ပ​န်းေ​ကာ​င်း ပ​န်ေ​ပး​နို​င်ြ​က​ပါေ​စ

ဆရာ၊ ဆရာမဆိုတာ ဥယျာဉ်မှူးတွေ ပါပဲလို့ တင်စား ကြပါတယ်။ ကိုယ့် တပည့်လေးတွေ လူ့လောက အလယ်မှာ ငွားငွားစွင့်စွင့်နဲ့ ကြွားကြွား ဝင့်ဝင့် ရပ်တည်နိုင်ကြပါစေလို့ ရေလောင်းပေါင်း သင် ပြုစုပျိုး ထောင်ပေးကြ ရသူတွေ ဖြစ်ပါ တယ်။ နိုင်ငံ တည်ဆောက်ရေး၊ နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင် ရေးတို့မှာ ရှေ့တန်းက မားမားမတ်မတ် ရပ်နိုင်ကြအောင် လေ့ကျင့် သင်ကြားပေးကြ ရသူတွေလည်း ဖြစ်ပါတယ်။ ကိုယ်ပြုစု ပျိုးထောင်ပေးလိုက်တဲ့ တပည့်တွေ ပန်းကောင်း ပန်ဆင်နိုင်သွားကြရင် သူတို့လေး တွေရဲ့ဘဝကို ကြည့်ပြီး ကြည်နူးမဆုံးဖြစ်ကြရမှာပါ။ ဆရာကောင်း တပည့်ပန်းကောင်း ပန်နိုင်သလို ပန်းကောင်း ပန်ပေးနိုင်တဲ့ ဆရာဟာလည်း တပည့်တွေရဲ့ ကြည်ညိုလေးစား အားထားမှုကို ခံကြရပါတယ်။

ဆရာကောင်း၊ ဆရာမကောင်း တစ်ယောက်ရဲ့ ဘဝဟာငွေကြေးဥစ္စာ ကြွယ်ပိုးကြွယ်ဝ ရှိကောင်းမှရှိမှာ ပါ။ စေတနာစစ်၊ စေတနာမှန်ဆိုတာကိုလည်း ငွေကြေးနဲ့တိုင်းတာ တန်ဖိုးဖြတ်ကြည့်လို့ရကောင်းတဲ့ အရာ မဟုတ်ပါဘူး။ ဆရာ၊ ဆရာမဆိုတာ တိုင်းပြည်ရဲ့အနာဂတ် သားကောင်းရတနာတွေကို မွေး ထုတ်ပေးနေ ကြသူတွေပါ။ ဒါကြောင့်လည်းဆရာ၊ ဆရာမတစ်ယောက်ဟာ တန်ဖိုးဖြတ်လို့မရနိုင် အောင် ကျေးဇူးကြီးမား ရခြင်းလည်း ဖြစ်ပါတယ်။ အဲဒီလောက် ကြီးမားလို့လည်း ပူဇော်ခံထိုက်ခြင်းပါ။

ဆရာ၊ ဆရာမဆိုတာ ခေတ်ကာလ၊ ခေတ်ရေစီးကြောင်းပြောင်းလို့ တန်ဖိုးပြောင်းသွားတယ်ရယ်လို့ မရှိပါဘူး။ ခေတ်ရေစီးကြောင်းကြောင့်လည်း ကိုယ့်သိက္ခာ၊ ကိုယ့်တန်ဖိုးကို ပြောင်းသွားအောင် ကျင့် ကြံမှုမျိုး မဖြစ်သင့်၊ မဖြစ်စေရပါဘူး။ သို့ပေမယ့် ခေတ်ရေစီးကြောင်းကြောင့် ရေစီးကြောင်း မှာ မျောပါ နေကြတဲ့ ဆရာ၊ ဆရာမတွေ တစ်စတစ်စနဲ့ တိုးပွားလာနေတာ ယနေ့ခေတ်မှာ မြင်တွေ့နေကြရပါ တယ်။ ကျွန်တော်တို့ခေတ်က ကျောင်းသားတွေက ကိုယ့်ကိုသင်ပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေအ ကြောင်း တသသပြောမဆုံးအောင် ဖြစ်ကြရပါတယ်။

