Shutter, Aperture နဲ့ ISO ....

ပထမဆုံး ပြောချင်တာကတော့ လူကြီးခရီးစဉ်ပြီးသွားပြီဆိုတော့ သက်တောင့်သက်သာဖြစ်သွားပါပြီ..။

ပို့စ်တွေ အေးအေးဆေးဆေး ပြန်ရေးလို့ရသွားပါပြီ..။ ပြီးခဲ့တဲ့ တစ်ပါတ်လုံးကတော့ ခွေခေါက်နေအောင် ပင်ပန်းခဲ့တာလေးတွေ အခုလောလောဆယ်တော့ အပန်းဖြေနေလေရဲ့...။ :)

ဒီနေ့ ကျွန်တော် နဲနဲလေး ရှင်းပြခြင်တာကတော့ Shutter, Aperture နဲ့ ISO အကြောင်းပါ...။

ဒီသုံးခုဟာ ဓာတ်ပုံတစ်ပုံကို ဖန်တီးရာမှာ အလင်းကို ချိန်ညှိပေးတဲ့ အရေးအပါဆုံးသော အရာသုံးခု ဖြစ်ပါ တယ်..။တင်စားရရင်တော့ Tripod ပေါ့ဗျာ..။ Tripod သဘောအရ တစ်ခုမရှိရင် ကျန်တာတွေက သူ့ချည်းပဲ ရပ်တည်လို့မရဘူးပေါ့...။

ISO နေရာမှာ တစ်ချိန်ကတော့ Film တွေသုံးခဲ့ကြတာပေါ့..။ Film သွားဝယ်ရင် ISO များများနိုင်တဲ့ Film က ဈေးပိုပေးရတယ်..။ အဲ့ဒီ့တုန်းက ဘာကြောင့် ပိုပေးရမှန်းမသိပေမယ့်..။ တန်ဖိုးပိုကြီးတာဟာ တစ်ခုခု ပိုကောင်းလို့ ဖြစ်မယ်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ပိုကောင်းတဲ့ Film လေးတွေ ဝယ်ခဲ့ကြတာ မှတ်မိဦးမှာပါ...။

ဒါကတော့ ISO ရဲ့ သဘောတရားကို အကျယ်မရှင်းခင် မျက်စိထဲ မြင်အောင်လေး ပြောပြတာပါ..။

Aperture

ကျွန်တော်တို့ Aperture ကနေ စလိုက်ရအောင်...။Aperture နဲ့ ပါတ်သတ်ပြီး ကျွန်တော်ရယ် ကျွန်တော့သူငယ်ချင်း တစ်ယောက်ရယ်..။ Camera စဝယ်ကာစက အကြောခံလိုက်ရတဲ့ အဖြစ်လေး တစ်ခုကို ဟာသအနေနဲ့ရော..။ ဗဟုသုတအနေနဲ့ရော အရင်ပြောပြချင်ပါတယ်..။

ကျွန်တော်ပြည်ပမှာ နိုင်ငံတော်ကလွှတ်လို့ ပညာတော်သင်သွားတုန်းက စပြီး ဓာတ်ပုံရိုက်ဖြစ်တာ ပါ..။ နောက် ဆုံးနှစ်လောက် ရောက်မှ စရိုက်ဖြစ်တာပါ..။ ထားပါ..။ တစ်နေ့ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်..။ နှင်းတွေ သဲသဲမဲမဲ ကျနေတဲ့ အချိန် ...။ ကျောင်းပိတ်ရက်လဲ ဖြစ်တာမို့ ဓာတ်ပုံထွက်ရိုက်ကြပါတယ်...။

အပူချိန်က -15 လောက်ရောက်လာတဲ့ အချိန်မှာ လူတွေက မခံနိုင်တော့လို့ နီးစပ်ရာ Shoppping Center တစ်ခုထဲ ဝင်ရင်း အနွေးဓာတ်လေး ဝင်ယူကြပါတယ်..။ အဲ့ဒီ့အချိန်မှာ ကျောင်းက ကျွန်တော်တို့နဲ့ ဆရာလို သူငယ်ချင်းလိုနေတဲ့ နိုင်ငံခြားသား နဲ့ သွားတွေ့ပါတယ်..။ သူကလည်း ဓာတ်ပုံထွက်ရိုက်ပြီး အေးလို့ ကျွန်တော်တို့လိုပဲခဏ ဝင်ခိုနေတာပါ..။

