Latest Updates:

ဒုတိယ တစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်နေပြီဖြစ်တဲ့ ချစ်သုဝေ

Saturday, May 31, 2014


ပြင်ဦးလွင်မှာ ဇာတ်ကား ၃ကား သွားရိုက်ခဲ့တဲ့ ချစ်သုဝေက ဒီ တစ်ခေါက် ပြင်ဦးလွင်ကို သွားရတာ ကံကောင်းပြီး ဇာတ်ကားတွေက ထူးခြားသလို သရုပ် ဆောင်ရတာလည်း ကျေနပ်အားရမှုရှိခဲ့ကြောင်း ချစ်သုဝေက ပြောပါတယ်။ ရန်ကုန်ကို ပြန်ရောက်တဲ့ အချိန်မှာတော့ ဇေရဲထက် နဲ့ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးတဲ့ စိတ်စေရာဆိုတဲ့သည်းထိတ်ရင်ဖို ဇာတ်ကားကို ရိုက်ကူးခဲ့ပါတယ်။ ဇာတ်ရုပ်နှစ်မျိုးကို သရုပ်ဆောင်ရပြီး စိတ်ခံစားချက်ကို ဝှက်ကာမျက်နှာအမူအရာနဲ့ လုပ်ရတာ ဖြစ်တဲ့အတွက် သရုပ်ဆောင် ရတာအားရ ကြောင်း ပြောပါတယ်။

၂ဝ၁၄ ခုနှစ်ကတော့ သူ့အတွက် ကံကောင်းတဲ့ နှစ်တစ်နှစ် ပဲဖြစ်ကြောင်း ချစ်သုဝေက “ထရီဇာက ပုံမှန်လေး အတိုင်းပါပဲ။ ဇာတ်ကားရိုက်တယ်။ ကြော်ငြာ ကြိုကြား ၊ကြိုကြား ရိုက်တာရှိတယ်။ စတိတ်ရှိုးတွေ လည်း မျှမျှတတ ဆိုဖြစ်တယ်။ ၂ဝ၁၃နဲ့ ၂ဝ၁၄ ကွာခြားတာက ၁၄မှာ ထရီဇာ အသံဘက်ရော၊ အရုပ် ဘက်ရော၊ မျှမျှတတ လုပ်ဖြစ်နေတယ်။ ၁၃ တုန်းကတော့ ဇာတ်ကား ရိုက်တွေပဲ စိပ်သွားတော့ စတိတ်ရှိုး သွား ဆိုတဲ့ အပိုင်းရော၊ အခွေလုပ်တဲ့ အပိုင်းရော အားနည်းခဲ့တယ်။ ဒီ နှစ်တော့ ဒုတိယ တစ်ကိုယ်တော် အခွေလည်း စလုပ်နေပြီ ဆိုတော့ ဒုတိယတစ်ကိုယ်တော် အခွေလည်း ပြီးအောင်လုပ်မယ်။

မီးအိမ်ကဗျာ ဗီစီဒီ ကလည်း အားလုံးပြီးသွား ပြီ Production ပိုင်းပဲ ကျန်တော့တယ် ဆိုတော့ Production ပိုင်းက ထွက်မယ်ဆိုရင် ထွက်လာလိမ့်မယ်။ ၂ဝ၁၄ က ထရီဇာ မင်္ဂလာဆောင်နဲ့စတယ်။ ထရီဇာဝါ သနာ ပါတဲ့ နှစ်ဖက်စလုံး ကိုလည်း balance မျှမျှတတလေး လုပ်နိုင်တဲ့ အခွင့်အရေးတွေ ထရီဇာရတယ်။ ဇာတ်ကား ရိုက်ဆိုလည်း ဇာတ်ကား ရိုက်အလျောက် သီချင်းဆိုတဲ့အပိုင်းမှာလည်း သီချင်းဆိုတဲ့ အလျောက် လုပ်ပိုင်ခွင့် တွေရတယ်။ အရာရာ အဆင်ပြေ ချောမွေ့နေတယ်။ စိတ် လည်းချမ်းသာတယ်” လို့ ပြောပါ တယ်။

Popular Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

သူ့ iPod ကို သိမ်းခဲ့လို့ အဖေနဲ့ အမေကို သတ်မိခဲ့တာဖြစ်ကြောင်း ဆယ်ကျော်သက် ၀န်ခံ

Saturday, May 31, 2014

Angel on 2014-05-30 18:30

လူသတ်တရားခံဟု ယူဆရတဲ့ ဆယ်ကျော်သက်ဟာ သူ အမေနဲ့ အဖေဟာ သူ့ iPod ကို သိမ်းယူ ခဲ့တဲ့ အတွက် သတ်မိခဲ့တာဖြစ်ကြောင်း ၀န်ခံလိုက်ပါတယ်။

အသက် ၁၆ နှစ်အရွယ် Vincent Parker ဟာ ခရစ်စမတ်မတိုင်ခင်တစ်ပတ်က သူ့ ရဲ့ မိဘတွေကို ရက်ရက် စက်စက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ Vincent ဟာ သူ့ ရဲ့ MP3 ဖွင့်စက် ကို သူ့ ဆီက သိမ်းတာမျိုးလို အပြစ်ပေးခြင်းတွေ ခဏခဏခံရတာကို စိတ်ပျက်မိပြီး သူတို့ ကို သတ်မိခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

Virginia ပြည်နယ်၊ Norfolk မြို့ က ဆယ်ကျော်သက်ဟာ အမေဖြစ်သူ Carol ရေချိုးခန်းက ထွက်လာတုန်း မှုတ်ဆေးဘူးနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် မျက်လုံးကို ထိုးဖောက်ခဲ့ပါတယ်။ နောက် သူမရဲ့ ခေါင်းနဲ့ မျက်နှာတွေ ကို ဘတ်စကတ်ဘောရိုက်တံနဲ့ သူမအသက်ရှူရပ်သွားတဲ့အထိ ရိုက်ပစ်ခဲ့တယ်လို့ WTKR-TV သတင်း ချန်နယ် က တင်ပြခဲ့ပါတယ်။

သိပ်မကြာခင် အဖေဖြစ်သူ Wayne အိမ်ပြန်ရောက်တဲ့ အခါမှာလည်း Vincent ဟာ အဖေကို သံတူရွင်းနဲ့  ရိုက်ခဲ့ပြီး တူရွင်းနဲ့ အချက်ပေါင်းများစွာ ထိုးနှက်ခဲ့တယ်လို့ သိရပါတယ်။

Mr.Parker ဟာ အရေးပေါ်ဌာနကို ဖုန်းဆက်ပြီး ဖြစ်ရပ်ကို အကြောင်းကြားနိုင်ခဲ့ပေမယ့် ဆေးရုံရောက် မှာ သေဆုံးသွားခဲ့ပါတယ်။ အမေဖြစ်သူ Mrs.Parker ကတော့ ပွဲချင်းပြီး သေဆုံးခဲ့တာပါ။

Vincent ကတော့ သူ့ အဖေက သူ့ ကို အရင်တိုက်ခိုက်ခဲ့တာလို့ ပထမ ထွက်ဆိုခဲ့ပေမယ့် နောက်ပိုင်း မှာတော့ သူ့ မိဘတွေကို သတ်ခဲ့မိတာဖြစ်ကြောင်း ၀န်ခံခဲ့ပါတယ်။ Vincent ဟာ သူ့ အပြစ်ကို အသနား ခံခဲ့ပေမယ့် တရားရုံးကတော့ ပယ်ချခဲ့ပါတယ်။

စစ်ဆေးရေးအရာရှိတွေကို သူ ပြောခဲ့တာကတော့ “ ကျွန်တော် တော်တော်ဒေါသထွက်သွားတာကိုပဲ မှတ်မိတယ်။ ဒါတွေအားလုံးက ကျွန်တော့်အဖေကြောင့်။ သူပဲ ကျွန်တော့် iPod နဲ့ ပစ္စည်းတွေ သိမ်းခဲ့တာ”

