုရင် ကျနော် Keppel Shipyard ကို စ ရောက်စဉ်တုန်းက $450 စား Ship Electrician ဘဝ နဲ့ပါ။ တကယ်တော့ ရန်ကုန်မှာတုန်းက GTI ဆင်း Assistant Engineer အဖြစ် တာဝန်ယူခဲ့တဲ့ ကျနော် ခေတ်ကာလ အနေအထားအရ Work Permit နဲ့ သင်္ဘောကျင်း အလုပ်သမားဘဝ ရောက်လာတဲ့အခါ ခံစားရတဲ့ ခံစားမှုကို နည်းနည်း ပြောပြပါရစေ။ ကျနော်တို့ လာစဉ်က မြန်မာပြည်မှာ ဘာကျောင်းပဲ ပြီးလာလာ၊ Work Permit လျှောက်တဲ့အခါ Secondary (အလယ်တန်း) အဆင့် နဲ့ပဲ လျှောက်ကြရပါတယ်။ Work Permit ထဲမှာ Secondary ပါပဲ။ ပြီးတော့ ၁၀ တန်းအောင်ရော၊ မအောင်ရော၊ GTI တွေ၊ ဘွဲ့ရတွေ အားလုံး လစာ $450၊ ပညာအရည်အချင်း Secondary ဆိုတဲ့ အဆင့်တစ်ခုနဲ့ တန်းအညှိခံ လိုက်ရတာပါပဲ။

အဲဒီမှာတင် ကိုယ့်စိတ်ကို ကိုယ်အရင် ပြင်ဆင်ရပါတယ်။ အရင်က ရာထူးနဲ့ တာဝန်အရ ကိုယ့်ကို လေးစားသမှုနဲ့ ဆက်ဆံခဲ့ရတဲ့ ကိုယ့်မျက်စိထဲမှာ ချာတိတ်လို့ သဘောထားတဲ့ ကလေးတွေရဲ့ ဆက်ဆံပုံကို လက်ခံနိုင်ဖို့ အရင် ကြိုးစားရပါတယ်။ ပြီးတော့ ပညာတတ် အရာရှိဆိုတဲ့ မာန်လေးကို ချပြီး အလုပ်ကြမ်းသမားတစ်ယောက်ရဲ့ ဘဝကို အမှန်အတိုင်း ရင်ဆိုင်လက်ခံနိုင်ဖို့ ကြိုးစားရပါတယ်။ သူတစ်ပါး တိုင်းပြည်မှာ လာလုပ်ရတဲ့ လစာအနိမ့်ဆုံး Shipyard အလုပ်သမားဘဝဆိုတာ ကိုယ့်အောက်မှာ သင်္ဘောကြမ်းခင်းပဲ ရှိတော့တာမို့ ဇာတိပုည ဂုဏ်မာနတွေ၊ ပညာမာနတွေ အကုန်လုံးကို ချပစ်လိုက်ရပါတယ်။ ဒါပေမဲ့ ဒါတွေဟာ အခိုက်အတန့် အားဖြင့်သာ ငုတ်လျှိုးနေ တာဖြစ်ပြီး ရင်ထဲမှာတော့ ကိုယ်ဘာကောင်ဆိုတဲ့ တန်ဖိုးလေးကို ငြိမ်းမသွားအောင် မီးထိုးပေးနေရတာပါပဲ။ ဒါဟာ အခိုက်အတန့်သာ ဖြစ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကိုယ့်ကိုယ်ကို အားပေးခဲ့ရတာပါပဲ။

ရည်မှန်းချက် ရှိတဲ့သူဆိုတာ ကိုယ့်အရည်အချင်းကို ပြဖို့ ဘယ်နားကနေ အခွင့်အလမ်းပေါ်လာမလဲဆိုပြီး အမြဲ အဆင်သင့်ဖြစ်နေသူမျိုးတွေပါ။ ဒါကြောင့် ရည်မှန်းချက် မပေါက်မြောက်ခင်၊ ကိုယ့်ရဲ့ သိမ်းဆည်းထားရတဲ့ ယုံကြည်ချက်တွေ မျှော်လင့်ချက်တွေ အကောင်အထည် မပေါ်မချင်း ကိုယ့်ကိုယ်ကို ဘာမှ အဖြစ်မခံနိုင်ပါဘူး။ ဘာမဟုတ်တဲ့ ဘဝတစ်ခုနဲ့ အသေမခံနိုင်ပါဘူး။ ဒါဟာ ပညာတတ်တွေ၊ ရည်မှန်းချက် ရှိသူတွေရဲ့ သဘောထား ပါ။ ဒါကြောင့် ယေဘူယျအားဖြင့်တော့ အဲဒီလို လူတွေက Safety ကို အဖမ်းခံရမှာစိုးလို့ မဟုတ်ဘဲ ကိုယ့်အသိ စိတ်ဓါတ်နဲ့ကိုယ် လိုက်နာတတ်ကြတာမို့ Accident ဖြစ်ဖို့ အခွင့်အလမ်း နည်းပါတယ်။

ပြဿနာက ပညာသိပ်မတတ်တဲ့ ဝန်ထမ်းတွေပါ။ အထူးသဖြင့် ဘင်္ဂလားတွေပါ။ ပြောရင်လည်း နားလည်ချင်ယောင် ဆောင်ပါတယ်။ ပြီးရင် လစ်ရင်လစ်သလို ခိုတာကပ်တာ လုပ်ပါတယ်။ ဖမ်းမိပြီဆိုရင် အကြီးအကျယ် ငိုချင်းချပါ တော့တယ်။ မြန်မာပြည်က မြင်ဖူးတဲ့ လိုင်းကားသမားတချို့နဲ့ တူပါတယ်။ ကသမ်းကရမ်းမောင်းမယ်၊ ဆဲဆို ရိုင်းစိုင်းမယ်၊ အခန့်မသင့်ရင် တုတ်ဆွဲဓါးဆွဲ ရိုက်မယ် နှက်မယ်။ အဲ… ပြဿနာတက်ပြီဆိုရင်တော့ စောစောက ပြောသလိုပါပဲ။ သူ့မှာ အမေအိုကြီးနဲ့ပါတို့ ကလေး ၁၀ ယောက် ရှိတာတို့ လုပ်ပါတော့တယ်။ အလုပ်ကိုတော့ စေတနာထား ကောင်းကောင်းမလုပ်ပါဘူး။ 

အလုပ်သမားဆိုတာ သူတို့ရင်ထဲမှာ ? တွေ အမြဲ သိမ်းထားတတ်ပါတယ်။ နားမလည်ရင် မေးလို့ ဘယ်လောက် ပြောပြော အမြဲ ပြန်မေးနေလိမ့်မယ်လို့ ယူဆလို့ မရပါဘူး။ ပြန်မမေးတိုင်း နားလည်မှာပဲလို့ တရားသေ မှတ်လို့ မရပါဘူး။ ဘာသာစကားမတူတဲ့အခါ ပိုလို့တောင် ဆိုးပါသေးတယ်။

တကယ်တမ်းမှာလည်း အရာရှိအများစုဟာ အမေးအမြန်းထူရင် သိပ်မကြိုက်ကြပါဘူး။ တစ်ခါက နှစ်ခါဆို ဟောက်ကြ ဟိန်းကြတော့တာပါပဲ။ ဒီလိုနဲ့ပဲ အဆင့်ဆင့် မပြည့်စုံတဲ့ နားလည်မှုတွေနဲ့ လုပ်ကြရတာပါ။ လုပ်ရင်း နားလည်မှာပေါ့လို့ပဲ တွေးရတော့တာပါပဲ။ တကယ်လိညး လုပ်ရင်းနဲ့ ရှင်းသွားရတာပါပဲ။ သဘောကတော့ လက်တွေ့မှာ တချို့ သီအိုရီတွေ ရာနှုန်းပြည့် မမှန်နိုင်ဘူး ဆိုတဲ့သဘောပါပဲ။ မြန်မာတွေဆို သာတောင် ဆိုးပါ သေးတယ်။ နဂိုကတည်းက ပြန်မေးခွင့်မရှိတဲ့ စံနစ်အောက်မှာ နေလာခဲ့တော့ အများစုက လူတောမတိုးပါဘူး။ မေးခွန်း ဆင်းရဲပါတယ်။ အများစုက မေးခွန်းတစ်ခု မေးဖို့ သူတို့မှာ အတော်အားယူရရှာပါတယ်။

ကိုယ်မေးလိုက်တဲ့ မေးခွန်းဟာ ကြောင်လိုက်တာလို့ မြင်ကြမလား…. သူများတွေ အကုန်သိနေတဲ့ဟာ၊ သိကို သိရမဲ့ ဟာကို မသိဘဲ ဖြစ်နေတာများလား….. စိတ်မရှည်တဲ့ မျက်လုံးတွေ၊ လှောင်ပြောင်ချင်တဲ့ အကြည့်တွေကို ရင်ဆိုင်ရမလား…… အထင်များ သေးသွားမလား….. စသဖြင့် သူတို့ရင်ထဲမှာ မရှင်းလင်းတဲ့ အရာတစ်ခုကို ပွင့်ပွင့် လင်းလင်း မေးဖို့ ဝန်လေးတုန့်ဆိုင်းနေတဲ့အတွက် မေးခွန်းအများစုဟာ သူတို့ ရင်ထဲကနေ နှုတ်ဖျားကို ထွက်မလာ ကြတော့ပါဘူး။ သူများတွေများ သူသိချင်တာကို မေးပေးမလားလို့ ရင်ထဲက တိတ်တခိုးလေး မျှော်လင့်ပါတယ်။ ဘယ်သူမှ မမေးကြတဲ့အခါ သူ့မေးခွန်းလေးကို မျိုချလိုက်ပါတော့တယ်။ သနားစရာ မကောင်းဘူးလားခင်ဗျာ။

ဒါပေမဲ့ တစ်ယောက်ယောက်က မေးရင်လည်း မြန်မာတွေ အကျင့်က ရှည်ရန်ကောဆိုတဲ့ သဘောနဲ့ မေးခွန်းမေး သူအပေါ် စိတ်မရှည်တဲ့ပုံ လုပ်တတ်ကြသလို သူသိချင်တာကို သူများက မေးတဲ့အခါလည်း သိပြီးသားပုံစံမျိုးနဲ့ ဒါလေးများ မျက်နှာပေးမျိုး လုပ်တတ်ကြပါသေးတယ်။ 

တချို့က ပြောပါတယ်။ မေးတယ်ဆိုတာ မေးသင့်တဲ့ မေးခွန်း၊ မမေးသင့်တဲ့ မေးခွန်း ရှိတယ်..တဲ့။ ဟုတ်ပါတယ်။ ကျနော် လက်ခံပါတယ်။ ဒါပေမဲ့ဗျာ… အဲဒီ အယူအဆဟာ သိပ် ယေဘူယျဆန်တယ်လို့ ကျနော်ထင်တယ်။ ဘာကြောင့်လည်း ဆိုတော့ ကလေးတွေ စကား စ ပြောတတ်တဲ့ အချိန် မေးတဲ့ မေးခွန်းတွေကို ကြည့်ပါ။ ဘာဖြစ် လို့ ကျောင်းတက်ရတာလဲ။ ဘာဖြစ်လို့ အိပ်ရတာလဲ။ စတာမျိုးတွေပါ။ ဒါတွေကို လူကြီးမိဘတွေက နည်းမှန် လမ်းမှန် ကလေးနားလည်အောင် ကြိုးစားပြီး ရှင်းပြလို့ သူတကယ် နားလည်သွားရင် နောက်ထပ် မမေးတော့ပါ ဘူး။ ထပ်မေးသေးတယ်ဆိုရင် သူတကယ် နားမလည်သေးတာ ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ သိတော်မူကြတဲ့အတိုင်း ကျနော်တို့ဆီက လူကြီးတွေရော၊ ကလေးတွေရော အားလုံးလိုလိုဟာ ငယ်စဉ် ကတည်းက မေးခွန်းတွေကို အသတ်ခံထားရတာပါ။ မေးခွန်းမေးတာ မကောင်းမှုတစ်ခု၊ ရှက်စရာတစ်ခုလို လှောင်ပြောင်ခံခဲ့ရတာပါ။ ကျနော်တို့အားလုံးဟာ မေးခွန်းတွေ အများကြီးကို မျိုချပြီး ပါးစပ်ပိတ်ကြီးပြင်း လာခဲ့ကြ ရတာပါ။ ခင်ဗျားတို့ ကျနော်တို့ အားလုံး မညာတမ်းဝန်ခံရရင် ကျနော်တို့ရင်ထဲမှာ ကလေးမေးခွန်းလေးတွေ အများကြီး ရှိနေတယ်ဆိုတာ မြင်ရမှာပါ။ ဥပမာအားဖြင့် မြေကြီးအောက်မှာ ငရဲဆိုတာ ရှိတယ်။ ဒယ်အိုးကြီးနဲ့ ထည့်ကြော်တယ်။ ကျောင်းနေတော့ ကျောင်းက သင်တယ်။ ကမ္ဘာ့အတွင်းပိုင်းမှာ ကျောက်ရည်ပူတွေ ရှိတယ်။ ကမ္ဘာမြေကြီးမှာ အလွှာတွေ ရှိတယ်။ အရင်သိထားတဲ့ knowledge နဲ့ နောက်ထပ်ရတဲ့ knowledge က ပဋိပက္ခ (Conflit) ဖြစ်တယ်။ ဒါပေမဲ့ မမေးမိတော့ဘူး။ မေးရင်လည်း လူကြီးတွေက သေသေချာချာ မဖြေဘူး (သို့မဟုတ်) သူတို့ကိုယ်တိုင် သေသေချာချာ မသိဘူုး။ သူတို့လည်း ဒီပဋိပက္ခတွေကို ဒီအတိုင်းပဲ လက်ခံထားခဲ့တာ။ အများစုက သေသည်အထိ ဖြေရှင်းဖို့ မကြိုးစားကြဘူး။ နောက်တစ်ခါ အပြစ်ရှိတဲ့သူကို သိကြားမင်းက မိုးကြိုးနဲ့ ပစ်တယ်လို့ ဆိုတယ်။ နောက်တော့ လျှပ်စစ်ရုံးက မီတာဘောက်စ်ကို မိုးကြိုးပစ်တော့ မီတာဘောက်စ်ကြီးက ဘာအပြစ်တွေ လုပ်ပါလိမ့်လို့ ကျနော်တွေးဖူးတယ်။

