ရွှေ့ပြောင်း အလုပ်သမားမှ မင်းသားဖြစ်လာသူ အောင်နိုင်စိုးနှင့် တွေ့ဆုံခြင်း

(၁၅)နှစ်အရွယ်ကတည်းက ထိုင်းနိုင်ငံ ဘန်ကောက် မြို့သို့ ရောက်ရှိကာ အောက်ခြေ သိမ်းအလုပ်မှ အစ ကျပန်း အလုပ်များ လုပ်ကိုင်ခဲ့သော အောင်နိုင်စိုး တစ်ယောက် မမျှော်လင့်ဘဲ မင်းသားဖြစ်လာ ခဲ့သည်။

မြန်မာရွှေ့ပြောင်း အလုပ်သမား တစ်ဦးနှင့် တက်တူး ထိုးသည့် ထိုင်းမလေး တို့နှစ်ဦး၏ ဘာသာစကား၊
ဓလေ့ထုံးတမ်း မတူတဲ့ ကြားက ဖြစ်တည်လာသည့် အချစ်ဇာတ်လမ်းကို ပုံဖော်ထားသော ‘ဘယ်လို အချစ် မျိုးလဲ’ (Myanmar in love in Bangkok) ရုပ်ရှင် ကားတွင် ခေါင်းဆောင် မင်းသားအဖြစ် ပါဝင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင် ထို ဇာတ်ကားကို စက်တင်ဘာ ၁၈ ရက်ကတည်းက ရုံတင်ပြသ နေပြီဖြစ်သည်။ ထိုင်းနိုင်ငံရောက် ရွှေ့ ပြောင်းအလုပ်သမားဘဝမှ မင်းသားဖြစ် လာသူ မွန်၊ ကချင် တိုင်းရင်းသား အောင်နိုင်စိုးနှင့် ဆက်သွယ် မေးမြန်းဖြစ်ခဲ့ပါသည်။

အရင်ဆုံးဘယ်မြို့ကနေ ထိုင်းကိုလာ အလုပ်လုပ်လဲ ဆိုတာရယ် အသက်ကကော ဘယ်လောက်ရှိ သွားပြီလဲ ဆိုတာ မိတ်ဆက်ပြော ပြပါလားခင်ဗျ။

ကျွန်တော့်နာမည်က အောင်နိုင်စိုးပါ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကပါ။ မွန်၊ ကချင် စပ်တိုင်းရင်းသားပါ။ ကျွန်တော့် အသက်က (၂၀)ပြည့်တော့မှာပါ။ ကျွန်တော် ရှစ်တန်းနဲ့ကျောင်း နားထားပါတယ်။

ထိုင်းကို ဘယ်တုန်းက စရောက် ဖြစ်တာလဲ။ ဘာလုပ်ဖို့ရောက် လာတာလဲ။ ပြီးတော့ ဘာအလုပ်လုပ်ဖြစ်ခဲ့ လဲ ဆိုတာ ပြောပြပေးပါ လား။

ကျွန်တော် ထိုင်းကိုရောက် တော့ ကျွန်တော့်အသက် (၁၅) နှစ်ပဲရှိသေးတယ်။ ၂၀၁၀ ပြည့်နှစ်က စရောက်တာပါ။ မွေးမြူရေး လုပ်ငန်းအစားအစာ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တယ်။ အလုပ်က တော့ ဘာအလုပ်မှ မရွေးခဲ့ဘူး။ ကြမ်းတာရော၊ နုတာရောအကုန် လုပ်ခဲ့တယ်။ အောက်ခြေအလုပ် သမားတစ်ယောက်အနေနဲ့ လုပ်ခဲ့ တာပါ။

အလုပ်လုပ်ရင်းနဲ့ ဇာတ်ကားရိုက် ဖို့ ဘယ်လိုဖြစ်သွားတယ်ဆိုတာ အကျဉ်းချုံးပြောပြပေးပါလား။