ဒီနေ့ခေတ်မှာ ဆရာ၊ ဆရာမတွေနဲ့ပတ်သက်ပြီး တသသပြန်ပြောင်းပြောကြတာမျိုး သိပ်မတွေ့ရတော့ ပါဘူး။ အလေးအနက်ထားတာလည်း သိပ်မတွေ့ရပါဘူး။ ကိုယ့်ကိုသင်ပေးလိုက်တဲ့၊ ပညာသင်ပေးခဲ့ တဲ့ ဆရာ၊ ဆရာမရယ်လို့ဆိုပြီးတော့လည်း လှိုက်လှိုက်လှဲလှဲ ရင်နဲ့နှုတ်ဆက်ကြတာမျိုး မတွေ့ရသ လောက်ပါ။ ဆရာ၊ တပည့်ဆက်ဆံရေးဟာ ဘာကြောင့်များ အခုလိုမျိုးဖြစ်လာရ၊ ဖြစ်နေရသလဲဆိုတာ စဉ်းစား စရာ ဖြစ်နေပါတယ်။ ကြာရင် အာစရိယဂုဏ်ဆိုတာ မှေးများမှေးမှိန်သွားမလားလို့တောင် သံသယ စိတ်ဖြစ်မိရပါတယ်။ ဖြစ်စရာအကြောင်းတွေလည်း တွေ့နေရပါတယ်။

ယနေ့ခေတ်ကျောင်းတွေက (အခြေခံရော၊ အဆင့်မြင့်မှာပါ) ဆရာ၊ ဆရာမအများစုက ကျောင်းမှာ သင်တဲ့ သင်ကြားမှုကိုဝတ်ကျေတမ်းကျေ သဘောမျှသာ ပြုကြတာကိုတွေ့နေရပါတယ်။ ကျောင်း သားကလည်း စာမေးပွဲဖြေဆိုခွင့်ရရေးအတွက် ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းပြည့်ရုံ ဝတ်ကျေ ဝတ်ကုန် တက်ကြတာများ ပါတယ်။ သက်ဆိုင်ရာဘာသာပြ ဆရာ၊ ဆရာမတွေက ပြင်ပမှာသင်ပေးတာ လောက်ပဲ စိတ်ဝင်စားကြပါ တယ်။

ဒါဟာလည်း စာကို စိတ်ဝင်တစားနဲ့ အတိုင်းအတာ တစ်ခုအထိ ပိုင်နိုင်တတ်မြောက်မှု ရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ တက်ရောက်ကြတာ မဟုတ်ဘဲ စာမေးပွဲမှာမေးမယ့် မေးခွန်းသိရအောင်၊ တကယ် လို့စာမေးပွဲကောင်းကောင်းမဖြေနိုင်ခဲ့ရင် ခုံနံပါတ်ပေးပြီး အထောက်အပံ့ ရစေအောင်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ တက်ကြတာ များပါတယ်။ ဒီတော့ကျောင်းသားနဲ့ဆရာ ဆက်ဆံရေးက အရောင်းအဝယ်သ ဘောဆန် သွားပါတယ်။ အဲဒီတော့ နက်နဲတဲ့ကျေးဇူးတရားဆိုတာ ဘယ်မှာလာပြီး ရှိနိုင်ပါတော့မလဲ။

တစ်ခုဆိုးတာက အခြေခံကျောင်းတွေမှာ ကျူရှင်ရရေး ပြိုင်ဆိုင်မှုတွေရှိလာပြီး စိတ်ဝမ်းကွဲပြားမှုတွေ ရှိလာခြင်းပါ။ အထက်တန်းပြတွေကြားမှာဆိုရင် ပညာရေးကောလိပ်ကနေ အဆင့်ဆင့်တက်ပြီး B.Ed ရပြီး အထက်တန်းပြဖြစ်လာတဲ့ ဆရာ၊ ဆရာမရယ်၊ ပညာရေးတက္ကသိုလ်တက်ပြီး B.Ed ရလာတဲ့ အထက် တန်းပြရယ်၊ ဘွဲ့ရပြီး CET တက်ပြီးဖြစ်လာတဲ့ အထက်တန်းပြရယ်၊ SCET တက်ပြီးဖြစ်လာတဲ့ အထက် တန်းပြရယ်၊ လုပ်သက်နဲ့ သင်တန်းပြည့်စုံမှုရှိလို့ B.Ed အောင်၊ သင်တန်းတစ်လတက်ပြီးဖြစ် လာတဲ့ အထက်တန်းပြရယ်ဆိုပြီးတော့ အထက်တန်းပြအမျိုးမျိုးရှိတော့ သူကပိုတော် ပိုတက်တယ်။ ငါကပိုတော်၊ ပိုတတ်တယ်ဆိုပြီး အချင်းချင်းပြိုင်ဆိုင်စိတ်ဝမ်းကွဲနေကြတာတွေလည်း တွေ့ရပါတယ်။ ဆရာတစ်ယောက် မှာ ရှိသင့်တဲ့ ‘စေတနာ၊ ဝါသနာ၊ အနစ်နာ’ ဆိုတာဆရာတွေကြားမှာ သိပ်အရေးမပါ တော့သလို လည်း ဖြစ်နေပါတယ်။ အတော့်ကို ဝမ်းနည်းစရာပါ။

