iOS 8.1.1 မှ 8.1 သို့ Downgrade လုပ်လို့ရခြင်းကို ရပ်ဆိုင်း ၊ Jailbreak သမားများအတွက် စိတ်ပူစရာမရှိ


Apple သည် iOS 8.1.1 ထွက်ရှိပြီးနောက်ပိုင်း ရက်အတန်ကြာ iOS 8.1.1 တင်ထား သူများအနေဖြင့် iOS 8.1 သို့ Downgrade ပြန်ဆင်း လို့ရအောင် ခွင့်ပြုပေး ထားသေးသော်လည်း ယခုအခါ လုံးဝ ရပ်လိုက်ပြီဖြစ်သောကြောင့် iOS 8.1.1 တင်ထားသူများ ၊ အရင် iOS version များကို တင်ထားသူ များအနေဖြင့် iOS 8.1.1 သို့သာ Update/Restore ပြုလုပ်၍ ရတော့မည်ဖြစ်သည်။ iOS 8.0 မှ iOS 8.1 အထိ Jailbreak ပြုလုပ်နိုင်သော Pangu 8 Jailbreak Tool ကို Pangu Team မှ ထုတ်ဝေခဲ့ပြီးနောက်ပိုင်း Apple ကလည်း iOS 8.1.1 ကိုထပ်မံ update ပေးခဲ့ပြီး ယင်း iOS 8.1.1 တွင် Pangu Jailbreak Tool မှအသုံးပြုထားသော လုံခြုံရေးဆိုင်ရာ အားနည်းချက် လမ်းကြောင်းများ ၊ နည်းလမ်းများကို အသုံးပြုမရစေရန် ပိတ်ဆို့ ထားလိုက်ပြီဖြစ်သည်။



သို့သော် ၂၀၁၄ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် TaiG ဟူသော တရုတ် iOS Hacker အဖွဲ့တစ်ဖွဲ့မှ iOS 8.1.1 ကို Jailbreak ပြုလုပ်နိုင်သော TaiG Jailbreak Tool ကိုထပ်မံထုတ်ဝေလိုက်ပြန်သည်။



ယင်း TaiG Jailbreak Tool သည် iOS 8.2 (Beta) အထိ Jailbreak ပြုလုပ်နိုင်သောကြောင့် နောက်ပိုင်းထွက်ရှိလာမည့် iOS 8.2 အတွက်လည်း Jailbreak မရမှာစိုးရိမ်စရာမလိုတော့ဟု ပြောလို့ရသည့်အနေအထားဖြစ်သည်။ TaiG Jailbreak Tool ကိုအောက်က link မှာရယူနိုင်ပါသည်။

Download “TaiG” Jailbreak Tool

နာမည်ကြီး iOS Hacker, Researcher များကလည်း TaiG jailbreak Tool သည် user အချက်အလက်များကိုခိုးယူခြင်း နှင့်အခြားအန္တရာယ်ရှိသည့် data များမပါဝင်ကြောင်း ၊ စိတ်ချလက်ချအသုံးပြုနိုင်ကြောင်း ပြောဆိုထားပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ iOS 8.1 မှာ Jailbreak ပြုလုပ်ထားသော်လည်း Jailbreak မရမှာစိုးလို့ Latest version သို့ update မလုပ်သေးသူများ ၊ iOS 8.1.1 ကို update ပြုလုပ်ပြီးသော်လည်း Jailbreak ပြုလုပ်လိုသူများနဲ့ နောက်ပိုင်းထွက်ရှိလာမယ့် iOS 8.2 အတွက်ပါ Jailbreak ရနိုင်မှာသေချာသလောက်ဖြစ်နေတဲ့အတွက် နောက်ဆုံးထွက် iOS 8.1.1 နဲ့ iOS 8.2 ကို Jailbreak ပြုလုပ်လိုသူ ၊ Jailbreak ပြုလုပ်ထားသော iOS Device များမှာ Cydia Tweak အလန်းလေးများကိုထည့်သွင်းအသုံးပြုလိုသူတွေအတွက် စိတ်ပူစရာမရှိတော့ကြောင်း တင်ပြလိုက်ရပါတယ်။


Ref: Redmondpie

သက်နိုင်စိုး (Myanmar Mobile App Store)
http://www.facebook.com/thetnaing.mmas 
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...