Latest Updates:

ဧပြီလ (၂၈) ရက်နေ့က ရန်ကုန်၊ Park Royal Hotel မှာ ကျင်းပခဲ့တဲ့ မိုးစက်ဝိုင် အား Bangkok Airway မှ Brand Ambassador ခန့်အပ်ပွဲ

Wednesday, April 30, 2014





















Source: Myanmar Celebrity
အပြည့်အစုံသို့ >>

ဧပြီလ (၂၉) ရက်နေ့က ရန်ကုန်၊ သင်္ကန်းကျွန်းမှာ ပြုလုပ်ခဲ့တဲ့ Racy Spa & Beauty Shop ဆိုင်ဖွင့်ပွဲ

Wednesday, April 30, 2014




















 
Source: Myanmar Celebrity
အပြည့်အစုံသို့ >>

လမ်းဆောက်ရေး အထူးအဖွဲ့မှ ထော်လာဂျီယာဉ် တိမ်းမှောက်မှု ၁၃ ဦးသေဆုံး၊ ၂၄ ဦးဒဏ်ရာရ

Wednesday, April 30, 2014


ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ် အတွင်းရှိ နားကောင်းမူး-မုံးထ သွားကား လမ်းတွင် ဧပြီ ၂၈ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က လေးလုံးထိုး ထော်လာဂျီ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ် လိုက်ပါလာသူ ၁၃ ဦးသေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း မိုင်းတုံမြို့နယ်ရဲ တပ်ဖွဲ့မှူးရုံးမှ ရုံးဦးစီး ဒုရဲအုပ်သိန်းဝင်း က ပြောကြားသည်။“လမ်းလုပ်ငန်း အဖွဲ့ လုပ်ငန်းသိမ်း အပြန်မှာ ထော်လာဂျီ မှောက်ပြီး ကလေးလေးဦး အပါအဝင် ၁၃ ဦး ဆုံးပါတယ်။ စစ်ချက်ယူ နေဆဲဘဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းနေ့နံနက် ၁၀ နာရီခွဲခန့်တွင် လမ်းဆောက်ရေး အထူးအဖွဲ့ ၄ မှ အငယ်တန်း အင်ဂျင်နီယာ ဦးမြင့်ဌေး ဦးစီးသည့် လမ်းလုပ်ငန်း အဖွဲ့သည် မုံးထမှ နားကောင်းမူးသို့ မော်တော်ယာဉ်ငါးစီး၊ လူအင်အား တစ်ရာကျော်ဖြင့် လုပ်ငန်းသိမ်း ပြန်လာစဉ် ယာဉ်မောင်း ဖိုးဇော် မောင်းနှင်သည့် ၉ဌ/၁၇၆၂၅ လေးလုံး ထိုး ထော်လာဂျီ ယာဉ်သည် နားကောင်းမူးရွာ၏ အနောက်ဘက် ငါးမိုင်ခန့်အကွာ ရေပူစမ်းရွာ အရောက် ကုန်းအဆင်းတွင် ရှေ့မှလာသည့် မော်တော်ယာဉ် တစ်စီးကို ရှောင်တိမ်းရာမှ ဘရိတ်ပေါက်ပြီး ယာဉ်မှာ လမ်းညာလက်ရှိ ၁၅ ပေခန့်ရှိသော ချောက်ထဲသို့ ထိုးကျ တိမ်းမှောက် သွားခဲ့ခြင်း ဖြစ်ကြောင်း ယာဉ် တိမ်းမှောက်မှုအတွက် လိုက်ပါ ဆောင်ရွက်သူ ပုံပါကျင် နယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်မင်းနိုင် က ပြောကြားသည်။

ယာဉ်ပေါ်ပါလာသူ ၃၇ ဦးရှိပြီး လမ်းလုပ်သား ၃၅ ဦးအနက် လုပ်သားခြောက်ဦးနှင့် ကလေးလေးဦးမှာ နေ ရာတွင် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၇ ဦးကို မိုင်းတုံဆေးရုံသို့ တင်ပို့ခဲ့ရာ ဆေးရုံတွင် သုံးဦး ထပ်မံသေဆုံး သွားသဖြင့် သေဆုံးသူ စုစုပေါင်း ၁၃ ဦး ရှိကြောင်း၊ သေဆုံးသူများမှာ မြန်မာပြည် အလယ်ပိုင်း သာစည် အုတ်တွင်းဘက်မှ အများဆုံး ပါဝင်ပြီး ကားငါးစီးအနက် တိမ်းမှောက်သည့် ယာဉ်မှာ နံပါတ်လေးဖြစ် ကာ သေဆုံးသူ များထဲတွင် မိသားစု လေးဦးလုံး သေဆုံးခဲ့ပြီး လေးလသားအရွယ် ကလေးငယ်တစ်ဦး အသက်ရှင် ကျန်ရစ်ကြောင်း အခြားယာဉ်မောင်းတစ်ဦး ဖြစ်သူ တောင်ရိုး (ခေါ်) နိုင်မင်းထွန်းက ဆိုသည်။

“ကုန်းအဆင်းမှာ ရှေ့ကလာတဲ့ ယာဉ်ကို ရှောင်လိုက်တာမှာ ဘေးကိုချော်ပြီး မှောက်သွားတာဘဲ” ဟု ၎င်းကဆိုသည်။ နေ့လည် ၁ နာရီခွဲခန့်တွင် ဆေးရုံသို့ ယာဉ်တိမ်းမှောက်မှုဖြင့် ရောက်ရှိလာသည့် လူနာ ၂၇ ဦးအနက် မလူနာသုံးဦးမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ပြီး ကျန်လူနာ ၂၄ ဦးတွင် စိုးရိမ်ရအဆင့် ကျားခြောက်ဦး၊ မခုနှစ်ဦးထဲမှ လူနာရှစ်ဦးကို မိုင်းဆတ်ခရိုင် ဆေးရုံသို့ ညတွင်းချင်း ပေးပို့ခဲ့ကြောင်း၊ ကျန်ရှိ စိုးရိမ်ရ လူနာငါးဦးအနက် မလူနာနှစ်ဦးမှာ စောင့်ကြည့် အဆင့်တွင် ရှိနေပြီး သာမန်အဆင့် လူနာ ကျား ငါးဦး၊ မခြောက်ဦး၊ စုစုပေါင်း ၁၁ ဦးမှာ မိုင်းတုံဆေးရုံတွင်ပင် ကုသဆဲ ဖြစ်ကြောင်း ယာဉ်မောင်း ဖိုးဇော်မှာ အခြေအနေ ကောင်းကြောင်း မိုင်းတုံမြို့နယ် ဆရာဝန်ကြီး ဦးမောင်မောင်ဌေးက ဧပြီလ ၂၉ ရက်၊ နံနက်ပိုင်းက အတည်ပြု ပြောကြားသည်။

ဒဏ်ရာရ လူနာများကို ၎င်းအပြင် မုံးထမြို့နယ် တာဝန်ကျ ဆရာဝန်ကြီး အပါအဝင် ဆရာဝန် နှစ်ဦး၊ နေပြည်တော်မှ ကျန်းမာရေး စီမံကိန်းဖြင့် ရောက်ရှိနေသည့် သူနာပြု ၁၀ ဦးအပါအဝင် သူနာပြု ၂၀ ဦးနှင့် လူထုမှ ဝိုင်းဝန်းကုသ ကူညီခဲ့ကြကြောင်း အဆိုပါ ဆရာဝန်ကြီးက ဆိုသည်။

ယာဉ်တိမ်းမှောက် ဖြစ်ပွားရာ နားကောင်းမူး-မုံးထသွား ကားလမ်းမှာ အမြင့်ဆုံး နေရာတွင် ပေ ၅၅၀၀ ကျော် မြင့်မားသော်လည်း လမ်းလုပ်ငန်း အဖွဲ့သည် ပေ ၃၃၀၀ အထိ အမြင့်ဆုံးနှင့် အနိမ့်ဆုံး ပေ ၆၅၀ ထိ လျှော့ချပြုပြင် ဖောက်လုပ်လျှက်ရှိရာ တိမ်းမှောက်ယာဉ်ပေါ်ပါ လုပ်သားများမှာ အဆိုပါလမ်း ကို ပြုပြင် ဖောက်လုပ်နေသည့် အဖွဲ့မှ ဖြစ်ကြောင်း၊ လမ်းအပိုင်းများ ၉၀ ရာခိုင်နှုန်းမျှ ပြီးစီးပြီ ဖြစ်ကြောင်း လမ်းလုပ်ငန်း အဖွဲ့ထံမှ စုံစမ်းသိရသည်။

အဆိုပါ ဖြစ်စဉ်မှ ယင်းမာပင် မြို့နယ်နေ အသက် ၂၉ နှစ်ရှိ ယာဉ်မောင်း ဖိုးဇော်ကို ယာဉ် (ပ)၁/၂၀၁၄၊ ၃၀၄(က) ဖြင့် ပုံပါကျင် နယ်မြေ ရဲတပ်ဖွဲ့စခန်းက အမှုဖွင့်လှစ် အရေးယူထားကြောင်း မိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း အဆိုပါလမ်းတွင်ပင် လမ်းလုပ်သားယာဉ် တိမ်းမှောက်မှုကြောင့် တစ်ဦးသေ၊ ငါးဦးဒဏ်ရာရခဲ့သည့် ဖြစ်စဉ် ရှိခဲ့ကြောင်း မိုင်းတုံ မြို့မရဲတပ်ဖွဲ့ စခန်းမှတ်တမ်းအရ သိရသည်။

The Voice Journal
အပြည့်အစုံသို့ >>

တရုတ်လူမျိုးစု တစ်ခုတွင် သတို့သမီးလောင်း မိသားစုက တစ်လတိတိ ငို

Wednesday, April 30, 2014

တရုတ်ပြည် အလယ်ပိုင်းမှာ နေထိုင်တဲ့ Tujia လူမျိုးစု မှာ ထူးခြားတဲ့ ဓလေ့ တစ်ခု ရှိပါတယ်။ ယင်း ကတော့ သတို့ သမီးလောင်း နဲ့ သူမ မိသားစုက တစ်လ တိတိ ငိုကြွေးခြင်း ဖြစ်ပါတယ်။ သူ့မှာ ငိုရတဲ့ နည်းလမ်း အဆင့်ဆင့် ရှိပါတယ်။

သတို့သားလောင်း မိသားစုနဲ့ သတို့သမီးလောင်း မိသားစုတို့ စေ့စပ် သဘောတူကြပြီးပြီ ဆိုရင် မင်္ဂလာဆောင်ကို တစ်လ ကြာမှာ ပြုလုပ် ရပါတယ်။ ယင်း ကြားမှာ ခံနေတဲ့ တစ်လကို ငိုဖို့ အတွက် အချိန်ပေးခြင်း ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ သတို့သမီးလောင်းက စငို ပါတယ်။ တစ်ရက်ကို တစ်နာရီ တိတိ ငိုရမယ့် ဓလေ့ ဖြစ်ပြီး ၁၀ ရက်ကြာတဲ့ အခါ သတို့သမီးလောင်းရဲ့ အမေ ဖြစ်သူက သူ့သမီး နဲ့ အတူ တစ်နေ့ တစ်နာရီ လိုက်ငို ပါတယ်။ နောက်ထပ် ဆယ်ရက် ကြာတဲ့အခါ သားအမိ တင် မကတော့ပဲ အဖွားရှိပါက အဖွား ဖြစ်သူ၊ ညီအမ များနဲ့ အဒေါ် ဖြစ်သူများက တစ်ရက် တစ်နာရီ အတူတူ လိုက်ငို ရပါတယ်။

အဲ့ဒီလို ငိုလို့ တစ်လ ပြည့်ပြီးတဲ့ အချိန်မှာ မင်္ဂလာပွဲ ကျင်းပ ပါတယ်။ မင်္ဂလာပွဲမှာကျတော့ သတို့သမီးက အသံစုံနဲ့ ငိုပြီး မင်္ဂလာပွဲလာ ပရိတ်သတ်တွေကို ဖျော်ဖြေ ရပါ သေးတယ်။ ယင်း အသံစုံ ငိုမှုက သီချင်း သံစဉ် လို့ ဖြစ်အောင် ဖန်တီးရတာ ဖြစ်ပါတယ်။ အကယ်၍ သာယာ နာပျော်ဖွယ် မငိုနိုင်ရင် သတို့သမီး မိသားစု ကော၊ သတို့သား မိသားစုပါ အရှက် ရတာကြောင့် ဒီအတွက်ကိုလည်း ကြိုတင် ပြင်ဆင် လေ့ကျင့် ရပါ သေးတယ်။

ငိုတာက ဝမ်းနည်း ပူဆွေးလို့ မဟုတ် ပါဘူး။ အင်မတန် သာယာ လှပ သွားမယ့် အနာဂတ် အတွင် ကြိုတွေး၊ ကြိုမြင်လို့ အဝမ်းသာ လွန်ပြီးတော့ ငိုကြွေးခြင်း ဖြစ်ပါတယ်။ မင်္ဂလာပွဲ သွားလေ့လာတဲ့ ကမ္ဘာလှည့် ခရီးသည် များအတွက် ကတော့ အထူးအဆန်း တစ်ခု အနေနဲ့ တည်ရှိ နေ ပါ သေးတယ်။ Tujia လူမျိုးစုများဟာ ယနေ့တိုင် ယင်း ဓလေ့ ရိုးရာကို ထိန်းသိမ်း ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref:dyknow
အောင်ခမ်း (ရိုးရာလေး)
အပြည့်အစုံသို့ >>

အသက် ၁၀ နှစ်အရွယ် ကလေးငယ် ကြိုးဆွဲချ သေဆုံး

Wednesday, April 30, 2014


ရွှေပြည်သာ မြို့နယ် အမှတ် (၁၉) ရပ်ကွက်တွင် ဧပြီလ ၂၇ ရက် နံနက် ၁၁ နာရီခန့်က အသက် ၁၀ နှစ် အရွယ်ရှိ မိန်းကလေးငယ် တစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ယင်းရပ်ကွက် နေသူများထံမှ သိရှိရသည်။

အဆိုပါ ကြိုးဆွဲချ သေဆုံးခဲ့သော ကလေးမှာ ယင်းနေ့က နေအိမ်၌ မိသားစုများ မရှိချိန် ဂါဝန်ဇာကြိုးစကို ထုပ်တန်းဝါးလုံးတွင် ချည်နှောင်၍ မိမိကိုယ်ကို ကြိုးဆွဲချ သေဆုံးခဲ့သည်ကို လမ်းအတွင်း ဆော့က စားနေသော အသက်ခုနစ်နှစ် အရွယ်ရှိ ၎င်း၏ မောင်ဖြစ်သူက ဓမ္မစကူးတက်ရန် လာခေါ်ရာမှ သိရှိ ခဲ့ခြင်း ဖြစ်ကြောင်း အမှတ် (၁၉) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစောထွန်းက ပြောကြားသည်။