ကျနော်ပြောချင်တာက နှစ်ခွသော knowledge တွေကို မဖြေရှင်းဘဲ ဒီအတိုင်းလက်ခံကြတဲ့ ထုံးစံကို ပြောချင်တာ။ ကျနော်ကတော့ ဖြေရှင်းဖို့ အာရုံရှိသမို့ ခုတော့ ကျနော်လက်ခံနိုင်တဲ့ အဖြေမျိုး ရခဲ့ပြီးပြီ။ ငရဲ ဆိုတာကို လက်ခံနိုင် ခဲ့ပြီ။ ကျောက်ရည်ပူတွေ အကြောင်းလည်း သိခဲ့ပြီ။ ဒါတွေ ပြောရင် ရည်ရွယ်ရာ မရောက်တော့မှာမို့ ထားခဲ့ပါ တယ်။ ဆိုလိုချင်တာကတော့ ကျနော်တို့ မေးသင့်တယ်။ ဖြေတဲ့သူကလည်း ဖြေသင့်တယ်။


--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

မှိုင်းမိ နှုတ်ကျိုးနေတာများရဲ့ နောက်ကွယ်မှာ

Tuesday, September 30, 2014
မြန်မာစာ မြန်မာစကား ချွတ်ခြုံကျနေတဲ့ ကာလကြီးမှာ ဒါကို ပြောရင် ပြောတဲ့သူက ရူးရာကျပါ လိမ့်မယ်။

ဒါပေမယ့် မပြောဘဲလည်း မနေနိုင်လို့ ရူးကြောင် မူးကြောင်နဲ့ ထပြော လိုက်ပါတယ်။

စကားလုံးတွေရဲ့ အလျားအတာကို တွက်ဆသင့်တဲ့ အကြောင်းပါ။


အဖွဲ့အစည်းတွေ၊ အများနဲ့ ပတ်သက်ပြီး ကောင်းရာ မွန်ရာ လုပ်နေ သူတွေက စကားလုံးတွေကို သိပ်ဂရုစိုက် ကြပါတယ်။

အထင်ရှားဆုံးက ပြည့်တန်ဆာဆိုတဲ့ အသုံးအနှုန်းကိုပါ။ ဖာ၊ ဖာသည် အစရှိသဖြင့်လည်း အနက်ဖွင့်နိုင်တဲ့ prostitute ဆိုတဲ့ စကားလုံးကို အစောပိုင်းမှာ Commercial Sex Worker (အတိုကောက် CSW) လို့ ခေါ်ခဲ့ကြပါတယ်။ စီးပွားဖြစ် လိင်လုပ်သားပေါ့။ သို့သော် အင်္ဂလိပ်စကားမှာ အဲဒီ့ စီးပွားဖြစ်ဆိုတဲ့ ဝေါဟာရက ရိုင်းတဲ့ အနက်နဲ့လည်း သုံးပါတယ်။ သိပ်စီးပွားရေးဆန်တာပဲ၊ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစားဆိုတဲ့ သဘောဘက် နွယ်နေတတ်တယ်။

ဒါ့ကြောင့် အခုနောက်ပိုင်းမှာ စီးပွားဖြစ်ကို ဖြုတ်လိုက်ကြပြီး လိင်လုပ်သား (Sex Worker) လို့ ပြောင်းလဲ ခေါ်ဝေါ် သုံးနှုန်းလာကြပါတယ်။

နောက်ထပ် ထင်ရှားတဲ့ ဥပမာတစ်ခုကတော့ အိပ်(ခ်ျ)အိုင်ဗှီ ပိုးရှိသူများပါပဲ။ အိပ်(ခ်ျ)အိုင်ဗှီ ပိုးရှိသူ (HIV-positive people) လို့ အရင်က ခေါ်ခဲ့ကြပေမယ့် အခုအခါမှာတော့ အိပ်(ခ်ျ)အိုင်ဗှီ/အေအိုင်ဒီအက်(စ်)ဖြင့် နေထိုင်လျက် ရှိသူများ (People Living with HIV/AIDS အတိုကောက် PLHA) လို့ ပြောင်းလဲ ခေါ်ဝေါ် သုံးနှုန်းလာခဲ့ကြ ပါတယ်။

အလားတူပဲ လူကုန်ကူးခံလိုက်ရသူ သားကောင်များ (trafficked victims) လို့ မသုံးတော့ဘဲ လူကုန်ကူး ခံလိုက် ရသူများ (trafficked persons) လို့ ပြောင်းသုံးလာတာတွေလည်း တွေ့ရတယ်။

ဘာဖြစ်လို့ အဲသလို စကားလုံးတွေကို အလေးထားနေတာလဲလို့ မေးစရာ ရှိပါတယ်။

ရှေးက လူပြက်တွေ ပြက်ခဲ့တဲ့ ပြက်လုံးကိုပဲ ပြန်ကိုးကားပါရစေ။ အမေအရွယ် မိန်းမကြီး တစ်ယောက်ကို “အဒေါ်ကြီးက ကျွန်တော့် အမေနဲ့ တူလိုက်တာဗျာ”လို့ ပြောရင် ဟိုအမယ်ကြီး သဘောတွေကျနေမှာ ဖြစ်ပေမယ့် “အဒေါ်ကြီးက ကျွန်တော့်အဖေ့ မယားကြီးနဲ့ တူလိုက်တာဗျာ”လို့ ပြောရင် ပါး ထချမှာပေါ့။

သဘောသွား ဘယ်လောက်တူတူ၊ သုံးတဲ့ အသုံးအနှုန်း လွဲသွားရင် အမြင်နဲ့ အယူအကောက်တွေ လွဲကုန်နိုင် တာမျိုးမို့ တစ်ဖက်သားကို ငဲ့ညှာတဲ့အနေနဲ့ စကားလုံးတွေကို သတိထားကြရတာပဲ ဖြစ်ပါတယ်။

အခုခေတ်လူများများက စာဖတ်လည်း မနာ၊ စာလုံးပေါင်းတောင် မှန်အောင် မပေါင်းနိုင်တဲ့အပြင် ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်တုံတရားဆိုတာလည်း ခေါင်းပါးလွန်းနေရှာကြတော့ တချို့စကားလုံးတွေကို အလွယ်တကူ ယူသုံးနေကြ တယ်။ ဒါပေမယ့် သူတို့စကားလုံးတွေက ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိရှာကြဘူး။

ကျွန်တော့်နားထဲမှာ အမြဲတန်း ထော်လော်ကန့်လန့်ဖြစ်နေတဲ့ စကားလုံးက “ပြည်သူ”ဆိုတဲ့ စကားလုံးပါ။ အဲဒီ့ စကားလုံးဟာ အင်မတန်မှ ကွန်မြူနစ်စော်၊ ဆိုရှယ်လစ်စော် နံလှပါတယ်။ “လုပ်သား ပြည်သူ့ နေ့စဉ်” သတင်း စာကြီးကို ပြေးမြင်လိုက်မိစေသလို တစ်ချိန်က ကွန်မြူနစ်နိုင်ငံတွေ ဖြစ်တဲ့ ယူဂိုဆလားဗှီးယား၊ ပိုလန်၊ ချက်ကိုစလို ဗှက်ခီးယားတို့ရယ်၊ ယနေ့ထက်တိုင် ရှိနေဆဲဖြစ်တဲ့ ဗှီယက်နမ်၊ မြောက်ကိုရီးယားတို့ရယ်က ပြည်သူ့တပ်မတော် (People’s Army) ဆိုတာကြီးတွေကိုလည်း သတိရသွားစေပါတယ်။

အဲဒါကို “ပြည်သူ”လို့ မသုံးဘဲ “လူထု”လို့ ဖြစ်စေ “လူအများ”လို့ဖြစ်စေ ပြောင်းသုံးလိုက်မယ်ဆိုရင် ကွန်မြူနစ်စော် သိပ်နံတော့မယ် မထင်ဘူး။

သည်နေရာမှာ “မိဘပြည်သူများခင်ဗျား”လို့ လစဉ် အစချီတတ်တဲ့ သမ္မတတော့ နည်းနည်း ကသိကအောက် ဖြစ်သွားမယ် ထင်တယ်။ “တိုင်းသူပြည်သား လူအများတို့ ခင်ဗျား”ဆိုရင်လည်း သက်ဦးဆံပိုင် ရှင်ဘုရင့်လေ ဖြစ်နေနိုင်တယ်။ “မိဘ လူထု ခင်ဗျား” “မိဘ လူအများခင်ဗျား”ဆိုလည်း အာတွေ့စရာ အကြောင်း မရှိဘူး။ “မိဘ”ကြီး မထည့်ဘဲ “နိုင်ငံသူ နိုင်ငံသားအပေါင်းတို့ ခင်ဗျား”ဆိုရင်တော့ တော်တော်လေး အဆင်ချောသွားမယ် ထင်တယ်။

ပြောရတာတော့ ခက်တယ်။ သမ္မတကြီးအပါအဝင် ကျွန်တော်တို့ အရွယ်တန်းတွေက စပြီး နောက်ပိုင်း လူငယ် လူရွယ်တွေအထိ သည် ရွှေဆိုရှယ်လစ်ခေတ်ကြီးမှာ လူဖြစ်လာရတော့ ဆိုရှယ်လစ်အသုံးအနှုန်း ဖြစ်နေတဲ့ “ပြည်သူ” ဆိုတာကြီးကို “နှုတ်ကျိုး”နေကြတယ်။ သို့သော် သည်စကားလုံးကို စိုက်လိုက်မတ်တတ် သုံးနေခြင်း အားဖြင့် သမ္မတကြီးသည်လည်း “ဆိုရှယ်လစ်အငွေ့အသက်”ကို ဖက်တွယ်ထားဆဲ ဖြစ်နေလေဘိသကဲ့သို့ သဘောသွား သက်နေစေတာကို သတိချပ်သင့်မယ် ထင်ပါတယ်။

နောက်ထပ်ဆိုးရွားတဲ့ ဝေါဟာရတစ်လုံးက ဟိုတစ်ရက်က ကြားလိုက်တာပါ။ “ဆူပူအကြမ်းဖက်မှု”တဲ့ ခင်ဗျ။

ဟား… ဆိုးလိုက်တာ။ “ဆူပူတာ”နဲ့ “အကြမ်းဖက်တာ”ကို “လုံးချ”လိုက်တဲ့အခါ လူစုလူဝေးနဲ့ ဆန္ဒဖော်ထုတ်တဲ့ အခါ၊ ကြွေးကြော်သံတွေ ဟစ်ကြွေးတဲ့အခါ “နှိပ်ကွပ်ချင်စရာ” “အကြမ်းဖက်မှုမဟာ”အဖြစ် တာဝန်ရှိသူတွေက ခံယူကုန်ကြပါတော့မယ်။

ဒီမိုကရေစီ အခြေခံမူမှာ လွတ်လပ်သော သဘောဆန္ဒများက လူတိုင်းမှာ ရှိနေနိုင်ပါတယ်။ အဲဒါဟာ အခြေခံ လူ့အခွင့်အရေးပါ။ သူနဲ့ ဆက်နေတာက “လွတ်လပ်စွာ ထုတ်ဖော်ခွင့်”ပါပဲ။ လွတ်လပ်စွာ ထုတ်ဖော်ရာမှာ ပုံစံအမျိုးမျိုးနဲ့ ဖြစ်နေနိုင်ပါတယ်။ စုဝေးနိုင်တယ်၊ လှည့်လည်နိုင်တယ်၊ ကန့်ကွက် ဆန္ဒပြနိုင်တယ်၊ ကြွေးကြော် သံတွေ၊ တောင်းဆိုချက်တွေ၊ သံချပ်တွေ ဟစ်အော်နိုင်ပါတယ်။

အဲသလို မိမိတို့ရဲ့ သဘောဆန္ဒကို လွတ်လပ်စွာ ဟစ်ကြွေးခြင်းဟာ “ဆူပူတာ”ထဲမှာ အကြုံးဝင်နေနိုင်ပေမယ့် “အကြမ်းဖက်တာ”နဲ့တော့ လားလားမျှ မသက်ဆိုင်ပါဘူး။

ရဲအရာရှိ တစ်ဦးရဲ့ နှုတ်ထွက်စကားလုံးအဖြစ် အဲဒီ့စကားလုံး နှစ်လုံးကို ပေါင်းစပ်ပြီး သုံးလိုက်တာကို အမှတ် မထင် ကြားလိုက်ရတာပါ။ ကြားလိုက်ရတဲ့ နေရာက ရဲအရာရှိကြီးများအတွက် ရပ်ရွာအတွင်း ရဲလုပ်ငန်း ဆောင်ရွက်ခြင်းနဲ့ လူစုလူဝေးစီမံခန့်ခွဲမှု သင်တန်းမှာဖြစ်ပါတယ်။

အဲဒီ့သင်တန်းမှာ အဓိက အချက်က ဆန္ဒပြတာတွေ၊ စီတန်းလှည့်လည်တာတွေ၊ ဆန့်ကျင်ကန့်ကွက်ပွဲတွေဟာ ဘယ်နိုင်ငံမှာမှ ရှောင်လွှဲလို့ မရနိုင်တဲ့ ဖြစ်ရပ်တွေ ဖြစ်တယ်။ ရဲတပ်ဖွဲ့ရဲ့ တာဝန်က လူ့အခွင့်အရေးကို ချိုးဖောက် ခြင်း မရှိဘဲ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်သွားရမှာ ဖြစ်တယ်။ တစ်နည်းပြောရရင် ဆန္ဒပြသူတွေ လည်း လွတ်လပ်စွာ ဆန္ဒပြနိုင်၊ မသက်ဆိုင်တဲ့ လူအများမှာလည်း ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာ လှုပ်ရှားနိုင် အောင် စီမံကြပ်မတ် ပေးရမှာသာဖြစ်ပါတယ်။