အခြေခံပညာကျောင်းတွေမှာ နောက်ထပ်တွေ့ရတာတစ်ခုက ဆိုင်ရာဘာသာပြဆရာ၊ ဆရာမက သူ သင်ပေးထားတဲ့ အတိုင်းမဟုတ်ရင် လုံးဝအမှားပေးခြင်းပါပဲ။ တွက်ရတဲ့ ဘာသာရပ်တွေမှာဆိုရင် သူတို့ တွက်ပေးထားတဲ့နည်းနဲ့ ပြန်လည်တွက်ပြ၊ ဖြေပြမှ အမှတ်ပေးပါတယ်။ အင်္ဂလိပ်စာမှာ အဆိုးရွား ဆုံးတွေ့ ရပါတယ်။ Letter တို့၊ Essay တို့ကို အလွတ်ကျက်ဖြေဆိုစေခြင်းပါ။ ကျောင်းသားက သူ့ ကိုယ်ပိုင် အတွေးနဲ့ ရေးသားတင်ပြတာကို လုံးဝအမှတ်မပေးတဲ့ ဆရာ၊ ဆရာမတွေရှိနေပါတယ်။ နိုင်ငံ တကာကို ကြည့်မြင်နိုင်တဲ့ မျက်စိရှိဖို့ခေတ်က အင်္ဂလိပ်စာကျွမ်းကျင်ပိုင်နိုင်မှုကို တောင်းဆိုနေပါတယ်။

အခုလိုမျိုး ဘာမှနားမလည်၊ ဘာမှမသိဘဲ အလွတ်ကျက်ဖြေဆိုစေတဲ့ နည်းလမ်းမျိုးနဲ့ ဘယ်နည်းနဲ့မှ အင်္ဂလိပ်စာ စွမ်းရည်ကောင်းရနိုင်မှာ မဟုတ်ပါဘူး။ နောက်ထပ်တွေ့ရတာတစ်ခုက အင်္ဂလိပ်ဘာသာနဲ့ သင်ရတဲ့ ဇီဝဗေဒလိုဘာသာရပ်မှာလည်း ပြဋ္ဌာန်းစာအုပ်ပါ စာကြောင်းတွေအတိုင်း တစ်သဝေမတိမ်း အလွတ်ကျက်ရေးစေတာပါ။ ဒီတော့ကျောင်းသားကဆိုင်ရာအကြောင်းအရာကို နားလည်ဖို့အားမ ထုတ်တော့ဘဲ အလွတ်ရပြီး အလွတ်ပြန်ရေးနိုင်ရေးလောက်သာ အာရုံစိုက် လုပ်ဆောင်ကြခြင်းပါ။ ကိုယ်နား လည်သလို ပြန်ရေးပြတာ အင်္ဂလိပ်သဒ္ဒါနည်း မှန်ကန်မှု ရှိပေမယ့် လက်ခံ စစ်ဆေးပေးခြင်းမရှိ တာလည်း ကျောင်းအများစုမှာ တွေ့ရပါတယ်။ ဒီတော့ကျောင်းသားက ဘာသာရပ်ကိုလည်း ထဲထဲဝင် ဝင်နားမလည်၊ ဘာသာစကားကိုလည်း ကျွမ်းကျင်မှုအလျှင်းမရှိဖြစ်သွားတတ်ပါတယ်။ ကျောင်းသားရဲ့ အမြင်အတွေးကို ဖွင့်ပေးရမယ့်အစား ပိတ်ပစ်လိုက်သလိုဖြစ်နေတာ တွေ့ရမှာဖြစ်ပါတယ်။ ဒီတော့ ကျောင်း သားက သက်ဆိုင်ရာဘာသာရပ်ကို ကျယ်ကျယ်ပြန့်ပြန့် သိခွင့်မရ၊ ဆွေးနွေးခွင့်မရ၊ သိခွင့် ဆွေးနွေးခွင့် မရတော့ ကိုယ်တိုင်ကျယ်ကျယ်ပြန့်ပြန့် လေ့လာတတ်တဲ့အကျင့် ဖြစ်မလာတော့ပါဘူး။ တဖြည်းဖြည်း နဲ့ကျောင်းသားက သင်ပေးသူထက် အလွယ်လမ်းလိုက်ပြီး သက်သာပေါက်ကို ရှာတတ် သွားပါတယ်။ တဖြည်းဖြည်းနဲ့ကျောင်းသားက သင်ပေးသူထက် အလွယ်လမ်းလိုက်ပြီး သက်သာ ပေါက်ကို ရှာတတ်သွား ပါတယ်။ ဒီတော့သိသင့်၊ တတ်သင့်တဲ့ အခြေခံပညာဘယ်မှာရနိုင်ပါတော့မလဲ။

