သွားဝါခြင်းအကြောင်း သိကောင်းစရာများ

လူတစ်ယောက်ရဲ့ အလှအပကို ဆုံးဖြတ်ပေးတဲ့ အလှအပတွေ ထဲမှာ သွားဟာလည်း အခန်းကဏ္ဍ တစ်ခုမှ ပါဝင်လျက် ရှိပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် သွားချွတ်ရတဲ့ အခါမျိုးမှာပင် အံသွား ကဲ့သို့ လူမမြင်နိုင် သည့် သွားများမှ လွဲပြီး ရှေ့ပိုင်း သွားများ ဆိုပါက မိမိ၏ ရုပ်ရည်ရူပကာကို လွန်စွာ ထိခိုက်စေနိုင်တာကို ပရိတ်သတ်များ သတိပြုမိ လိမ့်မယ် ထင်ပါတယ်။

ဒါ့အပြင် သွားချွတ် ထားရသည် မဟုတ်သော်လည်း သွား၏ အရောင်မှာ အဖြူရောင် မဟုတ်ဘဲ အဝါရောင် ဘက်သို့ဖြစ်နေ ပါကလည်း တခြား လူများ၏ အမြင်မှာ တင့်တယ်မည် မဟုတ်ဘဲ လူပုံအလယ် စကားပြော သည့် အခါတိုင်း မိမိကိုယ်ကို ယုံကြည်မှု မရှိဘဲ အခက်ခဲများ တွေ့ကြုံရသည်ကို ပရိတ်သတ်များက သတိပြုသင့် ပါတယ်။ ပုံမှန် သွားတိုက်ခြင်းဖြင့် သွားကို ပုံထိန်သိမ်းကြသော်လည်း ၎င်းထိန်းသိမ်း နည်းဟာ အမှန်စင်စစ် သွားများ အဝါရောင်သို့ ပြောင်းလဲခြင်းကို ထိရောက်စွာ ထိန်းသိမ်းနိုင်မှာ မဟုတ်တာကြောင့် ဘာကြောင့် သွားများဝါရသည်နှင့် မည်သည့် အပြုအမူတွေက သွားအဝါရောင်သို့ ပြောင်းလဲခြင်းကို ဖြစ်ပေါ်စေသလဲ ဆိုတာ သိရှိထားဖို့ လိုအပ်ပါတယ်။ သွားဝါရခြင်း၏ အကြောင်းရင်းများ များစွာရှိသည့် အနက် မိမိတို့ စားသုံးသော အစားအစာများက သွားဝါခြင်းကို အထိရောက်ဆုံး ဖြစ်စေတာကြောင့် ယခုဆောင်းပါးကနေ ဖော်ပြေပေး လိုက်ပါတယ်။

သွား ဘာကြောင့် ဝါရသလဲ ?

သွားအဝါရောင်ပြောင်းလဲ ရခြင်း၏ ပထမဦးဆုံးအချက်မှာ မိမိတို့စားသုံးသည့် အစားအစာအချို့မှ သွားကို အရောင်စွန်းထင်းသော ဓါတ်များကြောင့်ဖြစ်သည်။ ဒုတိယအချက်မှာ အစားသောက် အချို့တွင် ပါဝင်သော အက်ဆစ်ဓါတ် များကြောင့် သင့်သွား၏ အဖြူရောင် အလွှာဖြစ်သည့် White enamel coating ကို ပျက်စီး မှုဖြစ်ပေါ်စေသောကြောင့်ဖြစ်သည်။ ဆိုဒါတွင် သွား၏ အဖြူရောင်အလွှာကို ပျက်စီးမှုဖြစ်ပေါ်စေသည့် အက်ဆစ်ဓါတ်များ အဓိက ပါဝင်ပြီး ပုံမှန် သောက်သုံးသည့် အလေ့ကျင့် ရှိသူသည့် သွား၏ အပြင်ဘက်ဆုံး အလွှာကိုပျက်စီးမှုပိုမိုဖြစ်ပေါ်စေနိုင်သည်။

အဖြူရောင်ရှိသည့် သွား၏ White enamel coating အလွှာ ပျက်စီးဆုံးရှုံးသွားပါက ၎င်း၏အောက်ဖက်ရှိ အလွှာဖြစ်သော အရောင်အားဖြင့် အဝါရောင်ရှိသည့် dentin အလွှာပေါ်လာပြီး သွားဝါခြင်း ကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ ဒါကြောင့် အသက်ရွယ် ကြီးရင့်သူများက ငယ်ရွယ်သူ များနှင့်နှိုင်းယှဉ်မည် ဆိုပါက သွားဝါခြင်းကို ပိုမိုဖြစ်ပွားခြင်းဖြစ်သည်။

