ပုဇွန် နှင့် ရုံးပတေသီး မဆလာချက်

ဗူးဖြင့်လာသာ ကြက်သွန်ဖြူ နဲ့ ဂျင်း ကိုမသုံးလိုပါက လတ်လတ် ဆတ်ဆတ်ကို ထောင်းပြီး သုံးနိုင်ပါ တယ်။ လတ်လတ် ဆတ်ဆတ်ကို သုံးပါက အနည်ငယ် လျှော့ပြီး ထည့်ပေးပါ။

***... ပုဇွန် နှင့် ရုံးပတေသီး မဆလာချက် အတွက် လိုအပ် တာလေးတွေ…

1. ပုဇွန် (tiger prawn) – 500 g (၃၀ သားခန်.)
2. ရုံးပတေသီး – 400 g
3. ဆီ – ဟင်းခပ်ဇွန်းကြီး ၁ ဇွန်း
4. ပါးပါးသေးသေးလှီးထားသော ကြက်သွန်နီ – ၁ ခွက် (250 ml)
5. အကွင်းလိုက်လှီးကာ ၂ ပိုင်းဖြတ်ထားသော ခရမ်းချဉ်သီး – 2 ခွက် (500 ml)
6. ကြိတ်ထား (ထောင်းထား) သော ဂျင်း – ထမင်းစားဇွန်း ၁ ဇွန်း
7. ကြိတ်ထား (ထောင်းထား) သော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၁ ဇွန်း
8. အရောင်တင်မှုန်. – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
9. ငါးမဆလာ – လက်ဖက်ရည်ဇွန်း ၄ ဇွန်း
10. အရသာမှုန်. (chicken powder) – လက်ဖက်ရည်ဇွန်း ၄ ဇွန်း
11. ငါးငံပြာရည် – ထမင်းစားဇွန်း ၃ ဇွန်း
12. ရေနွေး – ၁ ခွက်ခွဲ (375 ml)
13. နံနံပင် – လက်တစ်ဆုပ်ခန်.
14. ၂ ခြမ်းခွဲထားသော ငရုတ်သီးစိမ်း – ၁၀ တောင့်

ပုဇွန်ကို ခေါင်းဖြုတ်၊ ကျောခွဲပြီး ချေးချောင်းထုတ်ကာ အရသာမှုန်. (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ဖြင့် နယ်ထားပါ။

ကြက်သွန်နီကို high heat ဖြင့် ရွှေဝါရောင်ဖြစ်လာအောင် ကြော်ပြီးလျှင် ခရမ်းချဉ်သီး၊ ထောင်းထားသော ဂျင်း နှင့် ကြက်သွန်ဖြူ ကိုထည့်ကာ မွှေကြော်ပါ။

ခရမ်းချဉ်သီးများ နွှမ်းကြေသွားလျှင် အစာပလာများ မတူးစေရန် medium heat သို. လျှော့ပြီး အရောင်တင်မှုန်. နှင့် မာဆလာကို ထည့်ကာ ၁ မိနစ်ခန်.မွှေကြော်ပေးပါ။

ပုဇွန်၊ ငါးငံပြာရည်၊ အရသာမှုန်. (လက်ဖက်ရည်ဇွန်း ၃ ဇွန်း) ထည့်ကာ ၁ မိနစ်ခန်.ထပ်မွှေကြော်ပေးပါ။

high heat သို. ထပ်တိုးပြီး ရေနွေးကိုထည့်ပါ။

ရေနွေးဆူလာလျှင် ရုံးပတေသီးကို ထည့်ပြီး၊ အနည်းငယ်မွှေကာ အိုးကိုဖုံးပြီး ၅ မိနစ်ခန်. တည်ထားပါ။

ငရုတ်သီးစိမ်း နှင့် နံနံပင်ထည့်ကာ ၃၊၄ ချက်မွှေပြီး အိုးအဖုံး ဖုံး၍ မီးဖိုမှ ဟင်းအိုးကိုဖယ်ပါ။

ငနီတူ နှင့် စပါးလင်ထောင်း ရှောက်ရွက်သုပ်၊ ဝက်သား သရက်သီးစိမ်းသနပ်ချက်၊ ပိန်းဥ ဝက်ရိုးဟင်းချို တို.နှင့် တွဲဖက်ကာ ရုံးပတေသီး နှင့် ပုဇွန် မာဆလာချက် ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...