Ubuntu OS ပေါ်တွင် MP4 မှ AVI Format သို့ Convert ပြုလုပ်ခြင်း

Ubuntu OS ပေါ်တွင် MP4 File မှ AVI Format သို့ Convert ပြုလုပ်ပြီး DVD Player တွင် ကြည့်ရှု ချင်သူများ အတွက် MP4 မှ AVI Format သို့ပြောင်း လဲသည့် နည်းလမ်းဖြစ်ပါတယ်။ Ubuntu OS ပေါ် မှာ ထည့်သွင်းထားတဲ့ DVD Player တွေ ကနေ တစ်ဆင့် ရုပ်ထွက်ကောင်းမွန်တဲ့ AVI Video Format တွေကို ကြည့်ရှုချင်တဲ့ အခါမှာ WinFF ဆိုတဲ့ ဆော့ဖ်ဝဲကို ထည့်သွင်းပြီး MP4 ကနေ AVI Format ကို ပြောင်း လဲနိုင်မှာ ဖြစ်ပါတယ်။

WinFF ကို Ubuntu OS ပေါ်မှာ ထည့်သွင်းဖို့ အတွက်ဆိုရင် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီ ဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကိုအရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံ လုပ်ပေးရပါမယ်။

နောက်တစ်ဆင့်ကတော့ WinFF ကို Install ပြုလုပ်ဖို့ အတွက် Terminal မှာ ဖော်ပြပါ Command တွေကို တစ်ကြောင်းချင်းစီ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။

အသုံးပြုရမယ့် Com-mand တွေကတော့-

sudo add-apt-repository ppa:paul-climbing/ppa

sudo apt-get update

sudo apt-get install winff

sudo apt-get install libavcodec-extra-53 စတာတွေ ဖြစ်ပါတယ်။

WiFF ကိုဖွင့်ဖို့ အတွက်ကတော့ Dash Home ရဲ့ Search Box မှာ WinFF ဆိုတဲ့ Keyword ကို ရိုက်ထည့်ပြီး WiFF ကိုဖွင့်ရမှာ ဖြစ်ပါတယ်။ WiFF ကိုဖွင့်ပြီး သွားပြီဆိုရင်တော့ Covert ပြုလုပ်မယ့် MP4 ဖိုင်ကိုရွေးချယ်ပြီး Output ပြုလုပ်နိုင်မယ့် လမ်းကြောင်းကိုပါ တစ်ခါတည်း သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားပြီဆိုရင် WinFF နဲ့ MP4 ဖိုင်ကနေ AVI ဖိုင်ကို Convert ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။

Internet Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...