“သူ့မောင်လေးက အစ်မ အိပ်ချင်ယောင် ဆောင်နေတယ်ထင်ပြီး ကလိထိုး နှိုးသေးတယ်။ နှိုးမရ တာကြောင့် အိမ်နီးချင်းတွေကို ငိုပြီး အကူအညီတောင်းလို့ လူကြီးတွေ ရောက်လာပြီး ကြိုးဖြုတ်ပြီး အသက်ပြန်ရှူအောင် ပါးစပ်ထဲ လေမှုတ်ထည့်ပေမယ့် ကလေးမက အသက်မရှိတော့ဘူး” ဟု စံပယ်လမ်း တွင် နေထိုင်သူ အသက် ၃၀ ဝန်းကျင်ခန့်ရှိ အမျိုးသားတစ်ဦးက ရှင်းပြသည်။

ကြိုးဆွဲချ သေဆုံးခဲ့သော ကလေးမှာ ခရီးသည်တင် ယာဉ်မောင်းတစ်ဦး၏ အကြီးဆုံး သမီးဖြစ်ကြောင်း၊ မိဘနှစ်ပါး အလုပ်သွားနေချိန် လေဖြတ်နေသော အဘိုးဖြစ်သူနှင့် မောင်နှမနှစ်ဦး နေအိမ်၌ ကျန်ရှိခဲ့ပြီး အဘိုးဖြစ်သူ အိမ်အပြင်သို့ ထွက်ထိုင်နေစဉ် နေအိမ်နောက်ဘက်ခန်းတွင် မိမိကိုယ်ကို ကြိုးဆွဲချ သေ ဆုံးခဲ့ခြင်း ဖြစ်ကြောင်း အမှတ် (၁၉) ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

ယင်းကြိုးဆွဲချ သေဆုံးသူကလေး၏ ရုပ်အလောင်းကို အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပီအာရ် ၁၃ ဖြင့် ပို့အပ်ထားပြီး သေမှုသေခင်း အမှတ်စဉ် ၁၈/ ၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မြို့နယ်ရဲစခန်းထံမှ သိရှိရသည်။

The Voice Journal
အပြည့်အစုံသို့ >>

Facebook ပေါ်မှာ ငွေရှာမယ်

Wednesday, April 30, 2014


Facebook အသုံးပြုနေရတာ ဒီထက်မက ပိုအကျိုးထူး သင့်တယ်လို့ ထင်မြင်ယူဆသူများ ရှိမယ်ထင်ပါ တယ်။ အမှန်တကယ်လဲ ဟုတ်ပါတယ်။ တစ်နေ့တစ်နေ့ သူများပုံ ဝင်ကြည့်လိုက်၊ သတင်းတွေ ရှာဖတ် လိုက်၊ Chat လိုက်၊ Comment ပေးလိုက်၊ Like လုပ်လိုက်၊ ပုံတင်လိုက်၊ Share လိုက်၊ ဂိမ်းဆော့လိုက်နဲ့ အချိန်တွေပိုနေသူ များလည်းရှိမယ်ထင်ပါတယ်။ အခြားလုပ်ငန်းဆောင်တာများ ရှိနေပြီး Facebook ကိုအပျင်းပြေ သုံးနေတယ် ဆိုရင်တော့ ထားပါတော့။ Facebook ကို အားတိုင်း အချိန်ပြည့် အသုံးပြု ဝင်ကြည့်နေသော စာဖတ်သူများအတွက် အကျိုးဖြစ်ထွန်းစေမယ့် နည်းလမ်းကို မျှဝေချင်ပါတယ်။

ခေါင်းစဉ်ဖတ်လိုက်လို့ စာဖတ်သူတို့အတွက် ထူးဆန်းမယ်ထင်ပါတယ်။ တကယ်လည်း မြန်မာပြည် အတွက် ထူးဆန်းတဲ့ မေးခွန်း ဖြစ်ပါတယ်။ Facebook ပေါ်မှာ ဝင်ငွေရှာတာတော့ နိုင်ငံတကာ မှာ တော်တော်လေး ရေပန်းစားပါတယ်။ ဒီတော့ မြန်မာပြည် Facebook ကွန်ရက်မှာ ငွေမရှာခင် နိုင်ငံ တကာမှာ Facebook အသုံးပြုပြီး ဘယ်လို ဝင်ငွေရသလဲ ဆိုတာကို သိရန်လိုအပ်လာပါတယ်။

Facebook မှာ ဝင်ငွေရှာနိုင်တဲ့ အကြမ်းဖျင်း နည်းလမ်း နှစ်ခု ရှိပါတယ်။ Developer နဲ့ Fan page နှစ် မျိုး ဖြစ်ပါတယ်။ Developer ကတော့ ရှင်းပါတယ်။ Facebook အသုံးပြုသူတို့ ဆော့ကစားလို့ ရမယ့် Application တစ်ခုခုလုပ်လိုက်မယ်။ ပြီးတော့ ယင်း Application ကို User အတော်များများက ယူဆော့ ပါမယ်။ ဒီတော့ အခြား စီးပွာရေး လုပ်ငန်းရှင်များက ယင်း App စာမျက်နှာမှာ ကြော်ငြာထည့် လာတာ မျိုး ဖြစ်ပါတယ်။ ရေပန်းအစားဆုံး App တွေသာ စီးပွားရေး တွက်ခြေကိုက်မှာ ဖြစ်ပါတယ်။ Application ကိုလူတိုင်းလုပ်နိုင်ပါတယ်။

သို့ပေမယ့် ယင်းအတွက် Facebook ကို ငွေပေးဆောင်ရပါတယ်။ Application ဖန်တီးလိုသူများက https://developers.facebook.com/apps ဒီလခ့်မှာ ဝင်ရောက်ပြီး ပြုလုပ်ကြပါတယ်။ ဒါကလည်း မခက်ပါဘူး။ သို့ပေမယ့် မြန်မာပြည်ကနေတော့ Application လုပ်လို့ရမယ့် ပုံမပေါ်ပါဘူး။ ဒီအတွက် ငွေပေးဆောင်ရပါတယ်။ ပေးရတဲ့ ငွေပမာဏ နည်းပေမယ့် Facebook ဆီငွေရောက်အောင် ပို့ပေးမယ့် Paypal , eBay အစရှိသဖြင့် နိုင်ငံတကာ အွန်လိုင်း ငွေ အိတ်ချိန်းတွေ မြန်မာပြည်မှာ မရှိလို့ပဲ ဖြစ်ပါတယ်။ ယင်း နိုင်ငံတကာ အွန်လိုင်း ငွေ အိတ်ချိန်းစနစ်တစ်ခု သာ မြန်မာပြည်မှာ ရှိလာပြီ ဆိုရင် အွန်လိုင်းမှာ ရုန်းကန်နေတဲ့ မြန်မာ့ အင်တာနက်ကွန်ရက်ပေါ်က စီးပွားရေးလုပ်ငန်း များ၊ ဆော့ဖ်ဝဲ၊ Developer သမားများ ဒီထက်မက လမ်းပွင့်သွားနိုင်ပါတယ်။

ဒီတော့ ပြည်ပရောက် မြန်မာ များအတွက်တော့ ငွေဒီနည်းနဲ့ ရှာနိုင်ပါတယ်။ မြန်မာပြည်နေ Facebook အသုံးပြုသူများအတွက်ကတော့ ဒီနည်းလမ်းနဲ့ လက်ရှိတော့ မရနိုင်သေးပါဘူး။ ကြားမှ တစ်ဆင့်ခံပေး မယ့် အေဂျင်ဆီတွေရှိတဲ့အတွက် ရတယ်ဆိုရင်တော့ တော်တော်လေး ခက်ခဲတဲ့အခြေအနေဖြစ်ပါတယ်။

နောက်ထပ်ဝင်ငွေရှာနည်းကတော့ Fan Page ပဲဖြစ်ပါတယ်။ ဒီတော့ နိုင်ငံတကာ Fan Page မှာ ဘယ်လိုငွေရှာသလဲဆိုတာကို အရင်လေ့လာရ ပါအုံးမယ်။ စာဖတ်သူအချို့ မြင်ဖူးပါလိမ့်မယ်။ နိုင်ငံတကာ Fan Page တွေမှာ အော်ဒါမှာဝယ်ယူလို့ရတာမျိုးတွေ ဖြစ်ပါတယ်။ မစ်စတာ ဘင်း- Official Fan Page မှာဆိုရင် သူ့ ရဲ့ ရုပ်ရှင်ခွေတွေ မှာလို့ရပါတယ်။ ဟမ်ဘာဂါဆိုင် Page တစ်ခုဆိုရင် အွန်လိုင်းကနေ တိုက်ရိုက်မှာယူနိုင် ပါတယ်။ သီချင်းအယ်လ်ဘမ်တွေလည်း သက်ဆိုင်ရာမှာ ဝယ်ရရနိုင်ပတယ်။ အစရှိသဖြင့် Application ကိုတွဲပြီး Fan Page ကို ကြားခံ ဈေးဆိုင်အဖြစ် အသုံးပြုပါတယ်။ ဒီတော့ ကိုယ့်မှာ စီးပွားရေး လုပ်ငန်း တစ်ခုခုရှိမှသာ ဒီလို လုပ်နိုင်တဲ့အပြင် အွန်လိုင်းအိတ်ချိန်းလည်း ရှိနေရပါ အုံးမယ်။ မြန်မာပြည်နေ user များ အတွက် Facebook မှာငွေရှာဖို့ အတော်ခက်ခဲသွားပါပြီ။

ဒါဆို ဘယ်လိုလုပ်ရတော့မလဲ။ ကျောင်းဆက်တက်ဖို့ ရန်ကုန်မှာ ရုန်းကန်နေသူများ ရှိပါတယ်။ မည်မည်ရရ ဘွဲ့ရှိမထားလို့ ကြုံရာ အလုပ်ဝင်လုပ်ပြီး ရန်ကုန်မှာ သောင်တင်နေသူများ ရှိပါတယ်။ ရန်ကုန်ရယ်လို့ မဟုတ်ပဲ မြို့ ကြီး၊ မြို့ ငယ်အသီးသီးမှာ ပညာတတ်ထားပေ မယ့် အံကိုက်မဖြစ်လို့ ဘဝရှုံးနေသူများ ရှိနေပါသေးတယ်။ ဦးနှောက်ယိုစီး မှုကိုသာ အပြစ်တင်ပြီး Facebook မှာ Like, Share, Comment လောက်နဲ့ပဲ ဘဝကို သာမန် အလုပ်လေး တစ်ခုနဲ့ အချိန်ကုန်ခံနေကြရပါတယ်။

ဘာမှမလုပ်တတ် မကိုင်တတ်လို့ Facebook မှာပဲ ခံစားချက်တွေ ထုတ်ဖော်နေသူများ ရှိပါတယ်။ Social Network မှာ သာမန်လူတွေထဲက လူလိုပဲ အချိန်ကုန်ခံဖို့ ဆုံးဖြတ်သူများလည် ရှိပါတယ်။ အခြားသူများက အလုပ်ခိုင်ခိုင်မာမာ၊ စီးပွားရေး ခိုင်ခိုင်မာမာ၊ ငွေကြေး ခိုင်ခိုင်မာမာရှိလို့ Facebook ကို အပျင်းပြေ အသုံးပြုကြတာ။ ပျော်စရာ အဖြစ် အသုံးပြုကြ တာ။ ဒီတော့ စားဝတ်နေရေး အဆင်မပြေသော၊ အလုပ်ထပ် လုပ်ရန်လို အပ်နေသော စာဖတ်သူများအနေဖြင့် Facebook မှာ ငွေရှာရန် စိတ်ကူးကြည့်ဖူးပါသလား။ တကယ် ငွေရှာလို့ ရတဲ့ နည်းလမ်းဖြစ်ပါတယ်။ ငွေတိုက်ရိုက်ဝင်တာမျိုးမဟုတ်ပေမယ့် Facebook မှာတင် မဟုတ်ပဲ ပြင်ပမှာပါ ငွေဝင်လာမယ့် နည်းလမ်း ဖြစ်ပါတယ်။

Page တစ်ခုပြုလုပ်ခြင်း

စာဖတ်သူ ဘာကိုစိတ်ဝင်စားသလဲ။ စာဖတ်သူက ဘယ်ပညာနဲ့ ကျောင်းပြီး ထားသလဲ။ အင်ဂျင်နေယာ လား၊ ဆရာဝန်လား၊ ရိုးရိုး ဘွဲ့ရသူလား၊ ဂိမ်း စိတ်ဝင်စားသူလား၊ သတင်းတွေ စပ်စုတက်သူလား။ အစရှိသဖြင့် မိမိကိုယ်ကိုယ် သုံးသပ်ပြီး အမည်တစ်ခုခုနဲ့ Page လုပ်ရပါမယ်။ ဥပမာ- အင်္ဂလိပ်လို သတင်းတွေကို ဖတ်ပြီး မြန်မာလိုပြန်ရေးကျင့်ရင်း သဘောကျတာတို့၊ ကဗျာရေးရတာ သဘောကျတာ၊ ရုပ်ရှင်အကြောင်း သဘောကျတာတို့၊ ဆောင်းပါးရေးတာတို့ အစရှိသဖြင့် ဝါသနာ အမျိုးမျိုး ရှိကြပါမယ်။

၂။ Page တွင် မိမိတတ်သမျှ၊ သိသမျှ၊ စိတ်ဝင်စားသမျှ မျှဝေတင်ပြခြင်း

သတင်းတွေ ဖတ်ပြီး ဘာသာပြန်ထားတယ်ဆိုပါစို့။ ပုံလေးတွေပါ Download ဆွဲရင်း တွဲတွဲတင်သွား လိုက်မယ်ဆို တဖြည်းဖြည်းနဲ့ သတင်းတွေ ပြည့်လာ ပါမယ်။ ကဗျာဆိုရင် ကဗျာတွေ ရေးလာလိုက် တာ တော်တော်လေး စုံလာပါမယ်။ ဟင်းချက်ဝါသနာပါသူဆိုရင် ဟင်းချက်နည်းအဆင့် ဆင့်တွေ ရေးရင်း ဟင်းအမယ်လေးတွေ မျှဝေရင်း Post တွေများလာပါ မယ်။ ဆောက်လုပ်ရေး အင်ဂျင်နေယာဆိုရင်လည်း အင်ဂျင်နေယာတို့ အတွက် အကျိုးရှိမယ့် စာတွေ၊ သတင်းတွေ၊ အဆောက်အအုံပုံတွေ၊ ဒီဇိုင်းတွေ မျှဝေ မယ်။ Graphic ဒီဇိုင်နာသမားဆိုရင်လည်း မိမိရဲ့ ဖန်တီးချက်များကို Page မှာ မျှဝေရပါမယ်။

