သွေးစွန်းသော မူဆလင်လူမျိုးတွေရဲ့ Ashura ခေါ် ကလေးငယ်တွေရဲ့ နဖူးဓားလှီးပေးတဲ့ ရိုးရာဓလေ့ အစဉ်အလာ အကြောင်း

Victor.PaaTung on 2014-11-17 16:50

Ashura ဆိုတာ Shi’a မူဆလင် ကလေးတွေ ရဲ့ နှဖူးကို ဓားနဲ့လှီးပေးတဲ့ ဘာသာရေး ဆိုင်ရာ ဓလေ့ထုံးတမ်း အစဉ်အလာ တစ်ခုပဲဖြစ်တယ်။

အိန္ဒိယနိုင်ငံ Mumbia မှာ အရေးကြီး ပွဲတော်ဖြစ်တဲ့ Ashura အတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ Shi’a မူစလင် အမျိုးသားငယ်လေးတွေရဲ့ အရေပြား လှီးခံရပြီးတဲ့နောက် Shi’a မူစလင်တွေက သူတို့ အပြစ်တွေ အားလုံး ပပျောက်သွားပြီလို့ မှတ်ယူပေး ကြပါတယ်။

Ashura ဟာ ပရောဖက်မိုဟာမက်ရဲ့ မြေး Husayn ibn Ali ကွယ်လွန်ခြင်းကို အမှတ်ရစေဖို့ ကျင်းပပြုလုပ် တဲ့ အခမ်းအနား တစ်ခုဖြစ်ပါတယ်။ အစ္စလမ်ပြက္ခဒိန်ရဲ့ (၁၀) ရက်မြောက်တဲ့နေ့မှာ ကျင်းပတဲ့ Ashura နေ့ ဟာ မူဆလင် နိုင်ငံအများစုရဲ့ နိုင်ငံတော် ရုံးပိတ်ရက် ဖြစ်လာခဲ့တယ်။ လူမျိုးနဲ့ ဘာသာရေး အသိုင်း အဝိုင်းတွေ ကလည်း ဓားတွေနဲ့ သံကြိုးတွေအသုံးပြီး အသားနာရတဲ့ ရိုးရာဓလေ့ အရပြုလုပ်တဲ့ ဝတ်ပြုခြင်းတွေ ပြုလုပ်လာပါတယ်။

Imam Hussain အဖြစ်လည်း သိရတဲ့ Husayn ibn Ali ဟာ လွန်ခဲ့တဲ့ အနှစ် (၁,၃၀၀) က Karbala စစ်ပွဲ အတွင်း သေဆုံးခဲ့သူဖြစ်တယ်။

ခေတ်အဆက်ဆက်က မူဆလင်တွေ ဓားလက်နက်တွေ ကိုင်ဆောင်ပြီး အချင်းချင်း ခုတ်ဖြတ် တိုက်ခိုက် ကြတာကြောင့် အရှေ့အလယ်ပိုင်းဒေသရဲ့ နိုင်ငံအများစုမှာရှိတဲ့ Shi’as မူဆလင်တွေဟာ ဒီအခမ်းအနား ကျင်းပပြုလုပ်နေစဉ် ကိုယ်ပေါ်သွေးပေကျံစေကြပါတယ်။

ဒီနှစ်မှာကျင်းပတဲ့ အဲဒီ အခမ်းအနားမှာတော့ အီရတ်နိုင်ငံက Shi’a ဘုရားဖူးတွေဟာ ISIS ရဲ့ ဗုံးခွဲ မှုတွေကြောင့် ဒဏ်ရာရ စစ်သား (၂) ဦးနဲ့ အရပ်သား (၁၁) ယောက် အပါအဝင် လူ (၃၅) ယောက် သေ ဆုံးစေခဲ့ပြီး ပျက်စီးနစ်နာမှုတွေ ကြုံတွေ့ခဲ့ကြရပါတယ်။

Source: Mirror
Trend Myanmar
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...