၂၀၁၄ ခုနှစ်ရဲ့ အထူးခြားဆုံး နည်းပညာများ (အပိုင်း-၂)

၂၀၁၄ ခုနှစ် ကုန်ခါနီးမှာ တစ်နှစ်လုံး ရေပန်းစား ခဲ့တဲ့ နည်းပညာ ရေစီးကြောင်းပို ပြန်လှန် လေ့လာ ကြည့်မယ် ဆိုရင် PC ကွန်ပျူတာတွေ ၊ Laptop တွေ ၊ မိုဘိုင်းလ်ဖုန်းတွေ အမျိုးမျိုး ထွက်ရှိခဲ့ ပါတယ်။ အဲဒီလို များစွာသော နည်းပညာတွေ ထဲကမှ မတူ ညီတဲ့ နည်းပညာ ၂ မျိုးကို ပေါင်းစပ် ဖန်တီးထားတဲ့ ထူးထူးဆန်းဆန်း စင်ပေါင်း(Hybrid) နည်းပညာနဲ့ ထုတ်ကုန် အချို့ကို ပထမပိုင်းမှာ တစ်ချို့ တင်ပြပြီးမို့ ဒုတိယပိုင်းမှာ ကျန်တဲ့ နည်းပညာ တစ်ချို့ကို တင်ပြချင်ပါတယ်။

၎။ Toshiba Chromebook 2

၂၀၁၃ ခုနှစ် တုန်းကလည်း Chromebook ဟာ အောင်ပွဲခံနိုင်ခဲ့သလို ၂၀၁၄ ခုနှစ်မှာလည်း Toshiba ရဲ့ Chromebook 2 ဟာ အကောင်းဆုံး နည်းပညာ ဖြစ်နေဆဲပါပဲ။ ၁၂.၆ လက်မ ကျယ်ပြီး ၀.၈ လက်မသာ အထူရှိတဲ့ Chromebook 2 ရဲ့ ဒီဇိုင်းဟာ လှပနေပါတယ်။ သူ့ရဲ့ အလေးချိန်ကလည်း ၁.၃ ကီလိုဂရမ်သာ ရှိပါတယ်။ 1920 x 1080 p အထိ ကြည်လင်ပြတ်သား မှုကိုပေးနိုင်ပါတယ်။ ထူးခြားချက်ကတော့ SkullCandy ဆိုတဲ့ နားကြပ် ကုမ္မဏီရဲ့ နည်းပညာနဲ့ Chromebook2 ရဲ့ အသံစနစ်တွေကို ထုတ်လုပ်ထား ပါတယ်။ သူ့ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ ၃၈၀ ၀န်းကျင် ရှိပါတယ်။

၅။ HP Stream 11

ဘက်ထရီသက်တမ်း အလွန်ကောင်းမွန်ပြီး ဈေးနှုန်း အသက်သာဆုံး Laptop တစ်လုံးကို ပြရမယ် ဆိုရင်တော့ HP Stream 11 ကိုပဲ ပြရပါလိမ့်မယ်။ ၁၁.၆ လက်မ ကျယ်ဝန်းတဲ့ မျက်နှာပြင်က 1366 x 768 ကြည်လင်ပြတ်သားမှုကို ပေးနိုင်ပါတယ်။ CPU အနေနဲ့ 2.16GHz Intel Celeron N2840 ကို သုံးထားပြီး memory အနေနဲ့ကတော့ 2GB DDR3 SDRAM 1333 MHz ကိုသုံးပေးထားပါတယ်။ 64 MB Intel HD ဂရပ်ဖစ် ကဒ်ပါတဲ့အတွက် ရုပ်ထွက်လည်း ကောင်းမွန်ပါတယ်။ သိုလှောင်ပမာဏတော့ 32GB SSD အပြင် အင်တာနက်မှာ 1TB အထိ သိမ်းဆည်းနိုင်မယ်လို့သိရပါတယ်။ ၁.၃ ကီလို ဂရမ်တောင် မလေးတဲ့ HP Stream 11 ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၀ ပဲဖြစ်ပါတယ်။

၆။ Microsoft Surface Pro 3

Surface Pro 3 ဟာပေါ့ပါးသေးသွယ်ပြီး ၁၂ လက်မ ကျယ်ဝန်းတဲ့ မျက်နှာပြင်မှာ အကောင်းဆုံး ရုပ်ထွက် ကို ပေးနိုင်တဲ့ Laptop နဲ့ Tablet ပေါင်းစပ်ထားတဲ့ စပ်ပေါင်း(Hybrid) နည်းပညာ တစ်မျိုးဖြစ်ပါတယ်။ ကီးဘုတ် တစ်ခုလည်း ပါဝင်တဲ့ အပြင် ဒစ်ဂျစ်တယ် Pen တစ်ခုလည်း ပါဝင်ပါတယ်။ 2160 x 1440 ကြည်လင်ပြတ်သားမှုရှိတဲ့ မျက်နှာပြင်ကိုတော့ Touchscreen အဖြစ်လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ CPU အနေနဲ့ 1.9GHz Intel Core i5 4300 U ကို သုံးထားပြီး Memory အနေနဲ့ 8GB DDR3 SDRAM1,600 MHz ကို သုံးထားပါတယ်။ 1792MB ရှိတဲ့ Intel HD ဂရပ်ဖစ်ကဒ် ပါဝင်တဲ့အပြင် သူ့ရဲ့ အလေးချိန်က ၈၀၀ ဂရမ်သာရှိတဲ့ အတွက် အပေါ့ပါးဆုံး Laptop လို့လည်း ဆိုနိုင်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၁၃၀၀ ၀န်းကျင်ဖြစ်ပါတယ်။

Ref:cnet.com
Trend Myanmar
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...