သိန်း ၂၀၀ နီးပါးတန် IELTS ပညာသင်ဆု လျှောက်ထားနိုင်ပြီ

ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာငွေ ကျပ် ၁၉၂ သိန်းခန့် တန်သည့် IELTS ပညာသင်ဆု အစီအစဉ်ကို ၂၀၁၅ ခုနှစ်အတွက် အရှေ့တောင် အာရှနိုင်ငံများမှ ထူးချွန်ကျောင်းသား ငါးဦးသို့ ဗြိတိသျှကောင်စီမှ ပေးအပ် သွားမည်ဟု ဗြိတိသျှကောင်စီ က အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ပညာသင်ဆုများကို အမျိုးအစားနှစ်မျိုး သတ်မှတ် ထားပြီး မြန်မာအပါအဝင် အရှေ့အာရှ နိုင်ငံများရှိ ထူးချွန်ကျောင်း သား ငါးဦး ရွေးချယ်ကာ တစ်ဦးလျှင် ဗြိတိသျှ စတာလင်ပေါင် ၁၂၀၀၀ (မြန်မာငွေကျပ် ၁၉၂ သိန်းခန့်) ပေးအပ်မည်ဖြစ်သည်။ ယင်းအပြင် မြန်မာနိုင်ငံတွင် နေထိုင်သည့် ကျောင်းသားနှစ်ဦးကို ရွေးချယ်၍ တစ်ဦးလျှင် စတာလင်ပေါင် ၂၀၀၀ (မြန်မာကျပ်ငွေ ၃၂ သိန်းခန့်) ပေးအပ်မည့် အစီအစဉ်လည်း ပါဝင်မည်ဖြစ်သည်။

အဆိုပါ အစီအစဉ်မှာ အရှေ့တောင် အာရှနိုင်ငံများရှိ ဗြိတိသျှသံရုံးများက စုပေါင်းချီးမြှင့်သည့် IELTS Scholarship ဖြစ်သည်။

ပညာသင်ဆုလျှောက်ထားရန် စိတ်ပါဝင်စားသည့် ကျောင်းသားများအနေဖြင့် မြန်မာနိုင်ငံတွင် လက်ရှိနေ ထိုင်သူ၊ မြန်မာနိုင်ငံပြင်ပတွင် ၂၀၁၅ ပညာသင်နှစ်မှစ၍ ဘွဲ့ကြိုနှင့် ဘွဲ့လွန်ပညာသင် ကြားမည့်သူ၊ IELTS လက်မှတ်အား ဝင်ခွင့်လိုအပ်ချက် တစ်ခုအနေဖြင့် လက်ခံသော တက္ကသိုလ်တွင် တက်မည့်သူ၊ IELTS Test Component တစ်ခုချင်းစီတွင် အနည်းဆုံး band score 6 ရရှိသူ၊ IELTS စာမေးပွဲအား ၂၀၁၄ ဇွန်လ ၁ ရက် နှင့် ၄င်းရက် နောက်ပိုင်းဖြေဆိုထားသူ၊ ၂၀၁၅ ဇွန်လ ၃၀ ရက် မတိုင်မီ မိမိလျှောက်ထားသော တက္ကသိုလ်မှ ဝင်ခွင့်အထောက်အထား (acceptance letter)ကို ပြနိုင်သူ ဖြစ်ရမည်။ ထိုပညာသင်ဆု အစီအစဉ်အတွက် ဗြိတိသျှကောင်စီသို့ စတင်လျှောက်ထားနိုင်ပြီဖြစ်ပြီး ၂၀၁၅ခုနှစ် မေလ ၃၁ ရက် နောက် ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။

ဗြိတိသျှကောင်စီသည် ယခု ၂၀၁၄ နှစ်တွင်လည်း မြန်မာနိုင်ငံမှ IELTS Scholarship အတွက် ထူးချွန်ကျောင်းသား နှစ်ဦးကို ရွေးချယ်ပေးအပ်ခဲ့ပြီး အရှေ့အာရှမှ ထူးချွန်ကျောင်းသားများကို ပေးအပ်သော Regional IELTS Scholarship ကို မြန်မာနိုင်ငံမှ ဒေါက်တာ သန္တာအောင်က ရရှိခဲ့သည်။


Mizzima News
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...