ဇာတ်ကားရိုက်ဖြစ်တဲ့ အကြောင်းကတော့ မြန်မာပတ်စ်ပို့ရုံးမှာ ပတ်စ်ပို့ လုပ်နေတုန်းတွေ့ တာ။ သူတို့က ဒီဇာတ် ကားရိုက်ချင်လို့ မြန်မာတွေ အများဆုံးရှိ မယ့်နေရာ မြန်မာပတ်စ်ပို့ရုံးကို လာပြီး မင်းသား ရှာနေတာကြာပြီ လို့ပြော တယ်။ ကျွန်တော့်ကိုမြင် တော့ ဇာတ်ကား စမ်းရိုက်မလား လာမေးတယ်။ ကျွန်တော်ကလည်း သဘောတူလိုက် တယ်။ ကျွန်တော့ ရုပ်ရည်နဲ့ အစမ်းရိုက် ကြည့်ချင်တယ်ပြောတယ်။ ကျွန်တော့်လိပ်စာတွေကို သူတို့ တောင်းသွား တယ်။ နောက်တစ် လလောက်နေမှ ပြန်ဆက်သွယ် လာတာ။

သရုပ်ဆောင်တဲ့ အတွေ့အကြုံ မရှိဘဲ သရုပ်ဆောင် တစ်ယောက် လုပ်တဲ့အခါ ဘယ်လိုအခက်အခဲ တွေတွေ့ ရှိခဲ့လဲ။ အဓိကအခက် အခဲက ဘာလဲ။

ဘဝမှာ တစ်ခါပဲကြုံခဲ့တာ ပေါ့နော်။ အခက်အခဲတွေပြောရ မယ်ဆိုရင်တော့ အများကြီးပဲ။ ပထမဆုံးအကြိမ် လည်းဖြစ်တယ်။ ပြီးတော့ သရုပ်ဆောင်က ခက်တယ်။ အတွေ့အကြုံမရှိဘူး။ နောက် အဓိက,ကတော့ ရှက် တာပေါ့။ ကျွန်တော်တို့က မရှက်ဘဲနဲ့ သရုပ်ဆောင်ရတော့ ကျွန် တော်တော့ မလုပ်နိုင်ဘူးပေါ့။ ကြိုးစားပြီးတော့ လုပ်လိုက်တာပဲ။

အဲဒီဇာတ်ကား ရိုက်ဖို့အတွက် အချိန်ဘယ်လောက်ပေး ခဲ့ရလဲ။ အဲဒီအချိန်မှာ အလုပ်က နားထား ရလား။

အစတော့ အလုပ်လုပ်နေ တုန်းမှာ အစမ်းရိုက်ရတယ်။ ကျွန် တော့်အလုပ်နားရက် တနင်္ဂနွေ နေ့တွေမှာ ရိုက်တယ်။ တကယ် တမ်းရိုက်တော့ သုံးလလောက် အလုပ်က နားလိုက်ရတယ်။ သူတို့က ကျွန်တော့်ကို နေစရာ၊ စားစရာ၊ လခတွေ အကုန်ပေးထားတယ်။ ဘာမှ ပူစရာမလိုဘူး။ ဇာတ်ကား တကယ်တမ်း ရိုက်တာ အကုန်လုံး အပြီးအစီးဆို တစ်နှစ်လောက်ကြာတယ်။ ဒီ ဇာတ်ကားရိုက်တဲ့ အချိန်က အခက် အခဲတွေ အများကြီးရှိခဲ့တယ် လေ။ ဇာတ်ကားထဲမှာ ထိုင်းစကားပြောရတာကိုး။ ဇာတ်ညွှန်းရေး တာကိုက ထိုင်းလိုရေးထားတာကို ကျွန်တော် က မြန်မာလိုပြန်ဖတ်ရတာ။ မှတ်ရတာ၊ ကျက်ရတာကိုး။ အဲဒီတော့ နည်းနည်းကြာ တာပေါ့။