သူ့ ရဲ့အဖွားဖြစ်သူ Carol ရဲ့အဖေ Allen Taylor ကတော့ သူ့ မြေးဘာလို့ အခုလို ကြမ်းကြုတ်ခဲ့တဲ့ဆိုတာ နားလည်ဖို့ တော်တော်ခက်ခဲခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

‘ သူက ကျောင်းမှာတော်တဲ့ကလေးပါ။ ဘာတွေဖြစ်ခဲ့လဲ့ ကျွန်တော် မသိဘူးဗျာ”

Parker ကို စက်တင်ဘာမှာ အမိန့် ချမှာပါ။

Ref: Mirror.co.uk
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

အပေါ်ပိုင်း ဗလာကျင်းနဲ့ မြို့ပတ်နေတဲ့ အနုပညာရှင်တစ်ဦး

Saturday, May 31, 2014


နာမည်ကြီး အနုပညာရှင်တွေဖြစ်ကြတဲ့ ဒီမီမိုရီနဲ့ ဘရုဝီလီစ် တို့ရဲ့ အရွယ် ၂၂ နှစ်အ ရွယ်သမီးဖြစ်သူ စကော့ ၀ီလီစ် က ယခုတစ်ပတ် ကြာသာပတေးနေ့ နယူးယောက်မြို့ တော်လမ်းတစ်လျှောက်မှာ အပေါ် ပိုင်း ဗလာကျင်းပုံစံနဲ့ စိတ်အေး လက်အေးလမ်း လျှောက်ထွက်လာက လမ်းပေါ်မှာရှိတဲ့ လူတွေအားလုံးကို ဟာခနဲဖြစ်သွားလေရဲ့။

ကိုယ်တိုင်လည်း celebrityတစ်ယောက်လည်းဖြစ်တဲ့ သူမအနေနဲ့ ဒီလိုလုပ်လိုက်တာက မြို့တော်မှာ ပြ ဌာန်းထားတဲ့ အမျိုးသမီးများ အဖော်အချွတ်များနဲ့ လူမြင်ကွင်းမှာ မ ထွက်ရဆိုတဲ့ ဥပဒေကို ဆန့်ကျင်ချင်တာ ကို လူသိရှင်ကြားဖော်ပြလိုက်တာလည်းဖြစ် ပါတယ်။ လုံးဝကို အပေါ်ပိုင်းမှာ ဗလာအကျင်း၊ အောက်ပိုင်း ပန်းပွင့်ပုံရိုက်နှိပ်ထားတဲ့ ဒူးအတိစကတ်အကွဲ၊ ဖိနပ်အပါးတစ်ရံ၊ ပခုံးမှာလည်း စလင်းဘတ်အိတ် တစ်လုံး ကို ခပ်တွဲတွဲလွယ်ထားကာ ယုံကြည်ချက်အပြည့်နဲ့ မြို့တော်တွင်းလမ်းမတစ်လျှောက်မှာ သွားနေတာပါ။



ပြီးတော့ သူမက ဈေးဝယ်စင်တာတစ်ခုရဲ့ ပန်းစည်းအရောင်းတန်းမှာ ပန်းတွေကို အကျအန၀ယ်ယူနေတဲ့ ပုံတွေကိုလည်း မြို့တော်ရဲ့ ဆိုရှယ်ဝဘ်ဆိုက်နဲ့လူမှုကွန်ရက် ၀က်ဘ်ဆိုက်၊တွစ်တာတို့မှာ ဖော်ပြထား ပါတယ်။ ဒီလိုတင်လိုက်တဲ့ သူမရဲ့ပုံတွေနဲ့ ပတ်သက်ပြီးတော့လည်း ဝေဖန်ထားတာတွေလည်း အများ အပြားရှိပါတယ်။

သူမရဲ့ တွစ်တာစာမျက်နှာမှာ သူမအနေနဲ့က ဒီလိုလုပ်လိုက်တာအတွက် ဘယ်လိုမှ အပြစ်မခံစား ရကြောင်း၊ မြို့တော်မှာပြဌာန်းထားတဲ့ ဥပဒေကိုလည်း ဆန့်ကျင်ချင် တာရယ်၊ နောက်ပြီးတော့ အမျိုးသမီးတွေအနေနဲ့ ရင်သားကင်ဆာမဖြစ်ဖို့က ပိုပြီးတော့ အရေး ကြီးတဲ့အတွက်ကြောင့်လို့ခံယူပြီး အခုလိုလုပ်ရတာဖြစ်ကြောင်း၊ ဝေဖန်ပြစ်တင် သူတွေရဲ့ဘယ်လိုတုန့်ပြန်ဝေဖန်မှုမျိုးကို မဆိုကြည်ဖြူစွာနဲ့ လက်ခံကြောင်း၊ အမျိုးသမီး ထုလည်း သူမရဲ့လုပ်ရပ်ကို ထောက်ခံအားပေးနိုင်မှာပါဖြစ်ကြောင်း လို့ ရေး သားဖော်ပြ ထားပါတယ်...


ဖိုးသူတော် Team မှ ဘာသာပြန်သည်။
Credit: ဖိုးသူတော် (www.phothutaw.com)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

ဖျက်လို့မရတဲ့ဖိုင်..၊ နံမည်ပြောင်းလို့မရတဲ့ ဖိုင်တစ်ခုတည်ဆောက်နည်း။ ( without any software )

Saturday, May 31, 2014
ဒါလေးကလည်း tutorial တစ်ခုပါ... သင့်ရဲ့ကွန်ပျူတာထဲမှာ နံမည်ပြန်ပြောင်းလို့မရ ဖျတ်လို့မရတဲ့ ဖိုင် ( undeletable and unrenamable Folder ) လေးတစ်ခုကို ဘာ software မှ မလိုပဲ ဖန်တီးကြည့်ကြ တာပေါ့..။

ဒီနည်းလေးကိုမပြောခင် ဗဟုသုတရစရာလေး တစ်ခုပြောပြပါမယ်.. အဲ့ဒါကတော့ Window OS မှာ files တွေ items တွေကိုပေးလို့ မရတဲ့နံမည်တွေရှိပါတယ်....။ မယုံရင်တော့ စမ်းကြည့်လိုက်ပါ..။ ဒီနံမည်လေးတွေပေါ့ .. ( con , aux , lpt1 , lpt2 , lpt3 up to lpt9 ) ကွန်ပြူတာထဲက ဘယ်ဖိုင်ကို ဘယ်အိုင်တန်ကိုမဆို အဲ့လိုမျိုးနံမည်ပေးလိုက်ရင် ERROR Message  ပေါ်လာပြီး ပြောင်းလို့မ ရကြောင်းပြောလာပါလိမ့်မယ်..။ OK ..! ဟုတ်ပြီ.. ကျွန်တော်တို့ အခု အဲ့နံမည်နဲ့ Folder တစ်ခု မရမက တည်ဆောက်ကြည့်မယ်ဗျာ... ။ ကဲ... post တစ်ခုထဲတင် tutorial က ၃ခုဖြစ်သွားပြီနော်. ဖျက်လို့မရတဲ့ ဖိုင်ရယ်..၊ နံမည်ပြောင်းလို့မရတဲ့ ဖိုင်ရယ်...၊ ပေးလို့မရဘူးဆိုတဲ့ နံမည်ပေးထားတဲ့ဖိုင်ရယ်..၊ စမယ်...

Start > Run > cmd

အဲ့ဒီထက်ပိုမြန်ချင်တဲ့သူက window ရယ် R ရယ်တွဲနှိပ်..။ ပေါ်လာတဲ့နေရာမှာ cmd လို့ရိုက် ... ပြီးရင် Enter ခေါက်...။ အဲ့ဒါဆို Command Prompt လေးပေါ်လာလိမ့်မယ်..



