Ubuntu OS တွင် Screenstudio ကို ထည့်သွင်းခြင်း


Ubuntu OS ပေါ်တွင် ရုပ်ထွက် အရည်အသွေး ကောင်းမွန်တဲ့ Screen Record ပြုလုပ်ချင်သူများ အသုံးပြုနိုင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲဟာ Computer မျက်နှာပြင်မှာ ပြုလုပ်သမျှတွေကို Screen Record ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကွန်ပျူတာပေါ်ကနေ Tutorial File တွေကို ပြုလုပ်နေတဲ့ အချိန် Record ပြုလုပ်ချင်တဲ့ အခါမှာ အသုံးဝင်မယ့် ဆောဖ့်ဝဲတစ်ခု ဖြစ်ပါတယ်။ 

Ubuntu OS Screenstudio ကိုထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေ ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့အရင် Package တွေကို Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။ 

နောက်တစ်ဆင့်ကတော့ Screenstudio ကို Install ပြုလုပ်ဖို့အတွက် ဖော်ပြပါ Command တွေကို တစ်ခုချင်း ရိုက်ထည့်ရမှာဖြစ်ပါတယ်။ အသုံးပြုရမယ့် Command တွေကတော့ - 

sudo add-apt-repository ppa:soylent-tv/screenstudio 

sudo apt-get update 

sudo apt-get install screen 

studio 

စတာတွေ ဖြစ်ပါတယ်။ အဆိုပါ Command တွေကို ထည့်သွင်းပြီးသွားရင် Package တွေကို Download ပြုလုပ်နေမှာ ဖြစ်ပါတယ်။ Download ပြုလုပ်ပြီးသွားရင် Install ကိုပါ တစ်ခါတည်း ပြုလုပ်ပေးသွား တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ပြီးသွားပြီဆိုရင်တော့ Screenstudio ကို UbuntuOS ထဲမှာ ထည့်သွင်းပြီးသွားပြီ ဖြစ်ပါတယ်။


ref;Internet Journal
-------------------------------------- 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...