အဲ့ဒီ့အချိန်မှာ သူက ကျွန်တော်တို့ကို Camera ဝယ်ထားတာလား..။ ဘာ Camera လည်း ဘာညာ ပွားကြရင်းနဲ့..။ Camera မှာ တပ်ထားတဲ့ ကျွန်တော်တို့ရဲ့ Lens ကို လှမ်းကြည့်ပြီးတော့ တစ်ချက်ပြုံးပါတယ်..။

ကျွန်တော်တို့နှစ်ယောက်လဲ သူပြုံးတာကို သတိထားမိလိုက်တော့...။ ဘာလို့ ပြုံးတာလဲမေးတော့...။

သကောင့်သားက ဘာပြောတယ်မှတ်လဲ....။ Lens မှာ ရေးထားတဲ့ Aperture Value ကို လက်ညှိုး ထိုးပြီး..။ ဒါမျိုးတွေက မကောင်းဘူး...။ သူသုံးနေတာ Zeiss ကထုတ်တဲ့ 2.8 ပါတဲ့..။

အဲ့ဒီ့နေရာမှာတင်လဲ သေလိုက်ချင်ပါတယ်..။ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက် အဲ့ဒီ့တုန်းက သုံးတာက ကျွန်တော်က Nikon D90 နဲ့ Nikon Nikkor AF-S 18-105 f/3.5-4.5 VR လေးနဲ့ ကျွန်တော့်သူငယ်ချင်း က Nikon D5000 Nikon Nikkor AF-S 55-250 VR လေးနဲ့ပေါ့ဗျာ..။ ရှက်လိုက်တာ...။

ကျွန်တော်ဆိုလိုချင်တာက..။ Aperture ရဲ့ သဘောတရားကို မပြောခင်..။ အသေမှတ်ထားဖို့တစ်ခုက ..။ Aperture မှာ ဂဏန်းသေးလေ ကောင်းလေ..။ ဈေးကြီးလေ ဆိုတာပါပဲ...။

Aperture ဆိုတာကို ကျွန်တော်တို့ ပြတင်းပေါက် အဝိုင်းလေး တစ်ခုအနေနဲ့ မြင်ကြည့်လိုက်ရအောင်...။ သူက ပြတင်းပေါက် အဝိုင်းလေး ပေါ့...။ ဘာလို့လဲဆိုတော့ သူက Camera ရဲ့ ပြတင်းပေါက်ပဲလေ..။ လူ့မျက်စိနဲ့ဆိုရင်တော့ သူငယ်အိမ်ပေါ့..။ ပြတင်းပေါက်ပဲ ထားလိုက်ပါဗျာ..။ သူငယ်အိမ်က သေး လည်း သေး..။ ကိုယ့်ဘာသာလဲ ပြန်မြင်ရတဲ့ဟာမျိုးမဟုတ်တော့..။ ဥပမာပေးလို့အဆင်မပြေဘူး..။

ပြတင်းပေါက် အဝိုင်းလေး..။ F-Number သေးရင် ပြတင်းပေါက်လေး ကြီးတယ်..။ F-Number ကြီးရင် ပြတင်းပေါက်လေး သေးတယ်..။ ဘာလို့လဲဆိုတာကတော့ Physic နဲ့ တွက်ထားလို့ဗျ..။ ကျွန်တော် အသေးစိတ်ထပ်ရှင်းရင် ပေရှည်သွားလိ့မ်မယ်...။ လောလောဆယ် အခြေခံအကြောင်းလေး ဆိုတော့ မှတ်ရလွယ်အောင် ဒီလိုလေးပဲခဏမှတ်ထားလိုက်ပါဦး...။