ပြီးရင် ကျွန်တော်တို့ Folder ကိုဘယ်နေရာမှာလုပ်မလဲဆိုတာရွေးရပါမယ်..... ။ ကျွန်တော်ဘာ သာပြန်ပေး နေတဲ့ မူရင်းဆိုဒ်မှာရေးထားတာကတော့ C အောက်မှာမလုပ်နဲ့လို့ပြောထားပါတယ်..။ ဘာလို့လဲတော့ရေးမထားဘူးဗျ..။ အဲ့တော့ ကျွန်တော်တို့ D အောက်ထဲမှာပဲလုပ်ကြတာပေါ့..။ Ok..! အဲ့ဒါဆို ဒီလိုလေးရိုက်လိုက်... D: D ရယ် အစက်ကလေးနှစ်စက်ရယ်.. ပုံကိုကြည့်ပါ.. တစ် ကလိုမျိုး ရိုက်လိုက်ရင် နှစ်ကလိုမျိုး အောက်ကိုတစ်ကြောင်းဆင်းသွားပါမယ်....။



အခု folder လုပ်တဲ့ comand ကိုက်ထည့်ပါတော့ ..။ အဲ့ဒါက

md con\

command ရဲ့ အဓိပ္ပါယ်ကတော့ ... အရှေ့က md ဆိုတာက make directory ပါ အနောက်က con ဆိုတာက ဖိုင်နံမည်ပါ..။ အဲ့နေရာမှာ ကျွန်တော်အပေါ်မှာ  ပြောခဲ့တဲ့ ပေးလို့မရဘူး ဆိုတဲ့နံမည်တွေ ( con , aux , lpt1 , lpt2 , lpt3 up to lpt9 ) ပေးလို့ရပါတယ်..

အဲ့ဒါတွေသိပြီဆိုရင်တော့ ရိုက်ထည့်ရိုက်ပြီး enter ခေါက်လိုက်ပါ.....။ ပြီးရင် ကျွန်တော် တို့ရွေးထား တဲ့နေရာ. D ထဲကိုသွားကြည့်လိုက်ပါ con ဆိုတဲ့ folder လေးတစ်ခုကိုတွေ့ရပါမယ်... ။ အဲ့file ကတော့ ကျွန်တော်အပေါ်ကပြောခဲ့တဲ့ ဖျတ်လို့မရတဲ့ ၊ နံမည်ပြောင်းလို့မရတဲ့ ၊ ပေးလို့မရတဲ့ နံမည်ပေးထားတဲ့ ဖိုင် လေးပေါ့ဗျာ..။ မယုံရင်တော့ စမ်းကြည့်ပေါ့.. :P

အဲ့ဒီဖိုင်ကို ဘယ်လိုပြန်ဖျက်မလဲ ဟုတ်ကဲ့... ကျွန်တော် ပြန်သွားရှာလိုက်ပါအုံးမယ်... ခ်ခ် :P  နောက် တာပါ...။ ကိုယ်ခင်းတဲ့ဇာတ်တော့ ကိုယ်နိုင်အောင်ကရမှာပေါ့..ဟုတ်ဘူးလား.. အဲ့ဒါတွေသိလို့ ဖျက်နည်းလေးပါ မလာပါတယ်ဗျာ.. လွယ်ပါတယ်.. စောနကလိုပဲ.. cmd ရိုက်ပြီးခေါ်လိုက်.. ပေါ်လာရင် ကိုယ်ဖျက်ချင်တဲ့ ဖိုင်ရှိတဲ့နေရာကိုရွေး ပေး..။ စောနက လုပ်ထားတဲ့ ဖိုင်က D အောက်မှာဆိုတော့ D: D နဲ့ အစက်နှစ်ဆက်..။ အဲ့ကျရင် စောနကလိုပဲ အောက်တစ်ကြောင်းဆင်းသွားမယ်..။ ပြီးရင် ဖျက်တဲ့ commant ရိုက်လိုက်ရင်ပြီးပြီပေါ့..။ Command က

rd con\

အဓိပ္ပါယ်က rd ဆိုတာက remove directory
con ဆိုတာက ဖိုင်နံမည်.. ( ကိုယ်ပေးထားတဲ့ ဖိုင်နံမည်ထည့်ပြီးရိုက်ပါ )


itmeethee.blogspot.com
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

Oxford Handbook of Clinical Pharmacy 2nd Edition v1.9.2

Saturday, May 31, 2014
Requirements: 3.0 and Up
Overview: This Oxford Handbook of Clinical Pharmacy, 2nd Edition source of information is developed by MedHand Mobile Libraries. Improve your performance with relevant, valid material which is accessed quickly and with minimal effort in the palm of your hand using MedHand’s patented technology.



The handbook includes information on controlled drugs, adverse drug reactions, interactions, communication skills, and confidentiality.
It also features chapters on adherence, anaphylaxis, clinical trials, herbal medicines, patient management, pharmaceutical calculations, research, policy, and therapy related issues.
Palliative care sections have been expanded to include symptom management and end-of-life pathways.
Other new sections such as pharmacogenetics, thyroid disorders, and domiciliary oxygen therapy have been included.
Complementing the current British National Formulary guidelines, the handbook gives prescribing points and linked concepts of relevance to clinical pharmacists.
The content is evidence-based and contains a wealth of information from the authors' many years of clinical pharmacy experience.

-Provides practical, quick-reference information for daily use by pharmacists
-Complements the British National Formulary
-Contains vital guidelines on how to provide a clinical pharmacy service
-Includes key information on controlled drugs, adverse drug reactions, pharmacogenetics, symptom management and palliative care
New to this edition:
-Fully updated throughout, with current guidelines, references and further reading
-Includes a new chapter on pharmacogenetics
-Includes a new section on domiciliary oxygen therapy
-The expanded gastoinestinal chapter now features treatment of dyspepsia, gastric and duodenal ulcer, stoma care, and special consideration of drugs and stomas
-The expanded palliative care chapter now features symptom management, end of life pathways, syringe drivers, and compatibilities

Now fully updated for a second edition, the Oxford Handbook of Clinical Pharmacy remains the indispensible guide to clinical pharmacy, providing all the information needed for practising and student pharmacists.
Presenting handy practical guidance in a quick-reference, bullet-point format, it will supply the knowledge and confidence you need to provide a clinical pharmacy service.

Readership: Practising clinical pharmacists, pre-registration graduates, and pharmacy students. It will also serve as a useful reference for industrial pharmacists, pharmacy technicians, and community pharmacists developing a clinical role.
Audience: This Oxford Handbook is intended for a UK audience as well as other areas which follow UK medical practice including Europe, Australia, the Middle East, India and East Asia.
Authors: Philip Wiffen, Marc Mitchell, Melanie Snelling, and Nicola Stoner
________________________________________
MedHand Mobile Libraries offers a SUBSCRIPTION FREE application without edition upgrade.
MedHand is the exclusive partner of Oxford University Press, publishing the latest editions of their Medical Handbooks series.
MedHand applications improve your performance with relevant, valid material that is accessed quickly at the point of care!
Offering the most trusted and well recognized medical guidelines provided by excellent publishers such as McGraw-Hill, RPS, PDR Network LLC, Wiley-Blackwell and more

This app has no advertisements

More Info:
Code: Select allhttps://play.google.com/store/apps/details?id=net.medhand.ohcp2


