မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ရောဂါလေးမျိုး

vecto.rs
Written by: ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

စာရေးသူရဲ့အကျင့်က စာတွေဖတ်တာ ဖြစ်တယ်။ စာများများ ဖတ်တဲ့အတွက် အတွေး စိတ်ကူးတွေ များများ ထွက်လာတယ်။ ထွက်လာတဲ့ အတွေးစိတ်ကူး တွေကို ပုံဖော်မှုတွေကနေ မိမိနိုင်ငံအတွက် ဖြစ်စေလို တာတွေ ရေးဖြစ်တယ်။ မြန်မာနိုင်ငံတွင် ဖြစ်ပွား နေသော ရောဂါလို့ သုံးလိုက်ရတာက ရောဂါရဲ့ သဘောတရားက ကုသလိုက်ရင် ပျောက်ကင်းနိုင် တယ်။ မကုသဘဲ ထားရင်တော့ ရောဂါအမြစ်တွယ်ပြီး လူတွေမှာဆိုရင် အသက်အန္တရာယ် ဆုံးရှုံးသွား စေနိုင်ပြီး နိုင်ငံတွေမှာတော့ နိုင်ငံ တိုးတက်မှုတွေဖြစ် မလာတော့ဘဲ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်တဲ့အခါ မိမိနိုင်ငံက အောက်ဆုံးအဆင့် ရောက်သွားနိုင် စေသလို ကျွမ်းသွားရင်တော့ နိုင်ငံရဲ့ အသက် အန္တရာယ် များစေနိုင်တာကို ဖော်ညွှန်းလိုတာကြောင့် ရောဂါလို့ သုံးလိုက်ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရောဂါ (၄)မျိုးက -
(၁) ဒတ်ခ်ျရောဂါ (Dutch Disease)
(၂) ဗိုက်ရာဂရာရောဂါ (Viagra Disease)
(၃) နာတာရှည် ဆင်းရဲနွမ်းပါးမှု ရောဂါ (Chronic Poverty Disease)
(၄) လူမှန်နေရာမှန် မဖြစ်တဲ့ရောဂါ (Peter Principle Disease)

(၁) ဒတ်ခ်ျရောဂါ (Dutch Disease)

ဒီကနေ့ နယ်သာလန်နိုင်ငံလို့ခေါ်တဲ့ နိုင်ငံက ဟိုယခင်က ဒတ်ခ်ျနိုင်ငံလို့ ခေါ်ခဲ့တယ်။ အဲဒီနိုင်ငံမှာ ၁၉၆၀ ခုနှစ် လောက်က မြန်မာနိုင်ငံမှာလို သဘာဝဓာတ်ငွေ့တွေ အလျှံပယ်ထွက်ခဲ့တယ်။ အဲဒီအချိန် ဒတ်ခ်ျနိုင်ငံကို အုပ်ချုပ် သူက စာရေးသူတို့နိုင်ငံမှာလို အဲဒီသဘာဝဓာတ်ငွေ့ကို ကိုယ်ကျိုးစီးပွားအဖြစ် ရယူသွားခဲ့တာကို ဆရာကြီး ဒေါက်တာဦးမြင့်ရဲ့ လွန်ခဲ့သော ၁၀ နှစ်ကျော်က အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖတ်လိုက်ရတယ်။ ဆရာကြီးကတော့ မြန်မာနိုင်ငံရဲ့ ဖြစ်စဉ်သဘောတရား ဆင်တူတယ်လို့ ရေးခဲ့တယ်။ စာရေးသူ ကတော့ အဲဒီအခြေအနေကို ရောဂါတစ်ခုအနေနဲ့ တင်စားပြီး အာဏာရှင်ပုံစံနဲ့ နိုင်ငံကို နှစ်ပေါင်း ၅၀ ကျော် အုပ်ချုပ်ခဲ့သူတွေက နိုင်ငံရဲ့ပစ္စည်း၊ ငါ့ပစ္စည်း၊ နိုင်ငံ့ဘဏ္ဍာ ငါ့ဘဏ္ဍာလို့ သဘောထားခဲ့ကြတာကြောင့် လူနည်းစုက ချမ်းသာ၊ နိုင်ငံသားအများစုက ဆင်းရဲတွင်းနက်ကြပြီး ဆင်းရဲချမ်းသာကွာဟမှု ကျယ်လာခဲ့တယ်။

(၂) ဗိုက်ရာဂရာရောဂါ (Viagra Disease)

