ရေယုန် ဘာကြောင့် ပေါက်ရတယ် |
Thursday, October 30, 2014
ကျန်းမာရေးနှင့် ဆေးပညာ
ရေယုန်နာ မပေါက်ဖူးသူ တော်တော်ရှား ပါလိမ့်မယ်။ အများ အားဖြင့် နှုတ်ခမ်းနား တစ်ဝိုက်မှာ ရေယုန် မကြာခဏ ဖြစ် တတ် ကြပါတယ်။ ရေယုန်နာ ပေါက်ရင် အလွန်နေရ ခက်ပါ တယ်။ စိတ်က သိကအောက် ဖြစ်ရတဲ့ ဝေဒနာကိုလည်း ပေး ပါသေးတယ်။ ရေယုန်ပေါက်ရင် အနေခက်ခြင်းနှင့် အတူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ လည်း ပျောက်ဆုံးသလို ဖြစ် တတ်ပါတယ်။
ဒီလိုနေရထိုင်ရ အဆင်မပြေလှတဲ့၊ လူအများကြား အနေရခက်စေတဲ့ ရေယုန်နာကို မဖြစ်အောင် ဘယ် လိုပြုမူနေထိုင် သင့်သလဲ၊ ရေယုန်နာ ဘာကြောင့်ဖြစ်ရတယ် ဆိုတာကို လေ့လာကြမယ်လေ။
ရေယုန်(၂)မျိုးရှိတယ်
ရေယုန်နာဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ရတာပါ။ သာမာန်လူတွေမှာ ဖြစ်တတ်သော ပိုးဟာ Herpes Simplex ဖြစ်ပြီး HSV1နဲ့ HSV2 ဆိုပြီး အမျိုးအစား(၂)မျိုး ရှိပါတယ်။ HSV1က နှုတ်ခမ်းနား တစ်ဝိုက်မှာ ဖြစ် တဲ့ ရေယုန်နာကို ဖြစ်စေပြီး HSV2 ကတော့ လိင်အဂါင်္ ရေယုန်နာကို ဖြစ်စေတာပါ။ ဒါပေမယ့် တစ်ခါတစ်ရံ မှာလည်း HSV1 က လိင်အဂါင်္ဆီ ကူးစက်ပြီး လိင်အဂါင်္ ရေယုန်နာကို ဖြစ်စေတတ် သတဲ့။ ရေယုန်ရော ဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးဟာ ထိန်းချုပ်ရ ခက်ခဲသလို နောက်တစ်ကြိမ် ပြန်ဖြစ်တတ်တဲ့ ရောဂါပါ။
ရေယုန်နာ ကူးစက်ရာလမ်းကြောင်း
ရေယုန်နာဟာ ပထမအကြိမ် ကူးစက်ခံရတဲ့ အခါမှာ ကျိုးပြတ်ပေါက်ပြဲနေတဲ့ အရေပြား(ပါးစပ်၊ လိင်အင်္ဂါနဲ့ စအို) နံရံများနဲ့ ဗိုင်းရပ်စ်ပိုး ထိတွေ့တဲ့ အခါမှာ အရေပြားဆဲလ်တွေထဲ ၀င်ရောက် ပွားများပါတော့တယ်။
ဒီလို ကူးစက်ပွားများတဲ့ အချိန်မှာ အချို့သူတွေမှာ ရောဂါလက္ခဏာ မပြတတ်ပေမယ့် အချို့သူတွေ မှာတော့ ရေကြည်ဖု (သို့) အနာတွေ ပေါက်လာ တတ်ပါတယ်။ အာခံတွင်းထဲမှာ ဆိုရင် သွားဖုံး၊ လျှာနဲ့ လည်ချောင်း တို့မှာပါ အနာဖြစ်တတ်ပြီး ရောင်ရမ်းမှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို ပထမဆုံးအကြိမ် ကူးစက်ခံရမှုဟာ အများအားဖြင့် အသက် ၃နှစ်အောက် ကလေးတွေမှာ အဖြစ်များတာ တွေ့ရပါ တယ်။ ရောဂါ လက္ခဏာတွေ အနေနဲ့ နာကျင်ခြင်း၊ ဖျားနာခြင်း၊ ပြန်ရည်ကျိတ် ရောင်ရမ်းခြင်းများ ဖြစ်စေပြီး အစာ၊ ရေ မျိုရခက်ခဲတဲ့ ပြဿနာကိုပါ ကြုံတွေ့ရတတ်ပါတယ်။
