ပညာသင်ဆုအတွက် လျှောက်ထားသူများကို စာမေးပွဲစစ်မည်

နိုင်ငံတော် သမ္မတရဲ့ ပညာသင်ဆု အတွက် လျှောက် ထားသူ ၄၈၀၀ ကျော် ရှိပြီး လာမယ့် ဒီဇင်ဘာလမှာ အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုရမှာ ဖြစ်ပါတယ်။

ဘွဲ့ကြိုတန်း အတွက် ၆၅၈ ယောက်၊ မဟာတန်း အတွက် ၁၈၄၈ ယောက်နဲ့ ပါရဂူတန်း အတွက် ၂၃၇၆ ယောက် လျှောက်ထား ခဲ့တာ ဖြစ်ပါတယ်။

ဒီအထဲမှာ ယောင်္ကျားလေး ၈၆၆ ယောက် ပါဝင်ပြီး မိန်းကလေး ကတော့ ၄၀၁၆ ယောက် ဖြစ်ပါတယ်။

လျှောက်ထားသူ အားလုံးဟာ ဒီဇင်ဘာ ၆ ရက်ကနေ ၁၂ အတွင်း အရည်အချင်းစစ် စာမေးပွဲ ဖြေဆို ရမှာ ဖြစ်ပြီး အဲဒီစာမေးပွဲတွေကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မကွေး၊ မုံရွာနဲ့ တောင်ကြီးမြို့တွေ မှာ ဖြေဆိုရမှာလည်း ဖြစ်ပါတယ်။

စာမေးပွဲကိုတော့ ဗြိတိသျှကောင်စီရဲ့ Global English Assessment Tool တခုဖြစ်တဲ့ ကွန်ပျူတာကို အသုံးပြုပြီး ဖြေရတဲ့ Aptis Test ကို သုံးပြီး စစ်ဆေးမှာ ဖြစ်ပါတယ်။

 DVB News
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...