သင်တန်းဆရာတစ်ဦး ပေးသွားတဲ့ ဥပမာက ကောင်းတယ်။ စီတန်းလှည့်လည် ဆန္ဒပြမှာမို့ လမ်းမကြီးတစ်ခု ပိတ်သွားနိုင်တယ်။ အချိန်က တကယ့် အချိန်ကောင်း၊ ရုံးဆင်းချိန် လူသွားလူလာ များတဲ့အချိန်။ အဲလိုဆိုရင် ဆန္ဒပြ ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပြီး လမ်းကို ၁၅ မိနစ်တစ်ကြိမ် ဖွင့်ပေးသွားနိုင်ဖို့အတွက် ဆန္ဒပြ စီတန်း လှည့်လည်တာ ကို ၁၅ မိနစ်တစ်ကြိမ် ဆိုင်းပေးတာ၊ ဒါမှမဟုတ် လမ်းတစ်ခြမ်းကိုပဲ ဆန္ဒပြသူတွေက စည်းကမ်း သေဝပ်စွာ အသုံးပြုပြီး ကျန်တစ်ခြမ်းကို ယာဉ်ကြောအတွက် ဖွင့်ပေးတာမျိုးများနဲ့ ရှဥ့်လည်း လျှောက်နိုင်၊ ပျားလည်း စွဲနိုင်မယ့် နည်းမျိုးကို ကြံဆတာဟာ လူ့အခွင့်အရေးကို မထိခိုက်စေဘဲ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်တာ ဖြစ်ပါ တယ်။

အဲသလို လူအုပ်ထဲမှာ အကြမ်းဖက်ဖို့ လှုံ့ဆော်သူတွေလည်း ပါလာနိုင်တယ်။ ဒါကို မူလကတည်းက ကြိုတင် ပြင်ဆင်ထားဖို့ လိုတယ်။ ဆန္ဒပြပွဲကို ကမကထပြုသူတွေနဲ့ အရင်ညှိနှိုင်းထားမယ်ဆိုရင် ဒါကို ဖြေရှင်းနိုင်တယ်။ လူစုလူဝေးထဲမှာ ဖြစ်စေ၊ စီတန်းလှည့်လည်နေရာမှာဖြစ်စေ အကြမ်းဖက်ဖို့ လှုံ့ဆော်နေသူတွေ တွေ့လာပြီဆို တာနဲ့ တစ်ပြိုင်နက် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေက အဲဒီ့လူတွေနဲ့ ခွာလိုက်တာပါပဲ။ ဒါဆိုရင် အကြမ်းဖက်လိုသူ တွေကို ရဲက စောစောစီးစီး ခွဲခြားနိုင်ပြီး အလျင်အမြန် ဖယ်ရှားလိုက်ခြင်းအားဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ပံ့ပိုးပေးနိုင်ပါတယ်။

အတော်ကောင်းတဲ့ အစီအမံတွေပါပဲ။

ထားပါ။ ပြောခဲ့သလိုပဲ အဲဒီ့ဆွေးနွေးပွဲမှာ တစ်ဦးက “ဆူပူအကြမ်းဖက်မှု”ဆိုတဲ့ စကားလုံးကြီးကို ချသုံးလိုက်တော့ ကျွန်တော့်စိတ်ထဲမှာ ပျာခနဲ ဖြစ်သွားတယ်။ သူတို့ရဲ့ စိတ်အခံမှာကိုက ဆန္ဒပြတယ်ဆိုတာကို အကောင်းမမြင်နိုင် သေးမှန်း သည်စကားလုံး အသုံးအနှုန်းက ထင်ရှားသွားစေပါတယ်။

အပြစ်မမြင်မိပါဘူး။ ဆိုခဲ့သလိုပဲ ခမျာများမှာလည်း ရွှေဆိုရှယ်လစ်နဲ့ တစ်ပါတီအာဏာရှင်စနစ်အောက်မှာ လူလားမြောက်ခဲ့ရ၊ ကြီးပြင်းခဲ့ရ၊ ပညာရင်နို့ သောက်စို့ခဲ့ရ၊ လူလားမြောက်လာခဲ့ရလေတော့ကာ ရှေးက မှိုင်းတွေ မစင်ရှာကြသေးတာ ခမျာများရဲ့ အပြစ်မှ မဟုတ်ဘဲလေ။

သို့သော် ခေတ်ကြီးက အရှိန်အဟုန် ပြင်းပြင်းနဲ့ ပြောင်းနေပါပြီ။ အရင်မှိုင်းတွေထဲမှာ ပိတ်မိနေလို့ မရတော့ဘူး။ ဆန္ဒပြတာကို အရင်လို ထင်သလို နှိပ်ကွပ်လို့ နှိမ်နင်းလို့ ရနိုင်တဲ့ ခေတ်မျိုး မဟုတ်တော့ဘူး။ ထင်သလို နှိမ်နင်း နှိပ်ကွပ်တာကိုလည်း ဖုံးထား ဖိထားလို့ ရတဲ့ ခေတ်မဟုတ်တော့ဘူး။

သည်အခါမှာ နှစ်ဘက်စလုံးအတွက် ပြေလည်မယ့် နည်းလမ်းကို နိုင်ငံတိုင်း ရှာဖွေနေကြရပါတယ်။ သူလည်း မနိုင်၊ ကိုယ်လည်း မရှုံး၊ ကိုယ်လည်း မသာ၊ သူလည်း မနာမယ့် နည်း၊ တစ်နည်းပြောရင် နှစ်ဖက်စလုံးအတွက် အဆင်ပြေမယ့် နည်းကို ကျားကုပ်ကျားခဲ ရှာဖွေနေကြရပါပြီ။

သည်အနေအထားမှာ မှိုင်းမိနေတဲ့ စကားလုံးဖြစ်တဲ့ “ဆူပူအကြမ်းဖက်မှု”ဆိုတဲ့ ဝေါဟာရကြီးကို အပြီးတိုင် သုတ်သင်ပြီး “ဆူပူတာ”ကို ဆူပူတာသက်သက်အဖြစ် သတ်သတ် ခွဲမြင်ဖို့ လိုသလို “အကြမ်းဖက်တာ”ကိုလည်း သတ်သတ်ခွဲမြင်ဖို့ လိုလာပါလိမ့်မယ်။

အိမ်က မိန်းမကြီးနဲ့ပဲ ပြောရအောင်လား။

“သည်မိန်းမက တော်တော် ဆူဆူပူပူလုပ်တာပဲ၊ ပူညံပူညံ တယ်လုပ်ပဲ”လို့ ပြောရင် အဲဒါ “အကြမ်းဖက်တာ”နဲ့ ဘယ်လိုမှ မပတ်သက်မှန်း လူတိုင်း သိကြပါတယ်နော်။

“အကြမ်းဖက်တယ်”ဆိုတာက ကာယအင်အားကိုဖြစ်စေ၊ ဘေးဖြစ်စေနိုင်တဲ့ ကိရိယာတန်ဆာပလာတစ်ခုခုကို ဖြစ်စေ အသုံးပြုပြီး လူ၊ ပစ္စည်းတွေကို ရန်ပြုတာပါ။ ဆူပူတိုင်း အကြမ်းမဖက်၊ အကြမ်းဖက်သူတွေ မဆူပူဆိုတာကို နားလည် တတ်မှ စကားလုံး အသုံးအနှုန်းလည်း မှန်သွားပါလိမ့်မယ်။

ပြောမယ့်သာ ပြောရတယ်။ ရိုးတွင်းခြင်ဆီထဲတောင် စွဲနေပြီဖြစ်တဲ့ ခေတ်ဟောင်းမှိုင်းဆိုသော ဗှိုင်းရပ်(စ်)ပိုးကို သတ်နိုင်တဲ့ ဆေးဝါးကလည်း မပေါ်တတ်နိုင်သေးတော့ကာ နှုတ်ကျိုးနေတဲ့ စကားလုံးများကြားမှာပဲ ပိတ်မိနေ ရင်းက အတွေးအခေါ် ဟောင်း၊ အမြင်ဟောင်း၊ အကျင့်ဟောင်းတွေ အစွန့်ရ ခက်နေကြမှာကိုလည်း စာနာရင်းနဲ့ စိတ်ပျက်လက်ပျက်ကြီးသာ ဖြစ်နေမိရပါတော့တယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်
(ရန်ကုန် – ၀၅၀၉၁၄)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

ကန်ဒေါ်လာ ငါးသောင်း တန်ဖိုးရှိ MBA ပညာသင်ဆု ၃ ဆုပေးအပ်မည်

Tuesday, September 30, 2014
အမေရိကန်နိုင်ငံ University of Southern California Marshall School of Business မှ MBA ပရိုဂရမ် အတွက် အမေရိကန် ဒေါ်လာ ငါးသောင်း တန်ဖိုးရှိ ပညာသင်ဆု ၃ ဆုကိုပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပညာသင်ဆုကို ၂၀၁၅ ခုနှစ် ပညာသင်နှစ် အတွက် မြန်မာနိုင်ငံရှိ စီးပွားရေး နယ်ပယ် အသီးသီးတွင် အလယ်အလယ် ရာထူးအဆင့်ဖြင့် လုပ်ကိုင်လျက် ရှိသူများအား ပေးအပ် သွားမည်ဖြစ်သည်။

ပညာသင်ဆုရရှိသူများသည် IBEAR MBA ပရိုဂရမ်ကို USC Marshall School of Business တွင် တစ်နှစ်ကြာ ပညာသင်ယူ ရမည် ဖြစ်သည်။ ပညာသင်ဆုနှင့် ပတ်သက်၍ အသေးစိတ်ကို အောက်တိုဘာ ၁၅ ရက်၊ နေ့လည် ၃ နာရီတွင် ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ရှင်းလင်းပြောကြား သွားမည်ဖြစ်ပြီး အခမ်းအနားတွင် USC တွင်လက်ရှိပညာသင်ကြားလျက်ရှိသောကျောင်းသား ကျောင်းသူများ၊ Alumini များ အပါ အ၀င် ပရိုဂရမ်ဝင်ခွင့်နှင့် အလုပ်အကိုင်အကြံပေးများနှင့် တွေ့ဆုံဆွေးနွေးခွင့် ရရှိမည် ဖြစ်သည်။ 

ပညာသင်ဆုလျှောက်ထားလိုသူများအနေဖြင့် အခမ်းအနားကို တက်ရောက်ရန် http://www.marshall.usc.edu/ibear/admissions/events တွင် အခမဲ့ စာရင်းပေး သွင်းနိုင်မည်ဖြစ်ပြီး IBEAR Associate Director of Outreach Pankaj Bhushan အား pbhushan@marshall.usc.edu သို့ တိုက်ရိုက် ဆက်သွယ် စာရင်းပေး သွင်းနိုင်မည် ဖြစ်သည်။ လူဦးရေကန့်သတ်ထားသဖြင့် တက်ရောက်လိုသူများအနေဖြင့် ကြိုတင်စာရင်းပေးသွင်း တက်ရောက် ရမည်ဖြစ်ကြောင်း သိရသည်။


Internet Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

ကနေဒါနိုင်ငံသား တဦးက တရုတ်ကျောင်းသား တဦးကို သတ်ပြီး စာတိုက်ကနေပို့

Tuesday, September 30, 2014
လူကာ မဂ်နော့တာ (ဓာတ်ပုံ – အေအက်ဖ်ပီ) 
ကနေဒါနိုင်ငံသား တဦးဟာ တရုတ်ကျောင်းသား တဦးကို သတ်ဖြတ် အပိုင်းပိုင်း ခုတ်ထစ်ပြီး သူ့ကိုယ် ခန္ဓာ အစိတ်အပိုင်းတွေကို စာတိုက်ကနေ ကနေဒါ နိုင်ငံရေး ပါတီတွေနဲ့ ကျောင်းတွေဆီကို ပေးပို့ခဲ့ ကြောင်း စက်တင်ဘာ ၂၉ ရက်နေ့က တရားရုံးမှာ ဝန်ခံ လိုက်ပါတယ်။

ဒါပေမယ့် သူ့ရှေ့နေကတော့ အမှုသည်ဟာ စိတ် ဝေဒနာတမျိုးကို ခံစားနေရလို့ ရာဇဝတ်မှု အတွက် တာဝန် မရှိဘူးလို့ ခုခံလျှောက်လဲ ခဲ့ပါတယ်။

အစိုးရ ရှေ့နေကတော့ အသက် ၃၂ နှစ်အရွယ် ကနေဒါနိုင်ငံသား လူကာ မဂ်နော့တာဟာ တရုတ် ကျောင်းသား ဂျွန်လင်ကို မွန်ထရီရယ်မြို့မှာ မသတ်ခင် အနည်းဆုံး ၆ လလောက်က လူသတ်ဖို့ စတင်စီစဉ်ခဲ့ပြီး စီစဉ်ပုံကိုပါ ရုပ်ရှင်မှတ်တမ်း လုပ်ထားခဲ့ကြောင်း သက်သေတွေက ပြနေတယ်လို့ ပြောပါတယ်။

မက်ဂ်နော့တာကိုဖမ်းဖို့ နိုင်ငံတကာက ရှာနေချိန်မှာ ပြည့်စုံတဲ့ အသေးစိတ် ရှင်းပြချက်တွေကို လူသိရှင်ကြား ဖွင့်ချ ခဲ့ဖူးပါတယ်။

မက်ဂ်နော့တာကို ပထမအဆင့် လူသတ်မှု၊ လူ့ခန္ဓာကိုယ်ကို ဂုဏ်သိက္ခာမဲ့အောင် မဖွယ်မ ရာလုပ်မှုနဲ့ မဖွယ်မရာ ရုပ်သံကို ထုတ်လွှင့်မှုတွေနဲ့ တရားစွဲထားပါတယ်။

ဒီအမှုဟာ ကမ္ဘာတလွှား ခေါင်းကြီးပိုင်း သတင်း ဖြစ်ခဲ့ပါတယ်။ စွဲချက် ၅ ခုလုံးကို မက်ဂ်နော့တာက သူလုပ်တာလို့ ဝန်ခံခဲ့ပေမယ့် အပြစ်မရှိဘူးလို့လည်း ပြောပါတယ်။

ဒီတရားစီရင်မှုကို အသတ်ခံရသူ လင်ရဲ့ ဖခင် လင်ဒီရန်က တရုတ်နိုင်ငံကနေ လာရောက် ကြားနာပါတယ်။

မက်ဂ်နော့တာကို တကမ္ဘာလုံးက ဝိုင်းရှာခဲ့ပြီး ဂျာမနီနိုင်ငံ မြို့တော်ဘာလင်က အင်တာနက်ကဖေးဆိုင်မှာ သူ့သတင်းကို သူပြန်ဖတ်နေတဲ့အချိန် ဖမ်းမိခဲ့ပါတယ်။


