မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ဘ၀ကို ရိုက်ကူးထားသည့် ရုပ်ရှင် ထိုင်းတွင် ရုံတင်

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ဘ၀ တစိတ်တပိုင်းကို ပုံဖော်ရိုက်ကူး ထားတဲ့ “ဘယ်လို အချစ်မျိုးလဲ” ဆိုတဲ့ ဇာတ်ကားကို မနက်ဖြန် စက်တင် ဘာလ ၁၈ ရက်နေ့ကစပြီး ထိုင်းတနိုင်ငံလုံး အတိုင်း အတာနဲ့ ရုံရှင်ရုံကြီးတွေမှာ ရုံတင်ပြသ ပါတော့မယ်။

ဒီဇာတ်ကားမှာ ရွှေ့ပြောင်းမြန်မာ အလုပ်သမား တယောက်နဲ့ ထိုင်းကောင်မလေး တယောက် တို့ရဲ့ အချစ်ဇာတ်လမ်း လေးဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ မင်းသား Dan အဖြစ် သရုပ်ဆောင် သူကတော့ မြန်မာအလုပ်သမား ကိုအောင်နိုင်စိုးဖြစ်ပြီး မင်းသမီး Kay ဖြစ် ထိုင်းအမျိုးသမီးလေး Kaew တို့က ပါဝင်သရုပ် ဆာင်ထားပြီး မင်းသားရဲ့ သူငယ်ချင်းတွေ ကလည်း ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ် ကိုင်နေကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ဘန်ကောက်မြို့ကို အလုပ်လုပ်ဖို့ ရောက်ရှိနေတဲ့ မြန်မာကောင်လေးက ထိုင်းကောင် မလေးကို ဘတ်စ်ကားပေါ်တွေ့တွေ့ချင်း ချစ်မိပြီး သူတို့ရဲ့ အချစ်ဇာတ်လမ်း ဖြစ်တည်လာပုံကို ဖော်ကျူး ထားတာပါ။ ဒါ့ပြင် ဒီ ဇာတ်ကားမှာ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေရဲ့ ဘဝတစေ့တစောင်းကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားကို အာဆီယံနိုင်ငံတွေ အားလုံး ပါဝင်တဲ့ အာဆီယံစီးပွားရေးအသိုက်အ၀န်း AEC အဖြစ် မကြာခင် ပူးပေါင်းတော့မှာမို့ အိမ်နီးချင်း နိုင်ငံသားတွေ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရှိစေဖို့ ဒီဇာတ်လမ်း လေးက တဖက် တလမ်းကနေ အထောက်အကူ ဖြစ်စေချင်ကြောင်း ထုတ်လုပ်သူများက ထိုင်းရုပ်သံ အင်တာဗျူးတခုမှာ ပြောပြ သွားပါတယ်။

မြန်မာနိုင်ငံမှာတုန်းက လယ်သမားမိသားစုကနေ မွေးဖွားကြီးပြင်းလာပြီး ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်း အလုပ်သမား အဖြစ် အလုပ်လုပ်ကိုင်ရင်းကနေ ထိုင်းနိုင်ငံက ရိုက်ကူးတဲ့ “ဘယ်လို အချစ်မျိုးလဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင် သရုပ်ဆောင်ခွင့်ရခဲ့တဲ့ ကိုအောင်နိုင်စိုးကို ဇာတ်ကား ရိုက်ကူးမှုများ ပါဝင်ခဲ့ရပုံ၊ ကြုံတွေ့ရတဲ့ ရိုက်ကွင်း အတွေ့အကြုံတွေနဲ့ သူ့ဘ၀ အကြောင်း တစေ့တစောင်းနဲ့ ပတ်သက်ပြီး ဒီဗွီဘီ သတင်းထောက် နော်နိုရင်းက ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...