ဥပမာ f/1.4, f/1.8, f/2.8 ဆို ဒါ Aperture ကြီးတာပေါ့ဗျာ..။ F-Number သေးတာကိုး...။ ပြတင်းပေါက် ကြီးတော့ ...။ အလင်းများများဝင်တယ်ဗျာ..။ ဟုတ်တယ်မလား..။ အလင်းများများဝင်တော့ အခန်းထဲကို ကိုလိုချင်တဲ့ အလင်းပမာဏ ရရှိဖို့ ပြတင်းပေါက်က တံခါးချပ် ကို ခဏဖွင့်ရုံနဲ့ လုံလောက်တယ်..။ အကြာကြီးဖွင့်စရာမလိုတော့ဘူး..။ ဒါ ပထမ Aperture သဘောပါပဲ..။

Shutter

Shutter ကြတော့ ပြတင်းပေါက်မှာတပ်ထားတဲ့ တံခါးရွက် အဝိုင်းလေးတွေနဲ့ တူတယ်..။ စောစောက စကားကို ပြန်ဆက်ရရင်ရင်..။ ပြတင်းပေါက်ကြီးတော့ အလင်းဝင်တာ များတယ်..။ များတော့ လိုအပ်တဲ့ အလင်းကို မြန်မြန်ရတယ်..။ မြန်မြန်ရတော့ ပြတင်းပေါက်တံခါး (Shutter) ကို မြန်မြန် ပြန်ပိတ်ပေးနိုင် တယ်..။ Shutter ကို မြန်မြန်ပြန်ပိတ်ပေးနိုင်တော့ Handshake မဖြစ်တော့ပါဘူးပေါ့ဗျာ...။ Handshake မဖြစ်တော့ ပုံက Focus ပြတ်တာပေါ့..။ Sharp ဖြစ်တာပေါ့...။

ဒီလောက်ဆို Aperture နဲ့ Shutter ရဲ့ အခြေခံချိတ်ဆက်ပုံကို ရေးတေးတေးတော့ ပေါ်လာလောက်ပြီ..။ ဆက်လေ့လာရအောင်..။

ကျွန်တော် Shutter နဲ့ Aperture အကြောင်း ဆက်မပြောခင်..။ Camera မှာ မိတ်ဆွေအနေနဲ့ ဘယ် Mode နဲ့ ရိုက်သင့်တယ်ဆိုတာကို နဲနဲလေးကြားဖြတ် ရှင်းပြပေးချင်ပါတယ်..။

Aperture Mode (Av/A) - တော်တော်များများ ဒီ Mode ကို သုံးကြတာတွေ့ရပါတယ်..။ ဒီ Mode ကိုသုံးမယ်ဆိုရင် Camera က Aperture ကို အသေထားပေးတာမှာ ဖြစ်ပြီး..။ မိမိက Shutter ကို ကစားခွင့် ရမှာမဟုတ်ပါဘူး..။ ISO ကိုတော့ Auto မထားပဲ မိမိလိုချင်တဲ့ Value တစ်ခုသတ်မှတ်ပေးလို့ ရပါတယ်..။ ISO ကိုပါ Auto လွှတ်ပေးလိုက်ရင်တော့..။ အေးဆေးပါပဲ..။ ရိုက်နေရုံပါပဲ..။ များသော အားဖြင့် ရေးကြီးသုတ်ပြာ..။ မြန်မြန်ဆန်ဆန်ရိုက်ရမယ့် နေရာတွေမှာ အသုံးများပါတယ်..။

ဆိုလိုတာက တစ်ခုချင်းကိုယ်လိုချင် သလို Setting လိုက်ပြင်ချိန် မရတဲ့အခါမျိုးပါ..။ ဥပမာ ဘောလုံးပွဲလို ဟာမျိုးပေါ့...။

Shutter Mode (TV/S) - Shutter Speed ကို အဓိက အသားပေးပြီးရိုက်ရမယ့် ဟာမျိုးမှာ သုံးသင့်ပါ တယ်..။ အပေါ်ကလိုပါပဲ..။ ကိုယ်က Shutter Speed တစ်ခုကို အသေထားပေးလိုက်ရုံပါပဲ..။ ကျန်တဲ့ Aperture နဲ့ ISO ကို Camera က ဆက်လုပ်ပေးသွား ပါလိမ့်မယ်...။

