သင့်ခန္ဓာကိုယ်က ပြောသော သင့်ကျန်းမာရေး အခြေအနေ

သမန်းကျား၊ ရတနာပုံ သတင်းစာ။

သင့်ခန္ဓာ ကိုယ်ဟာ ကိုယ်တွင်းမှာ ဘာဖြစ်နေသလဲ ဆိုတာကို နိမိတ် လက္ခဏာ အမျိုးမျိုးနဲ့  ပြနေပါ တယ်။ အမှတ်တမဲ့ နေမယ်ဆိုရင် မသိသာပေမယ့် နဲနဲလေး ဂရုစိုက်ကြည့်မယ် ဆိုရင်တော့ သင့်ကိုယ် သင် ဆရာဝန် တစ်ဦးပမာ ပြုစု စောင့်ရှောက် တတ်လာမှာပါ။

ဝမ်းချုပ်နေသလား။ သင့်ဝမ်းဗိုက် တင်းနေတယ် ဆိုရင် ၀မ်းချုပ်တဲ့ လက္ခဏာပါ။ ဂရုစိုက်ရမှာက သာမန် ၀မ်းချုပ် တာမျိုး ဖြစ်နိုင်သလို အူနံရံတွေမှာ အညစ်အကြေးတွေ ကာလရှည်ကြာ ကပ်တွယ်နေတာ လည်း ဖြစ်နိုင်ပါတယ်။ ၀မ်းဗိုက် အမြဲတင်းနေမယ်၊ ညောင်းညာ ကိုက်ခဲမှုတွေ များနေမယ်၊ သွေးတိုးတာ မျိုးဖြစ်နေမယ် ဆိုရင် အူနံရံမှာ ပြစ်ချက် ရှိနေပါပြီ။

ဓါတ်မတည့်တာဖြစ်နေသလား။ သင့်မျက်လုံးတွေမို့ မယ်၊ နဖူး၊ ပါးနဲ့ မေးရိုး တ၀ိုက်မှာလည်း ဖောယောင် သလို ဖြစ်နေမယ်၊ သင့်မျက်နှာပေါ်က တစ်ရှုးတွေဟာ တစ်နေရာနဲ့ တစ်နေရာ မတူတော့ဘူးဆိုရင် သင်ဟာ မတည့်တဲ့ အစားအစာ၊ ဆေးဝါးတစ်မျိုးမျိုးကို စားသုံးမိလို့ ပါပဲ။ သေချာသွားအောင် သားမြတ်ခေါင်းနဲ့  ချိုင်းကြားတွေကိုလည်း စစ်ကြည့်လိုက်ပါ။ ယောင်နေတယ်ဆိုရင် သေချာပါပြီ။

တင်ပလ္လင်ခွေပြီး အထိုင်များနေသလား။ တင်ပလ္လင်ခွေပြီး ထိုင်တာ၊ ခြေထောက်ကို တစ်နည်းနည်းနဲ့  ချိတ်ထိုင်တာ တွေဟာ တင်ပဆုံ ကြွက်သားတွေကို ဖိအား သက်ရောက်တဲ့ အတွက် ခါး၊ ပေါင်နောက် ကြွက်သားတွေကို နာကျင် စေပါတယ်။ တင်ပလ္လင်ခွေတာ၊ ခြေထောက်ကို ချိတ်ထိုင်တာ၊ ခြေထောက်ကို ဆင်းထားပြီး ခြေမျက်စိနားလေးမှာပဲ ချိတ်ထားတာကအစ တင်ပဆုံကို ထိခိုက်စေပြီး သွေးလည်ပတ်မှုနှုန်း ကိုလည်း အနှောက်အယှက် ဖြစ်စေပါတယ်။

အရေပြား ကင်ဆာဖြစ်တော့မှာလား။ ကျော၊ တင်ပဆုံ၊ ဒူးခေါင်း တို့ ရဲ့ အနောက်မှာ အနီရောင် အစက် အပျောက် တွေ ဖြစ်ပေါ်နေတယ်ဆိုရင် အရေပြားကင်ဆာဖြစ်မယ့် လက္ခဏာဖြစ်ပါ တယ်။ စောစောတွေ့ လေ  ကိုယ့်အသက် အန္တရယ်ကို ကာကွယ်ဖို့ အချိန်ရလေဖြစ်တဲ့ အတွက် မှန်ကိုပိုပြီး ပညာသားပါစွာ အသုံးချပါ။