ရုပ်ရှင် နှစ်သက်သူကလည်း ရုပ်ရှင်ဆိုင်ရာ ဆောင်းပါးလေးတွေ၊ review လေးတွေကို မိမိသိသ လိုလေး ရေးတင်ပါမယ်။ သို့ပေမယ့် အားလုံးကို အမှန်အတိုင်းပဲ တင်ပြဖို့လိုအပ်လာပါတယ်။ ဒီလိုရေး သားတင်ဆက်တယ် ဆိုတာ မီဒီယာအလုပ်တစ်ခုကို လုပ်ကိုင်နေခြင်း ဖြစ်ပါတယ်။ ကိုယ်က မှန်မှန် ကန်ကန်နဲ့ မိမိစိတ်ထဲရှိတာ၊ ဝါသနာပါရာ၊ စပ်စုမိရာကို မျှဝေရာဖြစ်ပေမယ့် အများဖတ်ဖို့ ဖြစ်တဲ့အတွက် မှန်ကန်နေဖို့ တော့ လိုအပ်ပါတယ်။ ဒါမှသာ အများက သိလာပြီး စိတ်ဝင်တစား လာကြည့်ကြမှာ ဖြစ်ပါ တယ်။

မိမိရဲ့ Personal အကောင့်မှာလဲ အရင်အတိုင်း Like, Share လုပ်နေရင်း၊ တစ်ဖက်ကလည်း မိမိရဲ့ Page ကို အမြဲစောင့်ကြည့် ပြီး Post လေးတွေ တင်ပေးရပါမယ်။ ဒီမှာ စာဖတ်သူက အခြား ပညာရေး လမ်းကြောင်းပေါ်မှာ လျှောက်နေသူဆိုရင် အချိန်ပေးမှုကို ကိုယ်တိုင် စီမံထားစေချင်ပါတယ်။ Page ကိုလည်း အမြဲ Active ဖြစ်အောင်လုပ်ရင်း၊ သာမန် လုပ်ငန်းဆောင် တာများလည်း မလစ်ဟင်းရပါဘူး။

ဒီလိုလုပ်လာတာ ၃ လလောက်ဆိုရင် တော်တော်လေး ထူးခြားလာပါပြီ။ ကိုယ့်မျှဝေသမျှသာ လာဖတ်သူ များနဲ့ ထပ်တူကျရင် ၃ လ တောင်မကြာပဲ ၁ လတည်းနဲ့တောင် လူသိများ ရေပန်းစားလာနိုင်ပါတယ်။

ဒီမှာ စပြီးအကျိုးအမြတ်ရပါပြီ။ စာဖတ်သူက ကဗျာ Page လုပ်ထားတယ်ဆိုပါစို့။ တကယ်လည်း ခံစားချက် အပြည့်နဲ့ရေးထားတဲ့ ကဗျာတွေဆိုတော့ တော်တော်ကို ပေါက်နေပြီ ဆိုပါစို့။ ကဗျာစာအုပ်တိုက်များ၊ စာနယ်ဇင်းတိုက်များကို သိအောင် လုပ်ပါ။ စာမျက်နှာကို Print ထုတ်၍ ပြခြင်းသော် လည်းကောင်း၊ စာနယ်ဇင်းများ အီးမေးလ်သို့ မိမိဖန်တီးထားသောPage ရဲ့  Link ကိုပေးပို့ခြင်းဖြင့်သော် လည်းကောင်း သိအောင်လုပ်ရပါမယ်။ မိတ်ဆက်ရပါ မယ်။ တောင်းဆိုရ ပါမယ်။ တောင်းဆိုရမယ်ဆိုတာက မိမိတတ် ထားတဲ့၊ ဖန်တီးထားတဲ ပညာရပ်အတွက် သက်ဆိုင်ရာနယ်ပယ်မှာ ဝင်ရောက်လိုကြောင်း တောင်းဆိုနိုင် ပါတယ်။ ဥပမာ- သတင်းတွေ ဘာသာပြန်ပြီး Page လုပ်ထားတယ်ဆိုပါဆို့။ သတင်းမီဒီယာ တစ်ခုခုနဲ့ ချိတ်မိအောင် ကြိုးစားပြီး မိမိဖန်တီချက်များကို သိအောင် ပြရပါမယ်။ ပြီးတော့ မီဒီယာလောကမှာ ဘယ်လို ရပ်တည်ဖို့အခွင့်အရေး ရှိတယ်ဆိုတာ တောင်းဆိုနိုင်ပါတယ်။ အင်ဂျင်နေယာဆိုင်ရည် နည်းပညာများ မျှဝေရင်း၊ ရေးသား ထားတယ်ဆိုပါစို့ အင်ဂျင်နေယာဆိုင်ရာ သတင်းအချက်အလက်များ ပေးဖို့ ကြိုးစားနေ တဲ့ မီဒီယာများကို ချိတ်ဆက်ပြီး မိမိဖန်တီးချက်များကို ပြရပါမယ်။ ပြီတော့ မိမိအတွက် နေရာတစ်ခုခု ရရှိနိုင်ပါတယ်။

သို့ပေမယ့် စာဖတ်သူရဲ့ ဖန်တီးချက်ဟာလည်း ကောင်းမွန်နေ ဖို့လိုအပ်ပါတယ်။ အများအမြင်မှာ အထင် ကြီးနေစေဖို့ လိုအပ်လာပါတယ်။ ယခုနောက်ပိုင်း မီဒီယာလုပ်ငန်းစုများ၊ စီးပွားရေး လုပ်ငန်းရှင်များဟာ Facebook ကိုတော်တော် အလေးထားလာပါပြီ။ Facebook ကိုအခြေခံပြီး အောင်မြင်နေတဲ့ သူတွေ၊ fan page တွေကို စောင့်ကြည့်နေပါတယ်။ မအောင်မြင်သေးတဲ့ မိမိစီးပွားရေးလုပ်ငန်း၊ မီဒီယာများ ကို အောင်မြင်လာအောင် ဖန်တီးပေးမယ် သူ လိုအပ်နေပါ တယ်။ အောင်မြင်ပြီးသားများကလည်း အင်အား ပိုမိုတောင့်တင်းလာအောင် တကယ် အရည်အချင်းရှိတဲ့ Facebook ပေါ်က မြန်မာပြည်သားများကို ရှာဖွေနေကြပါတယ်။ Facebook ဟာ တကယ်ပဲ အားကိုးရတဲ့ Advertising နည်းလမ်းတစ်ခုပဲ ဆိုတာ သိလာကြပါပြီ။ ပရိုမိုးရှင်းတွေကို Facebook မှာပြုလုပ်နေကြပါပြီ။

အွန်လိုင်းမှာ စာဖတ်ပရိတ်သတ်အခိုင်အမာရ သွားတဲ့ ဆောင်းပါးရှင် တစ်ယောက်ဆိုရင် စာအုပ်ထုပ်ရတဲ့ အထိ အောင်မြင်သွားပါပြီ။ အခြား Professional လုပ်ငန်း ရှိနေသည့်တိုင် Facebook ကြောင့် တစ်ဖက် ကလည်း ဝင်ငွေရပြီး၊ အောင်မြင်ပါတော့မယ်။ သတင်းတွေ၊ ဆောင်းပါးတွေ ကိုယ်တိုင်ဖန်တီးသူကလည်း မီဒီယာလုပ်ငန်းတော်တော်များများမှာ ဝင်ရောက်လုပ်ကိုင်နေရပါပြီ။ အပျော်တမ်း ရေးသားရကနေ မီဒီယာ ကျင့်ဝတ်နဲ့ ညီညီ ရေးသားတင်ဆက်ပေးသူများ ဖြစ်လာကြပါတယ်။ အချို့ ကျ Facebook မှာအောင်မြင်ပြီး ဝဘ်ဆိုဒ်တွေ ပိုင်ဆိုင်ရရှိလာပြီး ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းရှင်ဖြစ်ဖို့ လမ်းစတွေ ပေါ်ပေါက်လာပါတယ်။ အချို့ ကျတော့ မိမိဖန်တီးထားတဲ့ ဒီဇိုင်းတွေကြောင့် ဒီဇိုင်းကုမ္မဏီများက ဖိတ်ခေါ်ပြီး အလုပ်ဆိုတာ ရှာစရာ မလိုပဲ အလုပ်က လာရှာတာမျိုးအထိ ဖြစ်လာပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းရှာဖွေရာမှာ မိမိ ဖန်တီချက်များကို အလွယ်တကူ ချပြလို့ရတဲ့ Facebook မှ မှတ်ကျောက်တင်ထားခြင်းဖြင့် ကြိမ်းသေ အသုံးဝင်ပါတယ်။ မိမိက အလုပ်တစ်ခုခုကို လျှောက်ရင် မိမိ ဖန်တီးထားမှု များကို ဘွဲ့လက်မှတ်နဲ့ ပြလို့ မလုံလောက်တော့ပါဘူး။ ဒီတော့ မိမိဖန်တီးထားတာတွေ ကို ပြရတောမှာ ဖြစ်ပါတယ်။ ဒီမှာ Facebook က တော်တော်လေး အသုံးဝင်ပါတယ်။ သို့တည်းမဟုတ် အခြားအလုပ်များ လုပ်နေရင်း ကိုယ်ဝါသနာပါရာကို Facebook မှာရေးနေရင်း အခြား အလွတ်တန်း အလုပ်တစ်ခုခုလည်း အလွယ်တကူ ရနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ အခြားအကျိုးထူးမြောက်များစွာလည်း ရှိနေပါသေးတယ်။ သို့ပေမယ့် ကောင်းကျိုးရသွားတဲ့ အရေအတွက်ဟာ အင်မတန် နည်းနေပါသေးတယ်။

Facebook page ကို မိမိရဲ့ ပညာရပ် အထောက်အပံ့ပစ္စည်းအဖြစ် အသုံးပြုနိုင်ပါတယ်။ အလုပ်အတော် များများက အတွေ့အကြုံရှိသူများကို ပိုမိုနှစ်သက်ကြပါတယ်။ ဘာမှအတွေ့ အကြုံမရှိသူများအနေနဲ့ မိမိတို့ ဘယ်လောက်ထိ တတ်တယ်ဆိုတာကို Page မှာတင်ပြထားခြင်းဖြင့် သက်သေပြနိုင်ပါတယ်။ ဘွဲ့လက်မှတ် မှာတင်မဟုတ်ပဲ မိမိဟာ တကယ်ပဲ တတ်မြောက်ပြီး ဒီလိုအကျိုးရှိရာတွေကို ပြန်လည်မျှဝေပေးနေပါတယ် ဆိုတာကို တင်ပြနိုင်ရင် အလုပ်ရှာရခက်တဲ့ အဖြစ်ဖို့မျိုးက အနည်းနဲ့ အများတော့ ကင်းဝေးမှာ ဖြစ်ပါတယ်။ မိမိက ဆော့ဖ်ဝဲနည်း ပညာရှင် တစ်ယောက် ဖြစ်တယ်ဆိုတာကို စာရွက်နဲ့တင်မဟုတ်ပဲ မိမိတင်ဆက်ပြ သထားတာတွေနဲ့ သက်သေပြနိုင်မှာ ဖြစ်ပါတယ်။ Facebook ရယ်လို့မှ မဟုတ်ပဲ Blogspot လုပ်ပြီးလည်း ထိုနည်းတူစွာ တင်ပြနိုင်မှာ ဖြစ်ပါတယ်။

ဒီအတွက် စာဖတ်သူတို့ ဘယ်လောက်အချိန်ပေးသင့်သလဲ။ ရည်ရွယ်ချက်ကို Facebook မှာ ရေရေ ရာရာမရှိ ဟိုဟိုဒီဒီ ကြည့်ရှုနေရသူများ အတွက် ဖြစ်ပါ တယ်။ ဒီလို မိမိခံစားချက်တွေ၊ ဖန်တီးချက်တွေကို ဖန်တီးဖို့အတွက် ထူးထူးခြားခြား အချိန်ပေးစရာ မလိုပါဘူး။ တစ်ရက်မှာ မိမိအားတဲ့ တစ်နာရီသော် လည်းကောင်း၊ နှစ်နာရီသော်လည်းကောင်း အချိန်အခိုက် အတန့်အတွင်း ရေးသားတင်ပြရင်း ဆက် သွားနိုင်ပါတယ်။ ဒီတာ့ Facebook နဲ့ ဘယ်လိုငွေရှာမလဲ၊ ခေါင်းစဉ် Facebook ပေါ်မှာ ဘယ်လို အလုပ် ရှာမလဲ လို့တောင် ဖြစ်သင့်ပါသေးတယ်။ စာဖတ်သူတို့ သံသယဖြစ်နေပြီလို့ ယူဆပါတယ်။ ဒီလိုလုပ်လို့ တကယ်ဖြစ်နိုင်ပါ့မလားလို့ သံသယတွေ ဝင်နေလောက်ပါပြီ။

ယခုစာရေးသူဟာလည်း Facebook မှာ မိမိဝါသနာ ပါရာ သတင်း၊ ဆောင်း ပါးများအား ဘာသာပြန် တင်ပြရင်း အခြား လုပ်ငန်းဆောင်တာ များမပျက် ယွင်းပဲ ရန်ကုန်တွင် နေထိုင်စားသောက်ရန် လုံလောက်သော ဝင်ငွေတစ်ခု ရရှိခဲ့ ပါတယ်။ အပျော်တမ်းရေးရာကနေ မီဒီယာ လုပ်ငန်းကြီးများရဲ့  လက်တွဲခေါ်ဆိုမှုကြောင့် အခြေအနေကောင်း တစ်ခုရရှိနေပါပြီ။ မီဒီယာ လုပ်ငန်းတော်တော်များများမှာ လည်း ဝင်ရောက်လုပ်ကိုင်ရန် ကမ်းလှမ်းမှု များ ရရှိခဲ့ဖူးပြီး လက်တွဲလည်း လုပ်ကိုင်ခဲ့ပါတယ်။ လက်တွဲ လုပ်ကိုင်ရန် ကမ်းလှမ်းချက်များ ရရှိခဲ့ပါတယ်။ ၆ လကျော်အတွင်း ထူးခြားလာ မှုများက တစ်နှစ်ပြည့်နီးနီးမှာ ပို၍ အောင်မြင်သွားပါတယ်။ စာရေးသူက မီဒီယာကျောင်းဆင်းလည်း မဟုတ်ရပါ။ အိုင်တီ ကျောင်းဆင်း လည်း မဟုတ်။ တစ်ဖက်ကလည်း မိမိနှစ်သက်ရာ ဘာသာရပ်တစ်ခု အထူးပြု သင်ယူ လေ့လာနေဆဲ သာ ဖြစ်ပါတယ်။ ကိုယ်ရည်သွေးခြင်း မဟုတ်ရပါ။ စာဖတ်သူ တို့ ဖြစ်ကောဖြစ်နိုင်ပါ့မလား ဟူသော သံသယ ကင်းဝေး စေရန် ဖြစ်ပါတယ်။