ဒီလို အစာ၊ ရေ မျိုရတာ ခက်ခဲတာကြောင့် ကလေးဟာ ရေဓာတ်ခန်းခြောက်ပြီး နုံးနယ်တတ်တာမို့ အနာ သက်သာစေဖို့နဲ့ ရေဓာတ်ချို့တဲ့မှု မရှိဖို့ အထူးဂရုပြုသင့်ပါတယ်။ ဒီရေယုန်နာဟာ ရက်သတ္တပတ် ၁ပတ်ခန့် ကြာရင် ပျောက်ကင်း သွားတတ်ပါတယ်။ ဒီလိုပျောက်သွားတယ် ဆိုပေမယ့် ရေယုန်ဗိုင်းရပ်စ်ပိုးဟာ ခန္ဓာ ကိုယ်အတွင်းပိုင်းက အာရုံကြောတွေကနေ ခန္ဓာကိုယ်အတွင်းပိုင်းက အာရုံကြောဖုထုံး (Ganglia) တွေ ဆီ ရောက်ရှိသွားပြီး ခေတ္တခိုအောင်းငြိမ်သက်နေတဲ့ ရောဂါပိုးတွေဟာ အောက်ပါ အကြောင်းအရာ များကြောင့် အာရုံကြောများမှ တစ်ဆင့် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ မူလအရေပြားဆီပြန် လာပြီး ရေယုန်နာ ပြန်ဖြစ်ခြင်းကို ရေယုန်ပြန်ကြွခြင်း (Recurrence) လို့ ခေါ်ပါတယ်။
ရေယုန်ပြန်ကြွစေတဲ့ အကြောင်းရင်းတွေက-
-အိပ်ရေးမ၀ခြင်း
-ခန္ဓာကိုယ် ပင်ပန်းခြင်း
-စိတ်ဖိစီးမှုများခြင်း
-ဖျားနာခြင်း
-ကိုယ်ခံအား ကျဆင်းခြင်း
-အပူအအေး လွန်ကဲခြင်း
-ဓမ္မတာရာသီပေါ်ခြင်း
-အခြားရောဂါပိုးများ ကူးစက်ခံရခြင်း
-အာရုံကြောများ ပျက်စီးခြင်းတို့ပဲ ဖြစ်ပါတယ်။
ရေယုန်ပြန်ကြွတဲ့အခါမှာ မူလပထမ အကြိမ်ဖြစ်နေတဲ့ နေရာမှာ ရေကြည်ဖုတွေ အနည်းငယ် စပေါ်လာ ပါတယ်။ နောက် ၃ရက်မှ ၅ရက်အတွင်း ရေကြည်ဖုငယ်တွေကနေ ပြည်ဖု၊ အနာများ အသွင်ပြောင်းသွားပြီး အနာဖေး တက်လာတတ်ပါတယ်။ ရေယုန်ပြန်ကြွချိန်မှာ စဖြစ်ပြီး ၈နာရီအတွင်း အဆိုးဆုံးဖြစ်ပြီး လူအများ စုဟာ တစ်နှစ်မှာ ၂ ကြိမ်ခန့် ပြန်ဖြစ်တတ် ပါတယ်။
ရေယုန်နာရောဂါ ပျံ့နှံ့စေသော အရာများနှင့် ကာကွယ်ကုသပုံ
ရေယုန်နာဟာ ရောဂါရှိသူရဲ့ တံတွေး၊ အသက်ရှူလမ်းကြောင်းမှ ထွက်သော အမှုန်များနှင့် အရေပြားချင်း ထိတွေ့ရာကနေ ရေယုန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင် ပါတယ်။ ဒါကြောင့် ရေယုန်နာ မဖြစ်အောင် ရေယုန်နာ ပေါက်သူရဲ့ တံတွေး၊ အရေပြားတို့နဲ့ ထိတွေ့မှုကို ရှောင်ကြဉ် ရမှာပါ။ ဒါ့အပြင် ရေယုန်နာ မဖြစ်အောင် အိပ်ရေး၀၀ အိပ်ခြင်း၊ စိတ်ဖိစီးမှု လျှော့ချ၍ စိတ်ပေါ့ပါးစွာ နေခြင်း၊ ကိုယ် ခံအားကောင်းအောင် အာဟာရပြည့်ဝသော ကျန်းမာရေးနှင့် ညီညွတ်မျှတတဲ့ အစားအစာများ စားခြင်း၊ ရာသီ အကူးအပြောင်းတွင် သတိပြုနေထိုင်ခြင်းတို့ကို အထူးသတိပြုသင့် ပါတယ်။
