အမျိုးသမီးများ အပေါ် တာဝန်ပျက်ကွက် နေသာ အိနိ္ဒယ လူ့အဖွဲ့အစည်း

ရည်မွန်အောင်

အိနိ္ဒယနိုင်ငံ မြောက်ပိုင်း ဟာရာနာ ပြည်နယ်တွင် ဘတ်စ်ကား တစ်စင်းပေါ်၌ လိင်ပိုင်း ဆိုင်ရာ မတော်တရော် ပြုလုပ်သော အမျိုးသား များအား အမျိုးသမီး နှစ်ဦးက တန်ပြန် တိုက်ခိုက်နေပုံ များကို ကားစီးသူ တစ်ဦးက ဖုန်းဖြင့် ဗီဒီယို ရိုက်ထားခဲ့ရာ ထိုဗီဒီယို အွန်လိုင်း ပေါ်သို့ ရောက်ရှိ သွားခဲ့သည်။ ၎င်းညီအစ်မ နှစ်ဦးလည်း (၂၄) နာရီ အတွင်း နာမည်ကျော်များ ဖြစ်သွားခဲ့ ကြသည်။

ကားပေါ်ရှိ အခြား ခရီးသည်များက ၀င်ကူ ဖြေရှင်းပေးခြင်း မရှိခဲ့သောကြောင့် ညီအစ်မ နှစ်ဦး ကြံရာ မရ ဖြစ်ကာ အမျိုးသား သုံးဦးကို ၎င်းတို့ ဖာသာ ပြန်လည် ခုခံ တိုက်ခိုက်ခဲ့ရခြင်း ဖြစ်သည်။ ယင်း အဖြစ်အပျက်က အိနိ္ဒယ နိုင်ငံရှိ အမျိုးသမီး များ၏ အခြေအနေ တစ်စိတ် တစ်ပိုင်းကို ဖော်ပြနေ သည်။ သင်လည်း အနိုင်ကျင့်ခံရ နိုင်တယ်၊ အနိုင်ကျင့်နေတာ ကိုလည်း မြင်ရ တတ်တယ်၊ ကူသူလည်း မဲ့တတ်တယ်။

လူမြင်ကွင်းတွင် လိင်ပိုင်းဆိုင်ရာ ထိကပါးရိကပါး လုပ်ခြင်း၊ မတော်တရော် လုပ်ခြင်းကို အနောက်နိုင်ငံ များတွင် ဧ၀ကို စနောက်ခြင်းဟု ခေါ်ဆို ကြသည်။ ဧ၀မှ ခရစ်ယာန် ဓမ္မကျမ်းဟောင်းပါ အမျိုးသမီး တစ်ဦး ဖြစ်သည်။လိင်ပိုင်းဆိုင်ရာ မတော်တရော် ပြုလုပ်ခြင်းကို အမြင်လှစေရန် စနောက်ခြင်း ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။ အနောက် နိုင်ငံများ တွင်တော့ မသိ။ အိနိ္ဒယတွင်တော့ လိင်ပိုင်းဆိုင်ရာ မတော်တရော် လုပ်ခြင်းမှာ မကြာခဏ ဖြစ်ပျက်နေ သော ကိစ္စတစ်ရပ် ဖြစ်သည်။

အမျိုးသားများအား ညီအစ်မ နှစ်ဦးတို့ တန်ပြန် တိုက်ခိုက်နေသည်ကို ရိုက်ကူး ထားသော ဗီဒီယိုကို ကြည့်ရှုမိ လိုက်ပါက ကြည့်ရှု နေသူ ကိုယ်၌ပင် ဘတ်စ်ကားပေါ် လိုက်ပါနေသည့် ဘ၀တူ ခရီးသည် တစ်ဦးလို ခံစားသွားရ နိုင်သည်။ ကြည့်နေရင်းပင် ကိုယ့်နံဘေးတွင် ဖြစ်ပျက်နေ သလို ခံစားရ စေကြောင်း မွမ်ဘိုင်း တက္ကသိုလ် မီဒီယာ လေ့လာရေး ဌာနမှ ပါမောက္ခ ဟာနစ် လာကာဒါဝါလာက ပြောဆိုခဲ့သည်။ အလီရှာ ရှားမားနှင့် အခြား ကျောင်းသူ လေးဦး တို့သည် လိင်ပိုင်းဆိုင်ရာ မတော်တရော် ပြုလုပ်သူ များအား တန်ပြန် တိုက်ခိုက်ရန် တိုက်တွန်းသည့် လှုပ်ရှားမှု တစ်ခုကို လွန်ခဲ့သော နှစ်အနည်းငယ်တွင် စတင် ပြုလုပ်ခဲ့သည်။

လိင်ပိုင်းဆိုင်ရာ မတော်တရော် ပြုလုပ်မှုသည် နေ့စဉ် ဖြစ်ပျက်နေသည့် ဘ၀ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း၊ ယင်းကို ရှောင်လွှဲရန် မဖြစ် နိုင်ဘဲ လူသူလေးပါး မပြတ်ဘဲ ရှိနေသည့် ရထား ဘူတာ ရုံများ၊ ဘတ်စ်ကား ဂိတ်များနှင့် အများပြည်သူ ဆိုင်ရာနေရာများတွင် မကြာခဏ ဖြစ်ပျက်နေ တတ်ကြောင်း ရှားမားက ပြောဆိုခဲ့သည်။ အော်ဟစ်ပြီး ပြောလိုက် ရင်လည်း ဘေးနားကို လူတွေက ကိုယ့်ကို အားပေး ကြမှာ မဟုတ်ဘူးလေ၊ ကိုယ့်ကိုယ် ကိုယ် မကာကွယ်ရင် ဘယ်သူကမှ လာကာကွယ်ပေးမှာ မဟုတ်ဘူးဟု သူက ပြောသည်။