DVB News
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

ကင်မရာရှေ့မှာ ကစားရင်း ၁ နှစ်ကို ဒေါ်လာ ၁ သန်းကျော် ရရှိတဲ့ အသက် ၈ နှစ်ရွယ် ကလေး

Tuesday, September 30, 2014

အသက် (၈)နှစ်အရွယ် Evan ဆိုတဲ့ ကလေးငယ်ဟာ ဗွီဒီယိုကင်မရာရှေ့မှာ အခြားကလေးများနည်းတူး အရုပ်တွေနဲ့ ကစားပြရင်း တနှစ်ကို ဒေါ်လာ ၁.၃ သန်း ၀င်ငွေရရှိတာ ဖြစ်ပါတယ်... ဒီအစီအစဉ်ကို သူ့ရဲ့ YouTube Channel တခုဖြစ်တဲ့ EvanTubeHD မှာ တင်ဆက်နေပြီး ပုံမှန်ကြည့်ရှုသူဦးရေ သန်းနဲ့ချီ ရှိပါတယ်...။ 



ref;odditycentral
-------------------------------------- 
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

Lenovo N20p Chromebook Review

Tuesday, September 30, 2014

Lenovo N20p Chromebook Specification 

Processor Name Intel Celeron N2830 
Processor Speed 2.16 GHz 
Google Chrome OS 
RAM: 2 GB 
Weight: 2.86 lb 
11.6 inches Touchscreen, 1366 x 768 
Intel HD Graphics Card 
16 GB Storage 
Networking Options: 802.11ac (2.4+5.0 GHz Dual-band) 
Primary Optical Drive: External 
Battery Type: 34.8 Whr (Watt hours) 
Battery Rundown - Standard Battery: 6:13 hrs:min




ref;xcitefun
-------------------------------------- 
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

Panasonic Lumix DMC-FZ1000 Digital Camera Review

Tuesday, September 30, 2014

Panasonic Lumix DMC-FZ1000 Digital Camera Specification 

Dimensions: 3.9 x 5.4 x 5.1 inches 
Weight: 1.8 lb 
Type: Superzoom 
Megapixels: 20 MP 
Sensor Type: CMOS 
Sensor Size: 1" (13.2 x 8.8mm) mm 
Media Format: Secure Digital, Secure Digital High Capacity, Secure 
Digital Extended Capacity 
Battery Type Supported: Lithium Ion 
Maximum ISO: 25600 
35-mm Equivalent (Wide): 25 mm 
35-mm Equivalent (Telephoto): 400 mm 
Optical Zoom: 16 x 
Image Stabilization: Optical 
Inches Screen with 921,600 Dots 
Video Resolution: 720p, 1080p, 480p, 4K 
Interface Ports: Proprietary, micro HDMI, Mic, Remote






ref;xcitefun
------------------------------------- 
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

Huawei Ascend G6 Firmware

Tuesday, September 30, 2014

Huawei Ascend G6-U00 

Huawei Ascend G6-U00 V100R001CHNC17B193 China 

Huawei Ascend G6-U00 V100R001CHNC17B192 China 

Huawei Ascend G6-U00 V100R001C541B122 Myanmar 


Huawei Ascend G6-U10 

Huawei Ascend G6-U10 V100R001C900B117 CUSTC428D001 India Thailand Hong Kong Bangladesh Sri Lanka VietNam 


Huawei Ascend G6-C00 

Huawei Ascend G6-C00 V100R001CHNC92B193 China 

Huawei Ascend G6-C00 V100R001CHNC92B192 China 


Good Luck..!
-------------------------------------- 
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

Huawei Ascend G750 (Huawei Honor 3X)

Tuesday, September 30, 2014

Huawei Ascend G750-U10 

Huawei Ascend G750-U10 V100R001C00B115 CUSTC428D001 India Thailand Viet Nam (SD Update) 

Huawei Ascend G750-U10 V100R001C00B114 CUSTC470D001 Malaysia (SD Update) 


Huawei Ascend G750-T00 

Huawei Ascend G750-T00 V100R001CHNC00B148 China (SD Update) 

Huawei Ascend G750-T00 V100R001CHNC00B148 China (FlashTool Update) 


Good Luck..!
-------------------------------------- 
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

Huawei Honor 3C Firmware

Tuesday, September 30, 2014

Huawei Honor 3C (H30-U10) 

Huawei Honor 3C H30-U10 V100R001CHNC00B117 China 

Huawei Honor 3C H30-U10 V100R001CHNC00B110 China 

Huawei Honor 3C H30-U10 V100R001C149B101 CUSTBLRC149D001 Belarus Life (SD Update)
Download

Huawei Honor 3C H30-U10 V100R001C149B101 CUSTBLRC149D001 Belarus Life (FlashTool Update)


Good Luck..!
-------------------------------------- 
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

မှဲ့နဲ့ဆက်စပ် ဖြစ်တတ်တဲ့ အရေပြားကင်ဆာ

Monday, September 29, 2014
သရုပ်ဖော်ပုံ အာကာ

အရေပြား ဆိုတာဟာလည်း ၃၂ ကောဋ္ဌာသဝင် အင်္ဂါ အစိတ်အပိုင်း တခုပါပဲ။ ခန္ဓာကိုယ်ရဲ့ ဖြစ်ခြင်း ပျက်ခြင်း သဘောတွေကို သညာအရ သိပေမယ့် အရေပြား တထောက် အလှအပကို မက်မော ကြတာ လည်း ရှိကြသပေါ့။ ဒါပေမယ့်လည်း ရှောင်လွှဲမရတဲ့ ဗျာဓိ သဘော အတိုင်း အင်္ဂါ အစိတ်အပိုင်းတိုင်းက ကင်ဆာဆိုတာနဲ့ မကင်းလေ တော့ အရေပြားမှာလည်း ကင်ဆာ ဖြစ်တတ်ပါတယ်။

ဖြစ်တာမှ အမျိုးအစားတွေ ကွဲပြားပြီး အမျိုးအမည်တွေ အများကြီး ရှိတတ်ပါတယ်။ အဲဒီထဲကမှ Melanoma လို့ခေါ်တဲ့ အရေပြား ကင်ဆာ ကတော့ အဆိုးရွားဆုံးအဖြစ် လူကို ဒုက္ခပေးပါတယ်။ ဒီရောဂါက အသား အရောင်ကို ဖြစ်ပေါ်စေတဲ့ Melanin ဆိုတဲ့ အရောင်ထုတ်ပေးတဲ့ အရေပြားဆဲလ် တွေမှာ ကင်ဆာဖြစ်လာ တာမျိုး ပါ။ အရေပြားတင်မက မျက်လုံး နဲ့ အူတွေမှာပါ တွေ့ရတတ် ပါသေးတယ်။ အဖြစ်များတာကတော့ လူတွေကို ဆွဲဆောင်နိုင်တဲ့ မှဲ့တွေကနေ ပြောင်းလဲ ပြီး ဖြစ်တာပါ။ ဒါကြောင့် မှဲ့လေးတွေက သာယာချင့် စဖွယ်ဖြစ်သလို အန္တရာယ် လွယ်ထားရသလိုပဲ ဆိုတဲ့ အသိလေး လည်း ရှိကြစေချင် ပါတယ်။

ဒီ ကင်ဆာဖြစ်ရတဲ့ အကြောင်းရင်း အတိအကျကို ပြောရခက်ပေမယ့် ခရမ်းလွန်ရောင်ခြည် ထိတွေ့မှု များတာက ဖြစ်နိုင်ခြေ အများဆုံးလို့ ယူဆကြပါတယ်။ နေရောင်ခြည်ထဲက သာမက လိမ္မော်ဝါရောင် မီးချောင်းတွေနဲ့ ထိတွေ့ရ တဲ့ အရေပြားတွေမှာလည်း အန္တရာယ်ရှိတယ် လို့ ဆိုပါတယ်။ အသက် ၄၀ အောက် အမျိုးသမီးတွေမှာ အတွေ့ရ များတယ် လို့ ဆိုပါတယ်။ တကယ်လို့ ကင်ဆာအဖြစ် ပြောင်းလဲလာမယ့် အရေပြားရဲ့ လက္ခဏာတွေကို ကြိုတင် သတိထားမိ သူတွေ အဖို့တော့ စောစောသိ၊ စောစောကုရင် ပျောက်ကင်းစေနိုင်ပါတယ်။

Melanoma ကင်ဆာက တကိုယ်လုံး ဘယ်နေရာမဆို ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် နေရောင်အထိများတဲ့ ကျော၊ ခြေ၊ လက်နဲ့ မျက်နှာတွေမှာ အဖြစ်များပါတယ်။ ခြေဖဝါး၊ လက်ဖဝါးနဲ့ ခြေသည်း လက်သည်းအောက်လို နေရောင်ခြည်နဲ့ အထိအတွေ့ သိပ်မများတဲ့ နေရာတွေမှာလည်း ဖြစ်တတ်ပါတယ်။ အသားအရောင်မရွေး ဖြစ်တတ်တဲ့ ရောဂါပါပဲ။

ရှေးဦးလက္ခဏာတွေ

ဒီ အရေပြားကင်ဆာရဲ့ ပထမဦးဆုံး လက္ခဏာတွေကတော့

- ရှိနေတဲ့မှဲ့မှာ အပြောင်းအလဲတွေ ဖြစ်လာတာ

- ပုံမှန်အရေပြားမှာ အရောင်ပြောင်းလာတာ၊ ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲ တခုခု ဖြစ်လာတာတွေ ပါပဲ။ တခု သိထားဖို့က အမြဲတမ်း မှဲ့ကနေ ပေါ်လာတာ မဟုတ်ဘဲ ပုံမှန် အရေပြားကနေလည်း ဖြစ်တတ်တယ် ဆိုတာပါ။

ပုံမှန်မှဲ့ဆိုတာ

ကင်ဆာ အပြောင်းအလဲကို သိဖို့ ပုံမှန်မှဲ့ရဲ့ သဘာဝကို သိထားသင့်ပါတယ်။ ပုံမှန်မှဲ့ ဆိုတာက ယေဘုယျအားဖြင့် အရောင် တရောင်တည်းပါ။ အညို၊ ဒါမှမဟုတ် အမည်း စသဖြင့် ပေါ့။ အနားကပ်လျက် အရေပြားနဲ့ တိတိကျကျ အနားသတ်ကလေး ရှိပါတယ်။ အဝိုင်း၊ ဒါမှမဟုတ် ဘဲဥပုံတွေ့ရပြီး လက်မတစိတ် (၆ မီလီမိတာ) လောက်အချင်း ရှိတတ်ပါတယ်။ ခဲတံဖင်ပိုင်းက ခဲဖျက်လောက်ပေါ့။ တချို့တော့လည်း ဒီထက်ပိုကြီးတာ တွေ့ရတတ်ပြီး တချို့က အသက်ကြီးမှ ပေါ်လာတတ်သလို တချို့ကျတော့လည်း အလိုလို ပျောက်ကွယ်သွားတတ်ပါတယ်။

ပုံမှန် မဟုတ်တဲ့၊ ဒါမှမဟုတ် ကင်ဆာဖြစ်နိုင်ခြေရှိတဲ့ မှဲ့

မှဲ့တခုမှာ ပုံမှန် မဟုတ်တဲ့ အနေအထားတွေရှိရင် ကင်ဆာဖြစ်နိုင်ခြေကို သတိပြုရပါတော့မယ်။ အဓိက တွေ့နိုင် တာ တွေက ပုံသဏ္ဌာန် မမှန်တာ (ထက်ခြမ်းပုံ ကြည့်ရင် နှစ်ဖက်မညီတာမျိုး)၊ အနားသတ်က တိတိကျကျ မရှိဘဲ ချိုင့်ကွေးဝင်နေတာ၊ အရောင်ပြောင်းလာတာ၊ နဂိုရှိနေတာထက် ပိုကြီးလာတာ အစရှိတဲ့ အချက်တွေပါပဲ။

တခြား အရေးပါတဲ့ အပြောင်းအလဲ ကတော့ ယားလာတာ၊ သွေးစိမ့်ထွက်လာတာတွေ ဆိုရင် သတိပြုပါ။ အရေပြား ပေါ်မှာ မဟုတ်ဘဲ တခြားနေရာတွေမှာလည်း မှဲ့ကင်ဆာကို တွေ့ရတတ်ပါသေးတယ်။ အများအားဖြင့် တော့ လက်သည်း ခြေသည်းတွေ အောက်မှာ၊ ပါးစပ်၊ အစာလမ်းကြောင်း၊ ဆီးလမ်းကြောင်းနဲ့ မိန်းမကိုယ်တွေမှာ၊ မျက်လုံး ထဲမှာ စသဖြင့်ပေါ့။

ဖြစ်တန်ရာ အကြောင်းတွေ

အရေပြား ကင်ဆာမှာ ခရမ်းလွန် ရောင်ခြည်ကို အဓိက ဖြစ်တန်ခြေရှိတဲ့ အကြောင်းလို့ သတ်မှတ်ပေမယ့် တခြား ဖြစ်နိုင်ခြေတွေလည်း ရှိနေတာပါပဲ။ အသားအရောင် နုတာ၊ ဖြူတာ၊ ဆံပင်နဲ့ မျက်လုံး အနက်ရောင် မဟုတ်သူတွေ မှာတော့ နေရောင်ခြည် လောင်ကျွမ်းတာ ပိုစေလို့ ကင်ဆာဖြစ်နိုင်ခြေ ပိုပါတယ်။

အသားညိုသူ၊ မည်းသူတွေမှာ ကင်ဆာဖြစ်ဖို့ အခွင့်အလမ်းနည်းပါ သတဲ့။ နေလောင်ခံရတာ များတာ၊ ခရမ်းလွန် ရောင်ခြည် ထိတွေ့မှုများတာ၊ အီကွေတာ အနီးမှာ နေထိုင်တာ၊ ခန္ဓာကိုယ်မှာ မှဲ့တွေများတာ၊ မိသားစုမှာ အရေပြား ကင်ဆာရှိတာ စတဲ့အချက်တွေက အရေပြားကင်ဆာ ဖြစ်နိုင်ခြေများတဲ့ အချက်တွေပါ။

ဘယ်လို တွေ့ရှိတတ်သလဲ

အရေပြား ကင်ဆာ ဖြစ်နိုင်တဲ့ အကြောင်းတွေ ကိုယ့်မှာ ရှိနေတယ်လို့ သံသယမကင်းရင် ပုံမှန်စစ်ဆေးမှုတွေ ပြုတာ ကတော့ အကောင်းဆုံးပါ။ အများအားဖြင့်တော့ ရောဂါ လက္ခဏာအရ ဖြစ်စေ၊ တခြား ရောဂါကို စစ်ဆေး ရင်းနဲ့ ဖြစ်စေ၊ နှံ့စပ်သေချာတဲ့ ဆရာဝန်တွေက တွေ့ရှိတာသာ များပါတယ်။