စာရေးသူထက် အဆပေါင်းများစွာ အကျိုးထူး ချွန်ပြီး အောင်မြင် နေသော မြန်မာပြည် မှ Facebook user များလည်း အမြောက်အများရှိပါတယ်။ မီဒီယာ လုပ်ငန်းကိုသာ မဆိုလို။ အခြား မိမိကျွမ်းကျင်ရာ နယ်ပယ် အလျောက် တင်ပြချက်ကို အခြေခံပြီး ပြင်ပလော ကမှာ ကောင်းကောင်းကြီး ပြန်လည် အသုံးချနိုင်မှာ ဖြစ်ပါ တယ်။

ယခုစာက Facebook ကိုအပျော်တန်း၊ အပျင်းပြေသုံးနေသော အခြား Professional များအတွက် မဟုတ်ရ ပါ။ တကယ်ပဲ အလုပ်ရှာရခက်ပြီး၊ အွန်လိုင်းမှာ မရေမရာ ဖြစ်နေသူများအတွက် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ ပညာအရည်အချင်း ရှိသောလည်း ရွံ့ နွံတွင်းမှ ပတ္တပြားကဲ့ သို့ မြှုပ်နေ သူများအတွက် ဖြစ်ပါတယ်။ တတ်စွမ်း သလောက်ကြိုး စားသော်လည်း အရာမရောက်သေးသူများ အတွက်လည်း ဖြစ်ပါတယ်။ တကယ်ပဲ Facebook ကို အကျိုးရှိရှိ အသုံးချလို့ ကောင်းကျိုးပေါင်းများစွာ ဖြစ် ထွန်းလာဖို့ ဆန္ဒပြု ရေးသား လိုက်ရပါ တယ်။

လေးစားစွာဖြင့်
အောင်ခမ်း (ရိုးရာလေး)
အပြည့်အစုံသို့ >>

ကြက်သွန်နီဖြင့် ချောင်းဆိုးခြင်းကို ကုသမယ်

Wednesday, April 30, 2014




အလွန် လွယ်ကူပြီးတော့ ငွေကြေး အကုန်အကျ နဲတဲ့ နည်းလေး ဖြစ်ပါတယ်။ အဲဒါကတော့ ကြက်သွန်နီ နဲ့ ချောင်းဆိုး ပျောက်ခြင်းကို ကုသတာပဲ ဖြစ်ပါတယ်။

အသုံးပြုပုံလေးကတော့

ကြက်သွန်နီ ခြောက်လုံးလောက်ကို ပါးပါးလေး လှီးလိုက်ပါ။ ၎င်းကို ပျားရည် ခွက်ဝက်နှင့် ရောစပ်ကာ ဆူပွက်နေတဲ့ အိုးအပေါ်မှာ တင်ထားတဲ့ လက်ကိုင်ပါ ဒယ်အိုးဖြင့် ထည့်လိုက်ပါ။ အဖုံး အုပ်ပြီး ရေနွေး ငွေ့နှင့် ၂ နာရီကြာ အပူပေးလိုက်ပါ။ အရည်များကို စစ်လိုက်ပြီး လုံခြုံစေမယ့် ဗူးနဲ့ထည့်ထားလိုက်ပါ။

ထိုအရည်များကို ၂ နာရီ ၃ နာရီကြား တစ်ချိန် သောက်ပေးပါက ရောဂါပျောက်ကင်း စေမှာဖြစ်ပါတယ်။


ရိုးရာလေး
အပြည့်အစုံသို့ >>

ဆီးချိုရောဂါ ကာကွယ်နည်းများ

Wednesday, April 30, 2014


ဆီးချိုသွေးချိုရောဂါမှာ
(၁)ဆီးချိုသွေးချိုရောဂါအမျိုးအစား
(၂)ဆီးချိုသွေးချိုရောဂါ ဆိုပြီးရှိပါတယ်။

ဆီးချိုရောဂါသည် ၁၀၀မှာ ၉၉%က အမျိုးအစား(၂) ဆီးချိုရောဂါသည်တွေ ဖြစ်ကြပါတယ်။ အခုဖြေကြား မယ့် အကြောင်းတွေက အမျိုးအစား(၂) ဆီးချိုရောဂါအကြောင်း ဖြစ်ပါတယ်။

ဆီးချိုရောဂါဟာကာကွယ်လို့ရပါတယ်။ ဆီးချိုရောဂါဟာ မျိုးရိုးဗီဇရယ်၊ ပတ်ဝန်းကျင်ရယ်ပေါင်းပြီးမှ ဖြစ်လာ တာပါ။ မျိုးရိုးဗီဇမှာ ဆီးချိုရောဂါပါလာပေမယ့် ပတ်ဝန်းကျင်ကောင်းရင်မဖြစ်ပါဘူး။ ပတ်ဝန်းကျင်ဆိုတာ ကတော့နေထိုင်မှုနဲ့စားသောက်မှုတွေပဲဖြစ်ပါတယ်။

မှန်ကန်တဲ့လူနေမှု စားသောက်ပုံတွေနဲ့ ဆီးချိုရောဂါကိုကာကွယ်လို့ရပါတယ်။ ချိုလွန်းတဲ့ အဆီများလွန်းတဲ့၊ ငန်လွန်းတဲ့ အစားအသောက်တွေကို မစားရပါဘူး။ နောက်တစ်ချက်က ဟင်းသီးဟင်းရွက်တွေကို များများစားရပါမယ်။ ရေများများသောက်ရပါမယ်။ ကိုယ်အလေးချိန်တက်မလာအောင် ထိန်းသိမ်း ရပါမယ် ။ ဆေးလိပ်နဲ့အရက်သောက်တာကိုရှောင်ရပါမယ်။ စိတ်ဖိစီးမှု(Stress)တွေများရင်လည်း ဆီးချိုရောဂါဖြစ် နိုင်ပါတယ်။ ဒါ့ကြောင့်စိတ်ဖိစီးမှုကို လျှော့ချရပါမယ်။

လေ့ကျင့်ခန်းအနေနဲ့တစ်နေ့ကို နာရီဝက်လောက် လမ်းလျှောက်သင့်ပါတယ်။ တစ်ပတ်မှာ ငါးရက်လောက် လမ်းလျှောက် ရပါမယ်။ မောအောင်၊ အသက်ရှူမြန်လာအောင်၊ ချွေးထွက်အောင် လေ့ကျင့်ခန်း လုပ်ရပါ မယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် ဆီးချိုရောဂါကို ၅၈% ကာကွယ်နိုင်ပါတယ်။ မျိုးရိုးရှိတဲ့သူ၊ အ၀လွန်တဲ့သူ၊ သွေးတိုးရှိတဲ့သူနဲ့နှလုံးသွေးကြောကျဉ်းရှိတဲ့ သူတွေမှာ ဆီးချိုရောဂါ မဖြစ်အောင်ပိုပြီး ကာကွယ်သင့်ပါတယ်။

အခုနောက်ပိုင်းဆရာဝန်တွေက ၀တဲ့လူနာနဲ့ ခါးတုတ်တဲ့လူနာဆိုရင် ခါးတုတ်တဲ့လူနာကို ပိုပြီးသတိထားရ ပါတယ်။ အဆီမှာ ကိုယ်တွင်းအဆီများတာနဲ့ ပြင်ပအဆီများတာ ဆိုပြီးရှိပါတယ်။ တစ်ခါတစ်လေမှာ လူက၀တယ်။ ဆီးချိုမဖြစ်အောင် အစားအသောက် ဂရုစိုက်ထားတယ်။ ဆေးစစ်ချက်ပုံမှန် လုပ်တယ်ဆိုရင် ဆီးချိုမရှိနိုင်ပါဘူး။ လူကပိန်တယ်ဆိုပေမယ့် သွေးတွင်းအဆီများပြီး နေထိုင်မှုပုံမမှန်ရင် ဆီးချိုရောဂါ ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက ဆီးချိုရောဂါနဲ့ မှားတတ်တဲ့ ရောဂါလည်းရှိပါတယ်။

ဆီးချိုရောဂါနဲ့ မှားယွင်းတတ်တဲ့ ရောဂါအနေနဲ့ကတော့ Stress ဖြစ်တဲ့အခါ အဲဒီစိတ်ဖိစီးမှုကို ပြန်တိုက် ခိုက်ဖို့ Catechoamine ဆိုတဲ့ ဓာတ်တွေထွက်လာတယ်။ အဲဒီ Catechoamine ဟာ အင်ဆူလင် တားနိုင်တဲ့ အစွမ်းရှိပါတယ်။ အဲဒီအခါ ဆီးချိုတက်လာပါတယ်။ လူတစ်ယောက်က လေဖြတ်ပြီးဆေး ရုံရောက်လာတယ်။ ဆေးရုံရောက်မှသွေး စစ်လိုက်တဲ့အခါမှာ ဆီးချိုက အရမ်းများနေပါတယ်။ ဒါက Stress ကြောင့်ဖြစ်တာလား၊ ဆီးချိုရောဂါ ရှိနေတာကို မသိပဲဖြစ်သွားတာလား ဆိုတာ သိဖို့အင်မတန် ခက်ခဲပါတယ်။ အကြမ်းအားဖြင့် ကုပေးလိုက်ပြီး ရောဂါသက်သာလာတယ်။ Stress မရှိတော့တာနဲ့ သွေး တွင်းသကြားဓာတ် ကျသွားတယ် ဆိုရင်တော့အဲဒီ Stress ကြောင့် ဖြစ်တာလို့ ယူဆလို့ရပါတယ်။ ဆီးချို ကုသဆေးတွေလည်း ပေးနေတယ်။ ဒါပေမယ့်တော်တော်နဲ့ ဆီးချိုမကျဘူးဆိုရင်တော့ နဂိုကတည်း
က ဖြစ်နေတာကို မသိတာလည်းဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ စပ်ဆေးတွေစားတာကြောင့်လည်း ဖြစ်တတ်ပါတယ်။

တွဲဖက်ပါမောက္ခဒေါက်တာဦးကိုကို
ထွေထွေရောဂါအထူးကုဆရာဝန်ကြီး
သက်ရှည်ကျန်းမာ
အပြည့်အစုံသို့ >>

ပိန္နဲသီး၏ ကျန်းမာရေး အကျိုးကျေးဇူး (၁၀) ရပ်

Wednesday, April 30, 2014


(၁) ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်
=============================
ပိန္နဲသီးမှာ အစွမ်းထက် အာဟာရဖြစ်တဲ့ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုး ဝင်တာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီဟာ သွေးဖြူဥတွေရဲ့ လုပ်ငန်းဆောင်တာ ကို ထောက်ပံ့ပေးတာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်းစေပါတယ်။ ပိန္နဲသီးတစ်ခွက်ကို စားတာက ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အင်တီအောက်ဆီးဒင့် ပမာဏကို ကောင်းကောင်း ရရှိစေနိုင်ပါတယ်။

(၂) ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်
===========================
ပိန္နဲသီးမှာ ဗီတာမင်စီအပြင် လစ်ဂနင်၊ အိုက်ဆိုဖလေဗုန်းနဲ့ ဆာပိုနင်တို့လို ဖိုင်တိုအာဟာရဓာတ် များစွာ ပါဝင်တာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပြီး အိုမင်းမှုကို တားပေးနိုင်ပါတယ်။ ဖိုင်တိုအာဟာရ ဓာတ်တွေက ခန္ဓာကိုယ်ရှိ ကင်ဆာဖြစ်စေနိုင်တဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေပြီး ဆဲလ်ပျက်စီးမှု ကို နှေးကွေးစေပါတယ်။

(၃) အစာကြေညက်စေပါတယ်
===================
ပိန္နဲသီးမှာ အနာမဖြစ်အောင် ကာကွယ်ပေးတဲ့ အာနိသင်တွေ ပါဝင်တာကြောင့် အစာအိမ်အနာနဲ့ အစာချေဖျက်မှုဆိုင်ရာ ဝေဒနာတို့ မဖြစ်ပေါ်အောင် ကာကွယ်ကုသပေးနိုင်ပါတယ်။ ပိန္နဲသီးမှာ အမျှင်ဓာတ် များစွာ ပါဝင်တာကြောင့် ဝမ်းချုပ်တာမဖြစ်အောင် ကာကွယ်ပေးပြီး အူလှုပ်ရှားမှု ကောင်းစေကာ ဝမ်းမှန်မှန်သွားစေပါတယ်။ အမျှင်ဓာတ်တွေက အူမကြီးရှိ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေကို ကင်းဝေးစေတဲ့နည်းနဲ့ အူအမြှေးပါးတွေကို ကျန်းမာအောင် ကာကွယ်ပေးပါတယ်။

(၄) မျက်စိနဲ့ အသားအရေကို ကျန်းမာစေပါတယ်
============================
ပိန္နဲသီးမှာ အစွမ်းထက် အာဟာရ ဗီတာမင်အေ ပါဝင်တာကြောင့် မျက်စိနဲ့ အသားအရေကို ကျန်းမာစေပါ တယ်။ ဒါ့အပြင် မက်ကူလာ ယိုယွင်းပျက်စီးမှုနဲ့ ညဘက် မျက်စိမမြင်တာတွေလို အမြင်ပိုင်းဆိုင်ရာ ပြဿနာတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

(၅) စွမ်းအင် တိုးစေပါတယ်
=================
ပိန္နဲသီးမှာ ဖရက်တို့စ်နဲ့ ဆူးခရို့စ်တို့လို သကြားဓာတ်တွေ ပါဝင်တာကြောင့် စွမ်းအင်ထွက်ရှိစေတဲ့ အသီးအဖြစ် နာမည်ကြီးပါတယ်။ စွမ်းအင်အားကောင်းစေတဲ့ အသီးဖြစ်ပေမယ့် ပြည့်ဝဆီနဲ့ ကိုလက်စထရော မပါဝင်ပါဘူး။

(၆) သွေးတိုးကို ကျစေပါတယ်
==================
ပိန္နဲသီးမှာ ပိုတက်စီယမ်ဓာတ် ပါဝင်တာကြောင့် သွေးတိုးနေသူတွေမှာ သွေးဖိအားကျစေပြီး နှလုံးရောဂါ ထတာနဲ့ လေဖြတ်တာတို့ရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(၇) ရင်ကျပ်ပန်းနာကို ထိန်းချုပ်နိုင်ပါတယ်
=========================
ပိန္နဲသီးအမြစ်ဟာ ပန်းနာရင်ကျပ် ရောဂါ ခံစားနေရသူတွေအတွက် ဆေးဖက်ဝင်တယ်လို့ ဆိုကြပါတယ်။

