ကလေးကို တိုးတက်ချင်စိတ် ရှိအောင် ဘယ်လို ပျိုးထောင်ရမလဲ

ခေတ်ကြီးက တိုးတက်လာတာ နဲ့ အမျှ ကလေးကို ပျိုးထောင်ပေးရမဲ့ အရည်အချင်းတွေက များများ လာပါတယ်။ ပညာရှင်များရဲ့ သုတေသနပြုချက်အရ လူတစ်ဦးရဲ့ အကျင့်စရိုက်ဟာ သူရဲ့ ဘ၀ကံကြမ္မာနဲ့ တိုက်ရိုက် အချိုးကျလေ့ ရှိပါတယ်။ ကောင်းမွန်တဲ့ အကျင့် ရှိအောင်၊ တိုးတက်ချင်တဲ့ စိတ်ရှိအောင် ငယ်စဉ်ကတဲ က ပြုစုပျိုးထောင်ပေး ရပါမယ်။ ကလေးတွေ ရှိသင့်တဲ့ အရည်အသွေး အားလုံးထဲမှာ တိုးတက်ချင်စိတ် ကြိုးစား ချင်စိတ် ရှိဖို့က အရေးကြီးဆုံးပါပဲ။ အဲဒီစိတ်တွေကို ဘယ်လို ပျိုးထောင်ပေးရမလဲ၊ အောက်ပါ နည်းလမ်းတွေ ကို ကျင့်သုံး ကြည့်နိုင်ပါတယ်။

၁။ အားကျအောင် ပျိုးထောင်နည်း

သူရဲကောင်းများ အကြောင်း၊ နိုင်ငံခေါင်းဆောင်များအကြောင်း၊ သိပ္ပံပညာရှင်များအကြောင်း၊ နာမည်ကျော် ပုဂ္ဂိုလ်ကြီးများအကြောင်း၊ အားကစားသမားကြီးများရဲ့အကြောင်း စသည်စသည်ဖြင့် မကြာခဏ ပြောပြပေး ပါ။ သူတို့ငယ်စဉ်က ဘယ်လိုကြိုးစား ခဲ့ရပုံတွေ၊ သူတို့ဘယ်လို စွန့်စားခဲ့ရပုံတွေ ပြောပြပေးပါ။ သူတို့ အတု ယူချင်လာတဲ့ အထိ နိုးဆွပေးပါ။ သူတို့လေးတွေ ကိုယ်ပိုင် အိမ်မက်လေးတွေ ရှိအောင် ကူညီ ဖန်တီး ပေးပါ။ သူတို့လေးတွေကို ထူးချွန်ပုဂ္ဂိုလ်များရဲ့ အကြောင်းအရာတွေကို လေ့လာခိုင်းပါ။ သူတို့လေးတွေ ကိုယ့် ကိုပြန်ပြောပြခိုင်းပါ။ သူတို့ရဲ့ စဉ်းစားပုံလေးတွေ သူတို့ရဲ့ မှတ်ချက်လေးတွေကို စိတ်ဝင်စားစွာ မေးကြည့် ပါ။ အကြံအဥာဏ်တောင်းတဲ့ ပုံစံနဲ့ မေးခွန်းလေးတွေ မေးကြည့်ပါ။ သေသေချာချာ နားထောင်ပေးပါ။ သူတို့ပြောတာကို အသိအမှတ်ပြုပေးပါ။

