မှိုငပိသုပ် ရှူးရှူးရှဲရှဲ



မေမေ ချက်ကျွေး၊ သုပ်ကျွေးတတ်တဲ့ စားစရာ အမျိုးမျိုးတွေထဲက စားကောင်းလှတဲ့ နည်းလေးတစ်ခုပါ။

ပထမဆုံး မှိုလေးတွေကို ရေဆေးကာ အနည်းငယ် ဖဲ့ရွဲ.ထားပါ။ (နူးညံ့သည့် မှိုအမျိုးမျိုးကို သုံးနိုင်ပါသည်။)

ပြီးလျှင် ရေနွေးဆူဆူထဲ ထည့်ကာ အဖုံး ဖုံးပြီး ၂ မိနစ်ခန့်ထားကာ ရေပြန် စစ်ထားပါ။

***... မှိုငပိသုပ် ရှူးရှူးရှဲရှဲ အတွက် လိုအပ်တာလေးတွေ…

1. ရေပူထဲ စိမ်ကာ ရေစစ်ထားသော Shimeji Mushroom – 300 g
2. ဆီအနည်းငယ်နှင့် လှော်ကာ ခပ်မွမွထုထားသော လက်မအရွယ် ပုဇွန် – ၁၇ ကောင် (ပုဇွန် မွမွလေးဖြစ်မှ ပိုပြီးစားကောင်းတာမို. ပုဇွန်တစ်ကောင်ကို ၃ ချက်ခန်.ငရုတ်ကျဉ်ပွေ.လေးနှင့် ဖွဖွထုပေးပါ။)
3. ပါးပါးလှီးကာရေဆေးထားသော ကြက်သွန်နီအရွယ်လတ် – ၁ လုံး
4. ပါးပါးလှီးထားသော ရှောက်ရွက် – ၁၀ ရွက်
5. ပါးပါးလှီးထားသော ငရုတ်သီးစိမ်း – ၁၀ တောင့်
6. သံပုရာရည် – ထမင်းစားဇွန်း ၃ ဇွန်းခန်.
7. သကြား – လက်ဖက်ရည်ဇွန်း တစ်ဝက်ခန်.
8. chicken powder – လက်ဖက်ရည်ဇွန်း တစ်ဝက်ခန်.
9. ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်ခန်.
10. ဖုတ်ထားသော (သို.) microwave ထဲ စက္ကန်. ၃၀ ခန်.ထည့်ထားသော ငပိ - ထမင်းစားဇွန်း ၁ ဇွန်း

ငပိများကြေသွားအောင် သံပရာရည်နှင့် ဦးစွာရောဖျော်ပြီး ကျန်သော ပါဝင်ပစ္စည်းများနှင့် ဖွဖွလေးရောနယ်သုပ်လိုက်လျှင် စားကောင်းလှသော မှိုငပိသုပ် ရှူးရှူးရှဲရှဲလေး စားရန် အသင့်ဖြစ်ပါပြီ။


ref;Chaw Su's Food Friends
https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...