‘‘ဘယ်လိုအချစ်မျိုးလဲ’’ဇာတ် ကားက ထိုင်းမှာ ရုံတင်ပြသနေပြီ ဆိုတော့ ကြည့်တဲ့သူတွေဆီက ဘယ်လိုမျိုး အသံတွေပြန်ကြား နေရလဲ။

ကျွန်တော်တို့ ဘန်ကောက် မြို့ထဲမှာရှိတဲ့ မြန်မာတွေ၊ ညီအစ် ကိုမောင်နှမတွေ အားလုံးအားပေး တယ်။ ပြီးတော့ ဂုဏ်ယူတယ်ပေါ့ ဗျာ။ မြန်မာပြည်သား တစ်ယောက် အနေနဲ့ ထိုင်းနိုင်ငံကိုလာပြီး ဇာတ်ကားရိုက်နိုင်တယ်ဆိုတော့ သူတို့လည်း အားပေးတာပေါ့။

အခုဆိုရင် ထိုင်းမှာမြန်မာရွှေ့ ပြောင်းလုပ်သားတွေဆိုရင် ထိုင်း လူမျိုးတွေက အနှိမ်ခံရတာများ တယ်လေ။ ထိုင်း ရုပ်ရှင်ဇာတ် ကားတွေရိုက်ပြီ ဆိုရင်လည်း သမိုင်းကြောင်းမှာ သူတို့ကို နယ်ချဲ့ခဲ့တဲ့အကြောင်းတွေကိုပဲ ဗီလိန်ခန်း က ထည့်ရိုက်တာများ ကြတယ်။ အခုလို မြန်မာရွှေ့ ပြောင်းအလုပ်သမား တစ်ယောက် ကို မင်းသား တင်ပြီးရိုက် ခဲ့တဲ့ ဒီဇာတ်ကားက မြန်မာလုပ်သားတွေအပေါ်မှာ ထိုင်းလူမျိုးတွေ မြင်တဲ့ အမြင်သဘောထားပြောင်း သွားတယ် လို့ထင်လား။

ထင်ပါတယ်ခင်ဗျ။ အခုလို ဒီဇာတ်ကားရိုက် ရတဲ့အကြောင်း အရင်းကလည်း အဲဒီလိုပါပဲ။ ထိုင်းနိုင်ငံ ဘန်ကောက် မြို့ ကိုလာ ပြီး အလုပ်လာလုပ်တဲ့မြန်မာနိုင်ငံ သားတွေက တအားကိုများနေ တာ။ ဒီလိုအကြောင်း လေးတွေကို ထိုင်းတွေက နားမလည်ဘူးဖြစ် တယ်။ သူတို့နားလည်တာက ဟို အရင်တုန်းကအကြောင်းတွေပဲ။ ဒီဇာတ်ကား လေးက အဲဒီအတွက် လည်းပါတယ်။ ဒီဇာတ်ကားထဲမှာ ပေါ့နော် မြန်မာပြည်သားတွေ ဘယ်လိုနေ ထိုင် စားသောက်လဲ။ သူတို့ရဲ့ သဘာဝတွေ၊ ဘဝလေး တွေကိုပါဝင်ဖော်ထုတ်ခိုင်းထား တဲ့အတွက် သူတို့လည်း နားလည် နေပါပြီ။ မြန်မာပြည်သူ၊ ပြည် သားတွေကိုလည်း ယုံကြည်ပြီး တော့ ဒီဇာတ်ကားကိုကြည့်ပြီး ပိုပြီးနား လည်လာတာပေါ့။

ဒီဇာတ်ကားကို မြန်မာပြည်မှာ လည်းပြဖို့ရှိတယ်ဆိုတော့ ပြန် လာပြီးမိတ်ဆက်ပွဲတွေလုပ်ဖို့ရှိ လား။

