မြန်မာနှင့် လက်ဖက်ရည်

လက်ဖက်ရည် အကြောင်းကို ပြောရမည် ဆိုပါလျှင် လက်ဖက်ရွက် အကြောင်းပါမှ ပြီးပြည့်စုံ ပါလိမ့် မည်။ သမိုင်း အထောက်အ ထားများ အရ ခရစ် သက္ကရာဇ် ၁၁၀၀-ခန့် ကတည်းက၊ မြန်မာပြည်တွင် လက်ဖက် စားသုံးသော ယဉ်ကျေးမှု စတင်ခဲ့ပါ သည်။ "လက်ဖက်အစ တအာင်းက" ဟု စာဆိုရှိပါ သည်။ တအာင်း(တအမ်း) လူမျိုးတို့ နေထိုင်ရာ ရှမ်းပြည် နယ်မြောက်ပိုင်း၊ ကျောက်မဲ ခရိုင်၊ နမ့်ဆန် မြို့နယ် သည် မြန်မာနိုင်ငံ၏ လက်ဖက် စတင် စိုက်ပျိုးရာဒေသ ဖြစ်ကာ၊ နမ့်ဆန်ကို "လက်ဖက်မြို့ တော်" ဟု လူသိ များပါသည်။ ရာဇ၀င်များ ထဲတွင် မာယာယုကျွန်းမှ နတ်ဘီလူး ညီနောင် လေးယောက်တို့ သည် ဟင်္သာဇလုပ် အတွင်း၌ရှိသော “ နိလဗီဇ” ခေါ် “ရသာဝသီ” နတ်သစ်စေ့ ကို ပုဂံပြည့် ရှင်အလောင်းစည်သူမင်းတရားကြီးအား ဆက်သခဲ့ရာ၊ မင်းကြီးလည်း ထိုမျိုးစေ့ကို တအာင်း (ပလောင်)သူကြီး 'တာငွန်' ဆိုသူကို စိုက်ပျိုးရန်အလို့ ဌာချီးမြှင့်ခဲ့ပြီး၊ သူကြီးက မျိုးစေ့ကို လက်တစ်ဖက်နဲ့  ခံယူခဲ့သည့်အတွက် 'လက်တစ်ဖက်ပင်' ဟု ခေါ်တွင်ခဲ့ပြီး၊ အချိန်ကာလရွေ့ လျောရာမှ 'လက်ဖက်ပင်' ဟု အမည်ရလာခဲ့ပါသည်။

“လက်ဖက်ကောင်း စားချင်ရင် ပလောင်တောင်တက်နှေး။ သမက်ကောင်း လိုချင်ရင် အလှောင်အလက်ရွေး” ဟူသော တအာင်း (တအမ်း)စကားပုံ ရှိခဲ့ပါသည်။ အဓိပ္ပါယ်ကတော့ လက်ဖက်ပင်ကို တောင်စွယ်တောင် တန်းဒေသတွင်သာ စိုက်ပျိုးလေ့ရှိရာ၊ တောင်ပေါ်သို့ တဖြေးဖြေးတက်ပြီး တစ်ညွန့်စီ သေသေချာချာ စံနစ် တကျ ခူးဆွတ်မှသာ အရသာ ကောင်းမွန်သော အညွန့်အဖူးလေးများကို ရရှိမှာဖြစ်ပြီး၊ လက်ဖက်အစို၊ အခါးခြောက်၊ အချိုခြောက် ဟူ၍ ပြုပြင်ဖန် တီးကြရပါသည်။

“အသီးမှာသရက်၊ အသားမှာဝက်၊ အရွက်မှာလက်ဖက်” ဆိုသည့်အတိုင်း လက်ဖက်သုပ် နှင့် လ္ဘက်ရည် ကြမ်း (အခါးရည်) တို့ ကို ဘိုးဘေးဘီဘင် များလက်ထက် ကတည်းကစပြီး၊ မျက်မှောက်ကာလထိ မိသားစု ၀ိုင်းဖွဲ့ စားကြသလို၊ ရဟန်းခံ ရှင်ပြု အလှူမင်္ဂလာ ဧည်ခံပွဲများတွင် သူပါမှ ပြီးပြည့်စုံပါမည်။

လ္ဘက်ရည် ဖျော်သောက်ဖို့ လက်ဖက်အချို ခြောက် ရရှိရန်အတွက်၊ ဟိုးယခင်ကာလများ၌ ရွက်စိမ်း လက်ဖက်တွေကို အမှုန့် ဖြစ်အောင် ခြေနင်းစုံနဲ့ ထောင်းကြ ရပါသည်။ ယနေ့ခေတ်မှာတော့ ကြိတ်စက် များ၊ ဖြတ်စက်များဖြင့် အမှုန့်ကြိတ်၍ အခြောက်ခံစက်နှင့် အခြောက် လှော်ကြခြင်းဖြစ်ပါသည်။