တချို့လည်း ကိုယ့်မှာ ရှိနေတဲ့ မှဲ့ရဲ့ အပြောင်းအလဲကို သတိပြုမိတာ၊ ကိုယ့်အရေပြားကိုယ် အလှကြည့်နေတတ် သူတွေမှာ ဆိုရင်လည်း အရေပြားအရောင် ပြောင်းလာတာမျိုးကို သတိပြုမိတာကနေ ကင်ဆာဖြစ်တာကို သိရှိကြရ ပါတယ်။ သေချာတဲ့နည်းကတော့ သံသယရှိတဲ့ အရေပြား အစိတ်အပိုင်းကနေ အသားစယူ စစ်ဆေးခြင်းပါပဲ။

ကုသပုံ

အရေပြား ကင်ဆာကိုလည်း တွေ့ရှိတာ စောခြင်း၊ နောက်ကျခြင်း၊ သူ့ရဲ့ အရွယ်အစား၊ အတိမ်အနက်နဲ့ ပျံ့နှံ့မှုပေါ် မူတည်လို့ အဆင့်တွေ ခွဲခြားပြီး ကုသနည်းတွေ အမျိုးမျိုး ရှိပါတယ်။ ဖြစ်နေတဲ့ အစိတ်အပိုင်းလေးကို လှီးဖြတ်တာ၊ အဲဒီ နေရာကနေ သွားနိုင်တဲ့ သားငန်ရည်ကျိတ်တွေကို ဖယ်ထုတ်တာ၊ ကင်ဆာဆေးတွေ တိုက်ကျွေးကုသတာ၊ ဓာတ်ကင်တယ်လို့ ဆိုကြတဲ့ ဓာတ်ရောင်ခြည်သုံး ကုတာ အစရှိတဲ့ ကုထုံးတွေကို သုံးကြပါတယ်။

အခုနောက်ပိုင်း ထိရောက်တယ် ဆိုပြီး သုံးလာတာက ဇီဝကုထုံးပါ။ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ကင်ဆာကို တိုက်ဖျက် စေတာပေါ့။ ကင်ဆာနဲ့ တူတဲ့ ပစ္စည်းကို ခန္ဓာကိုယ်ကနေ၊ ဒါမှမဟုတ် ဓာတ်ခွဲခန်းမှာ ထုတ်ပြီး လူကိုယ် ထဲ ထည့်ပေးတဲ့ နည်းပါ။

အရေပြားကင်ဆာက စောစောသိ၊ စောစောကုရင် ပျောက်ကင်းစေနိုင်တယ်လို့ ဆိုကြပါတယ်။ ခုနောက်ပိုင်း ပေါ်လာတဲ့ ဆေးဝါးတွေဖြစ်တဲ့ Vemurafenib (Zelboraf) နဲ့ Dabrafenib (Tafinlar) ကတော့ အစွမ်းထက် တယ်လို့ ဆိုကြပါတယ်။

ကာကွယ်နိုင်မယ့် နည်းလမ်းတွေ

အရေပြား ကင်ဆာကိုလည်း ဖြစ်နိုင်ခြေများ စေတဲ့ နည်းလမ်းတွေကို ရှောင်ကြဉ်ရင် ကာကွယ်လို့ ရနိုင်ပါတယ်။ နေ့လယ်ပိုင်း နေရောင်ခြည်ကို ရှောင်ကြဉ်သင့် ပါတယ်။ အထူးသဖြင့် နေရောင်ခြည် အစူးရှဆုံး မွန်းတည့် အချိန် တွေမှာ ခန္ဓာကိုယ်ကို ကြာရှည် ရောင်ခြည် မထိစေတာ အကောင်းဆုံးပါပဲ။ အဲဒါကလည်း ခရမ်းလွန် ရောင်ခြည် သင့်မှုကို ကာကွယ်ရာ ရောက်လို့ပါ။

နေရောင်၊ အထူးသဖြင့် ခရမ်းလွန်ရောင်ခြည် ကာကွယ်တဲ့ အဝတ်အစားတွေ၊ အရောင်ရင့်တဲ့ ချည်သားတွေ၊ ဦးထုပ်တွေ ဝတ်ဆင်တာမျိုး ပေါ့။ အသားအရောင်ကို အမြဲဂရုစိုက်ပြီး အပြောင်းအလဲ တခုခုကြုံတာနဲ့ သတိမူမိတာ ကလည်း ကောင်းတဲ့ ကာကွယ်နည်းပါ။

မှန်ကြည့်တိုင်း မျက်နှာ၊ လည်ပင်း၊ နားရွက်တွေမှာ အရေပြား အရောင် အပြောင်းအလဲကို စောင့်ကြည့်၊ ရင်ဘတ်နဲ့ ကိုယ်လုံး၊ ခြေ၊ လက်တွေကို စစ်ဆေးကြည့်နေတာကလည်း ကာကွယ်နည်းပါပဲ။ မမြင်အပ်တဲ့ နေရာတွေကိုလည်း အဆင်သင့်တိုင်း ကြည့်ရှု စစ်ဆေးသင့်ပါတယ်။

အထူးသဖြင့်တော့ လူတွေကို ဆွဲဆောင်နိုင်တဲ့ မှဲ့တွေ နေရာအနှံ့ ပိုင်ဆိုင်ထားလေ ပိုပြီး ဂရုစိုက်ဖို့ လိုလေ ပါပဲ။ မှဲ့တွေ ပေါ်လာတယ် ဆိုရင် မှဲ့တွေမှာ အပြောင်းအလဲ တခုခု ရှိလာပြီ ဆိုရင် ကိုယ့်ဘာသာ အဝါကတ်ပြပြီး သေချာတဲ့ စစ်ဆေးမှုတွေ လုပ်သင့်တာကို သတိပြုရမှာပါ။

အဲဒီတော့ ကိုယ့်မှာ စံပယ်တင် မှဲ့ကလေးများ ရှိနေတယ် ဆိုရင်တော့ သူတပါးရဲ့ အားကျမြတ်နိုးမှု၊ မိမိဘာသာ ကျေနပ်ရတဲ့ အလှအပ အတွက်သာမက နောက်ဆက်တွဲ ကင်ဆာမဖြစ်စေဖို့၊ ဖြစ်နေရင်လည်း စောစောသိ၊ စောစောကုနိုင်ဖို့ အတွက် အမြဲ အရိပ်တကြည့်ကြည့် တသသသာ လုပ်နေပါလို့ တိုက်တွန်းလိုက်ပါတယ်။ ။ 


ဧရာဝတီ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

MPT ဆင်းမ်ကတ် ၁၀ သိန်းကို အောက်တိုဘာလ၌ ဈေးကွက်အတွင်း ထပ်မံဖြန့်ချိမည်

Monday, September 29, 2014
ပြည်တွင်း မိုဘိုင်းဖုန်း ဈေးကွက် အတွင်းသို့ လာမည့် အောက်တိုဘာ လ အတွင်း၌ ဆင်းမ်ကတ် အရေအတွက် ဆယ်သိန်းထပ်မံ ရောင်းချ သွားမည် ဖြစ်ကြောင်း MPT မှ သတင်း ရရှိသည်။

ယခုလက်ရှိ အချိန်တွင် MPT ဆင်းမ်ကတ် အသစ်များသည် ဈေးကွက် အတွင်း၌ ၁၅ သိန်း ရောက်ရှိနေပြီဖြစ်ပြီး သုံးစွဲသူ အရေအတွက်မှာ ၇ သိန်းကျော် ရှိနေပြီ ဖြစ်သည်။ MPT ကုမ္ပဏီအနေဖြင့် ယခုလ ၁ ရက်နေ့ မှ စတင်၍ ၎င်းတို့၏ အမှတ်တံဆိပ်အသစ် ဆင်းမ်ကတ်များကို ရောင်းချ ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ စက်တင်ဘာ တစ်လလုံးတွင် သုံးစွဲသူပေါင်း ၇ သိန်းကျော် ရှိလာခြင်း ဖြစ်သည်။

၂၀၁၄ အောက်တိုဘာလတွင် MPT ဆင်းမ်ကတ် အရေအတွက် ဆယ်သိန်းကို ဈေးကွက်အတွင်း ထပ်မံ ချထားပေးချိန်တွင် မှောင်ခို ဈေးကွက်ကို ထိန်းချုပ် သွားမည်ဖြစ်ပြီး ကုမ္ပဏီ၏ သတ်မှတ် ဈေးနှုန်း ထက် ပိုမိုရောင်းချသည့် အရောင်းဆိုင်များ ရှိပါက ဆင်းမ်ကတ်ခွဲတမ်း ချပေးခြင်းမှ ရပ်ဆိုင်းမည်ဖြစ်ကြောင်းလည်း အဆိုပါ ကုမ္ပဏီထံမှ သတင်း ရရှိသည်။

ယခင်အစိုးရဌာန အဖြစ်မှပြည်ပ ကုမ္ပဏီများနှင့် ပူးပေါင်းပြီး ပုဂ္ဂလိကအဖြစ် လုပ်ကိုင်လာသည့် MPT ဆက် သွယ်ရေး ကုမ္ပဏီသည် ဈေးကွက်အတွင်း၌ အမှတ်တံဆိပ်အသစ် ဆင်းမ်ကတ်များကို ယခင်မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အမည်ဖြင့် လုပ်ကိုင်ခဲ့စဉ်က သတ်မှတ်ခဲ့သည့် နှုန်းထားများဖြင့်သာ ဆက်လက်ကောက် ခံမှု ပြုလုပ်လာခြင်းဖြစ်သည်။

အဆိုပါ နှုန်းထားများမှာ MPT ဖုန်းအချင်းချင်း သော်လည်းကောင်း၊ MPT မှ အခြားဖုန်းများသို့ ခေါ်ဆိုလျှင် သော် လည်းကောင်း တစ်မိနစ်လျှင် ၂၅ ကျပ်ဖြစ်ပြီး၊ တစ်မိနစ် ကျော်လွန်သွားပါက ၆ စက္ကန့်လျှင် တစ်မိနစ်နှုန်းထားဖြင့် ကောက်ခံသွားမည်ဖြစ်သည်။ မိုဘိုင်းဖုန်းအသုံးပြုမှု အနည်းပါးဆုံး အချိန်ဖြစ်သည့် ည ၁၁ နာရီမှ မနက် ၇ နာရီ အချိန်ထိ ဖုန်းခေါ်ဆိုမှုများကိုမူ တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ဆက်လက်ကောက်ခံ နေခြင်းဖြစ်သည်။ စာတိုပေး ပို့ခ နှုန်းထားများသည်လည်း ယခင်အတိုင်းတစ်စောင်လျှင် ၂၅ ကျပ်ဖြစ်သည်။

ထို့အပြင် မိုဘိုင်းအင်တာနက် မြန်နှုန်းများသည် ယခင်အတိုင်း နှေးကွေးနေဆဲ ဖြစ်သော်လည်း GSM ဖုန်းများ အတွက် တစ်မိနစ်လျှင် ၂ ကျပ်နှင့် CDMA 800 MHz နှင့် WCDMA မိုဘိုင်းဖုန်းများအတွက် တစ်မိနစ်လျှင် ၄ ကျပ်ဖြင့်သာ ဆက်လက်ကောက်ခံနေပြီး အင်တာနက် အသုံးပြုရန်အတွက် ကနဦးတပ်ဆင်ခ ကျပ်တစ်သောင်းကို ပေးသွင်းရဦးမည်ဖြစ်ကြောင်း သိရသည်။

“ဒါပေမဲ့ အခုလို အခြေအနေအသစ်မှာ အရင်တိုင်းပဲဆိုတာ စိတ်ပျက်ဖို့အရမ်း ကောင်းပါတယ်" ဟု ရန်ကုန်မြို့နေ မိုဘိုင်းဖုန်းအသုံးပြုသူ တစ်ဦးကဆိုသည်။

ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်းထုတ်လုပ်ထားသည့် MPT အမှတ်တံဆိပ် ဆင်းမ်ကတ်များသည် နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီများနှင့်အပြိုင် လုပ်ကိုင်လာခြင်း ဖြစ်သော်လည်း သုံးစွဲသူများအတွက် ဝန်ဆောင် ခနှုန်းထားများကို ပြင်ဆင်လျှော့ချပေးခြင်း မရှိသည့်အပြင် မိုဘိုင်းအင်တာနက် အမြန်နှုန်းများလည်း တိုးတက် ကောင်းမွန် လာခြင်းမရှိသည့်အတွက် ဝေဖန်မှုများနှင့် ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း ရန်ကုန်မြို့နေ မိုဘိုင်းဖုန်း သုံးစွဲသူများထံမှ သိရသည်။


-ယုဇနကိုကို
Internet Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

Heart Cancer နှလုံးကင်ဆာ ဘာလို့ မဖြစ်တာလဲ

Monday, September 29, 2014
လူ့နှလုံးဆိုတာ အသက်ရှင် ဘို့ရာအတွက် မရှိမဖြစ်ဆုံး အင်္ဂါအစိတ် အပိုင်းဖြစ်တယ်။ လူ့အသက်ကို သေစေနိုင်တဲ့ ကင်ဆာရောဂါ နှလုံးမှာ မဖြစ်ပါ။ ဘာလို့ပါလဲ။

ကင်ဆာဖြစ်လာ တယ်ဆိုတာ ပုံမှန် 'ဆဲလ်' တွေကနေ ပုံမှန် မဟုတ်ဘဲ 'ဆဲလ်' ပွါးတာနဲ့ မူမမှန် 'ဆဲလ်' တွေဖြစ်လာ တာပါ။

နှလုံးမှာ အဓိက ကြွက်သား 'ဆဲလ်' တွေသာ ရှိတယ်။ ကြွက်သား 'ဆဲလ်' တွေက လူကောင်ကြီးရင် ကြီးသလို ရှည်ပြီး ကြီးလာတယ်။ ဒါပေမဲ့ နှလုံး 'ဆဲလ်' တွေဟာ သန္ဓေသား ဘဝမှာသာ 'ဆဲလ်' ကွဲတာ၊ 'ဆဲလ်' ပွါးများတာ ဖြစ်နိုင်ပြီး မွေးလာတဲ့နောက်မှာ အဲဒီဖြစ်စဉ်က အဆုံးသတ် သွားပါပြီ။ အဲလိုမဖြစ်လို့ ကင်ဆာ မဖြစ်နိုင်တာပါ။ ကံမကောင်းတာက အဲလိုဖြစ်နေလို့ နှလုံး 'အတက်ခ်' ရတဲ့အခါ သွေးမရလို့ သေသွားတဲ့ နှလုံး 'ဆဲလ်' တွေနေရာ မှာ 'ဆဲလ်' အသစ်တွေ ပြန်မပေါက်နိုင်လို့ ဒုက္ခရောက် ကြရပါတယ်။