Download from:

zippyshare

direct download

-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

Ubuntu OS ပေါ်တွင် DVD RW Tool ကို ထည့်သွင်းခြင်း

Saturday, May 31, 2014


Ubuntu OS အသုံးပြုတဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့ Ubuntu OS ပေါ်ကနေ DVD အချပ်တွေကို ကူးယူချင် တယ် Burning ပြုလုပ်ချင်တယ်ဆိုရင် DVD RW Tool ကို ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ DVD RW Tool ကို ထည့်သွင်းဖို့အတွက် နည်းလမ်းနှစ်မျိုးနဲ့ ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပထမနည်းလမ်း ကတော့ Ubuntu Software Centre ကနေ Download လုပ်ယူပြီး ထည့်သွင်းတဲ့နည်း လမ်းဖြစ်ပြီး နောက် နည်းလမ်းတစ်ခုကတော့ Terminal ကနေ ထည့်သွင်းနိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။

Ubuntu OS ပေါ်မှာ DVD RW Tool ကို ထည့်သွင်းဖို့အတွက်ဆိုရင် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာsudo apt-get update ဆိုတဲ့ Command နဲ့ အရင် Package တွေကို Update ပြုလုပ် ရမှာဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Update တွေ ပြုလုပ်ပြီးသွားပြီဆိုရင် DVD+-RW/R tools ကို Ubuntu Software Centre ကနေ Download ပြုလုပ်ဖို့အတွက် Ubuntu Software Centre ကို ဖွင့်လိုက်ပါ။ ပြီးသွားရင် DVD+-RW/R tools ဆိုပြီး Search box ကနေ ရှာဖွေလိုက်ရင် Tool ကို တွေ့ရမှာဖြစ်ပါတယ်။ ပြီးသွားရင် Install Button ကို နှိပ်ပြီး Install ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။

နောက်ထပ်နည်းလမ်းတစ်ခုကတော့ Terminal ကနေ Install ပြုလုပ်ရမှာဖြစ်ပါတယ်။ Terminal ကနေ DVD+-RW/R tools ကို Install ပြုလုပ်ဖို့အတွက် ဖော်ပြပါ Command တွေကို တစ်ခုချင်းရိုက်ထည့် ရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command တွေကတော့ -

sudo apt-get update

sudo apt-get install dvd+rw-tools

ဆိုတဲ့ Command ကို အသုံးပြုရမှာဖြစ်ပါတယ်။ ဒါဆိုရင် Ubuntu OS ပေါ်မှာ DVD တွေကို Burning ပြု လုပ်ဖို့ အတွက် Buring Tool ကို ထည့်သွင်းပြီးဖြစ်ပါတယ်။

သီဟ
Internet Journal
အတွဲ (၁၅)၊ အမှတ် (၂၀)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

ရှုမျှော်ခင်းပုံများ ရိုက်ကူးခြင်း - Landscape Photography

Saturday, May 31, 2014
စကားဦး

ကျွန်တော် ယခင်ရေးခဲ့သည့် ဓါတ်ပုံ ပညာရပ်ဆိုင်ရာ မှတ်စုအတော် များများသည် လက်တွေ့ ဓါတ်ပုံ ရိုက်ကူး ရန် အတွက် သိရှိရန် လိုသည်များကို ရေးသည်ထက် ဓါတ်ပုံပညာကို အတန်အသင့် အတွင်း သို့ နှိုက်ကာ လေ့လာရန်အတွက် ရေးသည်က များနေသည်ဟု ထင်ပါသည်။

ထို့ကြောင့် နောက်ပိုင်းတွင် လက်တွေ့ကျသည့် အပိုင်းများကိုသာ တတ်နိုင်သမျှ ရေး ရန် စိတ်ကူးရ လာပါသည်။ ထို့ကြောင့် ဤ “ ရှု မျှော် ခင်းများ ရိုက်ကူးခြင်း “ မှတ်စုကိုရေးရာတွင် ဓါတ်ပုံ ရိုက်ရန်တွက် လက်တွေ့ သုံးရန် လိုအပ်သည့် အချက်များကို အချက်အလက် အဆင့်ဆင့်အလိုက် ရှင်းလင်းစွာ ရေး သားထား သည့် Doug Harman ၏ The Digital Photography Handbook တွင် ပါရှိသော Landscapes အခန်း နှင့် အင်္ဂလန် နိုင်ငံထုတ် Digital Photography မဂ္ဂဇင်းပါ ဆောင်းပါးရှင် Anna Henly ၏ Scene Stealer ဆောင်းပါးများကို ပေါင်းစပ်ကာ ဆီလျှော် အောင် ဘာသာ ပြန်ဆိုကာ ရေးသားထား ခြင်း ဖြစ်ပါ သည်။ ခေါင်းစဉ် ငယ်က လေးများကိုမူ ဘာသာပြန်သည်ထက် မူရင်းဘာသာ ဖြင့် ထားလိုက်သည်က ပို၍ ရှင်းမည်ဟု ယူဆသဖြင့် ဘာသာပြန် ခြင်း မပြုတော့ဘဲ မူရင်း အင်္ဂလိပ်ဘာသာ ဖြင့်ပင် ဖေါ်ပြထား ပါသည်။

ဤမှတ် စုတွင် ဖေါ်ပြထားသည့် ပုံ များ ၏ ဓါတ်ပုံ ပညာရှင် များမှာ David Jones နှင့် Mike Busselle တို့ ဖြစ်ကြပါသည်။ ပုံများကို သက်ဆိုင်ရာ စာအုပ် များမှ တစ်ဆင့် ကူးယူ ကာ နမူနာ အဖြစ် ဖေါ်ပြ ရသည့် အတွက် မူရင်း အရည် အသွေး ကို မမှီ သော ပုံများ ဖြစ်နေပါသည်။ ပုံ များ၏ ဖွဲ့ စည်းမှု ( Composition) အယူ အဆ ကို သာ ကြည့် နိုင်ရန် တတ်နိုင် သမျှ စုဆောင်း တင်ပြ ရခြင်း ဖြစ်ပါသည်။

Landscapes



အိမ်များ၏ ဧည့်ခန်းဆောင်များတွင် ဂုဏ်ယူ ၀င့်ကြွားစွာ နေရာယူ ထားသည့် အများစု သော ပုံများမှာ ရှုမျှော်ခင်း ( Landscape ) ပုံများပင် ဖြစ်ပါသည်။

ယခု ရေးသားမည့် အချက်များမှာ အဆိုပါ ရှုမျှော်ခင်း ( Landscape ) ပုံများ ကို မည်ကဲ့ သို့ အသက်ဝင် လှပ စွာ ဖွဲ့ စည်း ရိုက် ကူး နိုင်သည် ဆိုသည့် အချက်များ ဖြစ်ပါသည်။ အဆိုပါ အချက်များသည် ခက်ခဲ မှု မရှိ သော်လည်း သတိ မမူမိကြဘဲ သတိလွတ် သွားနိုင် သည့် အချက်များ ဖြစ်ပါသည်။

ရှုမျှော်ခင်း ( Landscape ) ပုံများ ရိုက်ကူးရန် အရေးကြီးသည့်အချက်မှာ နံနက် စောစော ထရန် ဖြစ်သည်။ အကြောင်းမှာ နံနက်ခင်း အလင်းရောင်းသည် မြူမှုန် (Haze) များ ကင်းစင်သည့် အတွက် ကောင်းကင် သည် ကြည်လင်လျှက်ရှိသည်။ ဤကဲ့ သို့ ကြည်လင်သည့် ကောင်းကင်မှ ရရှိသည့် မပြင်း မပြော့ အလင်းရောင် သည် ရှုမျှော်ခင်း ( Landscape ) ပုံများ ရိုက်ရန် အကောင်း ဆုံးသော အလင်းရောင် ပင် ဖြစ်သည်။

ထို့ အပြင် လှပသော Lower Angle Sun ကြောင့် ပေါ် လာ သည့် အရိပ်များက ရှုမျှော်ခင်း ( Landscape ) ပုံများ ၏ အလှကို ထပ်မံ ပံ့ ပိုးပေးပြန်သည်။ အောက်တွင် မူ ရှုမျှော်ခင်း ( Landscape ) ပုံများ ကို ကြည့် သူ ၏ အာရုံ ကို ဖမ်းစား ရန် အတွက် မည်ကဲ့ သို့ ( Composition ) ဖွဲ့ စည်း သင့် သည် ဆိုသည့် အမြင့် အတန်း ဓါတ်ပုံ ပညာ ရှင်များ၏ အကြံပြု ချက် အချို့ ကို ဖေါ်ပြ ပါမည်။