အခုအောက်မှာ ကျွန်တော်ဆက်ရေးမှာကတော့ Manual နဲ့ ရိုက်ချင်တဲ့သူတွေအတွက်ပဲ ဖြစ်ပါတယ်..။

ကျွန်တော်တို့ ဓာတ်ပုံရိုက်တဲ့အခါကြရင် အဲ့ဒီ့ Shutter သို့မဟုတ် Aperture သို့မဟုတ် ISO ..။ တစ်ခုမဟုတ် တစ်ခုကို အသေထားမှကို ရပါမယ်..။ Fast Shutter - Shutter မြန်မြန်နဲ့ရိုက်မှ ရမယ့် ..။ ဘောလုံးပွဲ ၊ လက်ဝှေ့ပွဲ.. စတဲ့အားကစားတွေ..။ Wild Life တွေ...။ ဆိုရင် Shutter Speed ကို မြန်ထားရမှာ ဖြစ်တဲ့အတွက်..။ Aperture ကို ကျယ်နိုင်သမျှ ကျယ်အောင်ကိုဖွင့်ရပါတော့မယ်...။

အိုကေ Aperture ကိုလည်း မဖွင့်ချင်ဘူး..။ အကြောင်းကြောင်းကြောင့်ပေါ့ဗျာ..။ ဥပမာ ဘောလုံးပွဲ ဆိုပါတော့ ..။ Free Kick ကန်တာကို ရိုက်မယ်..။ ကန်တဲ့သူကို Focus အကြည်ယူပြီး..။ Wall တို့ ဂိုးသမားတို့ကို အဝါးပဲ ယူမယ်ဆိုရင် ပြသနာမရှိဘူး..။ Aperture ကို အကျယ်ဆုံးသာဖွင့် လိုက်..။

အဲ... ။ ဒီလိုမှ မဟုတ်ပဲ အဲ့လို အကျယ်ဆုံးမဖွင့်ချင်ဘူး..။ f/8 လောက်နဲ့ ကန်တဲ့သူရော Wall ရော ဂိုးသမားရော အကြည်ယူချင်ပြီ ဆိုရင်တော့ မဖြစ်မနေ ISO ကို တင်ပေးရတော့မယ်..။ ဘယ်ဟာကို ဘယ်လောက်တင်ရမလဲဆိုတာ Manual Mode မှာ View Finder ထဲမှာ Meter လေး ပြပေးနေတာကို ကြည့်ပြီး ကိုယ်အသေထားချင်တဲ့ဟာက လွဲလို့ ကျန်တာကို လိုက်ပြီး ညှိပေးရပါတော့မယ်..။

Slow Shutter - ဟုတ်ပြီ..။ Slow Shutter Speed နဲ့ Long Exposure လို ဟာမျိုးရိုက်တော့မယ်...။ Shutter Speed ကို နှေးနိုင်သ မျှ နှေးရတော့မယ်ဆိုရင်...။ ပြတင်းပေါက် တံခါးကို ကြာကြာဖွင့်တော့ မယ်ဗျာ..။ အလင်းကလဲ နဲနဲပဲလိုချင်တယ်ဆိုရင်..။ ကျွန်တော်တို့ Aperture ဆိုတဲ့ ပြတင်းပေါက်လေးကို ကျဉ်းနိုင်သမျှကို ကျဉ်းပေးရပါတော့မယ်...။

အဲ စောစောကပြောသလို Aperture ကို အကျဉ်းဆုံးထားပေးတာတောင် အလင်းက များနေတုန်းပဲ ဆိုရင်တော့ နောက်ဆုံး ကျွန်တော်တို့ ISO ကို နဲနိုင်သမျှ နဲအောင် ထားပေးရပါမယ်..။ ဒါမှသာ Metering လေးက Exposure 0 မှာ ပြပေးမှာ ဖြစ်ပါတယ်..။