ရေယုန်နာဟာ မျက်စိကို ကူးစက်ရင် အရမ်းအန္တရာယ် များတာမို့ ရေယုန်နာပေါက်ရင် လက်နဲ့ထိတွေ့ ကိုင်တွယ်ပြီး မျက်စိကို ပွတ်သပ်ကိုင်တွယ်မှု မရှိအောင် သတိပြုရမှာပါ။ ဒါကြောင့် ရေယုန်နာကို မဖြစ်ခင် ကာကွယ်ပါ။ ဖြစ်လာရင်လည်း စောစောစီးစီး ကုသပါ။ နောက်တစ်ကြိမ်မဖြစ်အောင် သတိပြုနေထိုင်ပြီး ကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်ပါစေကြောင်း ဆန္ဒပြုလျက်။
(မှတ်ချက်။ ၂၀၁၄ခုနှစ်၊ ဇူလိုင်လထုတ် ဇီဝက မဂ္ဂဇင်း အမှတ် ၂၃၄ မှ)
MP4 YoU
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

တင်ခဲ့ပြီးသော Posts များ ဆက်လက်ဖတ်ရှုရန်...
-
▼
2014
(8609)
-
▼
October
(415)
- ကုလားအုတ်နဲ့ ဝံပုလွေ
- ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှု
- သားသမီးကို ဖျက်ဆီးလိုက်သော ဖခင်၊ သင်ပါဝင်နေ ပါသလား...
- ကျွန်တော် စိတ်ဝင်စားသည့် ကင်မရာတစ်လုံး (Canon 7D M...
- မိန်းမဂုဏ်ရည်
- နှာခေါင်းသွေးလျှံခြင်း ပြဿနာအဖြေရှာ
- လပ်ပ်တော့ပ် (Laptop) (ခေါ်) ခရီးဆောင် ကွန်ပြူတာ သံ...
- Dizziness အမူးရောဂါ
- Vertigo အမူးရောဂါ (အရက်ကြောင့် မဟုတ်ပါ)
- BPPV အရက်မသောက်ဘဲ မူးတဲ့ရောဂါ
- Astigmatism and Amblyopia သူငယ်အိမ် စောင်းခြင်းနဲ့...
- Cervical intraepithelial neoplasia (CIN) သားအိမ်ဝ ...
- Cervicitis သားအိမ်ဝ ရောင်ခြင်း
- Frozen shoulder အေးခဲသွားတဲ့ ပခုံး
- Steroid injections (စတီရွိုက်) ထိုးဆေး
- Milk types နွားနို့ အမျိုးအစားများ
- ကိုယ်တိုင် အောင်မြင်အောင် တည်ဆောက်ခြင်း
- မဒီကညာ အင်ဂျလီနာလို လှစေချင်
- ပုဇွန် နှင့် ရုံးပတေသီး မဆလာချက်
- သင်အိပ်နေသည့် ခေါင်းအုံးလေးကို နေပူ လှန်းပေးရန် လု...
- အိမ်ထောင်ရေး သာယာသော အမျိုးသားများ လေဖြတ်ရောဂါ ဖြစ...