Leading Lines

ရှု မျှော်ခင်းပုံ တစ်ပုံသည်လည်း ပန်းချီ ကား တစ်ချပ်ကဲ့သို့ပင် ကြည့်သူ၏ အာရုံကို ဖမ်းစားနိုင်ရေးအတွက် ဖွဲ့ စည်း ရန် လိုပါသည်။ ရှုမျှော်ခင်း ( Landscape ) ပုံများ အား ဖွဲ့စည်းရန် အကောင်းဆုံး သော နည်းမှာ ကြည့်သူ၏ အာရုံ ကို ပုံ အတွင်း ရှိ မိမိ ပြလိုသည့် နေရာသို့ ရောက်အောင် ခေါ် ဆောင် သွားနိုင် မည့် Leading Line များ ရှိရပါမည်။

သွယ်တန်း နေသည့် တောင်ကုန်းများ ၊ လမ်း များ၊ ရေချောင်း စသည်များ သည် ပုံ ၏ Frame ကို ဖြတ်ကာ အာရုံ ရောက်စေလိုသည့် နေရာ ကို ခေါ်ဆောင် သွား နိုင်သည့် Leading Line များ ဖြစ်ပါသည်။ အောက်ပါ ပုံများ ကဲ့ သို့ စိုက်ပျိုး ခင်း တန်း များသည်လည်း ကြည့် သူ၏ အာရုံ ကို လိုရာ သို့ ဆွဲ ခေါ် သွားနိုင် သည့် Leading Line များပင် ဖြစ်ပါသည်။









အခြား ဖွဲ့ စည်း မှု တစ်မျိုးမှာ ပုံ ကို ပြင်ညီ တစ်ခု ထည်း မရှိစေဘဲ ပုံ၏ ရှေ့ ပိုင်း ( Foreground ) တွင် အာရုံကို စတင် ဆွဲခေါ် နိုင်မည့် အရာ များ ဥပမာ အားဖြင့် ကျောက်ဆောင် ၊ ကျောက်တုံး လေးများ ၊ ပုံ၏ အလယ် လောက်တွင် သစ်ပင် ကဲ့ သို့ အရာများ နှင့် နောက်ဆုံး သော နေရာ တွင် တောင် ကုန်း တောင် တန်း ကဲ့ သို့ အရာ များ ထည့် ကာ ပုံ ကို ကြွ လာစေရေး အတွင် ဖွဲ့စည်း ပေးရန် လိုပါသည်။



အထက် ပါပုံကို ကြည့်လျှင် ပုံ၏ Foreground တွင် သစ်ခြောက်ပင် တစ်ပင်ကို တွေ့ ရပါမည်။ အထက်ပါ ပုံ တွင် အဆိုပါ သစ်ခြောက် ပင်သာ မပါ ရှိ ပါက ဆွဲ ဆောင်မှု အား နည်းသည့် သာမန် ပုံလေး တစ်ပုံ မျှသာ ဖြစ်နေပေလိမ့် မည်။ အဆိုပါ သစ်ပင်ကိုလည်း Rule of Thirds ဥပဒေသ အတိုင်း ကြည့် သူ၏ အာရုံ ဆွဲ ကို ဆွဲဆောင် နိုင်မည့် ( Center of Interest – COI ) နေရာ တွင် နေရာချ ထားသည်ကို သတိပြုရန် လိုပါမည်။

အခြား အချက် တစ်ရပ်မှာ တောင်တန်း ၊ လျှို မြောင် ၊ စိုက်ခင်းတန်း များသည်လည်း ပုံ၏ အစ Foreground မှ အဆုံး Background အထိ အာရုံ ကို ဆွဲ ခေါ် သွား စေနိုင်သည့် ဖွဲ့ စည်း သည့် နည်း ဖြစ်သည်။



အထက်ပါပုံ တွင် တောင်များ အကြား မှ ရေ ချောင်း ကလေးသည် ကြည့် သူ၏ အာရုံ ကို Foreground မှ Background အထိ ခေါ် ဆောင်သွားသည့် Leading Line ပင် ဖြစ်ပါသည်။



အထက်ပါ ပုံ ကို ကြည့်ပါက တစ်မျှော် တစ်ခေါ် ဖြောင့်တန်းနေသည့် လမ်း ၊ လမ်းဘေးမှ ဓါတ်တိုင် များသည် အားကောင်း သည့် Leading Lines များ ဖြစ်ကြပါသည်။ အဆုံးနေရာ ရှိ ကောင်းကင်ပြင်ကို ပုံ၏ အထက် သုံးပုံ တစ်ပုံ နေရာ ( Top Third of the Frame ) တွင် နေရာချထားသည် ကို တွေ့ နိုင်ပါသည်။

Framing the Picture

ရှုမျှော်ခင်း ( Landscape ) ပုံများ ရိုက်ရာတွင် ပုံ၏အပေါ် နှင့် ဘေး ဘက်များမှ သစ်ကိုင်းကဲ့သို့ အရာ များ ပါလာတတ်ပါသည်။ ဤကဲ့ သို့ ပါလာသည်ကို စိုးရိမ် ရန် မလိုပါ။ ပုံ၏ အပေါ်မှ သစ်ကိုင်း ကလေး များရှိနေ စေခြင်းသည် ပုံကို ဘောင်ခတ် ပေးခြင်း ပင် ဖြစ်ပါသည်။ ဤကဲ့ သို့ ဘောင်ခတ်ပေးခြင်းဖြင့် Main Subject ပေါ်သို့ အာရုံ စု လာစေသည်။ သို့ ရာတွင် လှပသပ်ရပ်သော သော Framing ဖြစ် လာစေရေး အတွက် လေ့ကျင့် ရန် လိုပါသည်။ ဤ ကဲ့ သို့ ပုံ အတွင်း မှ ဘောင် ခတ်သည့် အာရာ များ ထည့်သွင်း ရိုက်ကူးခြင်း ကို “ Frame within the Frame “ ဟု ခေါ်ပါသည်။ ကြည့်သူ၏ အာရုံ ကို ပြလိုသည့် နေရာ သို့ ပို့ ပေးသည့် နည်း တစ်နည်း ပင် ဖြစ်ပါသည်။



Rule of Thirds

ပုံတစ်ပုံတွင် ကြည့် သူ၏ အာရုံသည် ပုံ၏ အလယ်တွင် မကျရောက်ဘဲ ပုံကို အလျှားလိုက် နှင့် ဒေါင်လိုက် မျဉ်းဖြောင့် နှစ်ကြောင်းစီ ဆွဲ လိုက်ပါက အဆိုပါ မျဉ်းများဆုံရာ အမှတ်များတွင်သာ ကျရောက်သည်ဟု ဆိုပါသည်။

ပုံ၏ သုံးပုံတစ်ပုံ နေရာများ ဖြစ်ကြပါသည်။ ယင်းကို အကြောင်းပြု၍ Rule of Thirds ဟု ခေါ် ခြင်း ဖြစ်ပါ သည်။ ထို့ ကြောင့် Main Subject ကိုလည်း အဆိုပါ အမှတ်များတွင်သာ ထားရမည်ဟု ဆိုလိုခြင်း ဖြစ်ပါ သည်။

ပုံ၏ Frame အတွင်း အလျှားလိုက် နှင့် ဒေါင်လိုက် မျဉ်းဖြောင့် နှစ်ကြောင်းစီ ဆွဲ လိုက်ပါ က အောက် တွင် ပြထားသည့် Diagram ပါ ဆုံ မှတ် (၄) ခု ရရှိ လာပါမည်။ အဆိုပါ ဆုံမှတ်များသည် ကြည့်သူ၏ အာရုံ ကို ဖမ်း စား သည့် Center of Interest နေရာ များပင် ဖြစ်ပါသည်။



