လူကြောက်စိတ်အတွက် စကားပြောကုထုံးက ဆေးဝါးကုထုံးထက် အကျိုးများပြား

နေ့ စဉ်သာမန်ကြုံတွေ့ နေရသော လူမှုအခြေအနေ များကို ရင်ဆိုင်ရန် စိုးရွံ့ ထိတ်လန့် ကာ လူကြောက် တတ်သူများကို စိုးရိမ်စိတ်ကို လျော့ချပေးသော ဆေးဝါး၊ စိတ်ဓါတ် ကျခြင်းကို ကုစားပေးသော ဆေးဝါး အစရှိ သည် တို့ ဖြင့် ကုသပေးခြင်းထက် စကားပြော ကုသ ပေးခြင်းက ပို၍ ထိရောက်ကြောင်း သုတေသီများက ပြောသည်။

လူကြောက်တဲ့စိတ်က ရှက်ကြောက် စိတ်ထက် ပိုပါ တယ်။ ဒီကြောက် စိတ်ကြောင့် ပတ်ဝန်းကျင်နဲ့  သဟဇာတဖြစ်အောင် မနေနိုင်ကြတော့သလို မိတ်ဆွေ အပေါင်းအသင်း တွေနဲ့ လည်း သွားတာလာတာမျိုးနဲ သွားနိုင်ပြီး လူမှုဆက် ဆံရေးညံ့ဖျင်း သူတွေအဖြစ် ထင်မြင်ခံရနိုင်တဲ့အတွက် လုပ်ငန်းခွင်မှာ ရာထူးတိုးဖို့ လည်း ပယ်ချခံရနိုင်တယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။

၁၉၈၈ ခုနှစ်မှာ ၂၀၁၃ ခုနှစ်အတွင်း လူကြောက်စိတ်ကြောင့် ဆေးကုသမှုခံယူကဲ့သူ ၁၃၀၀၀ ဦးနှင့်ပါတ်သက် သော အချက်အလက်များကို စုစည်းခြုံငုံသုံးသပ်ကြည့်ရာ ဆရာဝန်အသီးသီးက ဆေးဝါးအသုံးပြုကုထုံးနှင့် စကားပြော ကုထုံး နှစ်မျိုးအသုံးပြုခဲ့ကြသည်ကို တွေ့ ရသည်။

စကားပြောကုထုံးတွင် လူနာများကို လူအများနှင့်ဆက်ဆံရသော အခြေအနေအသီးသီးတွင် ကျင့်ကြံပြုမူနေထိုင်ရ နည်းကို ပြန်လည်လေ့ကျင့်သင်ကြားပေးပြီး မလိုအပ်ဘဲ စိုးရွံ့ ထိတ်လန့် မှုမဖြစ်စေရန် လေ့ကျင့်ပေးရာ ဆေးဝါးမျိုး စုံ အသုံးပြုကုထုံးထက် သာလွန်သော တိုးတက်မှုရလာဒ်ကို ရရှိခဲ့ကြောင်း တွေ့ ရသည်။

တဖန် ဆေးဝါးကုထုံးနှင့် စကားပြောကုထုံးနှစ်မျိုးလုံးကို ခံယူခဲ့သောလူနာများသည် ကုထုံးနှစ်မျိုးအနက် တစ်မျိုမျိုး ကိုသာ ခံယူခဲ့သူများထက် တိုးတက်မှုကောင်းမွန်ပြီး မည်သည့်ကုထုံးကိုမှ မခံယူထားသော လူနာများတွင်မူ တိုးတက်မှု တစ်စုံတရာမရှိကြောင်း သိရသည်။

ထို့ ကြောင့် လူကြောက်စိတ်ရှိသူများကို စကားပြောကုထုံးဖြင့် ရှေးဦးစွာကုသပေးပြီး တိုးတက်မှုနှေးကွေးနေမှသာ ဆေးဝါးကုထုံးနှင့်ပေါင်းစပ်သွားရန် သုတေသီများက အကြံပြုသည်။

ယေဘုယျအားဖြင့် လူကြောက်စိတ်ရှိသူများကို ဆေးဝါးဖြင့်ကုသလျင်ဖြစ်စေ၊ စကားပြောကုထုံးဖြင့် ကုသလျင်ဖြစ် စေ တိုးတက်မှုကိုတွေ့ ရလေ့ရှိသည့်အတွက် ယင်းကုထုံးနှစ်မျိုးလုံးက လူကြောက်စိတ်ကိုကုသရာတွင် သင့်လျော် သည်ဟု သတ်မှတ်နိုင်ပြီး ယင်းကုထုံးနှစ်ရပ်လုံးကို ပေါင်းစပ်အသုံးပြုလျင် ပို၍တိုးတက်မှုရှိနိုင်ကာ စကားပြော ကုထုံး ကို ရှေးဦးစွာအသုံးပြုသွားလျင် လူနာအတွက် ကောင်းကျိုးပို၍ဖြစ်ထွန်းနိုင်ပါမည့်အကြောင်း သုတေသီများ က ဆိုသည်။

လူကြောက်စိတ်ကို ဆေးဝါးနဲ့ ကုသလို့ တော့ရပါတယ်။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ လူတွေက စိတ်တိုလွယ်လာတယ်။ လိင်ဆက်ဆံမှုပိုင်းမှာ အားနဲလာတယ်။ ဒီဆေးဝါးတွေကြောင့် အပြင်မှာအဆင်ပြေလာပြီး အိမ်တွင်းရေးသာယာမှု ခမ်းခြောက်သွားနိုင်ပါတယ်။ ဒါကြောင့် စကားပြောကုထုံးကို အရင်သုံးကြည့်ဖို့ အကြံပြုရ တာပါ ဟု သုတေသီတစ်ဦးက ပြောသည်။


Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...