ကျွန်တော်တို့ဆီမှာ ပညာပေးနေကြတဲ့ဆရာ၊ ဆရာမတွေရော၊ ပညာယူနေကြတယ်ဆိုတဲ့ ကျောင်း သား၊ ကျောင်းသူတွေကြားမှာပါ လုံးဝအားနည်းချက်တစ်ခုက ပညာရပ်ကိုကျယ်ကျယ်ပြန့်ပြန့်သင် ကြား၊ သင်ယူမှုနည်းခြင်းပါ။ သင်ကြားပေးကြသူအများစုကလည်း ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းစာကို ဘာ သာပြန်ပေးနိုင်ရုံမျှလောက်ပဲ အားထုတ်ကြလေ့ရှိတာကို တွေ့ရပါတယ်။ ရှင်းပြနိုင်တဲ့အဆင့်ရောက် တာ နည်းပါတယ်။ ကိုယ်ရှင်းလင်းသင်ကြားပြသရတဲ့ ဘာသာရပ်နဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ဖို့ ရည်ညွှန်းစာအုပ်ကို ညွှန်နိုင်မှုလည်း မရှိသလောက်ပါ။ ဘာသာရပ်နဲ့ပတ်သက်လို့ ဌာန စာကြည့်တိုက် ကဖြစ်စေ၊ ဆိုင်ရာကျောင်းစာကြည့်တိုက်ကဖြစ်စေ၊ ရှာဖွေလေ့လာမှု မတွေ့ရသ လောက်ပါ။ သင်ကြားပေး မယ့်သူကိုယ်တိုင်ကလည်း ဆိုင်ရာဘာသာရပ်ကို ထဲထဲဝင်ဝင်ရှိထားပါမှ ကျောင်းသားကို ထဲထဲဝင်ဝင်ရှင်းပြ၊ လမ်းညွှန်ပြသနိုင်မှာဖြစ်ပါတယ်။ အဲဒီလိုပညာပေးနိုင်မှပညာပါတဲ့ တပည့်တွေကို မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါ တယ်။ ဆရာကောင်းတွေရဲ့ တပည့်ပန်းကောင်းပန်နိုင်မှာ လည်း ဖြစ်ပါတယ်။ တပည့်ကောင်းတွေရဲ့ ဆရာလည်း ဂုဏ်ယူဝင့်နိုင်မှာပါ။ အဲဒီလို ဆရာ၊ ဆရာမမျိုး ကိုကျောင်းသားကလည်း တသသ၊ တဖွဖွပြော မဆုံးနိုင်ဖြစ်ကြမှာပါ။ ဂုဏ်ကျေးဇူးကို သတိရမဆုံးဖြစ် ကြမှာပါ။ ဒါကြောင့်အပြကောင်းရုံမလုပ်ဆောင်ကြဘဲ အကောင်းကိုပြနိုင်အောင် လုပ်ဆောင်ကြဖို့လိုပါ မယ်။ အမြင်ကောင်းရုံ မလုပ်ဆောင်ကြဘဲ အကောင်း ကိုမြင်အောင် လုပ်ဆောင်ကြမှသာ ကိုယ့်တပည့် ကို ပန်းကောင်း ပန်ဆင်ပေးနိုင်ကြမှာ ဖြစ်ကြောင်းပါ .  . ။

စံတော်ချိန်သတင်းစာ
နိုဝင်ဘာ (၁၉) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...