ဝမ်းဗိုက် အဆီတွေကို ဖယ်ရှားပေးမယ့် အချက်(၈)ချက်

ဝမ်းဗိုက် အဆီတွေကို ဖယ်ရှားဖို့ ဒီနည်းလမ်း လေးတွေက အမြဲ အထောက်အကူ ဖြစ်စေမှာပါ။

၁။ သင့်တစ်နေ့တာကို သံပရာရည် တစ်ခွက်နဲ့ စလိုက်ပါ။ ဒါကသင့် ဗိုက်အဆီတွေကို တိုက်ဖျက်ပေးမယ့် အဓိကအချက်ပါ။ သံပုရာသီး၊ ရေနွေး နဲ့ ဆားတို့ကို ရောထားတဲ့ အရည်ကို မနက်တိုင်း သောက် ပေးခြင်းဖြင့် အဆီကို ချေဖျက်ပေးစေ ပါတယ်။

၂။ တက်နိုင်သလောက် ဖြူဖွေးအောင် ချွတ်ထားတဲ့ ကောင်းမွန်တဲ့ ဆန်နဲ့ ထမင်းကို စွန့်လွှတ်လိုက်ပါ။ ဆန်လုံးညို၊ ပေါင်မုန့်ညို အကြမ်း၊ ဂျုံကြမ်း၊ အုတ်ဂျုံ စတဲ့ ဗိုက်ပြည့်စေမယ့် အစာတွေ အစားထိုးစားပါ။

၃။ ချိုလွန်းသော အစားအစာတွေကို ရှောင်ပါ၊ ချိုလွန်းသော မုန့်တွေ
သကြားပါဝင်မှုများသော အချိုရည်တွေ၊ ဆီကြော်တွေကို စားသုံးခြင်း ရှောင်ပေးပါ။ ဒီစားသောက်ကုန်တွေက သင့်ဝမ်းဗိုက်သားကို အဓိက အဆီပိုတွေ သွားရောက် စုစည်းစေလို့ပါပဲ။

၎။ သင့်ဝမ်းဗိုက် အဆီပိုတွေကို ဖယ်ရှားဖို့ ရေကိုသောက်ပါ၊ ရေကိုနေ့စဉ် လုံလောက်စွာ သောက်ပေးခြင်း ကလည်း အဆီနဲ့ အဆိပ်အတောက်တွေကို သန့်စင်ဖယ်ရှားပေးနိုင် ပါတယ်။

၅။ မနက်ဖက်မှာ ကြက်သွန်ဖြူ နှစ်မွှာမှ သုံးမွှာကို ဝါးစားပေးပါ၊ ပြီးနောက် သံပုရာရည်ကို သောက်ပေးပါ။ ဒီနည်းက သင့်ကိုယ်အလေးချိန်ကိုပါ လျော့ကျစေပြီး သွေးလည်ပတ်မှုကိုပါ ကောင်းမွန်စေပါတယ်။

၆။ အသားများစွာစားသုံးခြင်းရှောင်ကျဉ်ပါ။ သင့်နေ့စဉ်အစားအသောက်ထဲမှာ အသီးအရွက်ပါဝင်မှုနည်းပြီး အသား စားသုံးမှုများပြားနေပါက မလိုအပ်တဲ့ အဆီပိုတွေကို တိုးပွားစေမှာပါ။

၇။ အသီးအရွက်၊ သစ်သီးတွေကို များများစားသုံးပါ၊ မနက်စာနဲ့ ညနေစာထဲမှာ အရွက်၊ အသီးအနှံ တစ်ပန်းကန်ကို စားခြင်းဖြင့် အဆီပိုတွေကို လျော့နည်းစေတဲ့အပြင် အန်တီအောက်စီးဒန့်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ရရှိစေ ပါမယ်။

၈။ ဂျင်း၊ ငြုပ်ကောင်း၊ သစ်ကြံပိုးခေါက်စတဲ့ အပူအစပ်လေးတွေကို သင့်ဟင်းလျာမှာ မပါမဖြစ်သုံးပေးပါ။ ထိုအစား အစာတွေဟာ ကျန်းမာရေး အတွက်ကောင်းမွန်တဲ့အပြင် သင့်ကိုယ်တွင်းအင်ဆူလင်ဓာတ်ကို တိုးစေပြီး ကိုယ်တွင်း သကြားဓာတ်ကို လျော့ချပေးလို့ပါပဲ။ 


 X Gym Fitness Club - Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...