ပြီးခဲ့တဲ့နှစ်က ကင်ဆာရောဂါ ဘယ်နေရာတွေမှာ အများဆုံးဖြစ်ပွါးခဲ့သလဲ။
အမျိုးသမီး ရင်သားကင်ဆာ = ၂၃၅,ဝ၃ဝ
အမျိုးသား ဆီးကျိတ်ကင်ဆာ =၂၃၃,ဝဝဝ
အဆုပ်ကင်ဆာ = ၂၂၄,၂၁ဝ
အူမကြီးကင်ဆာ = ၉၆,၈၃ဝ
အရေပြားကင်ဆာ =၈၁,၂၂ဝ
ဦးနှောက်ကင်ဆာ = ၂၃,၃၈ဝ

ကိန်းဂဏန်းတွေက အမေရိကန် ပြည်ထောင်စုက ဖြစ်ပါတယ်။ ကျွန်တော်ရောက်နေတဲ့ တိုင်းပြည်မို့ ကိုးကားတာ မဟုတ်ပါ။ ဘာမဆို ဒေတာတွေကို စနစ်တကျထားသို၊ ကိန်းဂဏန်းတွေ ဆိုတာလဲ ပြည့်စုံတဲ့ နေရမို့သာ ဖြစ်ပါ တယ်။


ဒေါက်တာတင့်ဆွေ
၂၇-၉-၂ဝ၁၄
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

ခေါင်းနှစ်လုံး ပါတဲ့ လိပ်ကလေး

Monday, September 29, 2014
အေသင်အောင်

အင်္ဂလန်နိုင်ငံ၊ မိန်းမြို့ မှာ နေထိုင်တဲ့ အမျိုးသမီး တစ်ဦး ဟာ လမ်းဖြတ်ကူးစဉ်မှာ ထူးခြားတဲ့ အရာတစ်ခုကို မြင်တွေ့ခဲ့ပါ တယ်။ တာလ်ဘော့ အမည်ရ အဲဒီအမျိုး သမီးဟာ လိပ်တစ်ကောင် ကားလမ်းမပေါ်မှာ သွားလာ နေတာကို ထူးထူးခြားခြား မြင်တွေ့ခဲ့ရခြင်း ဖြစ်ပါ တယ်။ အဲဒီ လိပ်ကလေးဟာ ဦးခေါင်းနှစ်လုံး ပါဝင်နေ တာမို့ တာလ်ဘော့ဟာ နေအိမ်ကို ယူဆောင်ပြီး မွေးမြူခဲ့ပါတယ်။

တာလ်ဘော့က ကျွန်မလမ်းဖြတ်ကူးစဉ်မှာ နှစ်ပေလောက် အကွာမှာ ဒီလိပ်ကလေးကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါ တယ်။ ကျွန်မစိတ် ထဲမှာ ထူးခြားတဲ့ အကောင်တစ်ကောင်လို့ ထင်ခဲ့တာပါ။ ကျွန်မအနေနဲ့ ခေါင်းနှစ်လုံးပါတဲ့ လိပ် ဖြစ်လိမ့်မယ်လို့ မယုံကြည်ခဲ့ပါဘူး။ ဒါကြောင့် နေအိမ်ကို ယူဆောင်ပြီး ဆေးကြော သန့်စင်မှုတွေ ပြုလုပ်တဲ့အခါ ခေါင်းနှစ်လုံးပါတဲ့ လိပ် ဖြစ်နေတာကို တွေ့ခဲ့ရတာပါ လို့ ပြောကြားသွားခဲ့ ပါတယ်။ ဒီလိပ်ကလေး ကို ဖရန့်နဲ့ စတိန်းလို့ အမည်ပေးထား ပါတယ်။ တာလ်ဘော့ဟာ ဒီလိပ်ကို မွေးမြူဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ၀ယ်ယူခဲ့ ပါတယ်။ ဒီနောက် လိပ်ကို ကျွေးမွေးဖို့ အစားအစာတွေ ရှာဖွေခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိပ်ကို လူတွေ စားသုံးတဲ့ ဟမ်ဘာဂါလို အစားအစာတွေကို ကျွေးမွေးလေ့ရှိ ပါတယ်။ တာလ်ဘော့က ဒီလိပ်ကို နေအိမ်မှာထက် ငါးပြတိုက် တွေမှာ မွေးမြူတာ ပိုမိုကောင်းမွန် လိမ့်မယ်လို့ ယူဆထားပါတယ်။ တာလ်ဘော့က သူ့ဘ၀မှာ ခေါင်းနှစ်လုံးနဲ့ လိပ်ကို မြင်တွေ့ခဲ့ရလို့ အလွန် ထူးခြားခဲ့ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။


The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

အဝေးသင် ဘာသာရပ် သင်ခန်းစာများကို Sky Net Edu Channel မှ ထုတ်လွှင့်မည်

Monday, September 29, 2014
အဝေးသင် ဘာသာရပ် သင်ခန်းစာများကို Sky Net Edu Channel မှနေ့စဉ် တစ်နာရီစာ ထုတ်လွှင့်မှု များ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

အဝေးသင် ကျောင်းသားများ အဝေးသင် သင်ခန်းစာ များကို လေ့လာရန် မြန်မာအသံနှင့် ရုပ်မြင်သံကြား မှနေ့စဉ် ညနေ ၄ နာရီ ၃၀ မိနစ်မှ ၄ နာရီ ၄၅ မိနစ် အထိ ထုတ်လွှင့်ပေးလျက်ရှိရာ ကျောင်း သားများ လေ့လာသည့် အချိန် ပိုမိုရရှိစေရန် ရည်ရွယ်၍ Sky-Net ရုပ်သံ၏ ကူညီပံ့ပိုးမှုဖြင့် သင်ခန်းစာ ထုတ်လွှင့် ချက် များကို နေ့စဉ်တစ်နာရီစာ ထုတ်လွှင့်တော့ မည်ဖြစ်ကြောင်း ရန်ကုန် အဝေးသင် တက္ကသိုလ်မှ သိရသည်။

“ဒီလိုထုတ်လွှင့်ဖို့ ဆရာတို့ဘက်ကနေ ရိုက်ကူးပြီးသား သင်ခန်းစာ ထုတ်လွှင့်ချက်တွေကိုပဲ ပေးပို့ရ တယ်။ ကျန်တာကို Sky-Net ရုပ်သံကပဲ ကူညီပံ့ပိုးပေးတာပါ” ဟု ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ လှတင့်က ပြောသည်။

အဝေးသင်ဘာသာရပ်သင်ခန်းစာများကို Sky-Net Edu Channel မှနေ့စဉ် နံနက် ၁၁ နာရီမှ ၁၂ နာရီ အထိ ထုတ်လွှင့်ပေးသွားမည်ဖြစ်ပြီး တစ်နေ့တာအစီအစဉ်များဖြစ်သည့် တူဒေးပရိုဂရမ်တွင် ထုတ် လွှင့်မည့် ဘာသာရပ် အကြောင်းအရာကို ကြည့်ရှုနိုင်ကြောင်း သိရသည်။

အဝေးသင်ကျောင်းသားများ သင်ခန်းစာများကို လေ့လာရန်အတွက် ကျောင်းအပ်ချိန်တွင် စီဒီ၊ သင်ရိုး ညွှန်းတမ်း စာအုပ်၊ ရုပ်မြင်သံကြား အစီအစဉ်များဖြင့် ပြုလုပ်ပေးလျက်ရှိပြီး ခေတ်ကာလတိုးတက်လာ သည်နှင့်အမျှ ကျောင်းသားများ သင်ခန်းစာများကို အလွယ်တကူရရှိနိုင်ရန်၊လေ့လာနိုင်ရန် အဝေးသင် သင်ခန်းစာများပါဝင်သော ဝက်ဘ်ဆိုက်တစ်ခုပြုလုပ်ရန် စီစဉ်နေကြောင်း ဒီဇင်ဘာတတိယအပတ် တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ဆရာတို့ အဲ့ဒီအတွက် ဆာဗာတွေ မှာထားတယ်။ လာမယ့်ပညာသင်နှစ်မှာ ဆရာတို့ကိုယ်ပိုင် အင် တာနက်တီဗွီ လုပ်နိုင်အောင်ကြိုးစားနေတယ်။ အဲ့ဒီအတွက် ပရိုဂရမ်တွေလဲ ရေးနေတယ်။ အဲ့ဒါရရင် သင်ခန်းစာတွေကို ၂၄ နာရီထုတ်လွှင့်ပေးနိုင်မယ်” ဟု ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်ကပြောသည်။

လက်ရှိတွင် အဝေးသင်သင်ခန်းစာများကို မြန်မာ့ရုပ်မြင်သံကြားမှ တစ်ရက်လျှင် ၁၅ မိနစ်ခန့်ထုတ် လွှင့်ပေးနေ သော်လည်း အလုပ်လုပ်ကိုင်နေသော ကျောင်းသား၊ ကျောင်းသူများနှင့် အကြောင်း ကြောင်းကြောင့် ယင်းအစီ အစဉ်ကို မကြည့်လိုက်ရသူများအတွက် ယင်းဝက်ဘ်ဆိုက်မှ အမည်မှာ www.Yangon Distance University.com ဟုသိရသည်။

“အခုခေတ်ကမိုဘိုင်းဖုန်းတွေကလဲပေါလာတယ်။ လူတိုင်းမိုဘိုင်းဖုန်းသုံးလာနိုင်တဲ့ အနေအထားတွေ ကြောင့် အင်တာနက်မြန်နှုန်း (ဝမ်းမတ်)လောက်ရှိရင်ပဲ ဝင်ကြည့်လို့ရပြီ။ အဲ့ဒီလိုလုပ်နိုင်ရင် နိုင်ငံတကာအဆင့်မီတဲ့ လုပ်ဆောင်မှုတွေဖြစ်မှာပါ” ဟု ဒေါက်တာလှတင့်က ပြောသည်။

ယင်းဝက်ဘ်ဆိုက်တွင် အဝေးသင် သင်ခန်းစာများကို ရှင်းပြပေးထားသည့် အစီအစဉ်များအပြင် အဆိုင်းမန့် ဖြေဆို ပုံများနှင့် အဝေးသင်သင်ခန်းစာများနှင့်ပတ်သက်ပြီး လိုအပ်သမျှကို ထုတ်လွှင့်ပေး မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်အဝေးသင်တက္ကသိုလ်ကို ၁၉၉၂ ခုနှစ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်ကို ၁၉၉၈ ခုနှစ်တွင် စတင်တည် ထောင်ခဲ့ကြောင်း သိရသည်။ 


Democracy Today Daily
စက်တင်ဘာ (၂၀) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

အမျိုးသမီးအချို့ ငရုတ်ရည် ဖျန်းဆေးဘူးများ ဆောင်လာ

Monday, September 29, 2014
ဆယ်ကျော်သက် စုံတွဲ အချင်းချင်း ဓားထိုး အကြမ်းဖက်မှုများ ဖြစ်ပေါ် နေ၍ အမျိုးသမီးအချို့သည် မိမိကိုယ်ကိုယ် ကာကွယ်နိုင်မည့် ငရုတ်ရည် ဖျန်းဆေးဘူး ငယ်လေးများ ဆောင်လာကြ သည်ဟု သတင်း ရရှိသည်။

အဆိုပါဘူးမှာ စပရေးပုံစံ ထုတ်လုပ် ထားခြင်းဖြစ်ပြီး ရန်မူ တိုက်ခိုက်ခံ ရပါက မျက်လုံးကို ပက်ဖျန်းလိုက်ရုံဖြင့် တစ်နာရီကျော်ကြာ မျက်လုံး ဖွင့်နိုင် မည်မဟုတ်ဘဲ ထွက်ပြေး လွတ်မြောက်နိုင်ကြောင်း အဆိုပါ ဖျန်းဆေး စပရေးဘူး ဆောင်ထားသူ Laurel Art အနုပညာ သင်တန်း ကျောင်းမှ ကျောင်းသူ အေးမြမြင့်မိုရ်က ပြောသည်။

အဆိုပါဘူးများကို ယခုလအတွင်း စတင်ရောင်းချ လာပြီဖြစ်ရာ အမျိုးသမီး တစ်ထောင်ကျော် စတင်စမ်းသပ် သုံးစွဲနေပြီဟု ဂိတ်သရပါကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးကောင်းကျော်က ပြောသည်။

‘‘ငရုတ်သီးအစစ်နဲ့ လုပ်ထားတာ။ တိုက်ခိုက်လာတဲ့ အမျိုးသားရဲ့ မျက်နှာ ဧရိယာကို ဖျန်းပစ်ရမယ်။ အသက်ရှူ လမ်းကြောင်းထိရင် ချောင်းဆိုမယ်၊ နှာချေမယ်၊ မျက်စိထိရင် မျက်ရည်ကျမယ်၊ ပူစပ်တယ်။ အမျိုးသမီးအတွက် ထွက်ပြေးဖို့ အချိန်ရမယ်’’ဟု ၎င်း က ရှင်းပြသည်။

တစ်ဘူးလျှင် ၈,၅၀၀ ကျပ် ဖြင့် နေရာအနှံ့တွင် ဝယ်ယူနိုင်ရန် ဈေးကွက်ဖြန့်ဖြူးမှုများ တိုးချဲ့ သွားမည်ဟု ဦးကောင်းကျော်က ပြောသည်။

အမျိုးသမီးများသည် အဆိုပါ ဖျန်းဆေး ဘူးဆောင်ထားခြင်းဖြင့် ယခင်ကကဲ့သို့ ဓား၊ ကတ်ကြေး၊ တွယ်ချိတ်များ ဆောင်ထားစရာ မလိုဘဲ အဆင်ပြေနိုင်ပြီး ချွန်ထက်သော အရာများဖြင့် ပြန်လည်ခုခံမိပါက ဥပဒေအရ အရေးယူ ခံရနိုင်သဖြင့် ယခုဖျန်းဆေးမှာ များစွာ အဆင်ပြေနိုင်ကြောင်း ကမာရွတ်မြို့နယ်ရှိ စတိုးဆိုင်တစ်ခုမှ အရောင်း မန်နေဂျာ အမျိုးသမီးတစ်ဦးက ပြောသည်။