Wide Aperture - f number သေးရင် Aperture ကြီးတယ်..။ Apertue ကြီးတာကို Wide Aperture လို့ခေါ်ပါတယ်...။ ဒီ တစ်ခါ ကျွန်တော်တို့က Aperture ကို အသေထားမယ်..။ အကြောင်းကြောင်းကြောင့် ရိုက်သမျှပုံတွေတိုင်းမှာ ကိုယ် Focus ပေးတဲ့ Subject ကိုပဲ ကြည်ချင်တယ်..။ ကျန်တဲ့ Background ကို Blur ဖြစ်စေချင်တယ်ဆိုရင် ကျွန်တော်တို့က Aperture ကို ကျယ်နိုင်သမျှ ကျယ်အောင် ထားပြီး COnstant ထားရပါမယ်..။

ထုံးစံအတိုင်း Shutter ကို နှေးပေးမယ်..။ Shutter နှေးလို့မှ မလုံလောက်ရင်..။ ISO ထပ်ချမယ်..။ လင်းနေရင် Shutter ကိုတင်မယ်..။ Shutter တင်လို့မှ မလုံလောက်ရင်..။ ISO ထပ်တင်မယ်...။ အားလုံးဟာ ပုံမှန်အတိုင်းဆက်စပ်နေပါတယ်..။

ISO - ဟုတ်ပြီ ကျွန်တော်တို့က Aperture ကို ရော Shutter ကိုရော မထိချင်တော့ဘူးဗျာ..။ အားလုံးကို အသေတွက်ထားလိုက်ပြီ..။ ဥပမာ မော်ဒယ်ကို ရှုခင်းလှလှလေးနဲ့ ရိုက်မှာမို့..။ Aperture ကိုလည်း f/16 လောက်အထိ Down ထားလိုက်ပြီ..။ Model ကလည်း အငြိမ်မနေပဲ ရွစိ ရွစိနဲ့ လှုပ်လှုပ်ရှားရှားလေး လုပ်လိုက်..။ ခုန်လိုက်ပေါက်လိုက်..။ ကုန်းလိုက်ကွလိုက်...။ လုပ်တာကို အမိအရ ရိုက်ရမှာမို့ Shutter Speed ကို 1/1000s လောက်တင်ထားလိုက်ပြီဗျာ... အဲ့ဒီ့မှာသွားပါပြီ..။

Aperture ကလည်း ပြောင်းလို့မရဘူး..။ ကိုယ်က အကုန်ကြည်ချင်တာကိုး..။ 1/1000s အောက်လည်း ချလို့မရဘူးဗျာ မော်ဒယ်က ..။ မျက်စိနောက်လောက်အောင်..။ မျောက်ရှုံးအောင် မြန်တယ်..။ သွက်တယ်ပေါ့..။ 1/1000s အောက် လျော့ လိုက်ရင် Model က မြန်လွန်းတဲ့အတွက် ပုံတွေ မပြတ်တော့ဘူး..။ ဝါးကုန်တယ်....။

ဒါဆို မိတ်ဆွေမှာ ရွေးချယ်စရာ နည်းလမ်း ၂ ခုပဲရှိပါတယ်..။ တစ်ခုက Lighting ပေးဖို့နဲ့ နောက်တစ်ခုက ISO တင်ဖို့ပါ..။ အခု ကျွန်တော်ပြောနေတာ Lighting အကြောင်းမဟုတ်သေးတဲ့အတွက် ..။ မိတ်ဆွေမှာ လုပ်စရာ တစ်ခုပဲရှိပါတော့တယ်..။ ISO တင်ဖို့ပါ..။

ISO များရင် များများလင်းတယ်..။ နဲရင် နဲနဲလင်းတယ်..။ ဒါက Basic ပါ..။

စောစောက ပြောသလို ISO တင်တဲ့နေရာမှာ Camera ရဲ့ Quality က စပြီးစကားပြောပါပြီ..။

Shutter Speed နှေးတာမြန်တာက Entry Level ကစ..။ Pro DSLR တွေအထိ အတူတူပါပဲ..။ Aperture ကျယ်တာတွေကျဉ်းတာတွေက Camera နဲ့ မဆိုင်ပဲ Lens နဲ့သာ ဆိုင်တာမို့..။ Lens ကောင်းကောင်းကို ဈေးကြီးပေးဝယ်ထားတာဆို အိုကေပါပဲ..။