သွားဝါခြင်းကို ဖြစ်ပေါ်စေသော မိမိတို့နေ့စဉ် စားသောက် လျက်ရှိသည့် အစားသောက်များမှ ၅ မျိုး

ဘလက်ကော်ဖီ

ဘလက်ကော်ဖီများဟာ သွားကို အရောင်ထင်း ဆိုးစေနိုင်သည့် အစားအစာများထဲမှ စွမ်းအားကြီးသော အစားအစာ တစ်ခုဟု ဆိုနိုင်သည်။ သင့်ရဲ့ သွားမျက်နှာပြင်မှာ အပေါက်ငယ်လေးများ များပြား စွာဖြစ်ပေါ်နေသည့် အချက်ကအစား စားချိန်တိုင်း အစားစာများမှာ ပါဝင်သည့် ဓါတ်များကို သွားအတွင်းသို့ အလွယ်တကူ ဝင်ရောက်စေနိုင်သည်။ အရောင်းသွေး ပါဝင်သည့် အစားအစာများ အထူးသဖြင့် ဘလက်ကော်ဖီ ကဲ့သို့ အစားစားများကို စားသောက်လိုက်ခြင်းက သွား၏ အရောင်ကိုပါပြောင်းလဲ သွားနိုင်တာကြောင့် ပရိတ်သတ်များက သတိပြုသင့်ပါတယ်။ သို့သော်လည်း သွားအရောင်ပြောင်းလဲမှာ စိုးရိမ်လို့ ဘလက်ကော်ဖီ သောက်ခြင်းကို ရပ်တန့်လိုက်ဖို့ မလိုအပ်ပါဘူး။ မိမိတို့ သောက်သုံးသော
ဘလက်ကော်ဖီမှာ နွားနို့အနည်းငယ် ပေါင်းထည့်ခြင်းအားဖြင့် သွားအရောင် ပြောင်းလဲခြင်းကို လျော့ချနိုင် သလို နွားနို့တွင် ပါဝင်သည် ဗိုက်တာမင် ဒီအစွမ်းသတ္တိကြောင့် အရိုးဆစ် ခိုင်မာခြင်းဆိုသည့် ကျန်းမာရေး ရလဒ်ကိုပါ ခံစားနိုင်ကြပါတယ်။

လက်ဖက်ရည်


မြန်မာနိုင်ငံနိုင်ငံသားမှာ နှစ်ခြိုက်စွာ သောက်သုံးကြတဲ့ လက်ဖက်ရည်သည်လည်း ဘလက်ကော်ဖီ ကဲ့သို့ပင် သွားကို အရောင် ထင်းဆိုးစေသည့် အစားသောက်များ စာရင်းဝင် တစ်ခုဖြစ်သည်။ သို့သော်လည်း ဆိုးရွားစွာ အရောင်းစွန်းထင်းမှုများ မဖြစ်စေတာကြောင့် သောက်သုံး သင့်ပါတယ်။ လက်ဖက်ရည်မှာ ပါဝင် သည့် tannins ဓါတ်က သွားကို အရောင် ထင်းစိုးထင်းစေသည့် အချက်ကြောင့် ကျန်းမားရေး အတွက် ကောင်းကျိုး များစွာဖြစ်စေသည့် လက်ဖက်ရည်ကို မစွန့်လွှတ်သင့် ပါဘူး။ လက်ဖက်ရည် အမျိုးစား အမျိုးအမျိုးရှိတာကြောင့် အရောင်ရင့်သော လက်ဖက်ရည်များထက် အရောင်သွေးဖျော့သော လက်ဖက်ရည် များကို သောက်သုံးခြင်းဖြင့် သွားအရောင်ပြောင်းလဲခြင်းကို ကာကွယ်နိုင်ကြပါတယ်။

