iOS 8-8.0.1 ကို Jailbreak လုပ်နည်း ၊ Cydia ကို One Click သွင်းနည်း


iOS 8 မှ iOS 8.1 အထိ Jailbreak လုပ်နည်းကို တင်ဆက်ပေး လိုက်ပါတယ်။ iOS 8 မှ iOS 8.1 အထိ Jailbreak ပြုလုပ်နိုင်မယ့် Device တွေကတော့ အောက်ပါအတိုင်းပါ။

iPhone 6
iPhone 6 Plus
iPhone 5s
iPhone 5c
iPhone 5
iPhone 4s
iPad (2, 3, 4, Air, Air 2, mini 1, mini 2, mini 3)
iPod touch 5

Jailbreak လုပ်လို့ရနိုင်မယ့် Firmware Version တွေကတော့ အောက်ပါအတိုင်းပါ။

8.0
8.0.1
8.0.2
8.1

iOS 8 ကို Jailbreak လုပ်လို့ရပေမယ့် Jailbreak လုပ်ပြီးကာစမှာ အရင်တုန်းကလိုတော့ Cydia က Built in မပါသေးပါဘူး ။ ကိုယ့်ဘာသာ Cydia ကို Manually ထပ်သွင်းရပါတယ်။ ဒါပေမယ့် အခု Jailbreak လုပ်တဲ့ Tool ရော Jailbreak လုပ်ပြီးရင် Cydia ကို One Click နဲ့သွင်းနိုင်မယ့် ခလုတ်ပါ ပါဝင်တဲ့ Installer ကို ရုရှားဖိုရမ် တစ်ခုကနေတွေ့လို့ပြန်လည် မျှဝေလိုက်ပါတယ်။ ဒီ Installer လေးမှာ PanGu iOS 8 v1.0.1 ရော ၊ Jailbreak လုပ်ပြီးရင် Cydia ကို ဆက်လက် သွင်းနိုင်မယ့် ခလုတ်ပါ ထည့်ပေးထားပါတယ်။

ကဲ iOS 8-8.0.1 ကို Jailbreak လုပ်နည်း ၊ Cydia ကို One Click သွင်းနည်းကို လေ့လာကြည့်ရအောင်။

Jailbreak ရော Cydia One Click Installer ရောပါလို့ ဆောင်ထားသင့်တဲ့ Tool လေးတစ်ခုပါပဲ။ အောက်က Link မှာ ရယူနိုင်ပါတယ်။

https://mega.co.nz/#!psZECZ6Z!YCoenVnrjS6gcUSJVf75NzAlIt01128krp3mesOPauU

Jailbreak လုပ်ရန် အပေါ်မှာ Download ရယူခဲ့တဲ့ Installer ကိုဖွင့်ပါ။
 

Jailbreak မလုပ်ခင် ဖုန်းမှာ Passcode ကို off ထားဖို့လိုပါမယ်။ Setting > iCoud ထဲက Find My iPhone ကို off ထားဖို့လိုပါမယ်။ ပြီးရင်တော့ ဖုန်းနဲ့ကွန်ပျူတာနဲ့ကိုချိတ်ပြီး အခုပေးထားတဲ့ Installer ထဲက ပထမခလုတ်ကိုနှိပ်ပြီး Pangu iOS 8 Jailbreak Tool ကိုဖွင့်ပါ။
 

PP အမှန်ခြစ်လေးကိုဖြုတ်ပါ။
 

ပြီးရင် အပြာရောင် ခလုတ်လေးကိုနှိပ်ပြီး Jailbreak လုပ်ပါ။
 

ဖုန်းကို Jailbreak လုပ်ပြီးတာနဲ့ ဖုန်းထဲမှာ Pangu App လေးရောက်နေပါလိမ့်မယ်။
 

ယင်း Pangu App ထဲကိုဝင်ပါ။ OpenSSH ဆိုတာကိုနှိပ်ပါ။
 

OpenSSH ကိုသွင်း ပြီးရင် ခုနက Installer ထဲက ဒုတိယခလုတ် “Run Install Cydia” ကိုနှိပ်ပေးလိုက်ရုံပါပဲ။ အောက်ပုံထဲကအတိုင်း သူ့ဘာသာသူ အလုပ်လုပ်နေပါလိမ့်မယ်။
 

ပြီးရင် မိမိတို့ရဲ့ iPhone/Pad/Pod touch ကို reboot ချပြီးပြန်တက်လာရင် Cydia ကိုသွင်းပြီးဖြစ်ပါလိမ့်မယ်။ ဂုဏ်ယူပါတယ်။ သင့်ရဲ့ iOS 8 တင်ထားတဲ့ iDevice ကိုအောင်မြင်စွာနဲ့ Jailbreak လုပ်ပြီးပါပြီ။

Ref: http://ukrainianiphone.com/forum/index.php?showtopic=39582

အားလုံးပဲ အဆင်ပြေကြပါစေ။
Thet Naing Soe (Myanmar Mobile App Store)
https://www.facebook.com/thetnaing.mmas 
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...