(၈) အရိုးကို သန်စွမ်းစေပါတယ်
===================
ပိန္နဲသီးမှာ မဂ္ဂနီဆီယမ်ဓာတ် များစွာ ပါဝင်တာကြောင့် ကယ်လ်စီယမ် စုပ်ယူရေးအတွက် အသုံးဝင်ပါတယ်။ ဒါကြောင့် အရိုးတွေကို သန်စွမ်းစေပြီး အရိုးပါးရောဂါလို အရိုးနဲ့ ဆက်စပ်နေတဲ့ ရောဂါဝေဒနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၉) သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်
==================================
ပိန္နဲသီးမှာ သံဓာတ် ပါဝင်တဲ့အတွက် သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပြီး ခန္ဓာကိုယ်ထဲ မှာ သွေးလှည့်ပတ်မှု ကောင်းအောင် ကူညီပေးပါတယ်။

(၁၀) သိုင်းရွိုက်ကို ကျန်းမာစေပါတယ်
======================
ပိန္နဲသီးမှာ ပါတဲ့ ကြေးနီ (Copper) ဟာ သိုင်းရွိုက်ရဲ့ လုပ်ငန်းဆောင်တာအတွက် အရေးပါပါတယ်။ အထူးသဖြင့် ဟော်မုန်း ထုတ်လုပ်ရေးမှာ ပါဝင်ကူညီပေးပါတယ်။

ကြယ်စင်
Good Health
အပြည့်အစုံသို့ >>

မာလကာသီးဖြင့် မိမိအိမ်တွင် Lotion ပြုလုပ်နည်း

Wednesday, April 30, 2014 |


မာလကာသီး Lotion ကို လိမ်းလိုက်သောအခါ၊ အသီးထဲတွင်ပါရှိသော ဗီတာမင် အေ နှင့်စီများက အသားထဲသို့  စိမ့်ဝင်သွား ပြီး၊ အစိုဓာတ်ထိန်းပေးကာ၊ အရေးအကြောင်းများ မ ရှိတော့ဘဲ၊ မျက်နှာ အသားအရေကို ချောမွေ့ ဝင်းမွတ် လာစေပါသည်။ အဆီများပြီး ၀က်ခြံပေါက်သော အသားအရည်ပိုင်ရှင် များလဲ ယုံကြည်စိတ်ချစွာလမ်းနိုင်ပါသည်။

အလှကုန် ဈေးကွက်တွင် မာလကာသီးဖြင့် ပြုလုပ်သော အလှပြင်ပစ္စည်းများသည် ဈေးနှုန်းမြင့်မားကြပါ သည်။ သို့ သော် စိတ်မပူပါနှင့်။ ကုန်ကျစရိတ် နဲနဲ နှင့် အာနိသင် ရှိသော မာလကာသီး Lotion ကို မိမိအိမ်တွင် အောက်ပါအတိုင်း လွယ်လင့် တကူပြု လုပ်နိုင်ပါသည်။

အဆင့်(၁)။

ရှေးဦးစွာ မာလကာသီး ၂-လုံး ကိုအခွံနွှာ၍ကြိတ်စက်ထဲထဲ့ပြီး၊ အစေ့များကျေ သွားသည်အထိ ၂-မိနစ် လောက် ကြိတ်ထားပါ။

အဆင့်(၂)။

အပူခံခွက်တစ်ခုထဲသို့  ပျားရည် ၄-ဇွန်းထဲ့၍ microwave ထဲတွင် အပူရှိန်ပြင်းပြင်းဖြင့် ပျားရည် ပျော်သွား သည်အထိ ၁၀-စက္ကန့် လောက် အပူပေးပါ။

အဆင့်(၃)။

ထို့ နောက် ပျားရည်ထဲသို့ သံလွင်ဆီ ၄-ဇွန်းထဲ့၍ ရောသမ မွှေပေးပါ။

အဆင့်(၄)။

ထိုအရောအနှောများထဲသို့ ကြိတ်ထား သော မာလကာသီး အနှစ်ရည်များ အားလုံးလောင်းထဲ့ပြီး၊ တ ပြည်းညီဖြစ်သွားအောင် မပြတ်မွှေပေးပါ။

အဆင့်(၅)။

၎င်းတို့  ကိုmicrowave ထဲထဲ့၍ အငွေ့ ပျံသွားသည်ထိ ၃၀-စက္ကန့်  လောက် အပူပေးပါ။ သိပ်မအေးခင် အဖုံးလုံသော ဗူးတစ်ဗူးထဲ့သို့  ပြောင်းထဲ့လိုက်ပြီး၊ အဖုံးကိုလုံအောင် ပိတ် ထားရပါမည်။

အဆင့်(၆)။

အေးသွားသောအခါမှာ ထို Lotion ဗူးကို ရေခဲသေတ္တာထဲ သိမ်းထား ပါ။ ယခုပြုလုပ်သော Lotion ထဲတွင် တာ ရှည် အထားခံရန်ဖြည့်စွက်ဓာတုပစ္စည်းများလုံးဝ မပါရှိသည့်အတွက်၊ အခန်းအပူချိန်မှာ ထားရင် အာနိသင် ပြယ်စေပါသည်။ အချိန် ၂-လကျော်ပြုလုပ်ထားသော Lotion ကိုမသုံးသင့်ပါ။

(ပေါက်ပေါက်..........မျှဝေသည်)
Promise Pauk
အပြည့်အစုံသို့ >>

အရေပြားကင်ဆာအတွက် မစားသင့်သော အစားအစာ (၇)မျိုး

Wednesday, April 30, 2014

သင့်အရေပြားကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်တဲ့ အစားအစာ တွေရှိသလိုပဲ၊ အရေပြားကင်ဆာ အတွက် အန္တရာယ်ရှိတဲ့ အစားအစာတွေ လည်းရှိပါတယ်။

ကင်ထား၊ ဖုတ်ထားသော အစာများ

ကင်ထားဖုတ်ထားတဲ့ အစားအစာ တွေထဲမှာပါဝင်တဲ့ ဖရီးရယ်ဒီကယ်တွေက ကျန်းမာတဲ့ အရေပြားဖြစ်ပေါ် မှုကို တားဆီးတတ်တာကြောင့်ပါ။ ကြက်သား၊ ဝက်သားနဲ့ အမဲသားတွေကို သေချာ ချက်ပြုတ်ပြီး စားပေးဖို့ အမေရိကန် ကင်ဆာရောဂါဌာနက အကြံပြုထားပါ တယ်။ ဆဲလ်မွန်ငါးက သင့်ကျန်းမာရေး ကိုအထောက် အကူပြုတဲ့ အိုမီဂါသရီး ဖက်တီးအက်စစ်တွေ ပါဝင်တယ်ဆိုပေ မယ့် ကင်စားမယ်ဆိုရင်တော့ သင့်ကို ပိုပြီး အန္တရာယ်ဖြစ်စေမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ငါးကိုလည်း ချက်ပြုတ် စား သောက်ပါ။

ပေါင်မုန့်ဖြူ

ဖြူဖွေးအောင်လုပ်ထားတဲ့ ပေါင်မုန့် ဟာ အမျှင်ဓာတ်ပါဝင်မှုနည်းသွားပါ တယ်။ အမျှင်ဓာတ်ဟာ ခန္ဓာကိုယ် အတွက် အမှန်တကယ်လိုအပ်ပြီး ကင်ဆာ ဖြစ်ပေါ်မှုကို အားပေးတတ်တဲ့ အဆိပ် အတောက်တွေကိုလည်း ဖယ်ရှားနိုင်စွမ်း ရှိပါတယ်။ အညိုရောင်ပေါင်မုန့်ကိုသာ ရွေးပါ။ အချိုများသော အသင့်လုပ်မုန့်များ သကြား များစွာပါဝင်တဲ့ မုန့်တွေ ကြောင့် အမျိုးအစား (၂) ဆီးချိုသွေးချို နဲ့ အဝလွန်တာမျိုးတွေဖြစ်တတ်ပါ တယ်။ သွေးတွင်းသကြားဓာတ်ကို မြင့်တက်ကာ နေရောင်ခြည်ဓာတ်ကို တိုက်ထုတ်ပေး နိုင်တဲ့ ဆဲလ်တစ်မျိုး ထွက်ပေါ်မှုကိုအား နည်းစေတဲ့အတွက် နေလောင်ဒဏ်ခံရ ချိန်မှာ အရေပြားကို ပိုပြီး ထိခိုက်စေနိုင်ပါတယ်။

ဟော့ဒေါ့များ

ဟော့ဒေါ့၊ ဆလာမီနဲ့ ဆော့စေ့တွေ ဟာ အဆီများစွာပါဝင်တတ်ပြီး ကင်ဆာ ရှိသူတွေ လုံးဝမစားသင့်တဲ့ အစားအစာ ထဲမှာ ပါဝင်ပါတယ်။

မာဂျရင်း

မာဂျရင်းကို အသီးအရွက်ဆီနဲ့ တခြားအဆီမျိုးစုံအပြင် ပုံစံမျိုးစုံနဲ့ပြုပြင် ထုတ်လုပ်ထားတာတွေလည်း ရှိတတ်ကြ ပါတယ်။ အဲဒီအဆီတွေက အဝလွန်ဖို့ကို ဦးဆောင်နေတတ်ပါတယ်။ ဒါ့အပြင် ကင်ဆာရှိသူတွေ အတွက် ပိုပြီးရှောင်သင့် ပါတယ်။

ပြုပြင်ထားသော နို့

အရေပြားကင်ဆာရှိသူတွေ အနေ နဲ့ အဆီရရှိမှုနည်းတဲ့ အစားအစာတွေကို ရှောင်ပြီးသား ဆိုရင်တောင် နွားနို့မှာပါဝင်တဲ့ သဘာဝအဆီဓာတ်၊ ပရိုတင်းဓာတ်နဲ့ ကယ်လ်စီယမ်ဓာတ်တွေက သင့်အ တွက် အကျိုးရှိစေတာကြောင့် သဘာဝနို့ကို သောက်ပါ။

မှိုတက်နေသော မြေပဲထောပတ်

မြေပဲထောပတ်ဟာ သင့်အရေပြား ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ဒါပေမဲ့ မြေပဲထောပတ် ကို ရေခဲ သေတ္တာထဲမှာ ထည့်မသိမ်းမိရင် မှိုတက် လာတတ်ပါတယ်။ အဲ့ဒီမှိုထဲမှာ ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓာတ်တွေပါဝင်တာကြောင့် အန္တရာယ်ရှိပါတယ်။

သဲသဲ
GOOD HEALTH
အပြည့်အစုံသို့ >>

ကြံရည်၏ ကျန်းမာရေးအာနိသင်များ

Wednesday, April 30, 2014


ကြံပင်ဟာ အဆစ်တွေ ပါပြီး ကြံ့ခိုင်တဲ့ အပင်ဖြစ်ပြီး အမြင့်အားဖြင့် ၂-၆ မီတာ လောက် မြင့်ပါတယ်။ ကြံရိုးက ရတဲ့ ကြံရည်ဟာ မရှိမဖြစ် အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ အလွန် ညီညွတ် ပါတယ်။

ကြံရည်ဟာ စွမ်းအင်မြင့်မားစွာ ပါဝင်တဲ့ သဘာဝ အရည်ဖြစ်ပြီး သကြား ထည့်ထားတဲ့ အရည်တွေ အစား သောက်သုံး နိုင်ပါတယ်။

ကျန်းမာကြံ့ခိုင်စေပါတယ်

ကြံရိုးမှာ Glycemic Index နည်း တာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင် စေပါတယ်။ ကြံရိုးမှာ ရိုးရိုး သကြားဓာတ် မပါဝင်တဲ့ အတွက် ဆီးချို ရောဂါရှိသူတွေ သောက်သုံး နိုင်သော်လည်း ဆီးချိုရောဂါ ရှိသူတွေ အနေနဲ့ တတ်နိုင်သမျှ ထိန်းချုပ် သောက်သုံး သင့်ပါတယ်။

အအေးမိတာနဲ့ တုပ်ကွေးတို့ မဖြစ် အောင် ကာကွယ်နိုင်ပါတယ်

ရေခဲမပါတဲ့ ကြံရည်ဟာ လည်ချောင်း နာတာ၊ အအေးမိတာနဲ့ တုပ်ကွေး ကွေး တာတို့ မဖြစ်အောင် ကာကွယ် နိုင်တယ်လို့ တချို့က ဆိုပါတယ်။

ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်

ကြံရည်ဟာ အယ်လ်ကာလိုင်း ဂုဏ်သတ္တိ ရှိတာကြောင့် ကင်ဆာ၊ အထူးသဖြင့် ဆီးကျိတ်နဲ့ ရင်သား ကင်ဆာတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

စွမ်းအင်ရရှိစေပါတယ်

ကြံရိုးဟာ ခန္ဓာကိုယ်ကို ဂလူးကို့စ် ဓာတ်ရရှိ စေတာကြောင့် စွမ်းအင် လိုအပ်တဲ့ နေရာတွေမှာ ဂလိုင်ကိုဂျင် အဖြစ် သိုလှောင် ထားပါတယ်။

ရေဓာတ် ပြည့်ဝစေပါတယ်

ပူပြင်းတဲ့ ရာသီဒဏ်ခံရရင် ဒါမှမဟုတ် ကိုယ်လက် လှုပ်ရှားမှုကို ကြာကြာ လုပ်ရင် ကြံရည်ကို သောက်သင့် ပါတယ်။ ဒါက ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်ဝစေ ပါတယ်။ အထူးသဖြင့် ဆော်ဒါလို အချိုရည် တွေအစား ကြံရည်ကို သောက်သင့် ပါတယ်။

ခန္ဓာကိုယ် အစိတ်အပိုင်း တချို့ ကို သန်စွမ်းစေတယ်

ကြံရိုးဟာ အစာအိမ်၊ ကျောက်ကပ်၊ နှလုံး၊ မျက်စိ၊ ဦးနှောက်နဲ့ လိင်အင်္ဂါတွေကို သန်စွမ်း စေတယ်လို့ တချို့က ယုံကြည် ကြပါတယ်။

ဆီးလမ်း ကြောင်း ကျန်းမာ စေပါတယ်

ကြံရိုးဟာ ဆီးလမ်းကြောင်းကို သန့်စင်စေပြီး ကျောက်ကပ်တွေကို လုပ်ငန်း ဆောင်တာ ကောင်းကောင်း လုပ်နိုင်ဖို့ ကူညီပါတယ်။ ကြံရိုးဟာ ဂနိုဆီးပူ ညောင်း ကျရောဂါ၊ ဆီးကျိတ် ကြီးတာ၊ ဆီးအိတ် ရောင်တာ တို့ကြောင့် ဖြစ်တဲ့ ဆီးသွားလို စိတ်များတဲ့ ဝေဒနာကို သက်သာ စေပါတယ်။

