Bridge Camera ဝယ်မယ်ဆိုရင်...!

ဒီနေ့တော့ Photography အကြောင်းမဟုတ်ပဲ Buying Guide လေးပဲ ပေါ့ပေါ့ပါးပါး ဆွေးနွေးတာပေါ့..။ ကျွန်တော်အခုရေးခဲ့တဲ့ Tutorial တွေထဲမှာတော်တော်များများက DSLR မဟုတ်ပဲ ..။ Bridge Camera လေးတွေနဲ့ ရိုက်လို့ရပါတယ်..။

Bridge Camera ဆိုတာ Point & Shoot ထက် အဆင့်မြင့်ပြီး..။ DSLR နီးပါး အသုံးပြုလို့ရတဲ့ High End Compact Camera လေး တွေဖြစ်ပါတယ်..။ အားသာချက်က...။ DSLR တွေလို Lens လဲစရာ မလိုပါဘူး..။ သယ်ရတာလွယ်ကူတယ်..။ အလုပ်ရှုပ်သက်သာတယ်..။ Landscape ကနေ Tele Shot အထိ Range တော်တော်စုံစုံ ရိုက်လို့ရတယ်..။ (DSLR သမားတွေ မဝယ်နိုင်တဲ့ Long Range Tele Lens တွေထက် ပိုပြီး ဝေးဝေး ရိုက်နိုင်ပါတယ်..။ Quality ကတော့ ချွင်းချက်ပါ..) Macro လည်းရပါ တယ်..။ နောက်ဆုံးအချက် က ဈေးသက်သာတယ် (DSLR ထက်)..။

အားနည်းချက်က DSLR တွေမှာပါတဲ့ APS-C Sensor လောက်တောင် မကြီးပါဘူး..။ Full Frame နဲ့ ဆိုအကွာကြီးပေါ့..။ ISO သိပ်မနိုင်ပါဘူး..။ Quality ကတော့ DSLR ကိုမမှီပါ..။ ဒါပေမယ့် တော်တော်လေး အလုပ်ဖြစ်တဲ့ Quality ကိုရပါတယ်..။ အောက်မှာ ကျွန်တော် DSLR မဝယ်ခင်က သုံးခဲ့တဲ့ Sony DSC-H7 Bridge Camera လေးနဲ့ ရိုက်ထားတဲ့ပုံ တွေ ပြထားပါတယ်...။ သူ့ရဲ့အဓိက အားသာချက်က ဓာတ်ပုံကိုလည်း ဝါသနာပါတယ်..။ မိသားစု အခရီးသွားလို့ပဲ ဖြစ်ဖြစ်...။ သွားရင် လာရင်း.. ဝါသနာအရ ဓာတ်ပုံကောင်းကောင်း လိုချင်ရင်ပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ်...။

Point & Shoot နဲ့ DSLR ကြားက Bargain ပါပဲ..။ ကျွန်တော်တို့ နဲနဲလေး နက်နက်နဲနဲ လေ့လာ ရအောင်..။

Bridge ဝယ်မယ်ဆိုရင် Canon နဲ့ Nikon အပြင် Sony နဲ့ Panasonic ကို ထည့်စဉ်းစား ရပါမယ်..။ ဘာလို့လဲဆိုတော့ Sony က နာမည်ကြီး Carl Zesis Lens ကိုသုံးထားပြီး..။ Panasonic ကတော့ Leica Lens ကို သုံးထားလို့ပါပဲ...။ (Carl Zeiss နဲ့ Leica ဟာ အင်မတန်ဈေးကြီးပြီး Quality အရမ်းကောင်းတဲ့ Camera နဲ့ Lens ထုတ်လုပ်တဲ့ Company တွေပါ..။ German Made ပါ :D )

ထုံးစံအတိုင်းအမျိုးအစားလိုက် အားနည်းချက် အားသာချက်ရှိပါတယ်..။ တစ်ချို့ Bridge တွေက Lens ရဲ့ Range ကို အသားပေးပါတယ်..။ ဥပမာ Nikon Coolpix P510 မှာဆို 24-1000mm Range အထိ ရပါတယ်..။ Sony ရဲ့ Cyber-Shot DSC-HX200 မှာတော့ fps (frame per second) ကို ကြောက် မက်ဖွယ် 10 fps အထိပေးထားပါတယ်..။ ကျွန်တော့် Canon EOS 7D တောင် 8 fps ပဲ အမြန်ဆုံးရပါ တယ်..။ (ဈေးသက်သာပေမယ့်... အဲ့လို မတန်တဆ အားသာချက်တွေရှိပါတယ်..။) Canon PowerShot SX40 HS ကြတော့ 10.3 fps အထိပေးထားပြီး..။ Lens မှာ သူ့ရဲ့ နာမည်ကျော် IS (Image Stabalization System) နဲ့ USM (Ultra Sonic Motoring System) ကို တစ်ခါထဲ ထည့်ပေးလိုက်ပါ တယ်..။ ဒီလိုမျိုး အပြိုင်အဆိုင်တွေရှိပါတယ်..။