မုဒိမ်းမှုများ ဆိုးရွားစွာဖြစ် ပွားလေ့ရှိသည့် အိန္ဒိယနိုင်ငံနှင့် အမျိုးသမီးများအတွက် လုံခြုံမှုအားနည်းသော နိုင်ငံများ တွင် ယင်းပစ္စည်းကို အသုံးများပြီး မြန်မာနိုင်ငံတွင် ပထမဆုံး စတင် မိတ်ဆက်ရောင်းချ လာခြင်းဖြစ်သည်။

လူသေဆုံးမှုမဖြစ်ဘဲ ထွက်ပြေးရန်အချိန်ရသော ယခုငရုတ်ရည်သည် အမျိုးသမီးများအတွက် များစွာ အသုံးဝင်နိုင် သည်ဟု ကုမ္ပဏီကရည်ရွယ်ထားသည်။

အိမ်နီးချင်းအိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ကလည်း အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများ မကြာခဏ အကြမ်းဖက်ခံနေ ရသောကြောင့် အလျင်အမြန်ကာကွယ်ရန် ငရုတ်ရည်ပက်ရမည်ဟု တိုက်တွန်း ပြောဆိုဖူးသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက် ညနေက အသက် (၁၉)နှစ်အရွယ် မော်ဒယ်သရုပ်ဆောင် အေးချမ်းမြတ်မိုးကို လူငယ် တစ်ဦးက လည်ပင်းကို ဓားဖြင့်ထိုးသတ်ခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။

ထို့အပြင် စက်တင်ဘာ ၁၂ ရက်ကလည်း တောင်ငူမြို့နယ် လယ်ဘူကျေးရွာအုပ်စုအတွင်း အသက်(၁၃)နှစ်အရွယ် အဋ္ဌမတန်းကျောင်းသူကို အသက်(၂၄) နှစ်အရွယ် အမျိုးသားတစ်ဦးက ရေမြောင်းထဲတွင် ငါးမိနစ်ကြာ ရေနှစ် သတ်ခဲ့သည့် အမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များမှ သိရသည်။


7Day Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

နို့တိုက်ခြင်းဖြင့် မိခင်နှင့် ကလေး ကျန်းမာရေး ကောင်းမွန်စေနိုင်

Monday, September 29, 2014
www.peterboroughandstamford.nhs.uk
မိခင်နို့ တိုက်ကျွေးခြင်းက ကလေးများ၏ ကျန်းမာရေး ကိုသာ ကောင်းမွန်စေသည် မဟုတ်ဘဲ မိခင် ၏နှလုံး ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် သွေးထဲကို လက်စထရော မြင့်မားမှု အန္တရာယ်များ ကိုပါ လျှော့ချ ပေးနိုင်သည်။

ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေး မီးဖွားခြင်းမှာ မီးဖွား ခန်းတွင် အဆုံးသတ်သည့် ကိုးလကြာ ခရီးတစ်ခု သာဖြစ်သည်ဟု ဆရာဝန်များနှင့် မိခင်လောင်းများ ထင်မှတ်နေခြင်းမှာ ကြီးမားသော အမှားတစ်ခု ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ပစ်ဘက်မြို့ရှိ အမျိုးသမီး ကျန်းမာရေး သုတေသနဌာန ညွှန်ကြားရေးမှူး ဒေါက်တာ အဲလီနောဘမ်လာ ရှဝပ်စ်က ပြောကြား သည်။

မီးဖွားပြီးနောက်လများမှာလည်း မိခင်နှင့် ကလေးကြား နို့ချိုတိုက်ကျွေးခြင်းဖြင့် ရေရှည်ကျန်းမာရေးအတွက် အခြေခံအုတ်မြစ်ကို တည်ဆောက်ချိန်ဖြစ်၍ အလွန်အရေးကြီးကြောင်း ၎င်းက ပြောသည်။

ကလေးများအား မိခင်နို့တိုက်ကျွေးခြင်းမှာ ၎င်းတို့၏ ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး ဓာတ်မတည့်ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်နိုင်သည့် အန္တရာယ်ကို လျှော့ချပေးနိုင်ကြောင်း ဆရာဝန်များ အသိ အမှတ်ပြုထားသည်မှာ ကြာပြီဖြစ်သည်။ ကလေးများကို နို့တိုက်ခြင်းသည် အမျိုးသမီးများ သေဆုံးမှု၏ အဓိက တရားခံဖြစ်သော နှလုံးရောဂါဖြစ်ပွားနိုင်မှုအန္တရာယ်များကို လျှော့ချပေးနိုင်ကြောင်း လေ့လာမှုများစွာက ဖော်ပြ သည်။

မိခင်နို့တိုက်ကျွေးခြင်းကြောင့် ကလေး၏ ကျန်းမာရေး အတွက်သာ မဟုတ်ဘဲ မိခင်၏ ကျန်းမာရေးအတွက်ပါ ကောင်းသည်ဟု ဒေါက်တာ ရှဝပ်စ်က ပြောသည်။ နို့တိုက်ခြင်းကြောင့် နှလုံးရောဂါ အန္တရာယ်များအပေါ် အကျိုး သက်ရောက်မှုကို သိရှိနိုင်ရန် ဒေါက်တာရှဝပ်စ်ဦးဆောင်သော ပညာရှင်များက အမျိုးသမီးပေါင်း ၁၄,၀၀၀နီးပါးကို လေ့လာခဲ့သည်။

ကလေးများကို ခုနစ် လမှ ၁၂ လအထိ နို့တိုက်ကျွေးသော အမျိုးသမီးများမှာ သွေးတိုးခြင်း၊ ဆီးချိုရောဂါနှင့် ကိုလက်စထရောမြင့်မားမှု အန္တရာယ်များအပါအဝင်အခြားကျန်းမာရေးအန္တရာယ်များ လျော့ကျသွားကြောင်း လေ့လာမှုက ဖော်ပြသည်။ 


 —Ref: BBC
7Day Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

ဆံပင်ညှပ် ဆရာတွေ အမြဲပြောလေ့ ရှိတတ်တဲ့ မုသားစကား (၇) မျိုး

Monday, September 29, 2014
သင် ဆံပင်ညှပ် ဆိုင်ကို ရောက်ပြီ ဆိုပါတော့။ ဆံပင်ပဲ ညှပ်ညှပ်၊ ဘာပဲ လုပ်လုပ် ခေါင်းတော့ အရင်လျှော်ခိုင်း ကြတာချည်းပဲ ဟုတ်။ သင်က ခုလေးတင် အိမ်မှာ လျှော်လာ တာလို့ပြောရင် ခုထပ်လျှော်မှ ညှပ်ရတာ အဆင်ပြေမယ်၊ ဆံပင်ဆိုးရတာ အဆင်ပြေမယ်၊ ဒီက လျှော်ပေးတဲ့ ရှန်ပူက ဘယ်လိုကောင်းတာစသဖြင့် အခြေအတင်လေးတွေ ရှိလာပြီပေါ့။ အိုခေ သူတို့ပြော သလို ခေါင်းလျှော်ဖို့ လက်ခံလိုက်ပါပြီ။ အဲ့ဒီနောက်မှာ ကိုယ်သွားနေကျ ဆံပင်ညှပ်ဆိုင်က ဆံပင်ညှပ် ဆရာတွေ ပြောလေ့ရှိတဲ့ မုသားစကား ပါးပါးလေးတွေကို ဖော်ပြ ပေးလိုက် တယ်နော်။

၁။ဟိုးအရင်ကတည်းက သုံးနေကျ ရှန်ပူတွေက မကောင်းတော့ဘူး။ ဆိုင်က ရှန်ပူတွေကတော့ အကောင်းဆုံး product တွေချည်းပဲ။

သင်က ခုလက်ရှိလည်း ဆယ်တန်းကျောင်းသူဘ၀က သုံးခဲ့တဲ့ ခေါင်းလျှော်ရည် အမျိုးအစားကိုပဲ စွဲစွဲမြဲမြဲသုံးနေ တတ်သူ တစ်ယောက်လား။ ဒါဆိုရင်တော့ သူတို့က အိမ်မှာဘာခေါင်ေးလျှာ်ရည်သုံးသလဲလို့ မေးတဲ့အခါ မဖြေရင် အကောင်းဆုံးပါပဲ။ သင်က ဖြေလိုက်ရင် ခုဆိုင်မှာ သုံးတာကတော့ ဘာအမျိုးအစားဖြစ်တယ်ဆိုတာ ပြောပြပါလိမ့် မယ်။ ဒီအမျိုးအစားက ဘာကောင်းတယ်ဆိုတာ ပြောပြပြီး ဒါကို အိမ်မှာသုံးတာထက် ဆိုင်မှာလာလျှော်မယ်ဆိုရင် ဘယ်လိုကောင်းကျိုးတွေပိုရစေတယ်ဆိုတာမျိုးကိုလည်း သင့်ကို သူတို့ပြောပြပါလိမ့်မယ်။

၂။ဆံပင်ပါးရင် အထပ်ကလေးတွေ ညှပ်ကြည့် အဆင်ပြေသွားလိမ့်မယ်။

သင့်ဆံပင်က ခပ်ပါးပါးမို့ ဘယ်လိုကြည့်လိုက်ရင် အဆင်ပြေမလဲ တွေးရမှာပေါ့။ ဒါဆို သူတို့ပြောလေ့ရှိတာက အထပ်ထပ် layer ပုံစံသာညှပ် အားလုံး အိုခေသွားမယ်ဆိုတာပါပဲ။ တကယ်တော့ အဲ့ဒီလို အထပ်ကလေးတွေ ဖြစ်အောင် ညှပ်တာကလည်း ညှပ်ပြီးကာစ ဆိုင်မှာပုံသွင်းမှသာ အဆင်ပြေတာပါ။ ဆံပင်ပါးတယ်ဆိုရာမှာလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီပါဘူး။ ရှိနေပြီးသား ဆံပင်ပုံစံနဲ့ မျက်နှာကျစတာတွေလည်း ထည့်သွင်းစဉ်းစား ရဦးမှာပါ။

၃။အဖျားနှစ်ခွ နည်းနည်းဖြစ်နေရင် ခပ်တိုတိုသာ ညှပ်လိုက်၊ ဒါမှအဆင်ပြေမယ်။

တစ်ခါတစ်လေ ကိုယ်က ဆံပင်အရှည်ထားဖို့ စိတ်အားထက်သန်နေတယ်ဆိုပါစို့။ ကိုယ့်ဆံပင်က အဖျားနှစ်ခွဖြစ် နေတယ်။ ဒါပေမယ့် ဒါကိုလည်း တိုသွားအောင် ညှပ်မပစ်ချင်ဘူး။ ဒါဆို သူတို့က ညှပ်ချပစ်လိုက်ဖို့ ပြောရင်တောင် ကိုယ့်ဆန္ဒကို ရှင်းရှင်းလင်းလင်းပြောပြပြီး တစ်ခြားနည်းလမ်းစဉ်းစားခိုင်းပါ။ ဥပမာ- ဆံပင်ကို အရင်ကထက် ပို ဂရုစိုက်ပြီး ပေါင်းတင်တာမျိုးတွေ၊ အားဖြည့်ဗိုက်တာမင် လိမ်းပေးတာမျိုးတွေလုပ်မယ်ဆိုရင် ခုအတိုင်း ဘယ်လို လေး တိုမသွားအောင် ပုံချလိုက်ရင် အဆင်ပြေမလဲ ဆိုတာမျိုးပေါ့။

၎။နေ့တိုင်းခေါင်းလျှော်တာ ဆံပင်အတွက် မကောင်းနိုင်ဘူး။

လေ့ကျင့်ခန်းနေ့တိုင်းလုပ်ပြီး ချွေးထွက်တဲ့သူတွေအတွက် နေ့တိုင်းခေါင်းလျှော်လို့ ရပါတယ်။ ဒါပေမယ့် ရှန်ပူ ကိုတော့ နည်းနည်းပျော့တဲ့ ရှန်ပူမျိုးသုံးရပါလိမ့်မယ်။ ခေါင်းလျှော်တိုင်းလည်း ဆံပင်ပျော့ဆေး သေချာသုံးပေးမယ် ဆိုရင် လျှော်လို့ရပါတယ်။

၅။ဆံပင်အဖျား တိမယ်ဆိုရင် ဆိုင်မှာလာတိတာ အကောင်းဆုံးပါ။

သင်အရင်ကရော ဆံပင်ကို ကိုယ်တိုင်တိဖူးပါသလား။ ရှေ့ဆံပင်တိမယ်ဆိုရင်တော့ ကိုယ်တိုင်ခန့်မှန်းတတ်ဖို့ လိုပါတယ်။ ကွက်တိသွားတိလိုက်ရင် ရှေ့ဆံပင်တွေက အပေါ်ကိုတိုတက်သွားတဲ့အခါ အဆင်မပြေဖြစ် တတ်တာ မို့ပါ။ ကျန်တဲ့ အဖျားနှစ်ခွဖြစ်နေတဲ့ နေရာတွေကိုတိမယ်ဆိုရင်လည်း ညီညီညာညာလေးတိမှာလား၊ ဒါမှမဟုတ် အချွန်ပုံစံထွက်အောင် တိမှာလား သိရပါမယ်။ သင်ကိုယ်တိုင်တိနေကျ၊ ဒါကိုလည်း သဘောကျတယ်ဆိုရင် သင်မလုပ်နိုင်စရာ မရှိပါဘူး။ အဲ့ဒီလိုမဟုတ်ပဲ ခုမှ စတိမှာ၊ သေချာလည်း မလုပ်တတ်ဘူးဆိုရင်တော့ သူတို့ပြော သလို ဆိုင်မှာ တိတာ ပိုသေချာတာပေါ့။

၆။ဆံပင်အဖျားလေးတွေ တိပေးတာ၊ ညှပ်ပေးတာ ဆံပင်ကို ပိုရှည်လာစေတယ်။

ဆံပင်ပညာရှင် Allen Ruiz ပြောကြားချက်အရတော့ ဒီအချက်ဟာ မှားပါတယ်။ ဆံပင်အဖျားလေးတွေ ပုံမှန် တိပေးတာ သင့်ဆံပင်ပိုမိုကျန်းမာလာစေတယ်ဆိုတဲ့ အချက်က မှန်ပေမယ့် ဆံပင်ကို ပိုအရှည်မြန်စေတယ်ဆို တာကတော့ မှားပါတယ်တဲ့။