သက်လုံ ကောင်းစေပါတယ်

ကြံရိုးမှာ ကာဗိုဟိုက် ဒရိတ်ပါဝင်မှု များတာကြောင့် ခန္ဓာကိုယ်ကို စွမ်းအင် ဖြည့်ပေးပြီး လန်းဆန်း စေပါ တယ်။ ပင်ပန်းနေတဲ့ ကြွက်သားတွေကို စွမ်းအင် ချက်ချင်း ပေးနိုင်ပြီး အားကစား သမား တွေမှာ သက်လုံ ကောင်းစေပါတယ်။

ဝမ်းမှန်မှန် သွားစေပါတယ်

ကြံရိုးမှာ ပိုတက်စီယမ်ပါဝင်မှု မြင့်မားတာကြောင့် အစာကြေညက်စေပြီး ဝမ်းနုတ်ဆေး အပျော့စားလို ထိထိ ရောက်ရောက် အသုံးဝင်ပါတယ်။

Good Health & မြန်မာ့အစားစာများ
အပြည့်အစုံသို့ >>

မှိုစားခြင်းက ရင်သားကင်ဆာ မဖြစ်နိုင်

Wednesday, April 30, 2014


မှိုကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက် သတင်းကောင်းလေး တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ အမျိုးသမီးတွေ အတွက် ဖြစ်ပါတယ်။

မှို များများ စားသုံးသူတွေဟာ ရင်သားကင်ဆာကို မဖြစ်အောင် ကာကွယ်ပေးနိုင် တယ်လို့ သုတေသီတွေ ဆိုပါတယ်။ မှိုဟာ ကင်ဆာ ဟိုမုန်းများသကို တိုက်ဖျက်ပေး နိုင်တယ်လို့ သရပါတယ်။ ဒါကြောင့် ရင်သား ကင်ဆာ ဖြစ်စေနိုင် သည့် အဖုအကြိတ်များ ထွက်လာနိုင်ခြေကို လျှော့ချ ပေးလိုက်ကြောင်း သိရပါတယ်။

ရင်သား ကင်ဆာဟာ အမျိုး သမီးတွေ အတွက် အလွန်ကြောက်စရာ ကောင်းသော ရောဂါတစ်မျိုး ဖြစ်လို့ မှိုစားသုံးခြင်းဖြစ် ကာကွယ်နိုင် ပါတယ်။ သို့သော် မှိုစားခြင်းက ဆိုးကျိုးတွေ လည်း ရှိပါတယ်။ ဥပမာ - အကြောတက်ဖြင်း သွေးတိုးခြင်း စတာတွေ ဖြစ်ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ
အပြည့်အစုံသို့ >>

ကြိုးခုန်ခြင်းမှ ရရှိသော အကျိုးကျေးဇူးများ

Wednesday, April 30, 2014


ကြိုးခုန်ခြင်း လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ် အတွက် အထူးပင် ကောင်းကျိုး များစွာကို ရရှိစေနိုင် တယ်လို့ ဆိုပါတယ်။ နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်ရုံ သာမက ကြွက်သားများ ကိုလည်း သန်မာစေနိုင် ပါတယ်။ ဒါကြောင့် ကြိုးခုန်ခြင်း လေ့ကျင့်ခန်းကို အားလပ်ချိန်လေးတွေမှာ လုပ်ပေး သင့်ပါတယ်။

ကြိုးခုန်ခြင်း လေ့ကျင့်ခန်းမှ ရရှိနိုင်သော အကျိုးကျေးဇူးတွေ ကတော့

(၁) ဝသောသူများ တစ်နေ့ကို မီးနစ် ၃၀ ခန့်လောက် ကြိုးခုန်ပေးပါက ဝိတ်ကျစေနိုင်ပါတယ်။

(၂) ကြိုးခုန်ခြင်းကို ကစားခြင်းကြောင့် နှလုံးခုန်နှုန်း မြန်စေပါတယ်။ ထို့ကြောင့် နှလုံးကြွက်သားများ သန်မာစေတဲ့ အပြင် အသက်ရှုလမ်းကြောင်းကိုလည်း ပိုမိုကောင်းမွန် စေပါတယ်။ နှလုံးရောဂါ ရှိသူများ အထူးပင် လုပ်သင့်သော အားကစား တစ်ခုဖြစ်ပါတယ်။

(၃) ကြိုးခုန်ခြင်း ကစားနည်းကြောင့် ခန္ဓာကိုယ် အလေးချိန် ကျဆင်းစေသည့် အပြင် အရိုးများကိုလည်း သန်မာစေနိုင်ပါတယ်။ အလွန်ပင် အလုပ်များ တယ်ဆိုရင် တစ်နေ့ကို ၂ မီးနစ်ကနေ ၅ မီးနစ် လောက်ပဲ ကစားလိုက်ရုံဖြင့် အရိုးနှင့် ပက်သက်သော ရောဂါများကို ကာကွယ်ပေးနိုင် ပါတယ်။

(၄) ကြိုးခုန်ခြင်း လေ့ကျင့်ခန်းဟာ ဦးနှောက်အာရုံ စူးစိုက်မှု အားကောင်းစေနိုင်တယ်လို့ ဆိုပါတယ်။

(၅) ဒီလေ့ကျင့်ခန်းဟာ နေရာကျယ်ကျယ် မလိုသည့် အပြင် အချိန်လည်း အနည်းငယ် ပေးရုံမျှဖြင့် ခန္ဓာကိုယ် အတွက် အကျိုးကျေးဇူး များစွာကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကြိုးခုန်ခြင်း လေ့ကျင့်ခန်း ကို လူတိုင်း ကစားသင့်ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ
အပြည့်အစုံသို့ >>

စောစောအိပ်ယာ ထခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်

Wednesday, April 30, 2014


နံနက်စောစော အိပ်ယာထခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့ သုတေသီတွေက ဆိုပါ တယ်။ နောက်ကျမှ အိပ်ယာထသူတွေထက် စောစော အိပ်ယာထသူတွေက ဦးနှောက်ဥာဏ်ရည်မှာလည်း ပိုမိုကောင်းပါတယ်။ ယနေ့ လူအများစုဟာ ညဥ့်နက်အောင် အလုပ်လုပ်ပြီး နောက်ကျမှ အိပ်တတ်ကြပါ တယ်။ တကယ်တော့ အဲဒီလို နေထိုင်ခြင်းဟာ ကျန်းမာရေးအတွက် အလွန်ထိခိုက်ပါတယ်။

နံနက်စောစော လေ့ကျင့်ခန်းလုပ်ခြင်း

နံနက်စောစော ထပြီး လေ့ကျင့်ခန်း လုပ်ခြင်းဟာ ကိုယ်အလေးချိန် မြင့်တက်မှုကို မဖြစ်စေပါဘူး။ ဒါ့အပြင် ဆီးချို သွေးချို ရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ တစ်နေကုန် အညောင်းထိုင်သူတွေ အတွက် နံနက်စောစော လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။

ပျော်ရွှင်မှု ရရှိနိုင်

လေ့လာမှုတွေအရ နံနက်ခင်းမှာ လေ့ကျင့်ခန်း လုပ်သူတွေဟာ ပျော်ရွှင်မှုကို ရရှိနိုင်ပါတယ်။ ဘာလို့ ဆိုတော့ လေကောင်းလေသန့်များကို ရှုရှိက်ရခြင်းကြောင့် စိတ်ကို လန်းဆန်းစေနိုင်လို့ပါ။ ဒါကြောင့် အလုပ်ပင်ပန်းလို့ စိတ်ညည်းငွေ့ သူတွေအနေနဲ့ နံနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

ဥာဏ်ရည်ကို ဖွံဖြိုးနိုင်

ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ နံနက်စောစော ထသူတွေဟာ နေမြင့်မှ ထသူတွေထက် လေ့လာမှု အားကောင်းစေတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါကြောင့် နံနက်စောစောထပြီး စာကျက်ခြင်း ဟာ ကျောင်းသား၊ ကျောင်းသူတွေအတွက် အကောင်းဆုံးပါ။

သက်ကြီးသူများနဲ့ စောစောအိပ်ယာထခြင်း

နံနက်စောစော အိပ်ယာထပြီး လမ်းလျှောက်သော သက်ကြီးသူများသည် နေမြင့်မှ အိပ်ယာထသော သက်ကြီးသူများထက် ပိုပြီးကျန်းမားရေး ကောင်းမွန်ပါတယ်။ ဒါ့အပြင် တစ်ခြားသော ရောဂါများကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ကျန်းမာရေးနှင့် အလှအပ သတင်းများ
အပြည့်အစုံသို့ >>

ဖားဥကဲ့သို့ အစက်အပြောက်များနှင့် ငှက်ပျော်သီးကို စားသင့်သည့် အကြောင်းများ

Wednesday, April 30, 2014


ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ရှိမှု အသစ်များအရ ဖားဥကဲ့သို့ အစက်အပြောက်များနှင့် ငှက်ပျော်သီးဟာ သာမန်အသးတွေကို ပိုမိုပြီး ဆေးဘက်ဝင်ကြောင်း သိရပါတယ်။

၎င်းအသီးတွေဟာ ခန္ဓာကိုယ်အတွင်း ကင်ဆာဖြစ်နိုင်သည့် ဆဲလ်များကို ပိုမိုပြီး တိုက်ခိုက်ပေးနိုင်တဲ့ ဂုဏ်သတ္တိများများစွာ ပါရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ထိုအသီးများကို တစ်နေ့ ၁ လုံးမှ ၂ လုံး စားသူတွေဟာ ကင်ဆာရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ပြန်လည်မျှဝေမယ် ဆိုပါက နာမည်နှင့် စာမျက်နှာ လေးကိုပါ ထည့်ပေးပါလို့ တောင်းဆိုပါရစေ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ
အပြည့်အစုံသို့ >>

ရှောက်သီး၏ အစွမ်းသတ္တိများ

Wednesday, April 30, 2014


ရှောက်သီးဟာလည်း ဆေးဘက်ဝင်သော အသီးအနှံ့တွေထဲက တစ်ခုအပါအဝင်ဖြစ် ပါတယ်။

ပျားရည် ဇဝက်သာနှင့် ရှောက်ရည် သုံးမျိုးရော စပ်ကာ သောက်ပါက ချောင်းဆိုးခြင်း နှင့် ရင်ကျပ်ခြင်းကို သက်သာစေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သလိပ်ကပ်ခြင်း ပန်းနာ ရောဂါတွေ အတွက်လည်း မှီဝဲနိုင် ပါတယ်။

မီးယပ် သွေးဆင်း၍ မူးဝေခြင်း အတွက်လည်း ရှောက်သီးက ကောင်းမွန်ပါတယ်။ ရှောက်သီးကို ထန်းလျက်နှင့်သာ စားလိုက်ပါ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ
အပြည့်အစုံသို့ >>

ရှားစောင်းလက်ပက်ကို မျက်စိအတွက် သုံးမယ်

Wednesday, April 30, 2014


တကယ်ကောင်းလို့ လမ်းညွန်ပေးလိုက်ပါတယ်။ အဲဒါကတော့ ရှားစောင်းလက်ပက်ကို မျက်စိအတွက် သုံးစွဲခြင်းပင် ဖြစ်ပါတယ်။

မျက်စိနာ မျက်စိကိုက်တဲ့အခါမှာ ရှားစောင်းလက်ပက်၏ အတွင်းသားဖြင့် မျက်စိကို အုံပေးပါက သက်သာပျောက်ကင်း စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မျက်စိပူခြင်း မျက်လုံးကြည့် မကောင်းခြင်းတွေ အတွက်လည်း ကောင်းမွန်ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ
အပြည့်အစုံသို့ >>

ဆီချိုရှိသူများ ကြော်စားသင့်တဲ့ ကင်းပုံရွက်

Wednesday, April 30, 2014


ကင်းပုံရွက်ဟာ ဆေးဘက်ဝင် အသီးအနှံ့ တစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါ အတွက် ကောင်း မွန်တယ်လို့ သိရပါတယ်။

အရွက်စိမ်းကို ကြော်စားခြင်း အားဖြင့် ဆီချိုရောဂါကို သက်သာပျောက်ကင်း စေမှာ ဖြစ်ပါတယ်။ နောက် တစ်ခုကတော့ ကင်းပုံရွက်ကို အရည်ညစ်လိုက်ပါ။ ထိုအရည်ကို ရေယုန်နာပေါ်သို့ ခဏခဏ တို့ပေးခြင်း အားဖြင့် ရေယုန်နာကို ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အလှအပ သတင်းများ
ကျော်လင်းနိုင်
အပြည့်အစုံသို့ >>

သနပ်ခါးရွက်က ငှက်ဖျားရောဂါကို ကုသနိုင်ပါတယ်

Wednesday, April 30, 2014


သနပ်ခါးရွကိုတော့ လူတိုင်းသိတဲ့ အတွက် စာရေးသူ အထူးတလည် ရှင်းပြရန် လိုတော့မည် မဟုတ်ပေ။ ဒါကြောင့် အသုံးပြုပုံလေးကိုပဲ ပြောပြလိုက်ပါတယ်။

သနပ်ခါးရွက်ဟာ ငှက်ဖျားရောဂါ အတွက် ကောင်းမွန်တဲ့ ဆေးတစ်လက်ပါ။ အရွက်ကို ပြုတ်လိုက်ပါ။ ရရှိတဲ့ အရည်များကို ဆားများများ ထည့်ကာ သောက်ခြင်းဖြင့် ငှက်ဖျားရောဂါကို ပျောက်ကင်း စေမှာ ဖြစ် ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ
အပြည့်အစုံသို့ >>

လူငယ်သုံးဦးကို ကားဖြင့် ၀င်တိုက်ကာ ထွက်ပြေး၊ တစ်ဦးသေဆုံး

Wednesday, April 30, 2014
Cartoon:google

စားပွဲထိုး ကလေးငယ်တစ်ဦးပါ စားသောက်ဆိုင်ဝန်ထမ်း သုံးဦးကို လမ်းလျှောက်နေစဉ်အတွင်း မော်တော် ကားတစ်စီးက ၀င်တိုက်မိ၍ မောင်းနှင်ထွက်ပြေးသွားပြီး တစ်ဦး သေဆုံးခဲ့မှုတစ်ခု ဧပြီ ၂၈ ရက် ည ၁၁ နာရီခွဲက ဗဟန်းမြို့တွင် ဖြစ်ပွားခဲ့သည်။

ယာဉ်တိုက်မှုမှာ ဆရာစံလမ်းအတိုင်း ပုလဲကွန်ဒိုဘက်မှ ပြည်ထဲရေးမီးပွိုင့်ဘက်သို့ မောင်းနှင်လာ သည့် တောင်းအေ့ယာဉ် တစ်စီးက ယာဘက်လမ်းစပ်တွင် လမ်းလျှောက်သွားနေသည့် ရွှေထိုင်း စားသောက်ဆိုင်မှ ၀န်ထမ်းသုံးဦးကို ၀င်တိုက်မိခဲ့ခြင်း ဖြစ်သည်။

