ရေအောက် ကေဘယ်လ် ပြတ်တောက်မှုကြောင့် နိုင်ငံအချို့ အင်တာနက် နှေးကွေး

ဟောင်ကောင်နဲ့ ဗီယက်နမ်ကြားမှာ အာရှအမေရိကာ ဂိတ်ဝေး (Asia-America Gateway)ရဲ့ ရေအောက် ကေဘယ်လ် ပြတ်တောက်မှုကြောင့် အခုရက်ပိုင်း အာဆီယံနိုင်ငံ အများစုမှာ အင်တာနက်လိုင်း အဆမတန် နှေးကွေးမှု ပြဿနာ ကြုံတွေ့နေ ရပါတယ်။

အေအေဂျီ ရေအောက် ဆက်ကြောင်းဟာ စက်တင်ဘာ ၁၅ ရက်ကတည်းက နည်းပညာ ပြဿနာ စတင်ဖြစ်ပေါ် နေကြောင်း အာရှအခြေစိုက် ရန်းနီစစ် အင်တာနက် ကွန်ရက် စောင့်ကြည့်မှု ကုမ္ပဏီက ထုတ်ဖော်ပြောကြား လာပေမယ့် ဒါကို ပြင်ဆင်မှုက ဘယ်လောက် ကြာမြင့်နိုင်မလဲ ဆိုတာတော့ မသိရှိရသေးပါဘူး။

အေအေဂျီ ရေအောက်ဆက်ကြောင်း ပြတ်တောက်မှုဟာ ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းနဲ့ ဗီယက်နမ် အခြေစိုက် အိုင်အက်စ်ပီအင်တာနက်လိုင်းတွေအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။

ဒီဆက်ကြောင်းပြသနာကြောင့် အမေရိကန်အခြေစိုက် ၀က်ဘ်ဆိုဒ်တွေ၊ လူမူကွန်ရက် ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတွေ အပြင် WhatsApp အပလီကေးရှင်းတွေမှာ နှေးကွေးမှုတွေ ဖြစ်ပေါ်စေပါတယ်။

လွန်ခဲ့တဲ့ ၂ လက ကီလိုမီတာ ၂ သောင်းကျော် အရှည်ရှိတဲ့ အေအေဂျီ ရေအောက် ဆက်ကြောင်း ပြတ်တောက်မှု တုန်းကတော့ ပြင်ဆင်ချိန် ၂ ပတ်နီးပါး ကြာမြင့်ခဲ့ ဖူးပါတယ်။


DVB News
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...