မန္တလေး တက္ကသိုလ်တွင် ၂၀၁၄-၂၀၁၅ ပညာ သင်နှစ်အတွက် ဝင်ခွင့်ရ စာရင်းများကို ထုတ်ပြန်ကြေ ညာခဲ့ရာ နိုင်ငံရေး သိပ္ပံ ဘာသာရပ် မှာ ဒုတိယ အမှတ်အများ ဆုံးဖြစ်ခဲ့ပြီး ဝင်ခွင့်ရရှိ သူနှစ်ဦးသာ ရှိခဲ့ ကြောင်း သိရသည်။
ယင်းတက္ကသိုလ် ဝင်ခွင့်ရ စာရင်းတွင် နိုင်ငံရေး သိပ္ပံဘာသာရပ်မှာ ၄၇၄ မှတ်ဖြင့် ဒုတိယ အမှတ် အများ ဆုံးဖြစ်ခဲ့ပြီး၊ ၄၉၅ မှတ်ဖြင့် အမှတ်အများ ဆုံးဖြစ်ခဲ့သည့် အင်္ဂလိပ်စာ ဘာသာရပ်တွင်လည်း ဝင်ခွင့်ရရှိ ခဲ့သူ ငါးဦးသာရှိခဲ့ကြောင်း၊ ယခုနှစ်တွင် မန္တလေးတက္ကသိုလ်၌ အသစ်ပြဋ္ဌာန်းခဲ့သော မြန်မာမှု ဘာသာရပ် တွင်လျှောက်ထားသူ တစ်ဦးမျှမရှိခဲ့ကြောင်း မန္တလေးတက္ကသိုလ်မှ သိရသည်။
“မနှစ်ကလဲ နိုင်ငံရေး သိပ္ပံကဝင်ခွင့်ရတာ ငါးဦးပဲရှိတယ်။ ဒီနှစ်လဲနှစ်ယောက်ဆိုတော့ ကျသွားတယ် ပြောရ မှာပဲ။ ဒီဘာသာရပ်ကို မယူကြဘူးဆိုတာက မိဘတွေ သဘော မတူတာတွေကြောင့်လဲ ဖြစ်နိုင်တယ်။ လွန်ခဲ့တဲ့ နှစ်ငါးဆယ် တစ်လျှောက်လုံးက ပညာရေး တစ်ပိုင်းတစ်စနဲ့ ကျောင်းသားတွေက တောခိုကြ၊ ဟိုရောက်၊ ဒီရောက်ရောက်ကျတော့ မိဘတွေက အဲ့ဒီလိုမျိုးတွေဖြစ်မှာ စိုးရိမ်ကြတာလဲ ပါ နိုင်တယ်။ ပြီးတော့ နိုင်ငံရေးသိပ္ပံရဲ့ သဘောသဘာဝကို သိပ်မသိကြသေးဘူး။ အလုပ်အကိုင် အခွင့် အလမ်းနဲ့ ပတ်သက်ပြီး တိတိကျကျပြောပြနိုင်တဲ့သူတွေ မရှိသေးလို့ ဒီဘာသာရပ်ကိုမယူကြတာလို့ မြင်တယ်။ အမှတ်မြင့် တယ်ဆိုတာက နိုင်ငံရေးအဆင့်အလုပ်လုပ်မယ့်သူတစ်ဦးကို အမှတ်နှိမ့်ခေါ်သင့် သလား” ဟု မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမောင်သင်းက ပြောသည်။
တက္ကသိုလ်ဝင်ခွင့်အတွက် ဘာသာရပ်ရွေးချယ်မှု အပိုင်းများတွင် သက်ဆိုင်ရာတက္ကသိုလ်များမှ ဘာသာရပ် တစ်ခုချင်းစီ၏ အားနည်းချက် အားသာချက် အကြောင်းအရာများကို ကျောင်းသားများသိရှိနား လည်စေရန် ရှင်းလင်းပြောဆိုမှု အပိုင်းမှာ အားနည်းချက်များ ရှိနေသည့်အတွက် ဘာသာရပ်လျှောက် ထားမှုများမှာ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုအပေါ်တွင်သာ ဦးစားပေးလျှောက်ထားမှု ရှိနေကြောင်း သိရသည်။
“ဆရာတို့ဘက်က လိုတာတွေတော့ ရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီး အရေးကြီးတယ် ဆိုတာကို ဆရာတို့ ဘက်က ပြောပြနိုင်ရမယ်။ အခုဖြစ်သွားတာက ဒီကလေးတွေလျှောက်လွှာ တင်ပြီးတဲ့ အချိန်မှာမှ ဒီအ ကြောင်းအရာတွေကို ပြောပြနေသလိုဖြစ်နေတယ်။ သူတို့တွေဆယ်တန်းဖြေပြီးတဲ့အချိန်ကစပြီး ဘာ သာရပ်တွေ အကြောင်းကို သတင်းစာတွေ၊ တီဗွီတွေကနေပြောပြပေးရမှာပါ” ဟု ဒေါက်တာမောင်သင်း ကပြောသည်။
လာမည့်နှစ်များတွင် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများကို တက္ကသိုလ်ရှိ ဘာသာရပ်များအ ကြောင်းကို နားလည်စေရန်အတွက် ရှင်းလင်းပြောကြားမည့် အစီအစဉ်များကို ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
“ဒီလိုနိုင်ငံရေးသိပ္ပံဘာသာရပ်ကို ပြဋ္ဌာန်းတာကိုတော့ ကြိုဆိုထောက်ခံတယ်။ နောင်ဆိုရင်မြန်မာ့နိုင်ငံ ရေး က လွှတ်တော်နိုင်ငံရေး ပုံစံနဲ့ သွားမှာဆိုတော့ လွှတ်တော်ကိုယ်စားလှယ်၊ ဝန်ကြီးလုပ်မယ့် သူတွေက ဒီ ဘာသာရပ်ကို မဖြစ်မနေတတ်ထားရမယ်။ မိဘတွေကလဲ အမြင်ကျယ်ကျယ်ထားရမယ်။ ကိုယ့် သားသမီးကို အုပ်ချုပ်တဲ့သူနေရာမှာ မြင်စေချင်တယ်ဆိုရင် ပွင့်လင်းလာတဲ့အနေအထားမှာ ဒီဘာသာ ရပ်ကို ယူခိုင်းစေ ချင်တယ်။ တစ်ခုစိုးရိမ်တာက ဒီလိုအမှတ်အမြင့်ကြီး ထားတာက လူတွေအများကြီးက နိုင်ငံရေး သိပ္ပံကို ယူပြီး နိုင်ငံရေးကိုစိတ်ဝင်စားကုန်မှာကြောက်လို့လားဆိုတာကိုတော့ မေးခွန်းထုတ်ချင် တယ်” ဟု နိုင်ငံရေး သိပ္ပံဘာသာရပ်ကို လျှောက်ထားမှုနည်းပါးရခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာဒေါ်ညိုညိုသင်းက သုံးသပ်ပြောကြားသည်။
မန္တလေး တက္ကသိုလ်တွင် နိုင်ငံရေး သိပ္ပံဒီပလိုမာ သင်တန်းကို ယခုနှစ်ဒီဇင်ဘာတွင် စတင်ဖွင့်လှစ် မည် ဖြစ်ကြောင်း သိရသည်။
Democracy Today Daily
နိုဝင်ဘာလ (၂၇) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...