ဒီရောဂါကို ဗိုက်ရာဂရာရောဂါလို့ဆိုရင် ပိုမှန်မယ်ထင်တယ်။ ဗိုက်ရာဂရာက အသက် ၅၀ ကျော် အမျိုးသားတွေ မှီဝဲသောက်သုံးကြတဲ့ အားဆေးကို ခေါ်တာဖြစ်ပါတယ်။ နှလုံးမှာရှိနေတဲ့ သွေးတွေကို တစ်နေရာမှာ စုစည်းစေတဲ့ ဆေးဖြစ်တယ်။ ဂျပန်နိုင်ငံမှာ ၁၉၅၀ ခုနှစ်က အခြားနိုင်ငံတွေကို ပို့ကုန်အနေနဲ့ အဓိကပို့ပြီး ဂျပန်နိုင်ငံအတွင်း တင်ပို့ကြမယ့် ကုန်ပစ္စည်းသွင်းကုန်တွေကိုတော့ ပိတ်ပင်ထားသောကြောင်း ဂျပန်နိုင်ငံအနေနဲ့ စုဆောင်းငွေပိုလျံမှု (Saving Surplus) ဖြစ်စေခဲ့တယ်။ ဒီလုပ်ရပ်ကြောင့် ဂျပန်နိုင်ငံအတွက် အကျိုးရှိပေမယ့် အခြားနိုင်ငံတွေအတွက် အကျိုးမရှိ ဖြစ်သွားစေခဲ့တယ်။ ဒါကြောင့် အမေရိကန်နိုင်ငံက ၁၉၅၀ ပြည့်နှစ်မှာ အခြားနိုင်ငံတွေကို ပို့ကုန်အနေနဲ့ အဓိကပို့တဲ့ ဂျပန်နိုင်ငံကို မင်းတို့နိုင်ငံက ဗိုက်ရာဂရာ စီးပွားရေးကို ကျင့်သုံးနေကြတာပဲလို့ဆိုပြီး ဂျပန်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ စက်ရုံတွေကို

နိုင်ငံမှာဖြစ်တဲ့ ရောဂါလေးမျိုးက ကြိုတင်ကာကွယ်လို့မရအောင် ရောဂါက အဦးဆုံးဖြစ်စေတာမို့ အနာနဲ့ဆေး တည့်အောင် ပေးတတ်ဖို့သာ လိုတော့တာဖြစ်တယ်။ သဘောကတော့ သမားကောင်း လိုအပ်နေပြီဖြစ်တယ်။ သမားကောင်းတော့ရှိတယ်။ သို့ပေမဲ့ ဆေးဝါးကုသခွင့် မပေးရင်တော့ . . . . .

အခြားနိုင်ငံတွေကို ပြောင်းရွှေ့ပစ်လိုက်တယ်။ ဂျပန်နိုင်ငံ လုပ်ဆောင်ခဲ့တာက သူတို့နိုင်ငံအတွက် ၀င်ငွေများများ ရအောင် လုပ်တာဖြစ်ပေမယ့် စာရေးသူတို့နိုင်ငံမှာက လူနည်းစုကို ငွေကြေးစုစည်းမှု ဖြစ်စေတာကြောင့် အာဏာရှိ သူတွေက ကိုယ်ကျိုးရှာစီးပွားရေးသမားတွေနဲ့ပေါင်းပြီး ခရိုနီစီးပွားရေးကို ဖြစ်ထွန်းလာစေရာကနေ ဗိုက်ရာဂရာ စီးပွားရေးရောဂါ ဖြစ်ပေါ်လာတော့တာဖြစ်တယ်။ လူတွေ အာဏာနဲ့ငွေကြေးက လူတွေရဲ့စိတ်ကို မှားယွင်းတဲ့ အသိဉာဏ်ကင်းမဲ့စေမှု ဖြစ်စေတယ်။ သို့ပေမဲ့ လောဘစိတ်နဲ့ အတ္တများတဲ့စိတ်ကြောင့် ဘယ်သူသေသေ ငတေ မာပြီးရော၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဆိုတာလို စိတ်ဓာတ်တွေကြောင့် အကျင့်ပျက်ကိုယ်ကျိုးရှာ စိတ်ဓာတ်ကနေ ဗိုက်ရာဂရာရောဂါ ဖြစ်လာစေတယ်။

(၃) နာတာရှည် ဆင်းရဲနွမ်းပါးမှုရောဂါ (Chronic Poverty Disease)

