အားဖြည့် အချိုရည် သောက်သုံးခြင်းကြောင့် ကလေးငယ်များတွင် အသက်အန္တရာယ် ဖြစ်နိုင်

ရဲရင့်တည်၊ ရတနာပုံ သတင်းစာ

ကမ္ဘာတစ်ဝန်းရှိ အဆိပ် ထိန်းချုပ်ရေး ဋ္ဌာနများ၏ စစ်တမ်းအရ အားဖြည့် အချိုရည် များတွင် ပါဝင်သော ပစ္စည်း များကြောင့် သောက်သုံးသော ကလေး ငယ်များတွင် ကျန်းမာရေး ထိခိုက်မှု များဖြစ်နိုင်သည်ကို တွေ့ ရပြီး ဘေးထွက် ဆိုးကျိုး များကြောင့် ကလေးငယ်များတွင် အသက်အန္တရာယ် ပင်ဖြစ်နိုင်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စု၏ အဆိပ် ထိန်းချုပ်ရေးဋ္ဌာနတွင် ကောက်ခံထားသည့် စစ်တမ်းအရ ၂၀၁၀ မှ ၂၀၁၃ ခုနှစ်အတွင်း အားဖြည့်အချိုရည် သောက်သုံးပြီး ဘေးထွက်ဆိုးကျိုးခံစားခဲ့ရသည့် လူနာ ၅၀၀၀ ဦး ထက်မနည်း ရှိခဲ့ကြောင်း သိရသည်။ အဆိုပါလူနာ ၅၀၀၀ ဦးအနက် တစ်ဝက်ခန့်မှာ ကလေးငယ်များ ဖြစ်နေသည်ကို တွေ့ခဲ့ရပြီး အချို့ မှာ ၆နှစ်အရွယ်ခန့်သာရှိပြီး အားဖြည့်အချိုရည်များကို နှစ်ခြိုက်စွာ သောက် သုံး သူများ ဖြစ်ကြောင်း သိရသည်။ အဆိုပါစမ်းသပ်မှုကို ဦးဆောင်ခဲ့သူ ဆရာဝန် Steven Lipshultz သည် ၂၀၀၇ ခုနှစ်တွင် အားဖြည့်အချိုရည် သောက်သုံးသော ကလေးငယ်နှင့် လူကြီးများပါ အရေးပေါ် ဋ္ဌာန သို့ ရောက်ရှိလာပြီး လူနာများ တွင် နှလုံး၊ အသည်း နှင့်ဆိုင်သည့် ပြသနာများရှိနေခြင်း၊ တစ်ခါတစ်ရံ တက်ခြင်း၊ မူးဝေခြင်း ဖြစ်ကာရောက်ရှိ လာကြသဖြင့် ဆရာဝန် Lipshultz တို့မှာ ကမ္ဘာတစ်ဝန်းရှိ အဆိပ် ထိန်းချုပ်ရေးဋ္ဌာနများမှ အချက်အလက်များကို စုစည်းလေ့လာခဲ့ကြသည်။ ၂၀၁၁ ခုနှစ်တွင် အဆိပ် ထိန်းချုပ်ရေး ဋ္ဌာနများ၏ မှတ်တမ်းများအရ အားဖြည့်အချိုရည် များကြောင့် ဖျားနာသည့်လူနာများမှာ အဆမတန် ပို၍ များပြားလာကြောင်း ၊ အချို့ လူနာများမှာ သေဆုံးခဲ့ကြောင်း၊ ၂၀၁၀ နှင့် ၂၀၁၃ ခုနှစ် အတွင်း အမေရိကန် တစ်နိုင်ငံတည်းတွင် အားဖြည့်အချိုရည်သောက်သုံး၍ ဖျားနာသူ ၅၁၅၆ ဦးခန့်ရှိ ခဲ့ကြောင်း သိရသည်။ တက်ခြင်း၊ နှလုံးခုန်နှုန်း မမှန်ခြင်း၊ အန္တရာယ် ဖြစ်စေနိုင်လောက်အောင် သွေးပေါင် ချိန် မြင့်တက်ခြင်း စသည်တို့ မှာ လူနာအများစုတွင် တွေ့ရှိခဲ့ရသည့် လက္ခဏာများဖြစ်သည်။

အားဖြည့် အချိုရည်များတွင် သကြားပါဝင် မှုနှုန်းမြင့်မားပြီး ကော်ဖီတစ်ခွက်နှင့် ညီမျှသည့် ကဖင်းဓါတ်လည်း ပါဝင်ကြောင်း သိရသည်။ သို့သော် အားဖြည့် အချိုရည်များ၏ ထူးခြားချက် တစ်ခုမှာ သောက်သုံးသူတို့ကို အားပြည့် လန်းဆန်းစေသည့် ခံစားမှု ဖြစ်ပေါ်စေရန်အတွက် taurine, I-carnitine အစရှိသည့် ဓာတု ပစ္စည်းများ၊ သဘာဝ အမိုင်နိုအက်ဆစ်၊ ဂျင်ဆင် (တရုတ် တိုင်းရင်းဆေးဝါးတွင် အသုံးပြုသည့် ဆေးပင် တစ်မျိုး) စသည်တို့ အနက် အနည်းဆုံးတစ်မျိုး ခန့်ပါဝင်နေကြောင်း သိရသည်။

မိမိတို့အား ၀ယ်ယူသောက်သုံးရန် ကံစမ်းမဲများဖြင့် စွဲဆောင်နေသော အချိုရည်ဗူးများကို သောက်၍ မိမိ ကိုယ်ကို အန္တရာယ်ပြုမည့်အစား အမြန်ဆုံး လန်းဆန်းစေမည့် ကော်ဖီကောင်းကောင်း တစ်ခွက် ကို သောက်သုံးခြင်းမှာ အကောင်းဆုံး နည်းလမ်း ပင်ဖြစ်သည်ဟု ပညာရှင်များက ဆိုသည်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...