မြန်မာ့သမိုင်းစာမျက်နှာကို ပြန်လှန်ကြည့်ရာ၊ အိန္ဒိယလူမျိုးများ ကျူးကျော်ဝင်ရောက်ချိန် မှစ၍ မြန်မာပြည်တွင် လ္ဘက်ရည် အချိုသောက်သုံးသော ဓလေ့ စတင်ခဲ့ပါသည်။ ရှေးယခင်ကတော့ “ ကာကာဆိုင် ” ဟု ခေါ်ဝေါ် ခဲ့ကြပြီး၊ လ္ဘက်ရည် အချိုခြောက်မှုန့် ကို အိန္ဒိယစတိုင်လ် နှပ်ကာ၊ ချက်နို့ ဆီဖြင့်ဖျော်သောက် ကြပါသည်။ ယခုအခါမှာတော့ ဗူးနို့  ဆီ (သို့ မဟုတ်) နို့ စိမ်း ဖြင့်ဖျော်ခြင်းဖြစ်ပါသည်။ ယနေ့ မြန်မာပြည်တွင် လ္ဘက်ရည် သောက်သုံးသော ယဉ်ကျေးမှု သည် အံ့မခန်း ဖြစ်ပါသည်။

စစ်တမ်းကောက်ကြည့်ရာ၌ မြန်မာပြည်တွင် လ္ဘက်ရည်ကို လူလတ်တန်းစားများက အသောက်များကြပြီး၊ Tea Shop ဆိုင်များတွင် လ္ဘက်ရည် ရောင်းအားက ကော်ဖီထက် ၃-ဆ မက ပိုရောင်းရပါသည်။ အချို့  ရပ်ကွက်များတွင် လက်ဘက်ရည် ဆိုင်များကို လက်ညှိုးထိုး မလွဲမြင်တွေ့ ကြရပြီး၊ အမျိုးသားများနည်းတူ အမျိုးသမီးများလည်း နှစ်ခြိုက်အားပေး သောက်သုံးကြပါသည်။ လက်ဖက်ရည်ကို သူ့ ချည်းဘဲ အရသာ ရှိရှိ သောက်သုံး နိုင်သလို၊ နှစ်သက်ရာ မြန်မာ့ရိုးရာအစားအစာများသာမက၊ အနောက်တိုင်း၊ အရှေ့ တိုင်း အစားအစာတို့ နှင့်လည်း လိုက်ဖက်ညီညီ သောက်သုံးကြပါသည်။ “ ပုံမှန်၊ ပေါ့ဆိမ့်၊ ကျဆိမ့်၊ ချိုဆိမ့် ၊ ဖန်ဆိမ့် (ခေါ်) နို့ စိမ်းများသော လ္ဘက်ရည်၊ ချိုပေါ့ကျ၊ ဖန်ချို၊ ဖန်ခါး၊ ကျောက်ပန်းတောင်း (ခေါ်) ချိုပြစ်ပြစ် လ္ဘက်ရည်၊ ရိုးရိုး၊ ရှယ်...” စသည်ဖြင့် ဆိုင်ဖျော် လ္ဘက်ရည်များအပြင်၊ မိမိနှစ်သက်ရာ “ 2 in 1 , 3 in 1 နှင့် လီမွန်တီး ” စသည့်အသင့်ဖျော် လ္ဘက်ရည်ထုပ်များဖြင့် ပုံစံအမျိုးမျိုး သောက်သုံးကြပါသည်။

လ္ဘက်ရည်ကို နံက်စာအာဟာရ၊ နေ့ လည်အဆာပြေ၊ ညနေခင်း အပျင်းပြေ နှင့် ညဘက်မိတ်ဆွေ များနှင့် အမောပြေ သောက်သုံးကြသလို၊ ကျောင်းသား ၊ကျောင်းသူများနှင့် စာရေးဆရာများ ကလည်း အိပ်ငိုက်ပြေ ...စသည့် အကြောင်းပြချက်အမျိုးမျိုးဖြင့် သောက်သုံးကြပါသည်။ ယခုအခါ ၂၄-နာရီပတ်လုံးဖွင့်လှစ်သော လ္ဘက်ရည်ဆိုင်များကိုတွေ့ ရပါသည်။ ယနေ့  မြန်မာနိုင်ငံ၏ super market ဆိုင်ကြီးများတွင် နိုင်ငံခြားဖြစ် ကာဗွန်ပါသော "Iced Tea Sparkling" နှင့် ကာဗွန်မပါသော "Iced Tea" ထုပ် လေးများကို ၀ယ်ယူသောက် သုံးနိုင်ပါပြီ။ တံဆိပ်အမျိုးမျိုး ရှိရာ၊ ၄င်းတို့ အနက် လီမွန် နှင့် မက်မွန်သီး အနံ့ အရသာ ပါသော Nestea နှင့် Lipton တံဆိပ်တို့ မှာ ၀ယ်လိုအားကောင်းပါသည်။ ထို့ ပြင် Food Court ဆိုင်ကြီးများ၊ ဟိုတယ်၊ စားသောက်ဆိုင်ကြီးများ၊ Bakery, Tea Shop ဆိုင်ကြီးများတွင် နိုင်ငံတကာမှ လ္ဘက်ရည်ပူပူအမျိုးစုံကို ရရှိနိုင် ပါသည်။ လက်ဖက်စိမ်းရေခဲမုန့်  ၊ Chai Latte ၊ လိမ္မော်/ နာနတ်/ရှောက်ချို၊ နို့ ဆီ၊ နို့ စိမ်း၊ ဆာအနည်းငယ် တို ဖြင့်စီမံပြု လုပ်ထားသော “သီးစုံလ္ဘက်ရည်” ၊ ရှောက်ချိုသီး ရနံ့ မွှေးသော “မက်မွန်သီး လ္ဘက်ရည်” တို့ ကို လည်း နိုင်ငံခြား အဆင့်မှီ အရသာရှိရှိ သောက်သုံးနိုင်ကြပါပြီ။

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)

*promise.pauk*
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...