၂။ စာအုပ်များ ဖတ်ခိုင်းခြင်း

ရုပ်ပြဖြစ်ရင်ဖြစ်မယ်။ ရွှေသွေးဂျာနယ်၊ ဒို့ကျောင်းသားဂျာနယ် ကာတွန်းစာအုပ်၊ အားကစားဂျာနယ် ဖြစ် ရင်ဖြစ်မယ်။ ကလေးအတွက် အားတက်စရာ၊ အတုယူစရာပါရင် များများ ဖတ်ခိုင်းပါ။ ပြီးရင်သူတို့ စဉ်းစားပုံ ခံစားပုံ ကို ပြန်ပြောပြခိုင်းပါ။ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်ချွန်များရဲ့ ပြတိုက်သို့ ခေါ်ဆောင်သွားပါ။ အဲဒီပြတိုက် မသွားခင်မှာ သက်ဆိုင်ရာ အကြောင်းအရာတွေကို အရင် လေ့လာခိုင်းပါ။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းပြ တိုက်၊ ဦးသန့်ပြတိုက်

၃။ အတုယူပုဂ္ဂိုလ် ထူထောင်ပေးခြင်း

ကလေးဝါသနာနဲ့ နီးစပ်တဲ့ အတုယူသင့်တဲ့လူ ( idol ) တစ်ဦးဦးမသိမသာ ပျိုးထောင်ပေး ထားသင့်ပါတယ်။ အဲဒီပုဂ္ဂိုလ်နဲ့ ဆိုင်တဲ့ စာအုပ်တွေ ဗွီတီယိုတွေကို ရအောင်ရှာဖွေပြီး ကလေးကိုပေးထား သင့်ပါတယ်။ အဲဒီပုဂ္ဂိုလ်ရဲ့ ငယ်စဉ်ဘ၀ ဘယ်လို ဒုက္ခခံခဲ့ပုံ၊ ဘယ်လိုကြိုးစားခဲ့ ရပုံများကို ကလေးနဲ့ အမြဲတန်းတိုင်ပင် သင့်ပါတယ်။

၎။ ရည်ရွယ်ချက် သေးသေးလေးများကို များများ အထမြောက်စေခြင်း

ရည်ရွယ်ချက်သေးသေးလေးများကို ပြီးမြောက်စေခြင်းဖြင့် ယုံကြည်မူ တိုးတက်စေနိုင်ပါတယ်။ ဆိုပါစို့ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စကားရည်လုပွဲ အားကစားပြိုင်ပွဲ ကို ပြိုင်ပွဲ ၀င်စေတာမျိုး၊ မိမိရဲ့စာကြိုးစာမူ အဆင့်ကို တဖြည်းဖြည်းမြင့် တင်စေတာမျိုး၊ မန္တလေး တောင်ထိပ်ကို မရောက်ရောက်အောင် စက်ဘီး စီးတက်တာမျိုး မိမိကိုယ်မိမိ အနိုင်ယူစေခြင်းဖြင့် ကလေးရဲ့ စိတ်ဓါတ်ကို မြင့်တင်ပေး ရပါတယ်။ မိဘများ အနေနဲ့ သင့်တော်သလို ဆုချသင့်ပါတယ်။ အပြုသဘောဆောင်ပါ။ ဘာပဲရည်ရွယ်ချက် ထားထား၊ တစ်ဝက် တစ်ပျက်နဲ့ ဘယ်တော့မှ အရူံးမပေးရဘူး။ နောက်ပိုင်းမှာတော့ ကလေးတွေဟာ ကိုယ့်ကိုကို ရည်ရွယ်ချက် တည်ဆောက် တတ်သွားပါတယ်။ ဘ၀ဦးတည်ချက် ရှိသွားပါတယ်။

၅။ ဇွဲကိုပျိုးထောင်ပေးခြင်း

တစ်ရက်ကို တစ်မျိုးပြီးမြောက်အောင် လုပ်ခိုင်းပါ။ မရမက ကြိုးစားရယူတဲ့ အကျင့်ပျိုးထောင်ပေးပါ။ အားကစားပြိုင်ပွဲ များများ ပါဝင်ပေးပါ။ ဇွဲရှိခြင်းဟာ အောင်မြင်ခြင်းပါပဲ။

Ref: Wechat
https://www.facebook.com/aung.k.latt.5?fref=nf
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...