အဲ...။ ISO ကြတော့ စကားပြောပါပြီ..။ Entry Level တွေရဲ့ ISO Quality တွေဟာ ဘယ်လိုမှ Semi-Pro Camera တွေရဲ့ ISO ကို မမှီနိုင်လို..။ Semi-Pro တွေရဲ့ ISO quality နဲ့ High-End Semi-Pro တွေရဲ့ ISO quality ကလည်း သိသိသာသာလေးကွာပါတယ်..။ ဟုတ်ကဲ့ Hight End Semi-Pro Camera တွေရဲ့ ISO နဲ့ Full Frame ရဲ့ ISO quality ကတော့ မိုးနဲ့ မြေနီးပါးကွာပါပြီ...။

Note - ISO ကဘာလို့ကွာလဲ..။ ISO များရင် ဘာလို့ Noise ထလဲဆိုတာ Full Frame, Crop Frame အကြောင်းမှာ ကျွန်တော် ရှင်းပြပြီး ဖြစ်ပါတယ်..။

အဲ့ဒီ့တော့ ISO များများတင်လို့ရပြီး Noise မထသော..။ သို့မဟုတ် နဲနဲသာ ထသော Camera သည် ကောင်းသော Camera ဖြစ်သည်ဟု မှတ်ကြပါကုန်...။

Canon ပဲ ဖြစ်ဖြစ် Nikon ပဲ ဖြစ်ဖြစ် Line Up တူချင်းထိပ်တိုက်တွေ့ ပြီ အရွေးရခက်ပြီဆို Noise ကိုသာ ယှဉ်ကြည့်လိုက်ပါ အဖြေထွက်ပါလိမ့်မယ်..။ အဲ နောက်မှ တစ်ခြားဟာတွေယှဉ်ပေါ့..။

ဒါမှဟုတ်..။ ကိုယ်သန်ရာ ဦးစားပေးရာယှဉ်ပေါ့.. ဥပမာ Photo Journalism သမားတွေ Sports ရိုက်တဲ့သူတွေက က Noise ထက် fps (frame per second) ကို ပိုဦးစားပေးပြီးရွေးမှာပေါ့..။

ဒီလိုမျိုး ကိုယ့်လိုအပ်ချက်အပေါ် မူတည်ပြီး အနဲနဲ့ အများတော့ကွာခြားသွားမှာပေါ့...။ ဒီတစ်ခါတော့ တိုတိုပါပဲ...။ ဒီလောက်ဆို ပုံတစ်ပုံရိုက်ရင်..။ Aperture ကို ဦးစားပေးရမလား..။ Shutter ကို ဦးစားပေး ရမလား..။ ISO ကို ဦးစားပေးရမလား ဆိုတာ မိတ်ဆွေ သုံးသပ်လို့ရပါပြီ...။

များများရိုက်ပါ..။ အတွေ့ အကြုံကသင်ပေးပါလိ့မ်မယ်..။ များများလေ့လာပါ..။ လေ့လာမှုများခြင်းက လက်တွေ့မှာ အသုံးဝင်လာပါလိ့မ်မယ်..။ အရင်လူကြီးတွေ ပြောတာကတော့ ရှိတာလေးနဲ့ လှအောင် ဝတ်ပေါ့..။ ကျွန်တော်ပြောချင်တာကတော့..။ ရှိတာလေးနဲ့ လှအောင် ရိုက်ပါ..။ ရိုက်ရင်းလေ့လာ ပါ..။ လေ့လာရင်း ရိုက်ပါ..။ အားမငယ်ပါနဲ့..။ အားမလျော့ပါနဲ့...။ အောင်မြင်မှာပါ...။

အခုတော့ ကျွန်တော့် Beer တွေလည်း ပူကုန်ပြီ ဖြစ်တဲ့အတွက်..။ လက်ကျန်လေး ဆက်လက် ရှင်းခွင့်ပြုပါဟု ခွင့်ပန်ရင်း...။

လေးစားစွာဖြင့်

Black Dream
http://www.blackdream21.com


Shutter & Aperture....

Shutter & Aperture....


Shutter & Aperture....


Shutter & Aperture....


ISO...

ISO...

ISO...

ISO...

Fast Shutter Speed With Wide Aperture & Hight ISO

Fast Shutter Speed With Wide Aperture & Hight ISO

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...