အမှောင်စွမ်းအင်နှင့် အနက်ထည် (၂)

အမှောင် စွမ်းအင် ဆိုတာ ဘာလဲ..

စကြ၀ဠာကြီးဟာ မဟာပေါက်ကွဲ မှုကြီး (Big Bang) ကနေ စခဲ့တယ်လို့ ကျနော်တို့ ယူဆ ထားကြပါတယ်။ ဒါဟာ စကြ၀ဠာ ကြီးရဲ့ စမှတ် (သို့) မွေးဖွားခဲ့တဲ့ နေရာပေါ့..။ ယခုဆိုလျှင် စကြ၀ဠာကြီးဟာ နှစ်ပေါင်း ၁၅ ဘီလီယံ သက်တမ်း ရှိနေပါပြီ..။

ပုံ (၁) ကို ကြည့်ပါ။ ပြန့်ကားမှု ရုတ်တရက်များနေတဲ့ နေရာ (လျှင်မြန်စွာ ပြန့်ကားခြင်းအပိုင်း) က လွန်ခဲ့တဲ့ နှစ်ပေါင်း ၇.၅ ဘီလီယံလောက်က စခဲ့ပါတယ်။ အာကာသ ပညာရှင်များ ကတော့ အဲ့ဒီ့အချိန်မှာ ကြီးမားလှသော အမှောင် စွမ်းအင်ကြီး တစ်ခုက ဂလက်ဆီတွေကို စပြီး ဝေးကွာစေခဲ့တယ်လို့ သီအိုရီ ထုတ်ခဲ့ပါတယ်။

အမှောင်စွမ်းအင်ကို လေ့လာတဲ့ အခါမှာ မသိနိုင်တာတွေက သိနိုင်တာတွေထက် ပိုများနေပါတယ်။ ကျနော်တို့ သိနိုင်တာ အမှောင်စွမ်းအင် (Dark Energy) ဘယ်လောက်ရှိသလဲ ဆိုတာပါ။ စကြ၀ဠာကြီးရဲ့ (၇၀) ရာခိုင်နှုန်းလောက်ကို အမှောင်စွမ်းအင်က ကြီးစိုးထားပါတယ်။ ပုံ (၂) ကို ကြည့်ပါ..။

သင်ဘယ်လို သိသလဲလို့မေးလျှင်.. စကြ၀ဠာကြီး ပြန့်ကားနေတာကို ကြည့်ပြီး သိတယ်လို့ ဖြေရမှာပါ..။ ဒါဟာ အရေးပါတဲ့ အချက်တစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ့အပိုင်းက ပဟေဠိတစ်ခု ဖြစ်နေလို့ပါဘဲ..။ (ဘာမှန်းတော့မသိဘူး.. ဒါပေမယ့် ၇၀ ရာခိုင်နှုန်း ရှိတာတော့ သိတယ်ပေါ့..)

စကြ၀ဠာထဲမှာ အမှောင်စွမ်းအင်ပြီးရင် ကျန်တဲ့ အပိုင်းထဲက ၂၇ ရာခိုင်နှုန်းလောက်ကလည်း အနက်ထည် (Dark Matter) တွေ ဖြစ်နေပါတယ်။

နောက်ဆုံး ကျန်တဲ့ အပိုင်းကတော့ ကမ္ဘာ၊ ဂြိုဟ်တွေ၊ ကြယ်တွေ၊ ဂလက်ဆီတွေ စတဲ့ ကျနော်တို့ ရှာဖွေတွေ့ရှိ ထားတဲ့ အရာတွေအားလုံး ပေါင်းခြင်း ဖြစ်ပါတယ်။ ၅ ရာခိုင်နှုန်းတောင် မပြည့်ပါဘူး..။ ဒီတော့... ခြုံကြည့် ရင်.. စကြ၀ဠာရဲ့ အပိုင်းသေးသေးလေးကိုဘဲ ကျနော်တို့ တွေ့မြင်ထားရတာ ဖြစ်ပါတယ်။

ကျန်တဲ့အပိုင်းအားလုံးက မှောင်နေတယ်ဗျ..။ အဲ့ဒီ့ မှောင်နေတဲ့အပိုင်းက ဘာမှမရှိတာမဟုတ်ဘူး..။ တစ် ခုခုရှိနေပါတယ်။ ဒါကို အိုင်းစတိုင်းက ပထမဆုံး သတိထားမိခဲ့တယ်။ ဒါဟာ စကြ၀ဠာရဲ့ အကြီးမားဆုံး ပိုင်ဆိုင်မှုနဲ့ အမြင့်မားဆုံး လျှို့ဝှက်ချက်ပါဘဲ..။

ဆက်လက် ရေးသားပေးပါမည်..။

အာကာသနှင့် စကြ၀ဠာ


 

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...