၇။ဆံပင်နဲ့ပတ်သက်ပြီး သုံးတဲ့ product ပိုများလေ ဆံပင်ပိုကျန်းမာလေပါပဲ။

ဒီအချက်ကလည်း မှားယွင်းပါတယ်။ သင့်ဆံပင်က အထူးတလည် ပျက်စီးနေတာမျိုးလည်း မဖြစ်ဘူး။ ပုံမှန် သင့်တော် တဲ့ ဆံပင်သားလည်းရှိတယ်ဆိုရင် ဆံပင်အတွက် သုံးတဲ့ ထုတ်ကုန်ပစ္စည်း နှစ်မျိုး၊ သုံးမျိုးဆို ရပါပြီ။


Ref:refinery29.com
Trend Myanmar
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

Samsung Galaxy S5 CDMA (SM-G9009D ) ဖုန်းကို အလွယ်တစ်ကူ Root ဖောက်နည်း

Sunday, September 28, 2014

Samsung Galaxy S5 CDMA (SM-G9009D ) ဖုန်းသုံးတဲ့ သူငယ်ချင်းတွေ root ဖောက်ဖို့ အခက်ခဲဖြစ်နေရင် အောက်ပါ နည်းအတိုင်တာ Root ဖောက်လိုက်ပါ


ဒေါင်းလို့ရလာတဲ့ zip ဖိုင်းကို ဖြည့်လိုက်ပါ ရလာတဲ့ ဖိုးဒါထဲမှ Odin ဖိုင်ကို ဖွင့်လိုက်ပါ


ပြီရင် PDA နေရာမှာနှိပ်ပြီ စောစောက ဖိုးဒါထဲက Auto Root ဖိုင်းကိုရွေးပေးလိုက်ပါ
ပြီရင် ဖုန်းကို vol-down + Home + power ပြိုင်တူနှိပ်ပါ ဒီပုံတိုင်တက်လာပါမယ်


ဒီလို တရုတ်စာတန်လေ တက်လာတာ တွေ့ ပါမယ် ဒါဆို vol up ကို တစ်ချက်နှိပ်ပေးလိုက်ပြီ ကွန်ပျူတာနဲ့ချိတ်ဆက်ပေးလိုက်ပါ


ပြီရင် Odin က ဖုန်းကို သိပြီဆိုရင် Start ကိုနှိပ်းပေးလိုက်ပြီ လွှတ်ထားလိုက်ပါ သူဟာသူ root လုပ်သွားပါမယ်


ပြီရင်ဖုန်းက Reboot ကျပြီ ပြန်တက်လာပါမယ် ဒါဆို Root လုပ်လို့ အောင်မြင်မအောင်မြင် သိခြင်ရင် App နေရာမှာSuperuser app လေရောက်နေရင် Root လုပ်လို့အောင်မြင်ပါပြီ



post by SmartGhost
ထိုင်းရောက်ITလူငယ်များ
-------------------------------------- 
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

All MTK USB Drivers 2014

Sunday, September 28, 2014




Good Luck..!
-------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.comFacebook Page  Twitter   Google+
အပြည့်အစုံသို့ >>

Latest FlashTool v5.1420.00

Sunday, September 28, 2014

Supported CPU List 

Mtk6223 
Mtk6223C 
Mtk6225 
Mtk6226 
Mtk6226M 
Mtk6227 
Mtk6235 
Mtk6236 
Mtk6238 
Mtk6239 
Mtk6253 
Mtk6268 
Mtk6251 
Mtk6252 
Mtk6276 
Mtk6276M 
Mtk6921 
Mtk6256 
Mtk6255 
Mtk6280 
Mtk6260 
Mtk6261



Good Luck...!
-------------------------------------- 
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

mDirectory (For Android)

Sunday, September 28, 2014

Myanmar Mobile Directory ဆိုသည်မှာ Android ဖုန်းအသုံးပြုသူ တိုင်းအတွက် ရွှေမြန်မာတို့၏ Webstite များ Blog များကို အလွယ်တကူ ဖတ်ရှုလေ့လာ
နိုင်ရန်အတွက် Website နှင့် Blog ၆၀၀ ကျော်ကို စုစည်း တင်ဆက် ပေးလိုက်ခြင်းဖြစ်ပါသည်။ လတ်တလော မြန်မာ နိုင်ငံတွင် ပေါ်ပြုလာ အဖြစ်ဆုံး ဖြစ်သော
လူကြည့်အများ Website နှင့် Blog များကို ဦးစားပေး ထည့်သွင်း ထားပါသည်။ mDirectory တွင် ပါဝင်သော Website နှင့် Blog များမှာ – 

1. တရာတော် Website များ (ဗုဒ္ဓဘာသာ၊ ခရစ်ယာန်)၊
2. မြန်မာ Bank Website များ
3. သတင်းဆိုင်ရာ Website များ
4. ရုပ်ရှင် နှင့် သီချင်း Website များ
5. အားကစား ဆိုင်ရာ Website များ
6. ကျန်းမာရေး ဆိုင်ရာ Website များ
7. ကွန်ပြူတာ နည်းပညာ Website များ
8. မိုဘိုင်းဖုန်း နည်းပညာ Website များ
9. စာပေ၊ ဂျာနယ်၊ မဂ္ဂဇင်း Website များ … ပါဝင်ပါတယ် … 

mDirectory Application ကို အသုံးပြုမည်ဆိုပါက မည်သည့် Android အမျိုးအစားဖြစ်စေ မြန်မာ Font ထည့်သွင်း ပြီးသားဖြစ်ရပါမည်။ mDirectory တွင် လူကြီးမင်းတို့၏ စီပွားရေး၊ လူမှုရေးရေး၊ ပညာရေး၊ ဗဟုသုတ၊ လုပ်ငန်းများတို့၏ Website များ Blog များကို အခမဲ့ ပါဝင် ဖော်ပြနိုင်ပါသည်။ ကြော်ငြာများ ထည့်
သွင်းလိုပါက Application ၏ About တွင် လေ့လာနိုင်ပါသည်။ 

mDirectory Application တွင် ပါဝင်သော Website နှင့် Blog ပိုင်ရှင်များအား လေးစားစွာ တောင်းပန်အပ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် လူကြီးမင်းတို့၏
Website (သို့မဟုတ်) Blog များကို ခွင့်ပြုချက် ရယူမှုမရှီ အသုံးပြုခဲ့ခြင်းကို ခွင့်လွှတ်နားလည်ပေးကြပါရန် … 

mDirectory ရေးသားခြင်း နှင့်ပတ်သတ်ပြီး အကူအညီပေးသော ကိုဟန်လေးအား အထူးကျေးဇူး တင်ရှီပါသည်။ mDirectory တွင် လိုအပ်ချက်များ ရှီနေပါက နားလည်ပေးကြပါရန် တောင်းပန်အပ်ပါသည်။ လိုအပ်ချက်များအား Update version အနေနှင့် ပြန်လည်ထုပ်ဝေပါမည်။ ဆက်လက် ကြိုးစားပါအုန်းမည်။ 



Sharing – Thaw Tar
ref;commaspace.com
-------------------------------------- 
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

MTK IMEI Repair Tool

Sunday, September 28, 2014






Good Luck..!
-------------------------------------- 
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

ဆေးဖက်လည်းဝင် ဈေးကွက်သွင် ချဉ်စော်ခါးသီး အစွမ်း အံ့မခန်း

Sunday, September 28, 2014
Written by မိုးလွင်ဦး (လွိုင်လင်)

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် ပင်လုံမြို့နယ် ၏ အနောက် မြောက်ဘက်ရှိ ဆနင်းတောင် တန်းမှ ကျူလင်းကျေးရွာ၊ ကောင်းငို ကျေးရွာနှင့် လွိုင်ဆိုင် ကျေးရွာများသည် ချဉ်စော်ခါးသီး အများဆုံး ထွက်ရှိရာ ဒေသဖြစ်သည်။ ချဉ်စော်ခါး သီး သည် အေးမြသော ရာသီဥတုကို ကြိုက်နှစ်သက်သော ကြောင့် မျိုးစေ့ချ စိုက်ပျိုး၍ လည်းကောင်း၊ ကိုင်းစိုက်၍ လည်းကောင်း အလွယ်တကူ စိုက်ပျိုးနိုင်သည်။ မျိုးစေ့ချ စိုက်ပျိုးပါက ငါးနှစ်သားတွင် အသီးစတင်သီးပြီး ကိုင်း စိုက်ပျိုးပါက သုံးနှစ်သား အရွယ်တွင် အသီးသီးသည်။ အဆိုပါကျေးရွာများ၌ မိမိတို့စိုက်ပျိုးခြံ၏ ဘေးပတ်ပတ်လည် တွင် စိုက်ပျိုးကြပြီး ဇူလိုင်နှင့်သြဂုတ်လများတွင် အသီးလှိုင်လှိုင်ပေါ်ကြောင်း ပင်လုံမြို့ရပ်ကွက် ၁ မှ တောင်သူ ဦးစိုင်းမြင့် နိုင်၏ ပြောကြားချက်အရ သိရသည်။

ချဉ်စော်ခါးသီး၏ အစွမ်းသတ္တိသည် ကျန်းမာရေးကိုများစွာ အထောက်အကူပြုနိုင်သည်။ ချဉ်စော်ခါးသီးကို ပါးပါး လှီးဖြတ်ပြီး ရေနွေးပူပူဖြင့်စိမ်၍ (တစ်ရက်လျှင် တစ်ခွက်နှုန်း) သောက်ပါက ကိုယ်တွင်းရှိ အဆီဓာတ်များကို လျော့ကျစေနိုင်ပြီး ညောင်းညာ ကိုက်ခဲခြင်းကို ပြေလျော့စေခြင်း၊ သွေးသား လည်ပတ်မှု ကောင်းမွန်စေခြင်း၊ ချဉ်စောခါးသီးနှင့် ကြက်သားရော၍ ချက်ပြုတ်စားပါက အမျိုးသမီးများအတွက် အမျိုးသမီးရောဂါများ သက်သာ ပျောက်ကင်းစေသည်။ ထို့ပြင် လေဖြတ်ခြင်း၊ လေဖြန်းခြင်းရောဂါများကို ကာကွယ်နိုင်ခြင်း၊ လေဖြတ်ရောဂါ ဝေဒနာရှင်များပင် သက်သာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်သည်။

ချဉ်စော်ခါးသီးသည် အခွံမှ အစေ့အထိ အလုံးစုံ အသုံးဝင်သည်။ ချဉ်စော်ခါးသီးကို ပါးပါးလှီးဖြတ်၍ အချောက် လှန်းပြီးပါက ဟင်းရည် အဖြစ်လည်းကောင်း၊ ယိုထိုး၍လည်းကောင်း၊ ဆေးအဖြစ် ဝိုင်စိမ်၍ လည်းကောင်း အမျိုးမျိုး အသုံးပြုနိုင်သည်။ ချဉ်စော်ခါးသီးယို တစ်ပိဿလျှင် ငွေကျပ် ၆၀၀၀ ရောင်းချ ရကြောင်းနှင့် ချဉ်စော်ခါးသီးကို သုံးဆောင် မှီဝဲပြီးပါက ခြင်းဆေးခွေအနံ့နှင့် မတည့်ကြောင်း၊ ကိုယ်လက်နှင့် မျက်နှာများ ဖောရောင်လာကြောင်း ကိုယ်တွေ့ ခံစားရသည့် ပင်လုံမြို့ရပ်ကွက် (၃) မှ တောင် သူဦးလုံးခေးဆိုင်က ပြောပြသည်။

လွိုင်လင်-ပင်လုံနှင့် အနီးနားရှိ မြို့ရွာများတွင် အလုံးကြီးတစ်လုံးလျှင်ငွေကျပ် ၁၅၀ မှ ၂၀၀ အထိ ဈေးရရှိပြီး နယ်စပ်မြို့များတွင် (ဥပမာ-ကျိုင်းတုံ၊ တာချီလိတ်) အနာလွတ်အလုံးကြီး တစ်လုံးလျှင် ငွေကျပ် ၄၀၀ အထိ ရောင်းချရကြောင်း၊ ယင်းအပြင် ချဉ်စော်ခါးသီးကို ပါးပါးလှီးဖြတ်ပြီး အခြောက် လှန်း၍ရောင်းချပါက တစ်ပိဿလျှင် ငွေကျပ် ၁၀၀၀၀ မှ ၁၂၀၀၀ အထိ ဈေးရရှိပါကြောင်း၊ အလုံးကြီး ငယ်ရောရာဝယ်ယူ၍ အခြောက်လှန်းရန် တစ်ပိဿလျှင် ငွေကျပ် ၁၅၀၀ ပေးဝယ်ရကြောင်း၊ အသီး ခြောက်ပိဿလျှင် ခွဲခြမ်းအခြောက် တစ်ပိဿရရရှိကြောင်း၊ မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေရရှိ ကြောင်း ဦးမြင့်နိုင်က ဆက်လက်ပြောပြသည်။

ထို့ကြောင့် ချဉ်စော်ခါးသီးကို အလုံးလိုက်ဝယ်ယူပြီး ခွဲစိတ်အခြောက်လှန်းပါက အမြတ်ဝင်ငွေများစွာ ရရှိမည်ဖြစ် သည်။ မိသားစု တစ်ပိုင်တစ်နိုင်စီးပွားရေးမှ ဈေးကွက်စီးပွားရေး ထိုးဖောက်လာနိုင်မည် ဖြစ်သည်။ လက်ရှိ အခြေ အနေတွင် ပင်လုံဒေသခံများသည် နည်းပညာနှင့် အရင်းအနှီးများ လိုအပ် ချက်ကြောင့် ကုန်ကြမ်းအဖြစ်သာ ထုတ်လုပ်နိုင်ရာ လိုအပ်ချက်များအား ကူညီပံ့ပိုးပေးနိုင်ပါက ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ကာ ဒေသထွက်ကုန် တစ်မျိုးအဖြစ် ထုတ်လုပ်နိုင်မည် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ 


မြန်မာ့အလင်းသတင်းစာ
စက်တင်ဘာ (၁၅) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

တင်ခဲ့ပြီးသော Posts များ ဆက်လက်ဖတ်ရှုရန်...

                 

သိလိုသော အကြောင်းအရာကို အောက်က Search Box ထဲမှာ မြန်မာ/အင်္ဂလိပ် ဘာသာဖြင့် ရိုက်ထည့်၍ ရှာဖွေပါ...