အစိုးရအဖွဲ့များ၏ စပိုင်ပရိုဂရမ်များကို ရှာဖွေနိုင်မည့် Detekt

ရဲရင့်တည်

ကမ္ဘာပေါ်မှ စစ်သွေးကြွများ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို ထောက်လှမ်းရန် အစိုးရများက အသုံးပြုသည့် စပိုင် ပရိုဂရမ်များကို ရှာဖွေသိရှိနိုင် မည့် ဆော့ဖ်ဝဲတစ်ခုကို Amnesty International NGO အဖွဲ့အစည်း မှ ထုတ်လုပ် ခဲ့ကြောင်း သိရ သည်။

လူ့အခွင့်အရေး ရရှိမှုကို အဓိက လုပ်ဆောင်နေသည့် Amnesty International အဖွဲ့အစည်းက ထုတ်လုပ် လိုက် သော Detekt ဆော့ဖ်ဝဲသည် အင်တာနက်ပေါ်မှ အခမဲ့ရယူနိုင်သည့် ဆော့ဖ်ဝဲတစ်မျိုးဖြစ်ပြီး မိမိတို့၏ ကွန်ပျူတာအတွင်း ရောက်ရှိနေသော ဖမ်းမိရန်ခဲယဉ်းသည့် စပိုင်ပရိဂရမ်များကို ဖယ်ရှားရာတွင် အသုံးပြုနိုင် မည် ဖြစ်သည်။ အစိုးရအဖွဲ့များက လူပုဂ္ဂိုလ်များကို ထောက်လှမ်းရန် အဆင့်မြင့်နည်းပညာများနှင့် စက်ပစ္စည်း များကို အသုံးပြုကာ ကွန်ပျူတာ၊ လပ်တော့ ကင်မရာ၊ webcam များမှ တစ်ဆင့် ဓါတ်ပုံများ ရိုက်ကူးခြင်း နှင့် ကွန်ပျူတာတွင် ပါဝင်သည့် မိုက်ခရိုဖုန်းများမှ အသံဖမ်းနားထောင်ခြင်း တို့ကို လုပ်ဆောင်ကြောင်း Amnesty International က ဆိုသည်။ ဘာရိန်၊ ဆီးရီးယား၊ အီသီယိုးပီးယား၊ ဗီယက်နမ်၊ ဂျာမနီ၊ တိဘက်၊ မြောက်ကိုရီးယား အပါအ၀င်မြောက်များ စွာသော နိုင်ငံများရှိ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ များ၏ကွန်ပျူတာပေါ်တွင် စပိုင်ပရိုဂရမ်များ ရှိနေသည် ကိုတွေ့ရပြီး ၄င်းတို့ကွန်ပျူတာ တွင် တွေ့ရှိခဲ့သည့် Spyware များမှာ အီးမေးလ်ဖြင့် သော်လည်းကောင်း လူမှုကွန်ယက်တစ်ခုမှ စာတိုပေး ပို့ခြင်းဖြင့် လည်းကောင်း၊ ပုံမှန်ကြည့်ရှုသည့်ဝက်ဆိုက်တစ်ခုမှလည်းကောင်း ကူးစက်ခဲ့ကြောင်း Amnesty အဖွဲ့အစည်းမှ Ms O’Caroll က ဆိုသည်။ အစိုးရအဖွဲ့အစည်းများ ထောက်လှမ်းရန် အသုံးပြုသည့် နည်းပညာနှင့် စက်ပစ္စည်းများမှာ ကွန်ပျူတာအသုံးပြုသူတို့၏ သာမန်အဆင့်သာရှိသော anti-virus ဆော့ဖ်ဝဲ များ၏ စောင့်ကြည့်မှုကိုအောင်မြင် စွာရှောင်ဖယ်၍ ထောက်လှမ်းနိုင်ရန် ဖန်တီးထားပြီး ထောက်လှမ်းရေး လုပ်ဆောင်နိုင်ရန် ဗိုင်းရပ်များကို ကွန်ပျူတာတွင်ထည့်သွင်းရာ တွင်လည်း မိမိတို့၏ anti-virus ဆော့ဖ်ဝဲ များက သတိမထားမိစေရန်အတွက် အထူးစမ်းသပ်တီထွင်ထားကြောင်း သိရသည်။ ယခု Amnesty International က ထုတ်လုပ်လိုက်သည့် Detekt ဆော့ဖ်ဝဲသည် အဆိုပါစပိုင်ပရိုဂရမ်များ၏ လှုပ်ရှား မှုခြေရာများကို သိရှိနိုင်ရန် ဖော်ဆောင်ထားသည်။

Detekt ဆော့ဖ်ဝဲ ကို အသုံးပြုနေ စဉ်ကွန်ပျူတာ၏ hard drive ကို နက်ရှိုင်းစွာ scanning ပြုလုပ်သဖြင့် Detekt ကို သာမန် anti-virus ဆော့ဖ် ၀ဲများကဲ့သို့ အခြားဆော့ဖ်ဝဲများနှင့် တွဲဘက်၍ အသုံးပြု၍မရပေ။

စပိုင်ပရိုဂရမ်များဖြင့် စောင့်ကြည့်ခံရလေ့ရှိသူများမှာ Windows ကွန်ပျူတာ အသုံးပြုသူများဖြစ် နေသည် ကိုတွေ့ရှိရသဖြင့် Detekt ၏ ပထမဆုံး ဗားရှင်းကို Windows ပေါ်တွင်အသုံးပြုနိုင်ရန် ဖန်တီးထား ကြောင်း သိရသည်။

ပြုလုပ်သူများက Detekt ဆော့်ဖ်ဝဲကို အင်တာနက်ပေါ်မှ အခမဲ့ ယူဆောင်သုံးစွဲခွင့် ပေးမည်ဖြစ်ကာ Detekt ဆော့်ဖ်ဝဲကို နောက်ဆုံးပေါ် စပိုင်ပရိုဂရမ်များ ဖမ်းမိစေရန် update လုပ်ဆောင်နိုင်ရန် နှင့် တစ်ဆထက်တစ်ဆ ပို၍များသော စပိုင်ပရိုဂရမ်များကို ဖမ်းမိနိုင်ရန်အတွက် Amnesty International နှင့် လက်တွဲဖက် ကုမ္ပဏီများက လုပ်ဆောင်နေကြသည်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...