ကျွန်တော့် Taste အရဆိုရင်တော့ ကျွန်တော်က Image Ratio ကို ပထမစကြည့်ပါတယ်..။ Photography ရဲ့ လက်ရှိ Standard ဟာ 3:2 ratio ဖြစ်ပါတယ်..။ တစ်ချို့ Bridge တွေမှာ Point & Shoot တွေက အတိုင်း 4:3 Ratio ပဲ ပါပါတယ်..။ 4:3 Ratio ဆိုတာက ပုံထွက်လာရင် လေးထောင့်စပ်စပ်နဲ့ ကြည့်ရတာ တစ်မျိုးဖြစ်ဖြစ်နေတတ်တဲ့ ratio ပါ..။

ဥပမာ iPhone ဆိုရင်လည်း 4:3 ratio ပါ...။ ဒီတော့ သုံးသည် ဖြစ်စေ မသုံးသည် ဖြစ်စေ Ratio စုံစုံလေး ပါတာကို ပထမ အချက် အနေနဲ့ ဦးစားပေးသင့်ပါတယ်..။ ဒီလို Ratio လေးတွေပါ...။ 1:1, 3:2, 4:3, 16:9 (Sony မှာတော့ များသောအားဖြင့် 3:2 မပေးပါ)

နောက်တစ်ချက်က Screen Size ကို ကျွန်တော် ကြည့်ပါတယ်..။ အခု ကျွန်တော်အပေါ်က ပြောခဲ့တဲ့ သုံးလုံးမှာ Canon က လွဲလို့ ကျန်တဲ့ ၂ မျိုးစလုံးက 3" Screen Size ဖြစ်တဲ့အတွက် အားသာချက် ရှိပါတယ်..။ Screen Size ကြီးတာဟာ ကိုယ်ရိုက်ထားတဲ့ပုံတွေ ကောင်းမကောင်း ပြန်ကြည့်တဲ့အခါမှာ အရမ်းအရေးပါပါတယ်..။ အရင် Canon 400D လို Nikon D40 လို DSLR ကိုင်ဖူးတဲ့ သူတွေ သိပါလိ့မ်မယ်..။ ကိုယ်ရိုက်လိုက်တဲ့ပုံက ကောင်းနေ သည့်တိုင် ..။ DISPLAY မှာ ပြန်ကြည့်တော့ ဝါးတားတားဆိုတော့ တော်တော် ဇဝေဇဝါ ဖြစ်ရပါတယ်..။ ဒါကြောင့် Screen Display ကြီးဖို့လို သလို...Sceen Dots လည်းများ ဖို့လိုပါတယ်..။

အပေါ်မှာပြောခဲ့တဲ့ ၃ မျိုးထဲမှာ Canon က Screen Dot အနဲဆုံးဖြစ်ပြီး 230,000 ပဲ ပါပါ တယ်..။ Nikon ကတော့...။ Screen Dot 921,000 ပါပြီး..။ Sony က 921,600 နဲ့ Screen Dot အကောင်းဆုံးဖြစ်ပါ တယ်..။ Sensor Size ကတော့ သုံးခုစလုံး အတူတူပါပဲ..။ Mega Pixel အနေနဲ့ Canon က 12.1 MP, Nikon 16.0, Sony 18.0 ဖြစ်ပါတယ်..။

Auto Focus System မှာတော့ Canon နဲ့ Sony က Function ၇ မျိုးအထိပါပြီးအကောင်းဆုံး ဖြစ်နေပြန် ပါတယ်..။ Nikon က ၅ ခုသာ ပါပါတယ်..။ Digital Zoom မှာတော့ Canon က 4x နဲ့ အများဆုံး Magnify လုပ်နိုင်ပါတယ်..။ Nikon နဲ့ Sony ကတော့ 2x ဆီ ပါပါတယ်..။

အရေးကြီးတဲ့အပိုင်းကတော့..။ Shutter Mode မှာ Canon က Slow Shutter Speed 15s အထိပဲပါပြီး..။ Sony ကတော့ DSLR တွေအတိုင်း 30s အထိပေးထားပါတယ်..။ High Shutter Speed မှာတော့ Canon က 1/3200s အထိရပြီး Sony က 1/4000s အထိရနေပါတယ်..။