လှုပ်ရှားမှု အဖွဲ့မှာ ခြေညှပ် ဖိနပ်အား သင်္ကေတ အဖြစ် အသုံးပြုနေ သော်လည်း ယင်းမှာ အကြမ်းဖက်ရန် မဟုတ် တန်ပြန်မှု၏ အမှတ် လက္ခဏာသာ ဖြစ်ကြောင်း သူက ပြောသည်။ ၂၀၁၂ ခုနှစ်နှစ် ကုန်ပိုင်း တွင် ဒေလီရှိ ဘတ်စ်ကား တစ်စင်းပေါ်၌ ကျောင်းသူ တစ်ဦး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံ ရကာ သေဆုံးခဲ့ ပြီးနောက် အမျိုးသမီး တချို့မှာ ယခင်လို နှုတ်ဆိတ် မနေတော့ဘဲ မကျေနပ်ချက်ကို ထုတ်ဖော် ပြောဆိုလာ ကြပြီ ဖြစ်သည်။

အနိုင်ကျင့်ခံရလို့ အရှက်ရတဲ့ အတွက် လက်တုံ့ပြန်မယ်

အနိုင်ကျင့်သူကို အနိုင်ကျင့်သည့် နေရာတွင် ချက်ချင်း တုံ့ပြန်မှု ပြုလုပ်ခြင်းကြောင့် ဗီဒီယိုဖိုင်နှင့် ပတ်သက်ပြီး လူများက နှစ်ခြိုက်ကြခြင်း ဖြစ်ကြောင်း အမျိုးသမီးရေး လှုပ်ရှားသူ ကဗီတာ ခရစ်ရှနန်က ပြော ဆိုခဲ့သည်။ ဒီ မိန်းကလေး နှစ်ဦး သိပ်သတ်္တိ ရှိတယ်လို့ ထင်တယ်လေ၊ ကျွန်မတို့ လည်း ဖြစ်တဲ့ နေရာ မှာ ဖြစ်သလို မတုံ့ပြန်လို့ မရတော့ဘူး၊ ဒီလို ဖြစ်နေတာ ကလည်း အိနိ္ဒယ တစ်ခုတည်း မဟုတ်ဘူးလေ ဟု သူက ပြောသည်။

ညီအစ်မ နှစ်ဦးဘက်က ဘယ်သူမှ မရပ်တည်ခဲ့ကြ

ကားပေါ်တွင် လိုက်ပါ လာသည့် ခရီးသည်များ အနက် တစ်ဦး တစ်ယောက်ကမှ ၀ိုင်းဝန်း အကူအညီ မပေးခဲ့ကြသည့် အတွက် လူအများက အံ့သြခဲ့ ကြသည်။ အမှန်ဆိုလျင် ယင်းမှာလည်း အံ့သြစရာ မဟုတ်။ လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့် ကလည်း ဒီအတိုင်းသာ ဖြစ်ကြောင်း၊ လူများမှာ အသာ ရပ်ကြည့်နေ ကြကြောင်း ဘီဘီစီ သတင်းဌာနမှ သတင်ေးထာက် ရူပါဂျဟာက ပြောဆိုခဲ့သည်။

ဒေလီက မှတ်တိုင် တစ်ခုမှာ ကျွန်မ ဆင်းလိုက်တယ်၊ အဲဒီမှာ လူငယ် တစ်ယောက်က အနားနားကပ် လာပြီး သုတ်ရည် ထွက်တယ် ဆိုတာ ဘာလဲ သိလားလို့ မေးတယ်လေ ဟု ဂျဟာက ပြောသည်။ ၎င်းက ၎င်း အမျိုးသားအား ပါးရိုက် လိုက်ရာ၊ အမျိုးသားက ပြန်ပြီး ပါးရိုက် ခဲ့ကြောင်း၊ ဘေးနားတွင် လူများစွာ ရှိ နေသော်လည်း ကူညီသူ မရှိခဲ့ကြောင်း၊ နောက်ဆုံးတွင် ရဲစခန်းသို့သာ ထွက်ပြေးခဲ့ ရကြောင်း ဂျဟာက အံ့သြစရာ မရှိသလို ပြောသည်။

လူ့အဖွဲ့အစည်း အလုပ်မလုပ်တာ ကိုလည်း ပြနေတယ်

ဗီဒီယိုဖိုင် အပေါ် လူကြိုက်များ နေခြင်းက အိနိ္ဒယ၌ အမျိုးသမီး များအား ကိုယ်ပိုင် ဆုံးဖြတ် လုပ်ကိုင်ခွင့် မပေးဘဲ ထားရှိခြင်း ဆိုသည့် အခြေ အနေ တစ်ရပ်ကို လှစ်ဟပြ နေသည်။ အကြမ်းဖက်နေသည်ကို တားမြစ်မည့် သူမရှိဘဲ ဖြစ်နေခြင်းက လူ့ အဖွဲ့အစည်း၏ ကိုယ်ကျင့်တရား ဆိုင်ရာ စံနှုန်း များတွင် အားနည်းချက်များ ရှိနေသည်ကို ပြသနေကြောင်း ကဗီတာ ခရစ်ရှနန်က ပြောဆိုခဲ့သည်။

Ref: Why furious fightback sisters gripped India:BBC

The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...