ထို့နောက် မော်တော်ယာဉ်မှာ ရပ်တန့် ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားပြီး ယာဉ်တိုက်ခံရသည့် စားပွဲထိုး အောင်ကိုထက် (၁၄)နှစ်မှာ နဖူး ဖူးရောင် ပေါက်ပြဲ၊ နှာတံပေါက်ပြဲ၊ အပေါ်နှုတ်ခမ်းပေါက် ဒဏ်ရာရ ရှိပြီး စားဖိုမှူးဖြစ်သူ ကိုနေလင်းထွန်း (၁၇)နှစ်မှာလည်း နဖူး ဖူးရောင်ဒဏ်ရာ၊ ၀ဲပါးပွန်း၊ ၀ဲလက်ခုံပွန်းပဲ့ ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် စိုးရိမ်ရသည့် လူနာများအဖြစ်ကုသနေရသည်ဟု ရဲက သတင်း ထုတ်ပြန်ထားသည်။

စားပွဲထိုးဖြစ်သူ မျိုးလှိုင်ဝင်း (၁၇) နှစ်မှာ နောက်စေ့ပွန်း၊ ခါးပွန်း၊ ၀ဲမျက်ခုံစုတ်ပြဲ၊ ယာခြေကျင်းဝတ်ဖူးရောင် ဒဏ်ရာများရရှိပြီး ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သည်။

ထို့ကြောင့် ကားဖြင့် ၀င်တိုက်မိခဲ့သည့် မော်တော်ယာဉ်မောင်းကို အရေးယူပေးရန် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်မျိုးဆွေဦးက တရားလိုပြုလုပ် တိုင်တန်းထားသည်။

ယင်းတိုင်တန်းမှုကို ဗဟန်းရဲစခန်းက ယာဉ် (ပ)၄၇/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ် မှုပုဒ်မ ၃၀၄ က/၃၃၈/ ၂၀၂ ဖြင့် အရေးယူရန် စုံစမ်းရှာဖွေနေသည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Mizzima News
အပြည့်အစုံသို့ >>

ကျန်းမာဖို့ ကြံရည်သောက်စို့ ...

Wednesday, April 30, 2014


မြက်မျိုးနွယ်ဝင် ကြံပင်များသည် သဘာဝ အလျောက်ပေါက်ရောက်လေ့ရှိပြီး၊ ၄င်း၏ဆေးစွမ်း အာနိသင် ထက်မြက်မှုကြောင့် ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်တွင် စီးပွားဖြစ်စိုက်ပျိုး လျှက်ရှိသည်။ ယေဘုယျ အားဖြင့် ကြံညို၊ ကြံနီ်၊ ကြံဖြူဟူ၍ (၃)မျိုးရှိကာ၊ ကြံဖြူ နှင့် ကြံနီတို့ က အရသာပိုချိုပါသည်။ ကြံပင်ထဲတွင် လူသားတို့ ကျန်းမာရေးကို ကောင်းကျိုးပြုစေသော ဗီတာ မင်နှင့် သတ္တုဓာတ်တို့  ကြွယ်ဝစွာပါရှိသည့်ပြင် အပင်များတွင်တွေ့ ရခဲသော phytonutrients တစ်မျိုးဖြစ်သည့် ကလိုရို ဖီးလ်ကိုလည်း တွေ့ ရသည်။ ထို့ ကြောင့် မြန်မာ့ဆေးကျမ်းများတွင်သာမက၊ နိုင်ငံတကာ ကျန်းမာရေးလမ်းညွှန် စာအုပ်များထဲတွင် ကြံရည်ကို “အာဟာရပြည့် စူပါဖျော်ရည်” အဖြစ် တခမ်းတနားရေးသား ဖော်ပြထားကြသည်။

• glycemic ဓာတ်ပါဝင်မှုနည်းပါးခြင်းကြောင့် ကျန်းမာရေးနှင့်ညီညွတ်စေသည်။
• အအေးမိ၊ နှားစေးခြင်းနှင့် လည်ချောင်းနာခြင်းတို့ ကိုထိထိရောက်ရောက် ကာကွယ်ပေးသည်။
• သကြားဓာတ် ၁၅%ပါရှိသော်လည်း၊ သွေးထဲရှိသကြားဓာတ်ကိုမျှခြေဖြစ်စေသဖြင့် ဆီးချိုရောဂါသည်များ အကြောက် အရွံ့ မရှိသုံးဆောင်နိုင်ကြောင်း၊ သြစတြေးလျသုတေသီများက အကြံပြုထားကြသည်။ (သို့ သော် type-2 ဆီးချိုသမားများ အနည်းငယ်သာသောက်သုံးသင့်သည်)
• Polyphenols (ခေါ်) အဆင့်မြင့်ဓာတ်တိုးဆန့် ကျင်ပစ္စည်းပါရှိခြင်းကြောင့် ကင်ဆာရောဂါများကို တိုက်ထုတ်ပေးသည်။ အထူးသဖြင့် သုက်ရည်ဂလင်း နှင့် ရင်သားကင်ဆာများ မဖြစ်လာအောင် တားမြစ်ပေးနိုင်စွမ်းရှိသည်။
• နေပူလောင်ခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုများအတွက် အညိုရောင်ကြံရည်က ခန္ဓာကိုယ်ကို အချိန်တိုတွင်းမှာ ပင် ရေဓာတ် အားဖြည့် ပေးနိုင်သည်။
• ကြွက်သားများ၊ အစာအိမ်၊ ကျောက်ကပ်၊ နှလုံး၊ မျက်စေ့၊ ဦးနှောက် နှင့် လိင်အင်္ဂါအစိပ် အပိုင်းများကို ခွန်အားဖြစ်စေသည်။
• ကျောက်ကပ်ကို အားပေးပြီး၊ ဆီးချုပ်/ဆီးအောင့်ခြင်းမှကာကွယ်ပေးသည်။
• အပူရှပ်၍ ဖျားချင်ချင်ခံစားနေရသူများအတွက် ကြံရည်ကကိုယ်တွင်းအပူငြိမ်းစေပြီး၊ ပရိုတင်းအားဖြည့် ဓာတ်စာအဖြစ် အသုံးပြုနိုင်၏။
• အမျိုးသားများ Spermatorrhoea (ခေါ်) သုက်ယိုရောဂါ နှင့် ဆီးကျိတ်ရောင်ခြင်းအတွက် အနီရောင်ကြံ ရည်ကို သံပုရာရည် (သို့ မဟုတ်) ဂျင်းရည် (သို့ မဟုတ်) အုန်းရည် ဖြင့် ရောသောက်ပေးခြင်းဖြင့် ရောဂါ သက်သာလာစေသည်။
• အဖြူရောင်ကြံရည်တွင် ရှောက်ရည် (သို့ မဟုတ်) လိမ္မော်ရည် တို့ကို အနည်းငယ်ရောသောက်ပါက အာဟာရပြည့်ဝ ပြီး၊ ပိန်သူကိုဝစေ၍ အသက်လည်းရှည်စေသည်။
• အသည်းရောင်အသားဝါရောဂါသည်များကို အလျှင်အမြန် အားပြန်ပြည့်စေသည်။
• ကစီဓာတ်အလုံအလောက်ပါရှိခြင်းကြောင့်၊ အားပြည့်လန်းဆန်စေကာ သက်လုံကောင်းစေသဖြင့် အားကစားသမားများ နှင့် ကာယလုပ်အားရှင်များအတွက် အထူးသင့်တော်၏။
• အစာကျေစေပါသည်။ ထို့ ပြင် ပိုတက်စီယမ်အမြောက်အများပါရှိခြင်းကြောင့် ၀မ်းပျော့စေသည်။
• ကိုယ်ခန္ဓာအတွက် မကောင်းသော ကိုလက်စထရောကိုကျစေသည်။
• ရက်သတ္တ ၁-ပတ်လျှင် ၃-ခွက်မျှ ကြံရည်သောက်သုံးခြင်းဖြင့် အာရုံကြောအဖွဲ့ အစည်းကို အားကောင်းစေ ကာ၊ မှတ်ဥာဏ် စွမ်းအားတိုးတက်လာစေကြောင်း ဗြိတိသျှသုတေသီများက အကြံပြုထားသည်။
• ကြံရည်ဖြင့် ချက်ထားသော ကြံသကာအခဲသည်လည်း ချွဲထချောင်းဆိုးခြင်းကို သက် သာစေနိုင်သည်။
• သဘာဝ alkaline ဓာတ်ပါရှိသဖြင့်၊ ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်ကို ပုံမှန်လည်ပတ်နိုင်စေပြီး၊ သွေးအား နည်းရောဂါ၊ ကြို့  ထိုးခြင်း၊ နှလုံးတုန်မူးဝြေ ခင်း၊ ခေါင်းကိုက်ခြင်း၊ သွေး အန်ခြင်းနှင့် အစာအိမ်ရောဂါတို့ ကို သက်သာစေသည်။
• အဆုတ်ကို ကျန်းမာစေသည်။
• ကြံရည်ထဲတွင် သတ္တုဓာတ်များ မြင့်မားစွာပါရှိခြင်းကြောင့် သွားများပျက်စီးခြင်းမှ ကာကွယ်ပေးကြောင်း အိန္ဒိယဆေး သုတေသီများက ၁၉၃၀ တွင် အတည်ပြုထားသည်။ ထို့ ပြင်ြ ကံချောင်းကိုကိုက်၍ အရည် စုပ်မျိုခြင်းကလည်း သွားသန့်  စေပါသည်။

မှတ်ချက်။ ကြံဖြူပင်သည် ချွဲသလိပ်ထစေတတ်၍ အလွန်အကျွံမသောက်သင့်ပါ။ ထို့ ကြောင့် ယခုလို နွေပူပူ ရင်ပူပူုတွင် အပူငြိမ်း/သည်းခြေအေးစေသော ကြံရည်ကို သဘာဝရဲ့ အာဟာရအဖြစ် သောက်သုံး ပေးသင့် ပါကြောင်းနှင့် ကျန်းမာရေးအတွက် ကြံရည်သောက်ရန် အသင့်တော်ဆုံး အချိန်မှာ နေ့လည် ဘက် ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
ကိုးကား (Dr JV Hebbar,an Ayurveda Doctor)

Promise Pauk
အပြည့်အစုံသို့ >>

အွန်လိုင်းရှော့ပင်းမလုပ်ခင် အမျိုးသမီးများ သိထားဖို့လိုတဲ့ လျှို့ဝှက်ချက်များ (အပိုင်း-၁)

Wednesday, April 30, 2014

သီဟနိုင် on 2014-04-30 14:21

အွန်လိုင်းရှော့ပင်းလုပ်ပြီး မှာယူလိုက်လို့ ရောက်ရှိလာတာဟာ သင်နဲ့မတော်ဘူးဆိုပါစို့။ ဆိုဒ်နောက် တစ်မျိုးကို ပြောင်းမှာလိုက်တော့လည်း ရောင်းထွက်သွားပါပြီ ဆိုတာမျိုးထက် စိတ်ပျက်စရာ ကောင်းတာ မရှိပါဘူး။

သင့်ဆိုဒ်က ဘယ်လောက်ရှိတယ်ဆိုတာကို သိထားပေမဲ့လည်း ပြဿနာက brand တိုင်းဟာ ဆိုဒ်ချင်း မတူပါဘူး။ E-commerce ဆိုဒ်တွေက အ၀တ်အစားတွေဟာ တကယ် မတော်ဘဲနဲ့ တော်သယောင် ပုံစံမျိုးပေါက်နေတတ်ပါတယ်။

၁။ ကိုက်ညီမှု နုတ်ကိုဖတ်ပါ။

ဝဘ်ဆိုဒ်တော်တော်များများမှာတော့ မော်ဒယ်ဟာ အရပ်ဘယ်လောက်ရှည်တယ်၊ သူ ဘယ်ဆိုဒ်ကို ၀တ်ဆင်ထားတာပါ ဆိုပြီး ကိုက်ညီမှုနုတ်လေးတွေ ထားရှိတတ်ပါတယ်။ လက်အဟိုက်၊ စကပ်အောက်အနားနဲ့ ခါးတိုင်းတွေဟာ သင်နဲ့ကိုက်ညီမှုရှိမရှိကို သင်တွက်ဆနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ အကယ်၍ သင်ဟာ မော်ဒယ်ထက် အရပ်ပုတယ်ဆိုရင်တော့ သင်ဝတ်လိုက်ရင် နဲနဲပိုရှည်သွားမှာပေါ့။ သင်ဟာ မော်ဒယ်ထက် အရပ်ရှည်တယ်ဆိုရင်တော့ သင်နဲ့ဆို ပိုတိုသွားမှာပါ။ ကိုက်ညီမှုနုတ် (fit note) မှာ ချောင်တယ်၊ပွတယ်ဆိုတာကိုပါ သိရှိနိုင်တဲ့အတွက် ဆိုဒ်တိုးသင့်လား၊ လျှော့သင့်လားကို ဆုံးဖြတ်နိုင် မှာပါ။

၂။ တစ်မျိုးထဲကို ဆိုဒ်ပေါင်းစုံ ၀ယ်ယူပါ။

ဆိုဒ်ပေါင်းစုံမှာယူမယ်၊ ကိုယ်နဲ့တော်တာပဲ ယူပြီး ကျန်တာတွေကို ပြန်ပေးလိုက်တာမျိုးဟာ စိတ်အနှောင့်အယှက် ပေးရာရောက်နိုင်ပါတယ်။ ဒါပေမဲ့ အခမဲ့ပို့ဆောင်မှုနဲ့ ပြန်ပေးနိုင်မှုတွေ ကမ်းလှမ်း ထားတဲ့ ဆိုဒ်တစ်ခုဆိုရင်တော့ ဒါကို သင်က အကျိုးရှိရှိ အသုံးချသင့်ပါတယ်။

၃။ သင်ရဲ့ရင်သားအောက်မှာ တိုက်ရိုက် ပြည့်သိပ်နေတဲ့ အရာမျိုးတွကို ရှောင်ပါ။

သင်ဟာ ရင်သား ချပ်တဲ့သူမျိုး မဟုတ်ဘူးဆိုရင်တော့ ရင်ဘတ်အောက်က အကွေးအ၀ိုက်နေရာ (သို့) ထောင့်ဖြတ် အချိုးအဆစ် နေရာတွေ ကျပ်နေခြင်းဟာ သင့်ကို နေရထိုင်ရ ခက်စေပါလိမ့်မယ်။ (ဆိုလိုတာက ရင်သားကို ဖိထားတာမျိုးမဟုတ်ဘဲ၊ ဘေးအ၀ိုက်နေရာတွေကပဲ ဖြတ်သွားသင့်တာမျိုးပါ။)