ခေါင်းအုံး အသစ်လဲဖို့ လိုနေပြီလား။ ကိုယ့်အတွက် အဆင်အပြေဆုံး ခေါင်းအုံး တစ်လုံးကိုရဖို့ ဆိုတာ မလွယ်လှပါ ဘူး။ ညအိပ်စက်ချိန်မှာ ကျောရိုး အနေအထားမှန်ကန်ဖို့  အရေးကြီး လှပါတယ်။ သင့်ပုခုံးဟာ နားနဲ့ လာထိနေပြီ ဆိုရင် ခေါင်းအုံးနိမ့်နေပါတယ်။ ခေါင်းက အောက်ဘက်ကိုစောင်းသည်ဖြစ်စေ၊ အပေါ် ဘက်ကိုစောင်းသည်ဖြစ်စေ ခေါင်းအုံးမှားနေပါတယ်။ ဒါ့အပြင် မှောက်အိပ်တာမျိုး မလုပ်ပါ နဲ့ ။ ကျောရိုး နဲ့ လည်ပင်းရိုးကို ဒဏ်ဖြစ်စေပါတယ်။ ပလက်၊ တစ်စောင်း အိပ်ပါ။ ဒူးခေါင်းနဲ့  လက်မောင်းအောက် မှာ ခေါင်းအုံးလေးတွေ ခုပြီး အိပ်ကြည့်ပါ။

ခါးနာတတ်သလား။ သင်လဲလျောင်းတဲ့အခါ တင်ပဆုံနှစ်ဖက်ကို တစ်ညီတည်း မချနိုင်ဘူးဆိုရင် သင်ဟာ ခါးနာတတ် သူပါ။ အထိုင်များတဲ့သူတွေ၊ ခန္ဓာကိုယ် အနေအထား မမှန်မကန်နေသူတွေမှာ အဖြစ်များပါ တယ်။ ဗိုက်ရွှဲတဲ့သူတွေ ဟာလည်း အဲဒီဗိုက်အလေးချိန်ကို အမြဲပင့်တင် ထားရတဲ့အတွက် ခါးနာတတ် ပါတယ်။

စိတ်ဖိစီးမှု များနေသလား။ စကား တစ်အားပြောတဲ့ သူတွေ၊ နားပါလို့ ပြောတာကို မနားနိုင်တဲ့ သူတွေ ဟာ စိတ်ဖိစီးမှု များနေလို့ ပဲပေါ့။ ချွေးစေးတွေပြန်နေမယ်၊ အာပုပ်နံ့  ထွက်နေမယ်ဆိုရင် သင်စိတ်ဖိစီးမှု ရှိနေပါတယ်။ (၅)မိနစ် လောက် နားပေးလိုက်လို့  ကမ္ဘာကြီး ပျက်မသွားပါဘူး။ အဲဒီ (၅) မိနစ် ဆိုတာ ကလည်း စကားမပြော၊ မျက်စိမဖွင့်၊ အသက်ကိုသာ အ၀ရှုပြီး နားလိုက်တာမျိုး ဖြစ်သင့်ပါတယ်။

ကွန်ပျူတာသမားလား။ ခါးကိုဆန့် ထားပြီး ပခုံးရှေ့ ငိုက်နေတဲ့လူဟာ ကွန်ပျူတာသမားဖြစ်ဖို့ များပါတယ်။ ထိုင်တဲ့ အခါ တစ်ခြမ်းစောင်း ထိုင်တယ်ဆိုရင် သေချာသလောက် ရှိနေပါပြီ။ စက်ရှေ့ ထိုင်နေရင်း ညောင်း လာရင် ကျောကို တည့်တည့်ထားပြီး ပခုံးနှစ်ဖက်ကို နားရွက်နဲ့ ထိအောင် ညှစ်တွန်းပေးပါ။ ၅-၁၀ စက္ကန့် လောက် ထိန်းထားပြီး အသက်ရှူထုတ်ရင်း လွတ်ချပေးပါ။ မကြာမကြာလုပ်ပေးပါ။ ကီးဘုတ်ကို လက်နှစ်ဖက်နဲ့  စုံကိုင်ပြီး ကားကို နောက်ဆုတ်တဲ့အခါ လှည့်ကြည့်သလို ကြည့် ပေးတာလည်း အကျိုးရှိ ပါတယ်။

မက်ဆေ့အပို့ များသူလား။ ပခုံးတင်းပြီး ဇက်ကြောတက်တယ်လို့  မကြာခဏ ညဉ်းညူနေမယ်ဆိုရင် မက်ဆေ့ပို့ တာ လျော့ပါလို့  ပြောရမှာပါ။ ဈာန်ဝင်သွားတဲ့အခါ ဖုန်းကို အကြာကြီး ငုံကြည့်မိတဲ့အတွက် ဇက်ကြော တက်နိုင်သလို အိပ်ယာမှာ ပက်လက်လန်အိပ်၊ လက်ဆန့် တန်းပြီး မက်ဆေ့ပို့ တဲ့ အတွက်လည်း ဇက်ကြော တင်းနိုင်သေးပါတယ်။ တစောင်းအိပ်ပြီး မက်ဆေ့ပိုရင်တော့ လက်ပြင်ကြောငုပ်နိုင်ပါသေးတယ်။

