ဝက်ကြိတ်သား ကောက်ညင်းလှော် ထောင်းသုပ်

ဝက်ကြိတ်သား ကောက်ညင်းလှော် ထောင်းသုပ် အတွက် လိုအပ် တာလေးတွေ…

1. ဝက်ကြိတ်သား (pork mince) – ၂၀ ကျပ်သား ခန့် (300 g)
2. ရေ – 1 cup (250 ml)
3. chicken powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
4. အမာခွံများကို ဖယ်ထုတ်ကာ ပါးပါး လှီးထားသော စပါးလင် – ထမင်းစားဇွန်း ၂ ဇွန်းခွဲ ခန့်
5. ပါးပါးလှီးကာ ရေဆေးထားသော ကြက်သွန်နီ – 1/2 cup (125 ml)
6. လက်တစ်ဆစ် အရှည်ခန့် လှီးထားသော ကြက်သွန်ပင် – 1/4 cup (60 ml)
7. လီွးထာေးသာ ပူစီနံ (mint) – 1/2 cup (125 ml)
8. လှီးထားသော နံနံပင် – 1/4 cup (60 ml)
9. ငါးငံပြာရည် – ထမင်းစားဇွန်း ၂ ဇွန်း
10. သံပုရာရည် – ထမင်းစားဇွန်း ၃ ဇွန်း
11. သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
12. ငရုတ်သီးအကြမ်းမှုန့် (အစိမ်းမှုန့်) – ထမင်းစားဇွန်း ၂ ဇွန်းခွဲ
13. တူးလုနီးပါး လှော်ပြီး ကြိတ် (သို့) ထောင်းထားသော ကောက်ညင်း ဆန်လှော်မှုန့် – လက်ဖက်ရည် ဇွန်း ၂ ဇွန်း (ပိုသည့် ကောက်ညင်းမှုန့်များကို ဗူးတစ်ဗူးထဲ ထည့်ပြီး လေလုံအောင် သိမ်းထားပါ။)

ဝက်ကြိတ်သားကို ရေ – 1 cup (250 ml)၊ chicken powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ ဖြင့် ၇ မိနစ်ခန့် ပြုတ်ပေးပါ။ (အသားများ အတုံးလိုက် မကျက်သွားအောင် ဇွန်းဖြင့် ဖိချေမွှေပေးပါ။)

အသားများ ကျက်ကာ၊ အရည် 1/4 cup ခန့်ကျန်လျှင် မီးဖိုမှ ဖယ်ကာ အအေးခံထားပါ။

အေးသွားပြီးနောက် စပါးလင်၊ ကြက်သွန်နီ၊ ကြက်သွန်ပင်၊ ပူစီနံ၊ နံနံပင်၊ ငါးငံပြာရည်၊ သံပုရာရည်၊ သကြား၊ ငရုတ်သီးအကြမ်းမှုန့် နှင့် ဆန်လှော်မှုန့်ထောင်းတို့ ထည့်ကာ ခပ်ဖွဖွရောမွှေ သုပ်လိုက်လျှင် ချဉ်ငံစပ် အရသာဖြင့် စား၍ကောင်းလှသော ဝက်ကြိတ်သား ကောက်ညင်းလှော်ထောင်းသုပ်လေး သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

https://www.facebook.com/ChawSusFoodFriends


--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...