သုံးမျိုးစလုံးပါ Pop-Up Flash နဲ့ View Finder ပါပါတယ်..။ White Balance Preset က Canon ၆ ခုပါပြီး..။ Nikon မှာ ၅ ခုပါ ပါတယ်..။ Sony မှာကတော့ ၇ ခုအထိပါတာတွေ့ရပါတယ်..။ ISO မှာ အားလုံး 100 အထိ ရိုက်နိုင်ပါတယ်..။ Canon နဲ့ Nikon က 3200 အထိ တင်နိုင်ပြီး..။ Sony က DSLR တွေအတိုင်း 12800 အထိ တင်နိုင်ပါတယ်..၊ (Result ကတော့ စကားပြောမယ် ထင်ပါတယ်)

Metering Mode ကတော့ Sony နဲ့ Canon မှာ ၃ ခုစီပါပြီး..။ Nikon ကတော့ ၄ ခုအထိ ပါပါတယ်...။

ဒါတွေကတော့ ကျွန်တော်သာ ဝယ်မယ်ဆိုရင်အထိကထားပြီး လေ့လာမယ့် အချက်တွေဖြစ်ပါ တယ်.။ တစ်ခြား Size တို့ Battery သက်တမ်းတို့..။ အလေးချိန်တို့ စသဖြင့် လိုက်ယှဉ်ကြည့် လို့ရပေမယ့်..။ ကျွန်တော်ကတော့ ဓာတ်ပုံ quality နဲ့ ဆိုင်မယ့်ဟာတွေကိုပဲ စဉ်းစားစေချင် ပါတယ်..။

အခုကျွန်တော်ပြောသွားတာက Bridge တွေပါ..။ Canon က ထုတ်တဲ့.. G1X လို ဟာမျိုးတွေ..။ Nikon နဲ့ Sony က ထုတ်တဲ့ Mirrorless Camera တွေနဲ့ Line Up ချင်းမတူပါဘူး..။ ရောမှာစိုးလို့ပါ..။ ကျွန်တော် အခုပြောတဲ့ဟာတွေက တကယ့် High End Compact တွေပါ..။ RAW File ပါ ရိုက်လို့ရပါတယ်..။ Mirrorless တွေဆိုရင် Sensor Size က APS-C ဖြစ်ပါတယ်..။

ဒီလောက်ဆိုရင် Bridge တစ်လုံးဝယ်တော့မယ်ဆိုရင် စဉ်းစားရမယ့် အချက်တွေကို သတိထားမိလောက် ပါပြီ..။ Brand အစွဲမထားပဲ ပြောရမယ်ဆိုရင် အပေါ်က သုံးလုံးကို ယှဉ်ကြည့်ပါက ကျွန်တော်သာဆိုရင် Sony ကို ရွေးမှာ ဖြစ်ပါတယ်..။

ဒီနေရာမှာ အထူး သတိထားရမှာက ဈေးနှုန်းဖြစ်ပါတယ်..။ သက်သာချင်လို့ Bridge ဝယ်ကာမှ Entry Level DSLR တွေထက် ဈေးများနေမှာလည်း ဆိုးရပါတယ်..။ Your Decision Is Your Choice ပါပဲ..။

Budget အကန့်အသတ် ရှိနေလို့ DSLR မဝယ်နိုင်ပေမယ့် Photography အပေါ် တကယ် စိတ်ဝင် စားသူများအတွက်ရော..။ မိသားစုရဲ့ ပျော်စရာ ခရီးလေး တစ်ခုအတွက် မှတ်တမ်း တင်နိုင်မယ့် Camera ကောင်းကောင်းလေး တစ်လုံးရဖို့အတွက်ရော ဗဟုသုတ တစ်ခု အနေဖြင့် ရေးသားပေး လိုက်ပါတယ်..။

P.S - ကျွန်တော့် Bridge Camera လေးက လွန်ခဲ့တဲ့ ၆ နှစ်လောက်က Model လေးပါ..။ သူတောင် အခုအောက်မှာ ပြထားသလောက် ရိုက်လို့ရရင်..။ အခုနောက်ပိုင်းဟာတွေဆို စဉ်းစားကြည့်လို့ ရပါတယ်..။

လေးစားစွာဖြင့်

Black Dream
http://www.blackdream21.com

Fast Shutter Speed!

Macro..!

Wide View...!

Depth Of Field...!

Canon PowerShot SX40 HS

Nikon CoolPix P510

Sony CyberShot DSC HX200

My Very First & Old Sony DSC-H7

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...