 
ပုံ-၁


ပုံ-၂

အထက်ပါ ( ပုံ -၁ ) နှင့် ( ပုံ-၂) တို့သည် Rule of Thirds ဥပဒေသ အရ ( ပုံ -၁ ) တွင် လှေကို ပုံ၏ အောက် ဘယ်ဘက် Center of Interest – COI နေရာ တွင် လည်းကောင်း ( ပုံ-၂) တွင် လှေ နှင့် ကျွန်းငယ် ကို ပုံ၏ ညာဘက် အောက် ဒေါင့် နေရာ တွင် လည်းကောင်း နေရာချထားသည် ကို တွေ့နိုင်ပါ သည်။

Rule of Thirds အကျယ်ကို -http://shlaing.blogspot.sg/2012/10/composition-rule-of-thirds-imaginethat.html တွင် လေ့လာနိုင်ပါသည်။

မိမိ ပြ လိုသည့် အရာ များကို ပုံ အတွင်း အမျိုးမျိုး နေရာချ ထားနိုင်ပါသည်။ သို့ရာ တွင် Rule of Thirds အတိုင်း နေရာချ ပါက ပို၍ အားကောင်းသော Strong Composition ကို ရပါ လိမ့်မည်။ တစ်ခါ တစ်ရံ တွင် လည်း Rule of Tirds အတိုင်း လိုက် ၍ မရ သည့် အခြေအနေမျိုး လည်း ရှိနိုင်ပါသည်။ အဆိုပါ အချိန် မျိုး တွင် Rule of Thirds ကို ချိုး ဖေါက်ရသည် မျိုးလည်းရှိပါသည်။





အထက်ပါပုံ များ ကို ကြည့်လျှင် Rule of Thirds ဥပဒသ ကို ချိုး ဖေါက်ထားသည့် ပုံ ဖြစ်ပါ သည်။ မြေပြင် ထက် ကောင်းကင်ရှိတိမ် တိုက် ကို အဓိက ထားသည့် ပုံ ဖြစ်ပါသည်။ Main Subject သည် Rule of Thirds အရ ရှိရမည့် အနေအထားမျိုးတွင် မရှိသည်ကို တွေ့ နိုင်ပါသည်။

The Right Format

ရှုမျှော်ခင်းပုံ အားလုံးကို အလျှားလိုက် ( Horizontal Format ) ဖြင့်သာ ရိုက်ရမည်ဟု မဆိုလိုပါ။ အချို့သော ပုံများမျာ အလျှားလိုက် ( Wider Perspective ) ဖြင့် ရိုက်၍ အဆင်မပြေ သည့်အတွက် ဒေါင် လိုက် ရိုက်ရသည့် ပုံ များလည်း ရှိပါသည်။


ပုံ-၁

အထက်ပါ ပုံ-၁ သည် ပုံ။ Foreground ရှိ မျက်ပင်များက Background ရှိ သဲ တောင်ကုန်း နှင့် ကောင်း ကင် ထံ သို့ ဆွဲခေါ် သွားသည့် အရာ များဖြစ်ပါသည်။ ၄င်း အပြင် ရွှေ ၀ါရောင် မျက်ပင်၊ အနီရောင် သဲတောင်ကုန်း ( Sand Dune ) နှင့် အပြာရောင် မိုးကောင်းကင် တို့ သည် ပုံ၏ Dramatic Colour Contrast ကို ပေးစေပါသည်။ အဆိုပါပုံမျိုး သည်လည်း အလျှားလိုက်ထက် ဒေါင်လိုက် အနေအထား မျိုး ဖြင့် ရိုက်သင့်သည့် ပုံ မျိုး ဖြစ်ပါသည်။


ပုံ-၂

အထက်ပါ ပုံ-၂ သည် Leading Line နေရာတွင် ရှင်းလင်း ရေးသားခဲ့ ပြီးသော ပုံပင် ဖြစ်ပါသည်။ အဆိုပါ ပုံ မျိုးသည် အလျှားလိုက်ထက် ဒေါင်လိုက်အနေအထား ဖြင့် ရိုက်လျှင် ပို၍ အားကောင်းမည့် ပုံ မျိုး ဖြစ်ပါ သည်။

Create Setting

ရှုမျှော်ခင်း ( Landscape ) ပုံများသည် အနီးအဝေး အားလုံးပြတ်သားသည့် ပုံများ ဖြစ်ရန် လိုပါသည်။ Frame အတွင်း အားလုံး အနုစိပ်ကလေးများ ပေါ် နေစေရပါမည်။ ထို့ကြောင့် ကင်မရာ Picture Setting ကို အကောင်းဆုံး Resolution နေရာ တွင် Setting လုပ်ထားရန် လိုပါသည်။

White Balance ကိုမူ အနေရာ အနေအထားကို လိုက်ကာ Set လုပ်ရပါမည်။ ဥပမာ နေရောင် တောက်တောက် အောက်တွင် ရိုက်ပါက Direct Sunlight ၊ တိမ်များ အုပ်ဆိုင်းနေပါက Cloudy စသည် ဖြင့် W/B Set လုပ်ရန် လိုပါမည်။ များသော အားဖြင့် Auto White Balance Setting သည် လည်း အဆင်ပြေ သည့် အရောင်ကို ချိန် ညှိ ပေး နိုင်ပါသည်။

ရှုမျှော်ခင်း ( Landscape ) ပုံများ သည် Foreground မှ Background အားလုံး Focus ပြတ်သား လိုပါ သည်။ ထို့ ကြောင့် f-8, f-11 ကဲ့သို့သော Aperture ကျဉ်းကျဉ်း နှင့် ရိုက်ရန် လိုပါသည်။



အထက်ပါ ပုံကို Aperture ကျယ် သည့် f-5.6 ဖြင့်ရိုက်ထားခြင်း ဖြစ်ပါသည်။ Matrix Metering ကနောက် မှ ရှုခင်းများကို Focus ယူလိုက်သည့်အပြင် Depth of Field သည်လည်း Shallow ဆန်ဆန် ခပ်ပါးပါး ဖြစ် သွားသည့်အတွက် ရှေ့တွင်ရှိ Subject သည် ၀ါးနေသည်ကို တွေ့ နိုင်ပါသည်။ အဆိုပါပုံကိုပင် f-11, f-16 တို့ ဖြင့် ရိုက်မည်ဆိုပါက ရှေ့ တွင်ရှိ Subject ရော နောက်ခံ ရှု ခင်းပါ အားလုံး ပြတ်သားလာပါ လိမ့်မည်။

အောက်ပါ ပုံကိုကြည့်လျှင် ပုံ၏ ရှေ့ ပိုင်းရှိ ကောက်ရိုးမျှင်မှ နောက်ပိုင်း ရှိ သစ်ပင်အထိ အားလုံး ပြတ် သားနေသည်ကို တွေ့ နိုင်ပါသည်။



ဆိုခဲ့ ပြီးသည့်အတိုင်း ရှု မျှော်ခင်းပုံများသည် ပန်းများ လူပုံ (Portrait) များ ရိုက်သကဲ့သို့ အနုပညာ ဆန်ဆန် Depth of Field ကို ကစားကာ အလှချယ်သည့် ပုံမျိုး မဟုတ်မူဘဲ Frame အတွင်း စ-လယ်-ဆုံး အားလုံး ပြတ်သားရန် လိုသည့်အတွက် ကင်မရာ တုန်ခါမှုကို ထိမ်းရန် Tripod သုံးကာ ရိုက်သင့်သည်။ သို့ မဟုတ်ပါကလည်း ကင်မရာတုန်ခါ မှု ကို ထိန်း နိုင်သည့် Shutter Speed အမြန် နှင့် ရိုက်သင့်ပါ သည်။

