Viagra in Heart Disease နှလုံးရောဂါ နဲ့ (ဗိုင်ယာဂရာ)

ယောက်ျားတွေ Male sexual dysfunction ပန်းညှိုး-ပန်းသေဖြစ်ရင် သုံးတဲ့ Viagra (ဗိုင်ယာဂရာ) ဆေးဟာ အများစုမှာ ဘာမှ စိုးရိမ်စရာ မရှိပါ။ လိင်ဆက်ဆံမှု အားနည်း တတ်တဲ့ အသက်နဲ့ နှလုံးရောဂါဖြစ်စေတဲ့ အသက်က ဆင်တူနေတယ်။ ဒါပေမဲ့ Heart disease နှလုံးရောဂါတိုင်း ဒီဆေးနဲ့ မသင့်ဘူး မဟုတ်ပါ။

(ဗိုင်ယာဂရာ) ဆေး ပေါ်ကာစ ၁၉၉ဝ ကျော်တုံးက ဆေးသုံး သူတွေ နှလုံးရောဂါ ဆိုးတယ်လို့ သတင်းတွေ အကြီးအကျယ် ထွက်ခဲ့တယ်။ ဆန်းစစ်မှုတွေ လုပ်တော့ Nitrates (နိုက်ထရိတ်) နှလုံးဆေး မသုံးရသူတွေမှာ အဲလိုအန္ကရာယ် ပိုဖြစ်တယ်ဆိုတာ မမှန်ကြောင်း သိလာရတယ်။

Viagra ဆိုတာ Sildenafil citrate ပါတဲ့ဆေး ဖြစ်တယ်။ နှလုံးရောဂါအပေါ်ကို သက်ရောက်စေနိုင်တဲ့ နည်းလမ်း ၂ မျိုးရှိတယ်။
၁။ သွေးဖိအား ကျစေတယ်။ Vasodilator သွေးကြောတွေကို ကျယ်စေတဲ့သတ္ကိရှိလို့ Systolic blood pressure အထက်သွေးချိန်ကို ပျမ်းမျှ 8 mmHg ကျစေတယ်။ Antihypertensive drugs သွေးတိုး ကျဆေး ပေးနေသူတွေအတွက် ပြဿနာ မဟုတ်ပါ။
၂။ Coronary artery disease နှလုံးသွေးကြောကျဉ်း ရောဂါအတွက် သုံးလေ့ရှိတဲ့ Nitrates (နိုက်ထရိတ်) ဆေးနဲ့ ဓါတ်ပြုတယ်။ Nitrates ဆေးကလဲ Vasodilating effects သွေးကြောကို ကျယ်စေလို့ ဆေး ၂ မျိုးရောရင် Severe hypotension သွေးဖိအား မတရား ကျသွားနိုင်တယ်။ Syncope (Fainting) ရုတ်တရက် မူးမေ့တာ ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် ဒီ ဆေး ၂မျိုးကို ၂၄ နာရီအတွင်း တွဲမသောက်ပါနဲ့။

Nitrates ဆေးတွေထဲမှာ Sublingual ငုံဆေး၊ Transdermal အရေပြားထုထားဆေး၊ Spray ပန်းဆေးတွေ ရှိတယ်။ Isosorbide mononitrate, Isosorbide dinitrate, Pentaerythritol tetranitrate, Erythrityl tetranitrate နဲ့ Amyl nitrate တွေ ပါဝင်တယ်။အရင်က နှလုံးသွေးကြော ကျဉ်းရောဂါအတွက် Nitrates ဆေး မပါရင်မဖြစ်ဘူး။ ခုခေတ်မှာတော့ Angioplasty နဲ့ Stenting ကုသနည်းတွေ တိုးတက် လာပြီ ဖြစ်တယ်။

Viagra ဆေးရဲ့ Nerve activity အာရုံကြောအပေါ် သက်ရောက်မှုအရ Relaxation of the smooth muscles in the penis ကျား-လိင်အင်္ဂါထဲက သွေးကြောတွေကို ကျယ်လာစေတယ်။ ဒီလိုဖြစ်တာကို လိုချင်တယ်။ ဒါပေမဲ့ Cardiovascular Effects နှလုံး-သွေးကြောအပေါ် သက်ရောက်မှုတွေလဲ ရှိနေတယ်။