- Nexy Keyboard for iOS8
- ဆီးပူ ဆီးအောင့်ခြင်းအတွက် ရှားစောင်းလက်လပ်
- ကွယ်ပျောက်မှာ စိုးရိမ်ရတဲ့ ကမ္ဘာ့အလှဆုံး အက္ခရာ ၅ ခု...
- နယူးယောက်မှာ သွားလာရသော အမျိုးသမီးတို့ဘဝ
- ဝက်ကြိတ်သား ကောက်ညင်းလှော် ထောင်းသုပ်
- ငှက်ပျောဖူး ဝက်သား ဟင်းထုပ်
- ကိုကာ နေ့စဉ်သောက်သုံးခြင်းဖြင့် မှတ်ဉာဏ် ကျဆင်းမှုန...
- အသောက်အစားနဲ့ ကား
- ဘာကြောင့် အစိုးရ ၀န်ထမ်းအလုပ် ရေပန်း မစားတော့တာလဲ
- ဆီးကျိတ် ကင်ဆာဘေး လျော့ပါးရေး အိုင်တွေ့ တိုင်း ခြေ...
- နည်းပညာလောကမှ သမိုင်းတွင်ခဲ့သည့် ဟောကိန်း အလွဲများ...
- အူရီးဒူးက ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၁၃ ခု၌ ...
- ကျွန်တော် Kingfisher ငှက်များကို ဓါတ်ပုံ ရိုက်ရာတွ...
- ဗီယက်နမ် စတိုင် ခေါက်ဆွဲပြုတ်
- ကလေးတို့ရဲ့ ပညာရေး၊ လူ့အဖွဲ့စည်းနဲ့ အနာဂတ်နိုင်ငံေ...
- လိင်စည်းမခြား နောက်တိုး ရောဂါများ
- ဘယ်ဖုန်းကို ရွေးကြမလဲ၊ iPhone 6 လား၊ iPhone 6 Plus...
- Samsung ဖုန်းတွေအတွက် Full/4Files Fimware ထုတ်ပေးမ...
- “အယူအမြင် မှန်ကန်ခြင်း”
- ဘယ်လိုရေမွှေးရနံ့မျိုးက ကိုယ့်အတွက် အကောင်းဆုံးဖြစ်...
- ဆိုဒါ (Soda) သောက်ခြင်းဟာ လူကို လျှင်မြန်စောစီးစွာ...
- ကြာပန်း လှူဒါန်းရတဲ့ ကောင်းမူ
- ကြက်ဥ ဟင်းလျာ (Egg Korma)
- မိန်းမတို့၏ ညှို့ချက်များ
- DSLR ကင်မရာ တစ်လုံး မ၀ယ်ယူခင်မှာ ချင့်ချိန်စဉ်းစား...
- DSLR ကင်မရာ တစ်လုံး မ၀ယ်ယူခင်မှာ ချင့်ချိန် စဉ်းစာ...
- ယောက္ခမကို တိုက်တဲ့ဆေး
- ရေယုန် ဘာကြောင့် ပေါက်ရတယ်
- က ကလေးငယ် . . .ချစ်စဖွယ်
- ပညာသင်ဆုအတွက် လျှောက်ထားသူများကို စာမေးပွဲစစ်မည်
- ဆွစ်ဇာလန် အစိုးရက အီဘိုလာ ကာကွယ်ဆေး စမ်းသပ်ထိုးနှံ...
- လေဆာတံဆိပ် သွားတိုက်ဆေး လုပ်ငန်းကို ဒေါ်လာသန်း ၁၀၀ ...
- OS X Yosemite USB Boot တစ်ခု အလွယ်တကူ လုပ်ကြမယ်
- အကောင်းဆုံး Linux Antivirus 2014 များ...
- အကောင်းဆုံး Linux Image Editors 2014 များ
- အခမဲ့ ရနိုင်မဲ့ အကောင်းဆုံး Windows Video Editors ...
- iOS 8-8.0.1 ကို Jailbreak လုပ်နည်း ၊ Cydia ကို One...
- Transformer Myanmar Smart Zawgyi Font ……… .ttf & i...
- Samsung နဲ့ Nexus devices အတွက် မြန်မာစာ အဆင်ပြေစေ...