Nut Shell

ရှု မျှော်ခင်းပုံများ ရိုက်ရန် နှင့်ပတ်သက်၍ အားလုံးကို ခြုံကာ အချုပ်အားဖြင့် ဆိုရပါမူ-

  • နံနက် စောစောထကာ အကောင်းဆုံး နံနက်ခင်း အလင်းရောင်တွင် ရိုက်ပါ၊
  • ကင်မရာ၏ Highest Resolution ကို Setting လုပ်ပါ၊
  • Aperture အကျဉ်းများ နှင့် ရိုက်ပါ၊
  • ကင်မရာ တုန်လှုပ်မှုကို ထိန်းနိုင်ရန်ကို Tripod တွင် တင်ရိုက်ပါ၊ Tripod မပါ သွားလျှင်လည်း ထိုင်ခုံ လက်တန်း၊ ကျောက်တုံး၊ အလျှင်းသင့်ရာ ကင်မရာတင်နိုင်သည့် နေရာများတွင် တင်ကာ ရိုက်ပါ၊
  • သို့မဟုတ် ကင်မရာ လှုပ်ရှားမှု ကို ထိန်းနိုင်မည့် Shutter Speed အမြန် ဖြင့် ရိုက်ပါ၊
PDF file ကို ဒီနေရာမှာ ရယူပါ..

Credit: ဆရာဦးစိုးလှိုင် (Country Road)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

အမေရိကန်နိုင်ငံရှိ University of New Hampshire နှင့် Western Kentucky University တို့မှ ပညာသင်ဆု ပေးအပ်မည်

Saturday, May 31, 2014


အမေရိကန် နိုင်ငံရှိ University of New Hampshire နှင့် Western Kentucky University တို့မှ ပညာသင် ဆု ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ တက္ကသိုလ်များတွင် ကျောင်းဝင်ခွင့် ရရှိပါက ၁၀ ရာခိုင်နှုန်း ပညာသင်ဆုကို ရရှိ မည် ဖြစ်သည်။

၎င်းပညာသင်ဆုနှင့် ပတ်သက်၍ ဇွန်လ ၁၀ ရက်၊ နံနက် ၁၀ နာရီ မှ ၁၂ နာရီအထိ DR Worldwide Education တွင် ရှင်းလင်း ဆွေးနွေးပေးသွားမည် ဖြစ် သည်။ ဆွေးနွေးပွဲတွင် အဆိုပါ တက္ကသိုလ်မှ တာဝန် ရှိသူ Mr.Danial Hamzah ကိုယ်တိုင် လာရောက်၍ တက္ကသိုလ် ဝင်တန်းအောင်နှင့် ဘွဲ့ရကျောင်း သား၊ ကျောင်းသူများ အတွက် အမေရိကန် ပညာရေးစနစ်၊ အချိန်ပိုင်း အလုပ် ရွေးချယ်ခြင်း၊ အမေရိကန် Visa လျှောက်ထားခြင်း၊ ပညာသင် ထောက်ပံ့ကြေး လျှောက်ထားခြင်း အစရှိသော အမေရိကန် ပညာရေး အကြောင်း သိကောင်းစရာများကို ရှင်းလင်း ပြောကြားပေးမည်ဖြစ်ပြီး တစ်ဦးချင်း ဆွေးနွေး လိုသော ကျောင်းသား၊ ကျောင်းသူများလည်း ပွဲအပြီးတွင် ဆက်လက် ဆွေးနွေးနိုင်မည်ဖြစ်သည်။

လျှောက်ထားနိုင်သော ဘာသာရပ်များမှာ Business and Economics, Engineering, Physical Science, Information Technology, Health Sciences, Public Health, Mass Communication နှင့် အခြား ဘာသာရပ် ၁၂၀ ကျော်တို့မှ မိမိကြိုက် နှစ်သက်ရာဘာသာရပ်ကို ရွေးချယ် တက်ရောက်နိုင်မည် ဖြစ်ပြီး သြဂုတ်လ ကျောင်းဖွင့်ချိန်အတွက် ကျောင်းလျှောက်ထားနိုင်မည် ဖြစ်သည်။

ကျောင်းလျှောက်ရန်နှင့် ပညာရေးဆွေးနွေးပွဲသို့ တက်ရောက်လိုပါက SR Worldwide Education MMC City Campus (၄၇၊ ၄၈ ဗဟို စည်အိမ်ရာ)၊ လမ်းမတော်မြို့နယ် ဖုန်း-၀၁-၂၁၀၇၆၅၊ ၀၉-၅၄၂၈၈၄၈၊ ၀၉-၅၄၃၈၈၄၈ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

Internet Journal
အတွဲ (၁၅)၊ အမှတ် (၂၀)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

Flash Photography အကြောင်း တစေ့တစောင်း - A brief note on Flash Photography

Saturday, May 31, 2014
စကားဦး

ကျွန်တော် ရေးခဲ့သည့် မှတ်စုများတွင် နည်းပညာပိုင်းဆိုင်ရာ အတော်များများ ရေးပြီး စေကာမူ ဓါတ်ပုံ တွင် အရေးပါသည့် Flash Photography အကြောင်း ကိုမူ မရေးဖြစ်ခဲ့ပါ။ ကိုယ်ကိုယ်၌ကလည်း Flash ဖြင့် အရိုက် နည်းသည်လည်း ပါပါသည်။

Nikon Center မှ ရရှိထားသည် Flash ဆိုင်ရာ နည်းပညာစာအုပ်ကို လေ့လာ ကြည့်ရာတွင် မူလက Flash ဖွင့်ပြီး ရိုက်ရင်ပြီးတာဘဲ ဆိုသည့် အထင် နှင့် တက်တက်စင် လွဲ နေသည့် ပညာရပ်တစ်ခု ဖြစ် နေသည် ကို တွေ့ ရှိရပါသည်။ လွယ်မယောင် နဲ့ အတော် ခက်ခဲ လေးနက်သည် အလင်းဆိုင်ရာ ပညာရပ် တစ်ရပ် ဖြစ်သည်ကို တွေ့ ရပါသည်။

မိတ်ဆွ တစ်ဦးကလည်း 2nd Curtain Sync အကြောင်းကို ရေး ရန် တိုက်တွန်းခဲ့ ပါသည်။ သို့ သော် လည်း အကြောင်းကြောင်း ကြောင့် မရေး ဖြစ်ပါ။ ယခု မှသာ လျှင် အဆိုပါအကြောင်းကို ရေး ဖြစ်ခဲ့ ပါ သည်။

ယခု မှတ်စုကိုရေးသားရာ တွင် Photo Video Magazine တွင် အမြင့်တန်း ဓါတ်ပုံ ပညာရှင် နှင့် ဓါတ် ပုံ ဆောင်းပါးရှင် John Cosgrove ရေးသားထားသည့် Flash Photography နှင့် Richard Schneider ရေး သားထားသည့် Falsh Photography ဆောင်းပါး နှစ်ခု ကို အခြေပြု ဘာသာပြန်ကာ ရေးသားခြင်း ဖြစ် ပါသည်။

John Cosgrove က Flash Photography သည် အလွန်နက်နဲ ရှုပ်ထွေးသည့် Angle, Set of Light, စသည့် နည်းနာ နိဿယ များဖြင့် ဆောင်ရွက်ရသဖြင့် Expert များသာ ဆောင်ရွက်သည့် ပညာရပ် ဖြစ်သည် ဟု ၄င်း၏ဆောင်းပါးတွင် ဖေါ်ပြထားပါသည်။

ယခုမှတ်စုတွင်မူ ကျွန်တော် ခြေနိုင်လက်နိုင် Flash ၏ သဘာဝ နှင့် အခြေခံ လုပ်ငန်းဆောင်တာ မျှကို သာ ဖေါ်ပြပါမည်။ အချို့အပိုင်းများကို ဘာသာပြန်ရာတွင် မူလဆိုလိုရင်း သဘောမှ အတန်ငယ် သွေဖယ် သွားနိုင်သဖြင့် မူရင်းအင်္ဂလိပ်ဘာသာ ဖြင့်ပင် ဖေါ်ပြထားပါသည်။

ပုံများအနက် အချို့ သော ပုံများမှာ စာအုပ်များမှ ကူးယူ ထားသည့်ပုံများ ဖြစ်ပါသဖြင့် မူလအရည် အသွေး ထက် များစွာ လျှော့ကျ လျှက် ရှိကြောင်း ဖေါ်ပြ အပ်ပါသည်။


Flashgun များ။

What is Flash.