မြန်မာနိုင်ငံမှာ ဒတ်ခ်ျရောဂါနဲ့ ဗိုက်ရာဂရာ စီးပွားရေးရောဂါနှစ်ခုကနေ နာတာရှည် ဆင်းရဲနွမ်းပါးမှုရောဂါ (Chronic Poverty Disease) ကို ဖြစ်ထွန်းပေါ်ပေါက်လာစေခဲ့တယ်။ စာရေးသူတို့နိုင်ငံက သဘာဝအရင်းအနှီး ပေါကြွယ်ဝ ပေမယ့် နိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်သူတွေရဲ့ လွဲမှားသော စီမံခန့်ခွဲမှု (Mismanagement) ကြောင့် နိုင်ငံက အဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားခဲ့တယ်။ နိုင်ငံလည်းဆင်းရဲ၊ နိုင်ငံသားတွေလည်း ဆင်းရဲလာရာကနေ ဆင်းရဲမှုရဲ့ အကျိုးဆက်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း ကြိုတင်ပြောခဲ့တဲ့နိုင်ငံ ဖြစ်လာခဲ့တယ်။ အောက်ခြေအထိဆင်းပြီး အခြေအနေကို သိအောင်လုပ်ကြည့်ရင် မိမိနိုင်ငံမှာ ဘာတွေဖြစ်နေသလဲဆိုတာ အမှန်သိရမှာဖြစ်တယ်။ အဓိကတော့ အမျိုးသမီး အတော်များများက ၀တ်ချင်စားချင်တာကနေ အလွယ်လိုက် လုပ်ဆောင်ကြရင်း အရွယ် အမျိုးမျိုးက ပျက်စီးနေကြပြီ။ ဒါတွေကို လက်ရှိအုပ်ချုပ်သူတွေ အမှန်အတိုင်း သိမြင်ကြဖို့ လိုအပ်တယ်။

(၄) လူမှန်နေရာမှန် မဖြစ်တဲ့ရောဂါ (Peter Principle Disease)

မော်တော်ကား မမောင်းတတ်သူကို ဒရိုင်ဘာနေရာမှာထိုင်ခိုင်းပြီး မော်တော်ကား မောင်းခိုင်းရင် မော်တော်ကား ပေါ်ပါလာတဲ့ ခရီးသည်တွေအားလုံး ဒုက္ခရောက်နိုင်သလို နိုင်ငံတွေမှာလည်း မိမိရဲ့ မူရင်းနေရာမှာမနေဘဲ မိမိနဲ့ မအပ်စပ်တဲ့နေရာမှာ ခေါင်းဆောင်နေရာ ယူလိုက်တဲ့အတွက် နိုင်ငံက အောက်တန်းကျသွားစေတယ်။ အဖွဲ့ အစည်း တွေမှာလည်း အဖွဲ့အစည်းခေါင်းဆောင်လုပ်သူက အောက်လက်ငယ်သားတွေထက် မိမိ အဖွဲ့အစည်း တိုးတက်ရာ တိုးတက်ကြောင်း အနာဂတ်အမြင်ရှိဖို့ လိုအပ်တယ်။ နိုင်ငံမှာ အနာဂတ်အမြင် မရှိသူက ခေါင်းဆောင် လုပ်ရင် စာရေးသူတို့နိုင်ငံဆိုရင် ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင်နိုင်ငံ ဖြစ်သွားတယ်။ ဒါကို Not Right Man in the Right Place ကြောင့်ဖြစ်တယ်လို့ ခေါ်တယ်။ နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်ရာမှာ ကဏ္ဍအလိုက် ကျွမ်းကျင်တတ်မြောက်သူတွေနဲ့ စနစ်တကျ စီမံခန့်ခွဲရတာဖြစ်တယ်။ လုပ်ငန်းမကျွမ်းကျင်သူက ထိပ်ပိုင်းနေရာက စီမံခန့်ခွဲစေရာကနေ လွဲမှားတဲ့လုပ်ဆောင်ချက်တွေ ဖြစ်ထွန်းပေါ်ပေါက်လာစေတဲ့အတွက် အနာဂတ်မကောင်း စေပါ။

ရောဂါရဲ့သဘောက ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းစေတာဖြစ်လို့ ရောဂါမဖြစ်မီ ကြိုတင် ကာကွယ်ကြရမှာဖြစ်တယ်။ သို့ပေမဲ့ စာရေးသူတို့နိုင်ငံမှာဖြစ်တဲ့ ရောဂါလေးမျိုးက ကြိုတင်ကာကွယ်လို့မရအောင် ရောဂါက အဦးဆုံးဖြစ်စေတာမို့ အနာနဲ့ဆေးတည့်အောင် ပေးတတ်ဖို့သာ လိုတော့တာဖြစ်တယ်။ သဘော ကတော့ သမားကောင်း လိုအပ်နေပြီဖြစ်တယ်။ သမားကောင်းတော့ရှိတယ်။ သို့ပေမဲ့ ဆေးဝါးကုသခွင့် မပေး ရင်တော့ ရောဂါကျွမ်းသွားပြီး နောက်ဆုံးမှာ ရောဂါကျွမ်းနေတဲ့ လူနာလို စာရေးသူတို့နိုင်ငံက သေသွားနိုင်တယ်။ သို့ပေမဲ့ တစ်ယောက်တစ်လက် တစ်တပ်တစ်အားဆိုသလို ၀ိုင်းဝန်းပြုစုခွင့် ရမယ်ဆိုရင်တော့ နာလန်ပြန် ထူနိုင်တယ်။ အဓိကကတော့ ပြိုင်တူတွန်းနိုင်ဖို့သာ လိုအပ်မှာဖြစ်ကြောင်းပါ။


ref;Eleven Media Group
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...