- အလုပ်များလွန်းတဲ့ အတွက် ကျန်းမာရေးကို အချိန်ပေးပြ...
- ကမ္ဘာပေါ်တွင် ကြောက်စရာ အကောင်းဆုံး ဗိုင်းရပ် (၉)မျိ...
- ကလေးငယ်များ နေရောင်ခြည် ပိုမိုရရှိနိုင်ရန် ယူကေတွင...
- ကော်ဖီသုံးခွက် နေ့ စဉ်သောက်ပေးလျင် အသည်း ပျက်စီးမှု...
- လုပ်ငန်းခွင်မှာ စိတ်အနှောက်အယှက် ပေးတတ်သူတွေကို ဘယ...
- အိပ်စက်မှု ဖောက်ပြန်သည့် ရောဂါဆန်းအတွက် ဆေးဝါးဖော်စ...
- အီဘိုလာ ဗီဇများကို ဖော်ထုတ်ပေးနိုင်မည့် ဇီဝလစ်တမတ်...
- မဖြစ်သင့်သော ရွေ့လျား ပြောင်းလဲလာသည့် မြန်မာ စကားလ...
- ခေါင်းဆောင်ကို မွေးဖွား၍မရ
- အမျိုးသား မော်ဒယ်လ်ဈေးကွက် ပြောင်း မပြောင်း
- ကမ္ဘာ့ အရှည်ဆုံး မုတ်ဆိတ်မွေး ပိုင်ရှင်
- အသက်ကြီး လာလေ အအိပ်အနေ နည်းလာလေ ဖြစ်ရခြင်း အကြောင်...
- အီဘိုလာနှင့် မိုဘိုင်း နည်းပညာ အားပြိုင်ခြင်း
- ၾသစေတ်းလ် ဆရာ၀န္မ်ားက အသက်မရှိသော လူ၏ နှလုံးကို နှ...
- Display များ တပ်ဆင်ထားသော လေယာဉ်ပျံများကို တီထွင်ေ...
- အခြေခံပညာ ကျောင်းများနှင့် အင်္ဂလိပ်စာ
- ကျောက်ကပ်ရောဂါ သတိပြုစရာ
- မျက်ရည် ကျပြတာကိုတွေ့မှ ဆုပေးတဲ့ ပညာရေးလောက
- လိပ်ပြာ...
- တက္ကသိုလ်ဝင်ခွင့် အမှတ်များကို တက္ကသိုလ်အလိုက် သီးခြ...
- ကျောင်းသားတွေဆီက အချိန်ပိုကြေး ကျောင်အုပ်ကြီး ကောက...
- အသက်အရွယ်နှင့် ဆိုင်သော မှတ်ဉာဏ် ဆုံးရှုံးမှုကို ကို...
- ခန့်ညားလှပမှု တစ်ခုအတွက် အမျိုးသားတွေက အမျိုးသမီးတေ...
- စမတ်ဖုန်းကို စွဲစွဲ လန်းလန်း သုံးနေခြင်းကြောင့် ဖြ...
- မြန်မာများ သတိမထားမိသော နာမည်ပြဿနာ
- ဖေ့စ်ဘွတ်ခ် ထူထောင်သူ ဇုကာဘတ်ခ် တရုတ်ဘာသာဖြင့် ဟော...
- ဆံပင်နှင့် လက်သည်းကို ကောင်းမွန်စွာ ရှင်သန်ဖို့ အေ...
- ဇာဇာထက် ဘာကြောင့် ၀တ်လစ်စားလစ် ဓာတ်ပုံမော်ဒယ် ဖြစ်...
- ဆေးစွမ်းထက်သော ပျားသံပုရာ ရေနွေးကြမ်း
- ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်း
- iOS 8 – iOS 8.1 နှင့် ကိုက်ညီမှု ရှိသော Jailbreak A...
- မိခင်၏ ချစ်ခြင်းမေတ္တာက ကလေးများ၏ နာမကျန်းမှုကို တား...