အရည်ဓါတ် ခမ်းခြောက်နေသလား။ တစ်ရက်ကို ရေအနည်းဆုံး (၈)ခွက် မသောက်မိဘူးဆိုရင် အရည် ဓါတ် ခမ်းခြောက်နိုင်ပါတယ်။ သူငယ်ချင်းတွေက သင့်ကျောပြင်ကို အမှတ်တမဲ့နှိပ်ပေးလိုက်တဲ့အခါ နာကျင် သွားမယ်၊ မခံနိုင်ဘူးဆိုရင် အရည်ဓါတ် ခမ်းခြောက်နေတဲ့ လက္ခဏာ ဖြစ်ပါတယ်။ အထူးသဖြင့် အနှိပ်နှယ် ခံပြီးရင် ရေကို ပိုသောက်ပေးဖို့  လိုအပ်ပါတယ်။

သင့်အလုပ်ကြောင့် ခန္ဓာကိုယ်ကို ထိခိုက်နေသလား။ ဆေးသုတ် သမားတွေဟာ လှေကားပေါ်မှီပြီး အရပ်များတဲ့ အတွက် သူတို့ ရဲ့ ညို့ သကျဉ်းဟာ သာမန်လူတွေလို ခုံးမနေပဲ ခွက်ဝင်နေတတ်ပါတယ်။ သွားစိုက် ဆရာဝန်တွေ လည်း တစ်နေကုန် ကုန်းပြီးသွားတွေ စစ်ဆေးနေရတဲ့အတွက် ခါးနာပြီး စိတ်လက် မကြည်မသာ အဖြစ်များကြ ပါတယ်။

နွေးနွေးထွေးထွေး မနေဘူးလား။ ဆောင်းတွင်းမှာ သိပ်အေးတဲ့အခါ လူတွေဟာ သဘာဝ အလျောက်ကို ပခုံးနဲ့ နား နီးကပ်အောင် နေကြပါတယ်။ ဒီလိုနေတာကြာလာတော့ ပခုံး၊ ဇက်ကြောတွေ တင်းတာပေါ့။ ဒါကြောင့်လည်း သွေးတိုးသမားတွေက ဆောင်းတွင်းမှာ သွေးပိုတိုးတာဖြစ်ပါတယ်။ မာဖလာမှန်မှန် စည်းပေးလိုက်ရင် အဲဒီအကျင့် ပျောက်သွားမှာပါ။

ဆေးလိပ်အသောက်များနေပြီလား။ ဆေးလိပ်သောက်ခြင်းကြောင့် သင့်ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေပြီဆိုရင် သင်ဟာ အသက်ကို ခပ်ပြင်းပြင်း ရှူနေရပါလိမ့်မယ်။ အနှိပ်အနယ် ခံတဲ့အခါ အသက်ရှူ မ၀ပါဘူး။ ဒါကြောင့် ဆေးလိပ်သမားတွေဟာ အနှိပ် မခံချင်ကြပါဘူး။ သင်ဟာ အိပ်ပျော်တဲ့အခါမှာ သာမန် လူထက်လည်း ပိုဟောက် ပါတယ်။ ဆေးလိပ်လျော့သောက်သင့် ပါပြီ။

ကျန်းမာရေး အပြေးလေ့ကျင့်သူလား။ သင့်ခါး၊ တင်ပဆုံနဲ့  ခြေဖနောင့် အရွတ်တွေဟာ တင်းပြီးနာနေ ပါလိမ့်မယ်။ သင် မပြေးခင် သွေးပူလေ့ကျင့်ခန်း မလုပ်သလို မာရသွန်ပြေးတဲ့ အတိုင်း မနားတမ်းပြေး မိလို့ ဖြစ်နိုင် ပါတယ်။ ကျန်းမာရေး အတွက် ပြေးရာကနေ မကျန်းမာရေး ဖြစ်သွားနိုင်တဲ့ အတွက် ခြေလှမ်း ၂၀၀ လမ်းလျှောက်၊ ခြေလှမ်း ၂၀၀ ပြေးတာဟာ သင့်တော်တဲ့ ကျန်းမာရေးပြေးနည်း ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် နိစ္စဓူဝ ဖြတ်သန်းရတဲ့နေ့ ရက်တွေမှာ ကိုယ့်ခန္ဓာကိုယ်တွင်း ကိုယ်ပမှာ ဘာတွေဖြစ်နေ သလဲဆိုတာကို အနည်းအကျဉ်းတော့ သိလာနိုင်မှာပါ။ သိရုံနဲ့ မပြီးသေးပါဘူး၊ အဲဒီဒဏ်တွေကို လျော့ချ ဖို့  နေထိုင်မှုပုံစံ၊ အစားအစာ နဲ့  စိတ်နေ သဘောထားတို့ ကို ပြုပြင်ပေးဖို့  လိုအပ်ပါသေးတယ်လို့  လေ့ လာရေးသား တင်ပြလိုက် ရပါတယ်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...