အမှောင်စွမ်းအင် နှင့် အနက်ထည် (၁)

၁၉၉၀ ခုနှစ်များ ဆီတုန်းက ကျနော်တို့ စကြ၀ဠာ ကြီးရဲ့ ပြန့်ကားနေမှု အကြာင်းကို အနည်းအကျဉ်း သာ သိရှိထားခဲ့ ကြတာပါ။ နောက်ပြီး စကြ၀ဠာ ရဲ့ ပြန့်ကားမှုကို ရပ်တန့် သွားစေမယ့် (သို့) ပြန်လည် ကျုံ့ဝင် သွားစေမယ့် လုံလောက်တဲ့ စွမ်းအင် (ဆွဲအား) တစ်ခု ရှိလိမ့်မယ်လို့ ခန့်မှန်း ထားခဲ့ကြပါတယ်။ တကယ်လို့သာ အဲ့ဒီ စွမ်းအင် ဟာ မလုံလောက်ဘူး ဆိုလျှင်တော့.. စကြ၀ဠာကြီး ရဲ့ ပြန့်ကားမှုဟာ ရပ်တန့်သွားမှာ မဟုတ်ပါဘူး..။ သီအိုရီအရ ဆိုလျှင်တော့ စကြ၀ဠာကြီးပြန့်ကားနေ မှုဟာ ယခုအချိန်မှာ နှေးကွေး သွားရတော့မှာပါ။ ဒါပေမယ့် ကျနော်တို့ ယခုအချိန်အထိ စကြ၀ဠာ ကြီးပြန့်ကားမှု နှေးကွေး သွားတာကို မတွေ့ရှိသေး ပါဘူး။

စကြ၀ဠာကြီးထဲမှာ ဒြပ်ဝထ္ထုတွေ အများကြီးနဲ့ ပြည့်နက်နေပြီး အဲ့ဒီ ဒြပ်တွေကို ဆွဲငင်အား တစ်ခုနဲ့ စုပေါင်း ထားပါတယ်။ ၁၉၉၈ ခုနှစ်မှာ ဟာဘယ် တယ်လီစကုပ်ကို အာကာသထဲ လွှတ်တင်ပြီး ဟိုးအဝေးကြီးက စူပါနိုဗာလို့ခေါ်တဲ့ ကြယ်ပေါက်ကွဲမှုများကို လေ့လာကြည့်လိုက်တဲ့အခါမှာတော့.. စကြ၀ဠာကြီးဟာ ယခင်တုန်းက ပိုမိုနှေးကွေးစွာ ပြန့်ကားခဲ့တယ်လို့ သုံးသပ်နိုင်ခဲ့ပါတယ်။

ဒါဆိုလျှင်.. စကြ၀ဠာကြီးရဲ့ ပြန့်ကားမှုဟာ ကျနော်တို့ ထင်ထားခဲ့ကြသလို.. ဆွဲငင်အားကြောင့် နှေးကွေး သွားနိုင်တာ မဟုတ်ဘူးပေါ့..။ သူက ပိုလို့တောင် ကျယ်ပြန့်လာနေတယ်ပေါ့..။ ဒါကို ကျနော်တို့ ဘယ်လိုမှ စဉ်းစားလို့ မရခဲ့ပါဘူး။ ဘယ်လိုမှလည်း ရှင်းမပြနိုင်ခဲ့ပါဘူး။ ဒါပေမယ့် တစ်စုံ တစ်ခု ကတော့ စကြ၀ဠာကြီး ကို ပြန့်ကားစေခဲ့ပါပြီ...။

အိုင်းစတိုင်းရဲ့ theoryက of gravity နိယာမကို အခြေခံလို့ စဉ်းစားကြည့်လျှင်တော့.. ကိန်းသေ သဘော တရားတစ်ခုခု စကြ၀ဠာမှာ ရှိကို ရှိရမှာပါ..။ ဒါမှမဟုတ် စကြ၀ဠာကြီးထဲမှာ ပြည့်နက်နေတဲ့ စွမ်းအင် အရင်းအမြစ်တစ်ခု ရှိနေရမှာပါ..။ ဒါမှလည်း စကြ၀ဠာကြီးက လိုသလို ပြန့်ကားနေနိုင်မှာပေါ့..။

အိုင်းစတိုင်းရဲ့ သီအိုရီမှာ လိုအပ်နေတဲ့ ကိန်းသေနေရာကို နောက်ပိုင်း သုတေသီများက နိယာမသဘော တရားတစ်ခု ထပ်ပေါင်းထည့်ကြည့်လိုက် ပါတယ်..။ ဒါပေမယ့်.. အဲ့ဒါဘာလဲဆိုတာကိုတော့ အတိအကျ ရှင်းမပြနိုင်သေးပါဘူး..။ သူ့ကို ကျနော်တို့ အမှောင်စွမ်းအင် (dark energy) လို့ ခေါ်ဆိုခဲ့ကြပါတယ်။

( အမှောင်စွမ်းအင် (dark energy) ကို မမြင်နိုင်သော စွမ်းအင်လို့ သတ်မှတ်စေချင်ပါတယ်။ အချို့က စကြ၀ဠာကြီး မှောင်နေလို့ အမှောင်စွမ်းအင်လို့ ခေါ်တာလားလို့ မေးဖူးလို့ပါ။ ။ စာရေးသူ)

အမှောင်စွမ်းအင် အကြောင်းကို ဆက်လက်ရေးသားပါဦးမည်။

https://www.facebook.com/enarget
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...