- Kegel Exercises အမျိုးသမီးများအတွက် လေ့ကျင့်ခန်း
- ညလိမ်းခရင်မ်နဲ့ ဆောင်းရာသီ အသားအရေ ထိန်းသိမ်း စောင...
- Cooking Oils စားသုံးဆီ
- ဇူလူးရိုးရာ လက်ထပ် မင်္ဂလာပွဲ
- ကိုရီးယားရိုးရာ လက်ထပ် မင်္ဂလာပွဲ
- အိပ်ပျော်နေစဉ် ဘာ့ကြောင့်ဟောက်
- Trans Fats ကျန်းမာရေးနှင့် မသင့်သော စားသုံးဆီ
- နားပေါက်နှင့် စအိုပေါက်မပါ မွေးဖွားလာသည့် မိန်းကလေ...
-
▼
October
(415)

လူကြည့်များသော ပို့စ်များ...
- ဖိုက်တာ လုပ်ချင်တဲ့ သွန်းနဒီစိုး
- Zawgyi KitKat2014 and Zawgyi one 2014 for android
- အမေနဲ့တူတဲ့ ချစ်သူမိန်းကလေး
- Abortion Pills ဖျက်ဆေးတွေအကြောင်း
- Windows 8/ 8.1 မှာ Zawgyi Font ပေါ်အောင် လုပ်ချင်ရင်...
- Ei Chaw Po (အိချောပို)..
- Emergency pills အရေးပေါ်တားဆေး အမေး (+18)
- Programming Languages E-books စာအုပ်များ...
- ရွှေတောင်ခေါက်ဆွဲ (၉ ပွဲ)
- HUAWEI C 8816 Charging

ပို့စ်ခေါင်းစဉ် အမျိုးအစားများ..
Android Apps & Games
(372)
Android Firmware နှင့် Rooting ဆိုင်ရာ
(434)
Anti-virus & Security
(100)
E-Book များ
(82)
Internet Download Manager
(26)
iOS Devices ဆိုင်ရာ
(188)
Linux OS ဆိုင်ရာ
(17)
Mac OS ဆိုင်ရာ
(29)
Multimedia
(136)
Myanmar Fonts & Keyboards
(64)
PC Games
(12)
Photography ပညာရပ်ဆိုင်ရာ
(134)
Scholarship (ပညာသင်ဆု)
(165)
Tips & Tricks
(264)
Ubuntu OS ဆိုင်ရာ
(15)
Window Driver ဆိုင်ရာ
(16)
Window Phone ဆိုင်ရာ
(11)
Windows OS ဆိုင်ရာ
(149)
ကျန်းမာရေးနှင့် ဆေးပညာ
(2623)
စက်မှုရေးရာ
(139)
စားသောက်ဖွယ်ရာ
(238)
ထူးဆန်းထွေလာ
(975)
ဓါတ်ပုံ
(353)
နည်းပညာသတင်းနှင့် ဖတ်စရာများ
(1071)
ပညာရေး
(458)
ဖတ်စရာ၊ မှတ်စရာ
(2046)
မိုဘိုင်းလ်ဖုန်း ပြုပြင်နည်းဆိုင်ရာ
(24)
မတော်တဆမှု
(118)
မှုခင်းသတင်း
(134)
ရယ်ရွှင်ဖွယ်ရာ
(190)
သဘာဝဘေးအန္တရာယ်
(80)
သိပ္ပံနှင့် အာကာသဆိုင်ရာ
(23)
အသက် (၁၈)နှစ်အထက် ဖတ်စာများ
(111)
အသက် (၁၈)နှစ်အထက် ဆေးစာများ
(314)
အားကစား
(77)
အထွေထွေသတင်းများ
(308)
အနုပညာလက်ရာ
(295)
ထွေရာလေးပါး
(282)
ဖျော်ဖြေရေး၊ Celebrity
(625)
ဗေဒင်နှင့် ယတြာ
(74)

Photography ပညာရပ်ဆိုင်ရာ/ Android Firmware နှင့် Rooting ဆိုင်ရာ/ iOS Devices ဆိုင်ရာ/ Myanmar Fonts နှင့် Keyboards/ Tips & Tricks..