How to get Free 30GB Cloud Storage for BackUp


Apple က iOS 8 ကို ထုတ်ပေးခဲ့ပြီး နောက်မှာ iPhone 6 နှင့် iPhone 6 Plus တို့ကို စတင်ရောင်းချ ပေးခဲ့သလို Microsoft ကလည်း သူရဲ့ hosting cloud service ဖြစ်တဲ့ OneDrive ရဲ့ အခမဲ့ သုံးစွဲနိုင်တဲ့ storage ပမာဏကို 15GB မှ 30GB ထိ နှစ်ဆ တိုးမြင့်ပေး လိုက်ပါပြီ... 

ပြီးခဲ့တဲ့ ဂျူလိုင်လက စတင်လို့ Free Storage ကို 15GB ထိ တိုးမြင့် သတ်မှတ်လိုက်ပြီးနောက် ယခုတစ်ကြိမ် ထပ်မံ၍ နှစ်ဆ 30GB အထိ တိုးပေးလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအခွင့်အရေးဟာ အမြဲတမ်းရရှိနိုင်မယ့် အခွင့်အရေး တစ်ခုတော့ မဟုတ်ပါဘူး... 

အခုလို နှစ်ဆတိုးမြင့်ပေးလိုက်တဲ့ အခွင့်အရေးဟာ အချိန်အကန့်အသတ် ရှိတာမို့ ယခုလ မကုန်ခင်အချိန်အထိ "OneDrive" App ကို AppStore မှ Free သွင်းယူပြီး မြန်မြန် SignUp လုပ်မှသာ 30GB Free storage ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်... 


iOS 8 ကိုသွင်းယူရန် မိမိ၏ device တွင် Space အခက်အခဲ ရှိနေသူများအတွက် OneDrive တွင် Photos, Videos စသည်တို့ကို ပြောင်းလဲ သိမ်းဆည်းပြီးနောက် device အတွင်းမှ ဖျက်ပြစ်လိုက်ခြင်းဖြင့် အဆိုပါ အခက်အခဲကို ပြည်လည်စေနိုင်ပါလိမ့်မည်။ 

OneDrvie ကို SignUp လုပ်ပြီးတာနဲ့ Automatic Camera roll backup ကို Activate လုပ်ပေးဖို့ မမေ့ပါနဲ့ ဒါမှသာ နောက်ထပ် 15GB ကို ထပ်မံ ရရှိပြီး ပေါင်း 30GB ဖြစ်သွားပါလိမ့်မယ်။ 

**Activate လုပ်နည်း** 

ပထမဦးစွာ "OneDrive" ကို Install လုပ်ပါ။ 

OneDrive App ကိုဖွင့်ပြီး မိမိ၏ Microsoft account နှင့် SignIn ဝင်ပါ။ Account မရှိသေးပါက Sign Up Now နဲ့ account ဖွင့်ပါ။ 


Turn on Camera backup တွင် "Turn On" လုပ်ပါ။ 


ထို့နောက် "Allow" လုပ်ပါ။ 

Allow လုပ်ရန် မေ့ခဲ့ပါက Settings > Privacy > OneDrive ကို On ပေးလိုက်ပါ။ 


ဒါဆိုရင် Activate လုပ်ခြင်း အောင်မြင်သွားပြီး ဖော်ပြပါပုံအတိုင်း 30GB ကို ပိုင်ဆိုင် ရရှိနိုင်ပါပြီ။ 


Apple ရဲ့ hosting service တစ်ခုဖြစ်တဲ့ iCloud storage ရဲ့ ပရီမီယံကြေးက တစ်လမှာ 20GB အတွက် $0.99 နဲ့ စတင်ထားပြီး OneDrive ကတော့ 100GB အတွက် $1.99 နဲ့ စတင်ထားပါတယ်။ 
ဒါကြောင့်မို့ Microsoft ရဲ့ OneDrive က သုံးစွဲသူတွေကို ပိုမိုပြီး စွဲဆောင်နိုင်ပါလိမ့်မယ်။ 

OneDrive ကို iOS 7.0 နှင့်အထက် iDevice များအားလုံးမှာ တရားဝင် Free သွင်းယူနိုင်ပါတယ်.. ကဲ.. မြန်မြန်သာ သွားယူလိုက်ကြပါတော့.. 

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်


Credit;မိုးသိကြား 
-------------------------------------- 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...