မြန်မာပြည်မှာပြမလားလို့ သူတို့ဆက်သွယ်နေတာ။ မီဒီယာ ဆဲဗင်းလ်တို့နဲ့ ဆက်သွယ်နေ တာ။ စကား တော့ပြော ပြီးသွားပြီ ပေါ့နော်။ အကယ်၍ မြန်မာပြည် မှာပြမယ်ဆိုရင်တော့ ကျွန်တော် လိုက်ရမယ်လို့ပြောတယ်။ မင်း သမီးလည်းပါမယ်။ ဇာတ်ကားထဲ မှာပါတဲ့ ကျွန်တော့်ရဲ့သူငယ်ချင်း နောက်တော်တော်များများလိုက် ရမယ်လို့ပြော တယ်။

ဒီဇာတ်ကားကိုကော မြန်မာပြည် သူတွေကြည့်စေချင်လားခင်ဗျ။ ဘာကြောင့်ကြည့်စေချင်တာလဲ ဆိုတာပြောပြပေး ပါလား။

ကြည့်စေချင်တာပေါ့ဗျာ။ ဒီလိုမျိုးရိုက်ရတဲ့ဇာတ်ကားကို မြန်မာပြည်သူတွေကြည့်စေချင် ပါတယ်။ ဘန်ကောက်မှာ လည်း ပြတော့ မြန်မာတွေအများကြီး လာကြည့်သလို မြန်မာနိုင်ငံမှာ လည်းပြရင် အများကြီးလာကြည့် စေချင်ပါ တယ်။ ကြည့်စေချင်တဲ့ သဘောကတော့ ကျွန်တော်တို့ မြန်မာပြည်သူတွေ အလုပ်လုပ်ရ တဲ့အကြောင်းကို ပွင့်ပွင့်လင်း လင်းရိုက်ပြထားတာပေါ့နော်။ ပြီးတော့ ထိုင်းနဲ့ မြန်မာချစ်ကြည် ရေးလည်း ပိုတိုးလာမယ်လို့ မျှော် လင့်မိလို့ကြည့်စေချင်တာပါ။

အခုလက်ရှိမှာ အစ်ကိုဘာလုပ် နေလဲခင်ဗျ။ မူလအလုပ်ကိုကော ပြန်လုပ်ဖို့အစီအစဉ်ရှိသေးလား ခင်ဗျ။

မူလအလုပ်ကတော့ မလုပ် ဖြစ်သေးဘူး။ တွေ့ဆုံမေးမြန်း ခန်းတွေ မနားတမ်းသွားနေရ တော့ အရင်အလုပ်ကို နားထား ရတယ်။ ဒီအတောအတွင်းမှာ တော့ မလုပ်ဖြစ်သေးဘူး။

ရှေ့ဆက်အနုပညာအလုပ်ကိုပဲ ဆက်လုပ်သွားမှာလား။ အရင် အလုပ်ကိုပဲ ပြန်လုပ်သွားမလား ဆိုတာ သိချင် ပါတယ်။

ကျွန်တော်ကပြောမယ်ဆို အနုပညာဘက်ကနေတက်လာ တာလည်းမဟုတ်ဘူး။ ပထမဆုံး အကြိမ်ဆိုတော့ အဲဒီလိုအတိ အကျတော့ ပြောလို့မရသေးဘူး။ ဒါပေမဲ့ ဒါရိုက်တာတွေပြောတာ တော့ နောက်ဇာတ်ကားတွေမှာ လည်း အခန်းတွေခေါ်ရိုက်တာတို့ ပေါ်လာမှာပါလို့ ပြောပါတယ်။ အဲဒါကြောင့် စဉ်းစားနေပါတယ်။

ဒီဇာတ်ကား ထိုင်းမှာရုံတင်ပြီးတဲ့ နောက် ဇာတ်ကားတွေထပ်ရိုက် ဖို့ ကမ်းလှမ်းတာတွေရှိလား။

