အရက် လျှော့သောက်ခြင်း အကျိုး

ဒီစာက အရက်သောက်ဖို့ အားပေးတာ မဟုတ်ပါ။ အရက်သောက်ရင် သတ်မှတ်ထားတဲ့ ပမာဏထက် ပိုပြီး မသောက်ရင်တော့ အကျိုးကျေးဇူးတွေ ရနိုင်တဲ့ အကြောင်းပါ။ အမျိုးသမီးတွေ အတွက်ဆိုရင် တစ်ပါတ် ကို ၁၄ ယူနစ်၊ အမျိုးသားတွေ ဆိုရင် ၂၁ ယူနစ် အထိက သင့်တင့်မျှတတဲ့ ပမာဏလို့ ဆိုကြပါတယ်။
အကြမ်းဖျင်းအာဖြင့် ဆိုရရင် အမျိုးသားများက တစ်နေ့ကို ဘီယာ တစ်ပိုင့်ထက်၊ အမျိုးသမီးများက တစ်နေ့ကို ၀ိုင် (ခွက်အလတ်) တစ်ခွက်ထက်ပိုပြီး သောက်ရင် အကောင်းပါဘူး။ အများဆုံးသောက်ရင် တစ်နေ့ကို အမျိုးသားများက ၄ ယူနစ်၊ အမျိုးသမီးများက ၃ ယူနစ်ပါ့။ တခြားနေ့တွေမှာ ပိုပြီး လျှော့ရမှာပေါ့။

(၁)အရက်နည်းနည်း လျှော့သောက်ရင် Diabetes Mellitus ဆီးချိုရောဂါ ဖြစ်နိုင်ခြေ နည်းသွားလိမ့်မယ်။ ဘာဖြစ်လို့ လည်းဆိုတော့ အရက် နည်းနည်းက Insulin အင်ဆူလင်ဓာတ်ကို အလုပ်ပိုလုပ်အောင် အားပေး တယ်။ များများသောက်ရင်တော့ ဆီးချို ပိုဖြစ်တာပေါ့။

(၂)အရက်နည်းနည်းလျှော့သောက်ရင် Dementia သူငယ်ပြန်ရောဂါ ဖြစ်နိုင်ခြေ နည်းသွားမယ်။ အရက်နည်းနည်း သောက်တဲ့ သူတွေက Small Infarcts ဦးဏှောက် သွေးကြောငယ်လေးတွေ ပိတ်တာကို တားဆီးစေတယ်။

(၃)အရက်နည်းနည်းလျှော့သောက်ရင် မကောင်းတဲ့အဆီ Triglycerol တွေ မတက်တော့ဘူး။ ကောင်းတဲ့ အဆီ HDL တွေကို များစေတယ်။

(၄)အရက်နည်းနည်းလျှော့သောက်ရင် Heart Failure နှလုံးအားပျော့အားနည်းရောဂါ ဖြစ်နိုင်ဖြေ နည်းသွားမယ် တာ့။ အရက်နည်းနည်းသောက်တာက နှလုံးကို သွေးလျှောက်တာကို အားပေးပါတယ်။

(၅)အရက်နည်းနည်းလျှော့သောက်ရင် Hypertension သွေးတိုးတာ လျှော့သွားမယ်။

(၆)အရက်နည်းနည်းလျှော့သောက်ရင် Atrial fibrillation နှလုံးခုန်နှုန်းမမှန်တဲ့ ရောဂါဖြစ်ခြင်း နည်းသွားမယ်။

(ရ)အရက်နည်းနည်းလျှော့သောက်ရင် Stroke လေဖြတ်တဲ့ရောဂါ ဖြစ်ဖို့လမ်းနည်းသွားနိုင်တယ်။

(ဂ)အရက်နည်းနည်းလျှော့သောက်ရင် Gall stones သည်းခြေကျောက်၊ Kidney stones ဆီးကျောက်ရာဂါဖြစ်တာ နည်းသွားမယ်။

(၉)အရက်နည်းနည်းလျှော့သောက်ရင် အရိုးတွေ အားပိုကောင်းလာနိုင်တယ်။ များများသောက်ရင်တော့ အရိုးတွေ ပါးသွားမယ်။

(၁၀)အရက်နည်းနည်းလျှော့သောက်ရင် သေချာတာကတော့ Liver အသည်းရဲ့  သက်တမ်းပိုရှည်ပြီး ကားတိုက် ဆိုင်ကယ်တိုက်တာတွေ နည်းသွားမယ်။ အရက်လျှော့သောက်ခြင်းဖြင့် သင့်မိသားစုကို စောင့်ရှောက်နိုင်ပါစေ။


မြန်မာနှလုံးဖောင်ဒေးရှင်း
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...