ဝိုင်အနီ

ဝိုင်အနီဟာ သင့်ရဲ့ နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်သလို အယ်ဇိုင်းမား ရောဂါနှင့် အခြားရောဂါ အချို့ကို ကာကွယ်ရာမှာ လွန်စွာ အသုံးဝင် လှသော်လည်း သင့်ရဲ့ သွားအပေါ် သက်ရောက်မှု ကတော့ ကောင်းကျိုး မဖြစ်ထွန်းစေပါဘူး။ ဝိုင်အနီ တစ်ခွက်လောက်ကို သောက်သုံးပြီး မှန်ရှေ့မှာ သွားစေ့ ကြည့်လိုက်ပါက ဝိုင်အနီရဲ့ သွားအပေါ် သက်ရောက်မှုကို ပရိတ်သတ်များ သိရှိပါလိမ့်မယ်။ သို့သော် သွား ဝါခြင်းကြောင့် အကောင်းစား ဝိုင်အနီပုလင်းကို အမှိုက်ပုံးထဲ မထည့်မီ သတင်းပေးလိုသည်က ပြုပြင် မှု ပြုလုပ်ထားသည့် ဝိုင်များက သွားအရောင် စွန်းထင်းခြင်းကို လျော့ကျစေနိုင်ကြောင်း သက်သေပြချက် အချို့က ပြောထားပြီး အချို့လေ့လာမှုများက သွားအရောင် စွန်းထင်းခြင်းကို ပြုပြင်ထားသည့် ဝိုင်များ က ကောင်းစွာ မကာကွယ်နိုင်ကြောင်းကိုလည်း ထုတ်ပြန်ထားကြပါတယ်။ အကောင်းဆုံးနည်း လမ်းတစ်ခု အနေဖြင့် ကျန်းမာရေးကို ကောင်းကျိုးဖြစ်စေသည် ဝိုင်အနီကို သောက်သုံးပြီးသည့် အခါတိုင်း ရေတစ် ခွက်ဖြင့် ပလုပ်ကျင်းခြင်းအားဖြင့် သွားအရောင် စွန်းထင်းခြင်းကို ကာကွယ်နိုင်ကြပါတယ်။

ကိုလာ

ယနေ့ခေတ် လူအများစု တွင်ကျယ်စွာ သောက်သုံး လျက်ရှိတဲ့ ကိုလာ အချိုရည်မှာ သွားကို အရောင်ထင်း ဆိုးရွားစေသည့် ဆိုဒါဓါတ်များ များပြားစွာ ပါဝင်ပါတယ်။ အလွန်အမင်း အေးနေသော (သို့မဟုတ်) ပူနေသော ဆိုဒါကို သောက်သုံးခြင်းသည် သွား၏ ထုထည်ကို ကျုံ့သွားစေနိုင်ပြီး သွားပေါက်များ အတွင်းသို့ အရောင်များ ပိုမိုစွန်းထင်းစေနိုင်သည်။ ဒါ့အပြင် ကိုလာတွင် ပါဝင်သည့် ဖော့ဆဖောရစ် အက်ဆစ်ဓါတ်နှင့် ဆစ်ထရစ် အက်ဆစ်ဓါတ်များက သွား၏ အပေါ်ယံလွှာ enamel ကို ပျက်စီးစေပြီး စေနိုင်တာကြောင့် သတိပြုသင့်ပါတယ်။

ခရမ်းချဉ်သီးဆော့

လူအများစုနှစ်သက်သည့် ခရမ်းချဉ်သီးဆော့ဟာ သွားကို အရောင်ထင်း ဆိုးရွားစေနိုင်တာကို သတိပြုသင့် ပါတယ်။ အသားများ (သို့မဟုတ်) ဟင်းလျာများနှင့် ခရမ်းချဉ်သီးကို တွဲဖက် စားသုံးကြသလို အီတလီ ခေါက်ဆွဲ (pasta) ကို ခရမ်းချဉ်သီးဆော့ ဖြင့် နှစ်ခြိုက်စွာ တွဲဖက် စားသုံးကြလျက် ရှိပါတယ်။ ဒါကြောင့် ခရမ်းချဉ်သီးဆော့ကို စားသုံးမှု မပြုခင် ကာကွယ်မှု တစ်ခုခု ပြုလုပ်သင့်ပါတယ်။ ကာကွယ်မှုပြု လုပ်ဖို့ရန်အတွက် ထွေထွေထူးထူး ပြုလုပ်ရမည် မဟုတ်ဘဲ ခရမ်းချဉ်သီးဆော့ မစားခင် ပန်းဂေါ်ဖီစိမ်းနှင့် ဆရွက်လက်ရွက်ကဲ့သို့ အသီးရွက်များကို စားသုံးသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ၎င်းအသီးရွက်များတွင် သွား၏ မျက်နှာပြင်ကို ကာကွယ်ပေးနိုင်သည့် အလွှာတစ်မျိုးကို ထုတ်လုပ်ပေးနိုင် သောကြောင့် အရာင် အစွန်းများ သွားပိုးပေါက်အတွင်း ဝင်ရောက်ခြင်းမှ ကာကွယ်နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။

(အောင်ဟိန်းခိုင်၊ စောင့်ကြည့် သတင်းဂျာနယ်)--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...