ရင်သုံးမွှာနဲ့ အမျိုးသမီး... (18+)


လူတွေဟာ အလှအပအတွက် ပလတ်စတစ် ဆာဂျူရီ (Plastic Surgery) တွေကို ငွေကြေးများစွာ အကုန်အကျခံပြီး ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်လာ နေတာဟာ နေ့စဉ်လိုလို ပါပဲ... ယေဘူယျအားဖြင့် ပြောမယ် ဆိုရင် တော့ အထူးအဆန်းတော့ မဟုတ်တော့ပါဘူး.. ဒါပေမဲ့ အသက် (၂၁)နှစ် အရွယ် ဒီအမျိုးသမီးကတော့ တော်တော်လေး ထူးဆန်းနေပါတယ်... သူမဟာ နဂို သဘာဝအတိုင်း ပါလာတဲ့ ရင်သားနှစ်ခု အကြားမှာ နောက် ထပ် ရင်သားအတု တခုကို ပုံပါအတိုင်း surgery လုပ်ပြီး ထည့်ခဲ့ပါတယ်...

ခွဲစိတ်ချိန် ၁း၃၀ နာရီကြာမြင့်ပြီး အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ကုန်ကျတယ်လို့ ဆိုပါတယ်... ဆရာဝန်တွေဟာ ရင်သားအတု ပြုလုပ်ဖို့အတွက် သူမရဲ့ ၀မ်းဗိုက်က အသားတွေနဲ့ Silicone 400cc ကို ထည့်သွင်း အသုံးပြုခဲ့ပါတယ်...

သူမရဲ့ တခုတည်းသော ရည်မှန်းချက်ကတော့ ကျော်ကြားဖို့ အတွက်ဖြစ်ပါတယ်... ဒါကြောင့်လည်း လူမှုကွန်ယက်တွေ ကနေတဆင့် လူအများရဲ့ အာရုံစူးစိုက်မှုကို ရယူပြီး MTV show က လက်ခံလာအောင် ကြိုးစားနေပါတယ်... ဒါကတော့ သူမရဲ့ Facebook Page ပါ... မှတ်ချက် တွေကတော့ အကောင်းထက် အဆိုးဘက်မှာ ပိုများနေပြီး သူမရဲ့မိခင်ဖြစ်သူကတောင် ပြစ်တင် ရှုတ်ချထားတာကို တွေ့ရပါတယ်... ။







ref;Oddity Central/ Ko Myo
--------------------------------------

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...