အလင်း၏ အလျင်ဖြင့် အချက်အလက် ပေးပို့သည့် ကွန်ပျူတာများ ထွက်ပေါ်တော့မည်

ရဲရင့်တည်

လျှပ်စစ် စွမ်းအင် အသုံးပြုသည့် ကွန်ပျူတာများ ကို နောင် ဆယ်နှစ်အတွင်း အလင်း စွမ်းအင်သုံး ကွန်ပျူတာများ အဖြစ်ပြောင်းလည်း ပြုလုပ်သွားရန် ပညာရှင်တစ်စုက ကြိုးပမ်းလျက် ရှိသည်။ ၄င်းတို့ သည် ကွန်ပျူတာ အတွင်း ဒေတာ အပေးအယူ လှုပ်ရှားနိုင် ရန်အတွက် အလင်းဖြင့် အချက် အလက်ပေး ပို့သော စနစ်တစ်ခုကို တီထွင်နိုင် ခဲ့သည်။

လက်ရှိ အသုံးပြုနေသည့် ကွန်ပျူတာများက အချက်အလက်ပေးပို့ ရာတွင် အီလက်ထရွန်ဖြင့် ပေးပို့ပြီး ယင်းအချက် အလက်များက မိုက်ခရိ ပရိုဆက်ဆာများ၊ ဒေတာ သိုလှောင်နိုင်သည့် စက်ပစ္စည်းငယ်များ အတွင်းသို့ နာနိုအရွယ်အ စားရှိသော ၀ိုင်ယာကြိုးမျှင်များဖြင့် သယ်ယူပို့ဆောင်သည်။ Moore နိယာမအရ ယခုအသုံးပြုနေသည့် ကွန်ပျူတာများ၏ ပါဝင်ပစ္စည်းများကို လက်ရှိထက် ပို၍သေးငယ်အောင် ဖန်တီး၍ မရတော့သဖြင့် ကွန်ပျူတာ များသည်လည်း လက်ရှိထက် ပို၍မြန်ဆန်နိုင်မည် မဟုတ်ကြောင်း သိရသည်။

ထို့ကြောင့် ပညာရှင်များက အီလက်ထရွန်အစား အလင်း၏ ဖိုတွန်များဖြင့် အချက်အလက်ပေးပို့နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ အင်တာနက်မှ အချက်အလက်များရယူခြင်း၊ ပေးပို့ခြင်းတို့ လုပ်ဆောင် ရာတွင်လည်း အလင်း ဖြင့် အချက်အလက်ပေးပို့သည့် စနစ်ကို အသုံးပြုသဖြင့် အင်တာနက်၏ အလုပ်လုပ်ပုံကို အခြေခံ၍ ပညာရှင်များက ကွန်ပျူတာတွင် အလင်းဖြင့် ဒေတာပေး ပို့ခြင်းစနစ်ကို အသုံးပြုရန် ယခင်ကစမ်းသပ်ခဲ့ရာ အမဓါတ်ကို မထုတ်လုပ်နိုင်ခဲ့ သဖြင့် ၄င်းတို့၏တီထွင်မှုက မအောင်မြင်ခဲ့ပေ။ ယခုအခါတွင် Richard Curry ဦးဆောင်သော ပညာရှင် တစ်ဖွဲ့သည် အလင်းကို ထိန်းချုပ်၍ အသုံးပြုကာ ကွန်ပျူတာတွင် အချက် အလက်ပေး ပို့ရာတွင် အသုံးပြုနိုင်မည့် ပစ္စည်းတစ်မျိုးကို စမ်းသပ်တွေ့ရှိ ခဲ့သည်။

Richard Curry တို့၏ အဖွဲ့သည် CD, DVD များ တွင်တွေ့ရသော chalcogenide ဟုခေါ်သည့် ဖန်တစ်မျိုးကို လက်ရှိ ကွန်ပျူတာစနစ်နှင့် တွဲဘက် အသုံးပြုနိုင်ရန် ပြုပြင် ပြောင်းလဲမှု အနည်းငယ် လုပ်ဆောင်ခဲ့သည်။။ Chalcogenide ဖန်အမျိုးအစားသည် ကျယ်ဝန်းသော bandwidth အတိုင်းအတာအထိ အလင်းကူးနိုင် သဖြင့် ရွေးချယ်ခဲ့သော်လည်း အလင်းကူးရာတွင် chalcogenide က သဘာဝအရ အဖိုဓာတ်သာ ထုတ် လုပ် ပေးနိုင်သောကြောင့် ကွန်ပျူတာ နည်းပညာနှင့် တွဲဘက်အသုံးပြုနိုင်ရန် Richard တို့၏အဖွဲ့က ဖန်သား ကို bismuth ဒြပ်စင်၏အိုင်းယွန်း ဓါတ်ဖြင့်စိမ်ကာ အမဓါတ်ကိုအောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။ သို့ရာ တွင် ၄င်းတို့၏ ဖန်သားတွင် အဖိုနှင့်အမဓါတ် ကူးနိုင်ပြီဖြစ်ကာ ကွန်ပျူတာတွင် အချက်အလက်ပေး ပို့ခြင်းကို အလင်းဖြင့် လုပ်ဆောင်နိုင်ပြီး ကွန်ပျူတာ အသုံးပြုရာတွင် မူလထက် အဆပေါင်းများစွာ ပို၍မြန်ဆန် လာ မည်ဖြစ်ကြောင်း သိရသည်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...