ချောင်း အဆိုးများသည့် လရာသီ

ဥတု အပြောင်းလဲကြောင့် အဖြစ်များ လာသည် ကတော့ ချောင်းဆိုး ခြင်းပါ။

တစ်ချို့ မဆိုးပါဘူး ကောင်းပါတယ် ဆိုရင်တောင် နေ့ ခင်းတွင် တစ်ခါ တစ်ရံ တဟွတ်ဟွတ်နဲ့ ချောင်းဆိုး ကြပါတယ် ။ နေ့ ခင်းတွေချောင်း ဆိုးတာ မသိသာပေမဲ့ ညပိုင်း မိမိအတွက် အနားယူ မှေးစက်တော့ မည် အချိန်အခါ သာယာသော ညခင်း အချိန်ခါဆိုရင် မအိပ် ခင် ချောင်းဆိုး လာတက် ပါတော့သည် တစ်ချို့ ဆိုလျှင် ချောင်းဆိုး လို့ ကို အိပ်ရေးပျက်ပြီး မောတောင် မောလာနေ တက်ပါတယ် ။
လူကြီးများအတွက် ချောင်းဆိုးခြင်းသည့် ခံနိုင်ရည် ရှိနိုင်ပေမဲ့ ငယ်ရွယ်သော ကလေး သူငယ်များတွက် ချောင်းဆိုးပြီ ဆိုလျှင် အတော် ခံရခက်ပြီး မျက်ရည်တွေကျ အစားကျွေးလည်း မစားချင်ဖြစ် လာကြပြီး ဘေးအနီးနားမှ ရှိနေသည့် မိခင် ဖခင်ဆို့ တွက် အမောဆို့ လာနေသည်ကိုပင် အပိုအဖြစ် တွဲလျှက်ခံစားရသည့် ချောင်းဆိုးခြင်းပါ ။

တစ်ချို့ ချောင်းဆိုး ချောင်းဟတ်လျှင်ပင် ချွဲသလိပ်တွေပင်ထွက်ရှိလာသည့် ချောင်းဖြစ်ပါသည် ။ ဒါကို ချောင်း အစို wet cought လို့ ခေါ်ပြီး ချောင်းဆိုးတိုင်း ချွဲသလိပ်လည်း မပါ ဟတ် ဟတ် နဲ့  ချောင်းဆိုးလိုက် လည်ပင်းက ယားသလို ခံစားလာပြီး ချောင်းလေးဟတ်လိုက်နဲ့ ဆိုးတက်ကြပါတယ် ။ အဲလို ဆိုးနေသည် ကို လူတိုင်းသိကြမှာပါ ချောင်ခြောက်ကြီး ဆိုးနေတာနော် အအေးပတ်ပြီထင်တယ် ၊ ဆီကြော်တွေမှာ မသန့် သော ဆီတွေကြောင် ထင်တယ် ထင်မြင်ချက် အမျိုးမျိုးဖြင့် dry cought ဖြစ်နေသည် ချောင်းခြောက် ပါ ။

ဘယ်လိုချောင်းတွေဆိုးနေနေ တစ်ချို့ ဆို ရေခဲရေသောက်ကြတယ် ပိုဆိုးပါတယ် မသောက်သင့်ကြောင့် ကိုလည်း ခဏခဏပြောခဲ့ပါတယယ် ။ ဆီများသော အစားအသောက်များ ၊ ဆီကြော်အစားအစာများ ၊ အအေးသောက်ခြင်း ၊ စီးကရက်သောက်ခြင်း တို့ ကို ရှောင်ကျဉ်ရပါလိမ့်မည် ။ မိမိခန္ဓာကိုယ့် အတွက် နွေးထွေးအောင် ပြု့ လုပ်ဖို့ လည်း လိုအပ်ပါတယ် ။

ချောင်းဆိုးတိုင် ချွဲသလိပ်တွေပါလာသူအတွက် မိမိချောင်ဆိုးတိုင်း ပါလာသောချွဲတွေမှာ အရောင်တွေ ပါတက်ပါတယ် ။ ချွဲနှင့်ပတ်သက်သည့် အရောင်တွေကို မိမိ သတိထားသင့်ပါသည် ။ တစ်ချို့ ဆို သတိ မထားမိဘဲ သွေးအစ အမျှင်များပါ ပါလာတက်ပါတယ် ။ ချောင်းတအား ဆိုလာလို့ လည်ချောင်း ကွဲလို့ သွေး အစလေးတွေပါလို့  လွယ်လွယ်တွေးတက်ကြပါတယ် မှန်ပေမဲ့လည်း သတိထားသင့်ပါတယ် ။ ချောင်း ဆိုခြင်း သည့် အများအားဖြင့် ဗက်တီးရီးယားကြောင့် အဖြစ်များကြပါတယ် ။ ချောင်းဆိုသည့် ရက်ကြာ လာလျှင်တော့ အဆုတ်ပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် ဝေဒနာတစ်ခုအနေဖြင့် ချွဲ သလိပ် ကို ဓာတ်ခွဲ စစ်ဆေး ပြသ ကုသသင့်ပါသည် ။

ယနေ့ ကမ္ဘာမှာ ချောင်းဆိုတီဘီ ဆိုသည့် ရောဂါအတွက် အကောင်းဆုံးဆေးဝါးတွေရှိနေပါသည် ။ သင့်အနေဖြင့် ချောင်းဆိုးတိုင်း ပါလာသည့် ချွဲသလိပ်ကို စစ်ဆေးအဖြေတစ်ခုသိသာပါက ရောဂါဖြစ်စေ စိုးရိမ်စိတ် မထားပါနဲ့  တီဘီဆိုလျှင် အခမဲ့ ဆေးအစွမ်းများ ရက်ပျက်ကွက်ခြင်း မရှိသောက်သုံး ပါက ပျောက်ကင်းပါသည် ။

ရာသီအတွက် ချောင်းဆိုးမှု့ တွေ အဖြစ်များလာနိုင်သည့် အတွက် ထပ်မံအသိပေးတင်ပြခြင်းဖြစ်ပါသည် ။ ချောင်းဆိုးသည့် ကျန်းမာရေး အသိစာစဉ်များလည်း ရှိပါသည် ။

မည့်ကဲ့သို့ အကြောင်းပင်ဖြစ်ဖြစ် ချောင်းဆိုးမှု့ ရက်ရှည်ကြာလာရင်တော့ မကောင်းပါဘူး ။ သေချာ စစ်ဆေးပြသပြီး ဆေးကုသမှု့ ခံယု သင့်ပါသည် ။

အသက်ရာကျော် ရှည်ပါစေ


Mg Mandalay
https://www.facebook.com/mg.mandalay--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...