- Cardiac Contractility နှလုံးကြွက်သား ညှစ်ခြင်းအပေါ်သက်ရောမှုရှိပေမဲ့ Heart failure နှလုံး မကောင်းတော့တဲ့ လူနာတွေအပေါ်မှာ လုံလောက်တဲ့ ဆန်းစစ်မှုတွေ မရှိသေးဘူး။
- Systolic Blood Pressure အထက်သွေးဖိအား (8 to 10 mm Hg) နဲ့ Diastolic အောက်သွေးဖိအား (5 to 6 mm Hg) ကျစေနိုင်တယ်။ ဆေးသောက်အပြီး ၁ နာရီမှာ သိသာတယ်။ ၄ နာရီကြာရင် အရင် လိုပြန်ဖြစ်တယ်။ လူနာရဲ့ အသက်အရွယ် မရွေး အဲလို ဖြစ်တယ်။
- Heart rate နှလုံးခုန်နှုန်းအပေါ် သိသာတဲ့ အပြောင်းအလဲ မတွေ့ရဘူး။ (ဒါ့ကြောင့် မေးခွန်းမေးသူအတွက် စိုးရိမ်စရာမရှိဘူး။)
- Cardiac index ဆိုတာ ၁၂ နာရီအထိ အပြောင်းအလဲ မရှိဘူး။
- Systemic vascular resistance index နည်းတာကို သွေးပြန်ကြောထဲထိုးပြီး စမ်းသပ်တော့ တွေ့တယ်။
- Arteriodilator သွေးလွှတ်ကြော ကျယ်တာရော Venodilator သွေးပြန်ကြော ကျယ်တာပါ ဖြစ်တယ်။
- ဆေးကို သွေးပြန်ကြောထဲ ထိုးပေးစမ်းတော့ Systemic pressure ကိုယ်ခန္ဓာ-သွေးဖိအား ဂ%၊ Pulmonary arterial pressure အဆုပ်-သွေးဖိအား ၂၅% နဲ့ Cardiac output နှလုံး-သွေးထွက် ပမာဏ ၇% ကျတာ တွေ့တယ်။

တကယ်တန်းပြောရရင် -
- Severe coronary artery disease နှလုံးသွေးကြောကျဉ်းရောဂါ ဆိုးဆိုးဝါးဝါး ရှိနေပေမဲ့ Active ischemia လောလောလတ်လတ် နှလုံးကြွက်သားတွေ သွေးမဝတာ ဖြစ်မနေဘူးဆိုရင် (ဗိုင်ယာဂရာ) ဆေး ကို သုံးနိုင်ပါတယ်။ ဆိုလိုတာက အခု Chest pain ရင်ပတ်နာ မနေသူတွေ၊ Nitrates ဆေးအခု သောက်မနေရသူကို ပြောတာပါ။
- Low blood pressure သွေးဖိအားကျနေရင်း Severe heart failure နှလုံအလုပ်မလုပ်တဲ့ အခြေအနေ ရှိနေသူတွေ အတွက်တော့ အန္ကရာယ်ရှိမယ်။
- Hypertrophic cardiomyopathy နှလုံးကြွက်သားတွေ ရှိရမှာထက် ကြီးထွား-ဖေါင်းကားနေသူတွေ ဆိုရင် သွေးဖိအား ကျလာရင် အန္ကရာယ် မကင်းနိုင်ဘူး။
- "Stable coronary artery disease နှလုံးသွေးကြောကျဉ်းရောဂါ ရှိထားပေမဲ့ တည်ငြိမ်မှုရှနေ ချိန်၊ နောက်ပြီး Nitrates ဆေး သောက်မနေရရင် Sildenafil ဆေးဟာ စိတ်ချနိုင်တယ်" လို့ American College of Cardiology and the American Heart Association အမေရိကန် နှလုံးရောဂါ ကောလိပ် နဲ့ အမေရိကန် နှလုံးအသင်း ကနေပြောထားတယ်။

Dr. တင့်ဆွေ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...