ကျန်းမာရေးကို ကောင်းကျိုးပြုတဲ့ အကျင့်ဆိုးလေးများ

ပုထုဇဉ် လူသားပီပီ အနည်းနဲ့ အများ ဆိုသ လို၊ ဖျောက်မရတဲ့ နေထိုင်မှုပုံစံ အကျင့်ဆိုးလေးတွေ ရှိတတ် စမြဲပါ။ အဲဒီ အကျင့်ဆိုးလေး တွေကဘဲ၊ အဆိုးထဲက အကောင်းဆိုသလို ကျမ္မာရေးကို တစ်ဖက် တစ်လမ်း မှ ကောင်းကျိုးပြုနေတယ် ဆိုရင် သင်ယုံနိုင်ပါ့မလား။ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့  ည ၉း၄၃နာရီတွင် Daily Health Tips (ခေါ်) အင်တာနက် သတင်းလွှာမှာ ဖော်ပြသွားတဲ့ “Bad habits for Good health” လို့ အမည်ရတဲ့ ကျမ္မာရေးဆောင်းပါး တစ်ပုဒ်ကို မျှဝေလိုက်ပါရစေ။

ပီကေ၀ါးခြင်း။

ပီကေ၀ါးခြင်းက၊ မှတ်ဥာဏ် အားကောင်းစေပါတယ်။ နောက်ပြီး ရှင်းလင်းရန် ခက်ခဲသော သွား အခေါင်းပေါက်ထဲရှိ အစာကြွင်း ကျန်များကိုလည်း ပီကေက ကလော်ထုတ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ပီကေ အဆက်မပြတ်ဝါးခြင်းက အစာစားချင်စိတ်ကို ချိုးနှိမ်ပေးလို့  ဗိုက်သိပ် မဆာတော့ဘဲ ၀လာမှာကို မစိုးရိမ်ရစေတော့ပါဘူး။

လေချဉ်တက်ခြင်း။

လူနေမှု အသိုင်းအ၀ိုင်းမှာ လေချဉ်တက်ခြင်းက ယဉ်ကျေးမှုမရှိတဲ့ အကျင့်ဆိုး တစ်ခုပါ။ သို့ သော် လေချဉ် တက်ခြင်းဆိုတာ ၀မ်းဗိုက်အတွင်း အစာချေဖျက်ပေးသော အင်္ဂါများထဲမှ မလိုလားအပ်သော လေအချဉ်များ အပေါ်သို့ ပြန်လည် ဆန်တက်လာတဲ့ အတွက်ကြောင့် ကျမ္မာရေးနဲ့  ညီညွတ်စေပါတယ်။

နံက်စာကို အိပ်ယာထဲ စားခြင်း။

အိပ်ယာထဲ အစာစားခြင်းက သန့် ရှင်းမှုမရှိတဲ့ အကျင့်ဆိုးကြီး တစ်ရပ်ပါ။ ဒါပေမယ့် ကုတင်ပေါ်မှာခေါင်းဦး မှီ၍ ခန္ဓာကိုယ် မတ်မတ် ထိုင်စားခြင်းက အစာကျေညက်စေတာကြောင့်၊ အစာမကျေရောဂါဖြစ်မှာ မစိုးရိမ် ရတော့ပါဘူး။

အိပ်ချိန်ကြာမြင့်ခြင်း။

အိတ်ပုတ်ကြီး (၀ါ) ကာလနဂါးလို့  ခေါ်ခံရပေမယ့်၊ ရက်သတ္တ ၁-ပတ်မှာ တစ်ရက်လောက် အဲဒီလိုကြာကြာ အိပ်စက်ခြင်းက မှတ်ဥာဏ်ရည် စွမ်းပကား တိုးတက်မြင့်မား လာစေပါတယ်။

ဂနာမငြိမ် အကြောဆွဲခြင်း။

အချို့ သူများဟာ စိတ်လှုပ်ရှား ပူပန်တဲ့အခါ တစ်ချက်တစ်ချက် အကြော ဆွဲလေ့ရှိပါတယ်။ တချို့ က သိသိ သာသာ အကြော ဆွဲသလို၊ အချို့ က မသိမသာ အကြောဆွဲတတ်ပါတယ်။ ဒါကလည်း အကျင့်ဆိုးများထဲ မှ ကောင်းကျိုးတစ်ခုပါဘဲတဲ့။ ဦးနှောက် ကိုပြေလျော့စေတဲ့လေ့ကျင့်ခဏ်းဖြစ်လို့  သင့်ကိုနိုးကြား တက်ကြွ လာစေတဲ့ခံစားမှုဖြစ်စေပါတယ်။

တံတွေးထွေးခြင်း။

လူမြင်ကွင်းမှာ တံတွေးထွေးထုတ်ခြင်းက မနှစ်မြို့ စရာ၊ စက်ဆုပ်ဖွယ်ဖြစ်ပါတယ်။ သို့ သော် တံတွေး ထွေး ထုတ် လိုက်တဲ့အခါ လည်ချောင်းရှင်းပြီး၊ အသက်ရှုဖို့  ပိုမိုလွယ်ကူ သွားနိုင်ပါတယ်။ အထူးသဖြင့် ချမ်းအေး တဲ့ ရာသီဥတုများမှာ တံတွေး တပျစ်ပျစ် ထွက်လေ့ရှိပြီး၊ အသက်ရှုရ ခက်ခဲတတ်ပါ တယ်။ အဲဒီအခါမျိုးမှာ တံတွေးထွေးပြီးနောက်၊ ရေအနည်းငယ် သောက်ခြင်းဖြင့် လည်ချောင်းရှင်းကာ အသက်ရှုလမ်းကြောင်း ပွင့်သွားစေပါတယ်။ (ဒီနည်းက ပြေးခုန်ပစ် အားကစားသမားများအတွက် အသုံးဝင် ပါ တယ်တဲ့)

လက်ဆစ်ချိုးခြင်း။

လက်ဆစ် ချိုးလိုက်တဲ့အခါ အရိုးဆက် ၂-ခုကိုယာယီ ဆွဲဆန့် ခွာလိုက် သလိုဖြစ်တာကြောင့်၊ အရွတ်၊ ကြွက်သားနဲ့  အရိုးဆစ်များ တောင့်တင်းမှုကို ဖြေလျော့ ကုထုံးသဖွယ် ကောင်းကျိုးသက်ရောက်မှု ရှိစေပါ တယ်။

လက်သည်းကိုက်ခြင်း။

လူတစ်ရာမှာ ၁၅ ဦးခန့်  လက်သည်းကို ပါးစပ်နဲ့ ကိုက်လေ့ ရှိကြပါတယ်။ အဲဒီလို လက်သည်းကိုက်ခြင်းက ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မား လာစေတယ်ဆိုတာ မယုံမရှိကြပါနဲ့ ။

(ပေါက်ပေါက်…မျှဝေသည်)

(မှီငြမ်း။ Internet@Daily Health Tips )
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...