ပုဇွန်ဆိတ် ပဲပုပ် စပ်ဆီးစိမ်းအုပ်

***... ပုဇွန်ဆိတ် ပဲပုပ် စပ်ဆီး စိမ်းအုပ် အတွက် လိုအပ် တာလေးတွေ…

1. ကြက်သွန်ဖြူ  အတက်ကြီး – ၁၄ တက်
2. မစပ်သည့် ငရုတ်သီးစိမ်း အတောင့်ကြီး – ၆ တောင့်
3. စပ်သည့် ငရုတ်သီးစိမ်း အတောင့်သေး – ၁၅ တောင့် (သို့) စားနိုင်သလောက်
4. နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ
5. ဆီ – 1/2 cup (125 ml)
6. ၂ ပိုင်းဖြတ်ကာ ခပ်ကြီးကြီး လှီးထားသော ဂေါက်သီးအရွယ် ခရမ်းချဉ်သီး – ၃ လုံး
7. ကင်ထားသော (သို့) microwave ထဲ ၁ မိနစ်ခွဲခန့်ထည့်ကာ ကျက်အောင် လုပ်ပြီး ချေထားသော ပဲပုပ် အချပ်ကြီး – ၂ ချပ်
8. ခေါင်းမပါသော ပုဇွန်ဆိတ် – ကီလိုဝက် (500 g)
9. chicken powder – လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
10. ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်

ရောပြီး ထောင်းထားသော (သို့) ရောပြီး အရမ်း မကြေအောင် ကြိတ်ထားသော ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်း ကို နနွင်းမှုန့်၊ ဆီတို့နှင့်အတူ ဒယ်အိုးထဲ ထည့်ပြီး high heat ဖြင့် ၅ မိနစ်ခန့် မွှေကြော်ပေး ပါ။

ပြီးလျှင် ခရမ်းချဉ်သီးကိုထည့်ကာ ကြေပြီးနွမ်းသွားအောင် မွှေကြော်ပေးပါ။

ခရမ်းချဉ်သီးကြေသွားပြီးနောက် ပဲပုပ်၊ ပုဇွန်၊ chicken powder နှင့် ဆား ကိုထည့်ကာ ၃ မိနစ် ခန့် မွှေကြော်ပြီးလျှင် ဆိမ့်ဆိမ့်စပ်စပ် အရသာလေးနှင့် စားကောင်းလှသော ပုဇွန်ဆိတ် ပဲပုပ် စပ်ဆီးစိမ်း အုပ်လေး သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...