၎။ fit ဖြစ်တဲ့ဟာတွေအတွက် ပိုထူတဲ့ ချည်သားကိုရွေးပါ။

မခိုင်တခိုင် ချည်သားတွေနဲ့ဆိုရင် ဒုက္ခရောက်ဖို့ ရှိပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်အချိုးအစား ပိုပေါ် လွင်စေတဲ့ fit ပိုဖြစ်တဲ့ အ၀တ်အစားတွေမှာပေါ့။

၅။ နေကာမျက်မှန်ဝယ်မယ်ဆိုရင် သင့်မျက်နှာ ပုံသဏ္ဍာန်နဲ့လိုက်မယ့် ကိုင်းကိုရွေးပါ။

သင်ဟာ မျက်နှာဝိုင်းတစ်ယောက် ဆိုရင် နေကာမျက်မှန်အ၀ိုင်းဟာ သင့်ရဲ့အကောင်းဆုံး ရွေးချယ် မှု ဖြစ်မှာမဟုတ်ပါဘူး။ ၀ိုင်းတဲ့ မျက်နှာတွေဟာ သာမန်အားဖြင့်တော့ ထောင့်ပိုကျတဲ့ ကိုင်းတွေနဲ့ ပိုကြည့်ကောင်း ပါတယ်။ အဲ့ဒီ့လိုပဲ လေးထောင့်ကျတဲ့ မျက်နှာပိုင်ရှင်တွေဟာ ကိုင်းအ၀ိုင်းတွေနဲ့ဆို ပိုကြည့်ကောင်းပါတယ်။


Ref:cosmopolitan.com
Trend Myanmar
အပြည့်အစုံသို့ >>

တစ်နာရီ မိုင်၂၀၀နှုန်းနဲ့ မိုင် ၂၀၀၀ ထိကို အကြော်ခံဆီ တစ်တိုင်ကီနဲ့ မောင်းနိုင်တဲ့ Trident Iceni

Wednesday, April 30, 2014

သီဟနိုင် on 2014-04-30 17:12

Iceni မော်ဒယ်ဟာ ကမ္ဘာ့ လောင်စာဆီအသက်သာဆုံး ပြိုင်ကား ဖြစ်တယ်လို့ Trident ကုမ္ပဏီက အတည်ပြု ပြောကြားလိုက်ပါတယ်။ ဇီဝလောင်စာ ဒါမှမဟုတ် ဓာတ်သတ္တု တစ်တိုင်ကီ တည်းနဲ့ မိုင် ၂၀၀၀ ခရီးကို မောင်းနိုင်တယ်လို့ သတင်းရရှိပါတယ်။

Trident Iceni ရဲ့အင်ဂျင်မှာ မြန်နှုန်းနဲ့ လောင်စာသက်သာဖို့အတွက် ‘လိမ်အားဆတိုးပွား နည်းပညာ’ ကို အသုံးပြုထားပါတယ်။

Iceni Magna, Convertible နဲ့ Venturer estate ဆိုပြီး မော်ဒယ် ၃မျိုး ထုတ်လုပ်ထားပါတယ်။ ဗားရှင်း နှစ်မျိုးစလုံးမှာ ဟင်းချက်ဆီ၊ မုန်ညင်းဆီ တို့လို သန့်စင်တဲ့ ဇီဝလောင်စာဆီတွေနဲ့ မောင်းနှင်နိုင် ပါတယ်။

Convertible မော်ဒယ်မှာ မောင်းသူဘက်က အမိုးကိုပိတ်ထားစဉ်၊ လိုက်ပါစီးနင်းသူဘက်က အမိုးကို ဖွင့်ထားနိုင်ပါတယ်။ အပြန်အလှန်ပါပဲ။

အခြေခံဗားရှင်းအတွက် ကန်ဒေါ်လာ ၁၆၁၅၇၈ ကစပြီး ဈေးရှိပါတယ်။

Ref:dailymail.co.uk
Trend Myanmar
အပြည့်အစုံသို့ >>

ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့တဲ့ တီထွင်ဖန်တီးမှု ဆယ်ခု (အပိုင်း -၂ )

Wednesday, April 30, 2014

သီဟနိုင် on 2014-04-30 15:53

လူသားတွေနဲ့ တိရစ္ဆာန်တွေ ကွာခြားတဲ့အဓိကအချက်ကတော့ လူသားတွေဟာ တီထွင်ဖန်တီးဥာဏ် ပိုမို မြင့်မားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အားကြီးသူက အားနည်းသူကို အနိုင်ယူတဲ့ သဘာဝလောကကြီး မှာ ကျွန်တော်တို့ လူသားတွေဟာ တီထွင်ဖန်တီးမှု၊စဉ်းစားဆင်ခြင်ဥာဏ်ရှိမှုတို့ နဲ့ နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့ပြီး ဒီကမ္ဘာကြီးကို ကြီးစိုးနိုင်ခဲ့ကြပါတယ်။

ကျွန်တော်တို့ ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ နှစ် သန်းပေါင်း လေးထောင့်ငါးရာ လောက်က စတင် ဖြစ်တည်လာ ခဲ့ပြီး Homo Sapiens လို့ ခေါ်တဲ့ ကျွန်တော်တို့ လူသားမျိုးနွယ်တွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ် သိန်းကျော် ၀န်းကျင်ကမှ စတင်ပြောင်းလဲဖြစ်တည်လာတယ်လို့ သိပ္ပံပညာရှင်တွေက ခန့် မှန်းထားပါတယ်။

လူသားမျိုးနွယ်နဲ့ ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့တဲ့ တီထွင်ဖန်တီးမှု ဆယ်ခု ကို ကြည့်ကြည့်ရအောင်။

၅။ တယ်လီဖုန်း

အီလက်ထရောနစ် အသံလွှင့်စနစ် နဲ့ပတ်သက်ပြီး စွန့်ဦးတီထွင်သူ တချို့ရှိခဲ့ပေမဲ့ အီလက်ထရောနစ် တယ်လီဖုန်းမူပိုင်ခွင့်ကို အလက်ဇန္ဒား ဂရေဟမ်ဘဲလ်ဟာ ၁၈၇၆ခုနှစ်မှာ ဦးဆုံးချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ တယ်လီဖုန်း ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ အီလက်ထရောနစ် အသံလွှင့်စနစ်ကို စွန့်ဦးတီထွင်ခဲ့သူ အချို့ဟာ အသိဉာဏ်ပိုင်းဆိုင်ရာပစ္စည်း ခိုးယူသုံးစွဲမှုနဲ့ တရားစွဲဆိုခဲ့ကြပါတယ်။ အလက်ဇန္ဒား ဂရေဟမ်ဘဲလ်ရဲ့ မူပိုင်ခွင့် ပုံကြမ်းကတော့ အောက်က ပုံမှာပြထားတဲ့အတိုင်းပါပဲ။

ဒီတီထွင်မှုဟာ အလျှင်အမြန်ပဲ အ၀ယ်လိုက်လာပြီး ကမ္ဘာ့စီးပွားရေးနဲ့ ဆက်သွယ်ရေး အဖြစ် လုံးလုံးလျားလျား ပြောင်းလဲလာခဲ့ပါတော့တယ်။



၎။ လျှပ်စစ်မီးသီး

ခင်ဗျားတို့မှာ သဘာဝအလင်းရောင်ပဲ ရှိစဉ်အခါက ထုတ်ကုန်ထုတ်လုပ်မှုဟာ နေ့အချိန်တွေမှာပဲ ထုတ်လုပ်လို့ရအောင် ကန့်သတ်ခြင်းခံခဲ့ရပါတယ်။ ညဘက်တွေမှာ ကျွန်တော်တို့ တက်တက်ကြွကြွနေနိုင်ဖို့ လျှပ်စစ်မီးလုံးတွေက အခွင့်ပေးလိုက်ပြီး ကမ္ဘာကြီးကို ပြောင်းလဲပစ်လိုက်ပါတယ်။ သမိုင်းပညာရှင်တွေရဲ့ အဆိုအရ ၁၈၀၀ပြည့်လွန်နှစ်တွေတစ်လျှောက် အပူပေးအလင်းဖြာ မီးအိမ် တီထွင်မှုမှာ လူ ၂ဒါဇင်လောက် အခရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ Thomas Edison ဟာ မူရင်း တီထွင်သူအဖြစ် ဂုဏ်ပြုမှတ်တမ်းတင် ခံခဲ့ရ ပါတယ်။ သူဟာ မီးစက်၊ မီးကြိုးနဲ့ ကာဗွန်ဖြည့် မီးသီး အပါအ၀င် ပြီးပြည့်စုံအောင် အလုပ်လုပ်တဲ့ အလင်းပေး စနစ်ကို တီထွင်နိုင်ခဲ့လို့ပါပဲ။



၃။ ပင်နီဆီလင်

ပင်နီဆီလင်ဟာ သမိုင်းမှာ အကျော်ကြားဆုံး ရှာဖွေတွေ့ရှိမှုတွေထဲက တစ်ခုပါ။ ၁၉၂၈ ခုနှစ်မှာ စကော့လူမျိုး သိပ္ပံပညာရှင် အလက်ဇန္ဒား ဖလင်းမင်းဟာ သူ့ရဲ့ ဓာတ်ခွဲခန်းထဲမှာ ပက်ထရီဒစ်ရှ် ဘက်တီးရီးယားတွေ ရှိနေတာကို သတိပြုမိခဲ့ပါတယ်။ မှိုရှိနေတဲ့ နေရာတိုင်းက ဘက်တီးရီးယားတွေ ဟာ သေဆုံးနေတာကိုလည်း သိခဲ့ရပါတယ်။ အဲ့ဒီ့ ပဋိဇီဝမှိုဟာ မှိုပင်နီဆီလင် အဖြစ်ကို ပြောင်းလဲ သွားပြီး နောင်ဆယ်စုနှစ် ၂စုကြာတဲ့အခါ ဓာတုဗေဒ ပညာရှင်တွေဟာ အဲ့ဒီ့မှိုကို သန့်စင်လိုက်ပြီး ပင်နီဆီလင်ဆေး အဖြစ်ကို အဆင့်မြှင့်ထုတ်လုပ်နိုင်ခဲ့ ကြပါတယ်။ ပင်နီဆီလင်ဆေးဟာ လူသားတွေဆီမှာ ဘက်တီးရီးယား အမြောက်အမြား ပိုးဝင်ခြင်းတွေကို တိုက်ဖျက်ပေးပါတယ်။ လူသားတွေကိုတော့ ထိခိုက်မှု မရှိစေဘဲနဲပေါ့။

ပင်နီဆီလင်ဆေးကို ၁၉၄၄ခုနှစ်မှာ အမြောက်အများ ထုတ်လုပ်ခဲ့ပြီး ကြော်ညာခဲ့ပါတယ်။



၂။ သန္ဓေတားဆေး (သို့) ကိရိယာ

သန္ဓေတားဆေးတွေ၊ ကွန်ဒုံးတွေအပြင် တခြားသော သန္ဓေတားနည်းတွေဟာ တိုးတက်လာတဲ့ ကမ္ဘာကြီး မှာ လိင်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအဖြစ် ရိုက်ခတ်ခဲ့ပါတယ်။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို ကလေး မယူဘဲ အပန်းဖြေမှုသက်သက်အတွက် လိင်ဆက်ဆံခွင့် ရစေခဲ့တာပေါ့။ သန္ဓေတားဆေး၊ ကိရိယာတွေကို အသုံးပြုတဲ့ နိုင်ငံတွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ဆောင်ရတဲ့ အမျိုးသမီး အရေအတွက် လဲ တော်တော်လေးကို လျော့ကျသွားစေပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာ အရလည်း လူသားဦးရေ ထူထပ်ခြင်းကို ထိန်းရာမှာ သန္ဓေတားဆေး နဲ့ ကိရိယာတွေက အကူအညီပေးခဲ့ပါတယ်။ ကွန်ဒုံးလိုမျိုး သန္ဓေတား ကိရိယာတွေဟာ လိင်ဆက်ဆံမှုအရ ကူးစက်တဲ့ ရောဂါ ပျံ့နှံ့မှုကိုလည်း ဟန့်တားပေးပါတယ်။




၁။ အင်တာနက်

မိတ်ဆက်ပြောပြ နေစရာတောင် တကယ်မလိုတော့ပါဘူး။ အင်တာနက်လို့ သိကြတဲ့ အတွင်းချိတ်ဆက် ထားတဲ့ ကွန်ပျူတာကွန်ယက်ကြီးကို တစ်ကမ္ဘာလုံးမှာ သုံးနေသူ သန်းထောင်နဲ့ချီပြီးရှိပါတယ်။ အင်တာနက်ကြီး တိုးတက်လာအောင် မရေမတွက်နိုင်တဲ့ လူတွေက ၀ိုင်းဝန်းကူညီပေးခဲ့ကြတယ်။ အင်တာနက် တီထွင်မှုနဲ့ပတ်သက်ပြီး ဂုဏ်ပြုမှတ်တမ်းအတင်ခံရသူကတော့ ကွန်ပျူတာသိပ္ပံပညာရှင် Lawrence Roberts ပါပဲ။ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ကွန်ပျူတာ သိပ္ပံပညာရှင်များ အဖွဲ့တစ်ဖွဲ့ကနေ အမေရိကန် ကာကွယ်ရေး ၀န်ကြီးဋ္ဌာနရဲ့ အဆင့်မြင့် သုတေသန စီမံကိန်း အေဂျင်စီ (ARPA) အတွက် အလုပ်လုပ်ပေးခဲ့ကြပါတယ်။ အေဂျင်စီထဲက ကွန်ပျူတာတွေ ချိတ်ဆက်နိုင်အောင် ဆက်သွယ်ရေး ကွန်ယက်ကြီး တည်ဆောက်ပေးပြီး တော့ပေါ့။ အဲ့ဒါကို ARPANET လို့ ခေါ်ကြပါတယ်။ “Packet Switching” လို့ခေါ်တဲ့ ဒေတာ ထုတ်လွှင့်မှု စနစ်ကို အသုံးပြုထားတာပါ။ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Roberts က တခြား ကွန်ပျူတာ သိပ္ပံပညာရှင်တွေထက် စောပြီး တီထွင်ဖန်တီးခဲ့တာပါ။ ARPANET ဆိုတာ အင်တာနက်ရဲ့ အလျင်လူပဲဖြစ်ပါတယ်။



Ref:livescience.com
Trend Myanmar
အပြည့်အစုံသို့ >>

တင်ခဲ့ပြီးသော Posts များ ဆက်လက်ဖတ်ရှုရန်...

                 

သိလိုသော အကြောင်းအရာကို အောက်က Search Box ထဲမှာ မြန်မာ/အင်္ဂလိပ် ဘာသာဖြင့် ရိုက်ထည့်၍ ရှာဖွေပါ...