ရှိတော့ရှိတယ်။ တစ်ကား ပေါ့နော်။ အဲဒါကျတော့လည်း တစ်ခန်းပဲပါတာ။ အဲဒီဇာတ်ကား သွားရိုက်ဖို့တော့ ရှိတယ်။

အစ်ကိုအနေနဲ့ အလုပ်လုပ်ခဲ့စဉ် တုန်းက မြန်မာရွှေ့ပြောင်းအလုပ် သမားတွေအပေါ် ထိုင်းအလုပ် ရှင်တွေက နှိပ်စက်တာတွေကြုံခဲ့ ဖူးလားခင်ဗျ။

ကြုံဖူးတယ်ခင်ဗျ။ ဒါမျိုး တွေကတော့ သူဌေးကောင်းဆို တာတော့ ရှာရခက်တာပေါ့နော်။ သိတဲ့အတိုင်းပဲ သူဌေး မှန်သမျှက ကျွန်တော်တို့ဆင်းရဲသားအနေနဲ့ ခံရတာပါပဲ။ ဒါတော့ သဘာဝ ပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာပြည်သူ၊ ပြည်သားတွေက ဒါတွေကို သိပ်ပြီးဂရုမစိုက်ပါဘူး။ ကိုယ့်တာဝန်ကိုကျေအောင်လုပ် တယ်။

ဒီဇာတ်ကားရိုက်ပြီးတဲ့အချိန်မှာ ထိုင်းအလုပ်ရှင်တွေ၊ ထိုင်းလူ ငယ်တွေဆီက ဘယ်လိုအသံတွေ ပြန်ကြားလဲဗျ။

သူတို့ပြောတာကပေါ့နော်။ အချစ်ဆိုတာက ဘယ်လို အဓိပ္ပာယ်ရလဲပေါ့နော်။ ဒီဇာတ် ကားကိုကြည့်ပြီးတော့ သူတို့တွေ့ လာတဲ့အတွေ့အကြုံတွေက ဒီ ဇာတ်ကားနဲ့လွဲနေတယ်ပေါ့နော်။ ဒီဇာတ်ကားကြည့်ပြီးမှ နားလည် သဘောပေါက်လာတယ်။ ဟုတ် တယ် ဒီမြန်မာကောင်လေးတစ် ယောက်က သူ့ရဲ့ဘဝအကြောင်းကို ပေါ်လွင်စေ တယ်။ ပြီးရင် သူ က ဒီဘန်ကောက်မြို့မှာလာပြီး အလုပ်လုပ်စားတာ သဘာဝကျ ကျနဲ့ ကိုယ့်အလုပ်နဲ့ကိုယ် လုပ်စား တဲ့သူပါလားဆိုပြီးမြင်တယ်။ အလုပ်ကြိုးစားလုပ်တဲ့ မြန်မာ ပြည်သူ၊ ပြည်သားတွေကို အထင် မသေး တော့ ဘူးဆိုပြီး မြင်လာကြတယ်။ ဒီဇာတ်ကားထဲမှာ မြန်မာကောင်လေးက ချစ်ရင် တကယ်ချစ်တယ်။ အဲဒီလို သဘောမျိုးရိုက်ပြထားတာ။ မြန်မာပြည်သူ၊ ပြည်သားတွေက ညဘက်ဆိုရင်လည်း ဘုရားရှိခိုး အိပ်ကြတယ်။ အဲဒီလိုအစိတ် အပိုင်းလေးတွေထည့်ထားတော့ မြန်မာပြည်သူ၊ ပြည်သားတွေ အကြောင်းကို အတိအကျလေး ထည့်ထားတော့ အဲဒါကိုကြည့်ပြီး သူတို့က ပိုပြီးနားလည်သဘော ပေါက်လာတာပေါ့။

ကျေးဇူတင်ပါတယ်ခင်ဗျ။

7Day Daily



--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com)
Facebook Page Twitter  Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...