Flashgun သို့ မဟုတ် Strobe မည်သို့ ခေါ်ကြစေကာမူ မြင်ကွင်းတစ်ခု ကို တောက်ပသော Flash ၏အလင်း ပြင်းအားဖြင့် တမဟုတ်ခြင်း လင်းစေသော Electronic Light မှာ Falshgun ဖြစ်ပါသည်။ အဆိုပါ Light သည် အလင်းရောင် ပေးရမည့် အနေအထားကိုကြိုတင် တွက်ဆကာ Colour Temperature 5500 K ( Kelvin) ဖြင့် Cold Whit Light ကို ထုတ် လွှတ်ပေးသည့် အရာ ဖြစ်သည်။

How does it work?



ကင်မရာ တစ်ခု အတွင်းရှိ Shutter အပြားလေးများ။

Flash ၏ လုပ်ဆောင်ချက်သည် ကင်မရာ Shutter နှင့် ချိတ် ဆက်နေသည်။ ကင်မရာ၏ Shutter Release ကို စ နှိပ် လိုက်သည် နှင့် Shutter ၏ ပထမ တံခါး ချပ် ပွင့်အပြီး 1/10000 Sec. အတွင်း Flash ကို ဖွင့် လိုက် ရန် ကင်မရာက အမိန့် ပေးလိုက်သည်။ ကင်မရာ ၏ Light Meter Sensor သည် အဆို ပါ အချိန် အတွင်း Flash ကပေးပို့ သည့် အချက် အလက်များကို က ဖတ်၍ တွက်ချက်ကာ အလင်း ပမာဏ မည် မျှ ထုတ် ပေးရမည်ကို Flash ကို ပြန် ညွှန်ကြားသည်။

ဤ ဖြစ်စဉ် တွင် ပကတိ ရှိနေသည့် အလင်း ကို ထည့် မတွက် Subject အား ရိုက်ခတ်ကာ Lens မှ Sensor သို့ ပြန်ဝင်လာသည့် အလင်းကို သာ တွက်ချက်ခြင်း ဖြစ်သည်။ ထို သို့ တွက် ချက်ထားသည့် အတိုင်း အလင်းပမာဏ ကို Flash က ထုတ်လွှတ်သည်။


ပုံ (၁)

အထက်ပါပုံ (၁) တွင် သာမန် ရိုက်နေကျ Normal First Curtain Firing Mode ၌ Falsh အနေနှင့် ယင်း၏ Firing Sequence ကို ဆောင်ရွက်ရန် ကင်မရာက Flash အား အမိန့် ပေးသည်။


ပုံ (၂)

အထက်ပါပုံ (၂) ၌ E-TTL ( Evaluative Through the Lens ) Function တွင် Flash သည် Exposure ကို စိစစ်ရန် Pre-Flash ကို ကနဦး ထုတ်လွှတ်သည်။ ဤ လုပ်ဆောင်ချက်သည် Shutter တံခါး ပထမ အချပ် စပွင့် သည်နှင့် 1/10000 Sec. အတွင်း ဆောင်ရွက် လိုက်ခြင်း ဖြစ်သည်။


ပုံ (၃)

အထက်ပါ ပုံ (၃ ) သည် Shutter တံခါး များ လည်း အားလုံး ပွင့် ၊ Flash Firing Sequence လည်း အားလုံး ပြီးစီး သည့် ပုံ ဖြစ်သည်။


ပုံ (၄)

2nd or Rear or Slow Curtain Synchronization Mode တွင် မူ အထက်ပါ ပုံ (၄) အတိုင်း Shutter ပွင့်ပြီးသော်လည်း Flash ကမပွင့် ဘဲ Shutter တံခါး စတင် ပိတ် မှ Flash ၏ Firing Sequence ကို စတင်ခြင်း ဖြစ်သည်။ ယင်း ကို Second Curtain Synchronization ဟုလည်း ခေါ်သည်။

Electronic Flash တစ်ခု၏ မီးလုံး အတွင်း Xenon Gas ထည့် သွင်းထားသည်။ Flash Electronic Circuit အတွင်းရှိ Capacitors များက High Voltage Short Sharp Flash Light ကို တစ်စက္ကန့် ၏ 1/1000th အတွင်း ထုတ်လွှတ်ပေးခြင်း ဖြစ်သည်။ ယနေ့ ခေတ်တွင် အဆိုပါ စနစ် ကို Compact ကင်မရာများ ၏ Flash၊ DSLR များ၏ Built in Flash များတွင် တပ်ဆင်ထားသဖြင့် Flash အသေး ဖြစ်စေကာမူ များစွာ ထိ ရောက် သော အလင်းကို ထုတ်ပေးနိုင်သည်။

Flash သည် Pre Flash ထုတ်လွှတ် ကာ ကင်မရာ အား Exposure ကို တွက်ချက် စေသည် ဆိုစေကာ မူ နှစ်မီတာ အထက် ရှိ နံရံ ကို တစ်ဆင့် ရိုက်ကာ ပြန်လာသည့် Bounce Flash နှင့် ၊ Subject နှင့် ကင်မရာ များစွာ ဝေးကွာ နေသည့် အခြေအနေ များ တွင်မူ ကင်မရာ Light Meter Sensor သည် Exposure ကို မှန်ကန်စွာ တွက်ချက် နိုင်စွမ်း မရှိပါ။

What are the Different Modes?

Auto.

ကင်မရာ သည် Relevant Exposure ကို တွက်ချက်ကာ ယင်း နှင့် (2.5 meter ) ခန့် အကွာ အတွင်းရှိ Subject ကို ကောင်း မွန်မျှ တစွာ အလင်းရောင် ရ စေရန် ဆောင်ရွက် ပေးသည့် Mode ဖြစ်သည်။

On.

အလင်းအားကို လုံးဝ အထိန်း အချုပ်မရှိဘဲ အကုန်လွတ်လိုက်သည့် Mode ဖြစ်သည်။

Manual.

Flash မှ အလင်းကို လို အပ် သလို ထိန်းကာ လွတ် ပေးသည့် Mode ဖြစ်သည်။ အလင်း ပြင်း အားကို Full, Half, Quarter, Eighth, 16th, 32nd, 64th or 128th စသည် ဖြင့် လိုအပ်သကဲ့သို့ ထိန်း၍ လွတ်ပေး နိုင်သည်။ Creative Photography, Higher speed and Tele Photo ကဲ့သို့ ရိုက်ကူး သည့် နေရာတွင် အသုံးများသည့် Mode ဖြစ်သည်။

ETTL.

Film camera ခေတ်တွင် Through the Lens (TTL) သုံးခဲ့သော် လည်း Digital ခေတ်တွင်မူ Evaluative Through the Lens ( ETTL ) Mode ကို သုံးလာသည်။ အလင်းရောင် မျှတ ကောင်းမွန်သည် ပုံ ဖြစ် လာစေရန် Flash Power, ISO Rating, Lens Length, Aperture Selected and Ambient Light စသည့် အားလုံးသော အချက် များကို Pre-flash ဖြင့် Subject မှ Bounce ပြန်လာသည့် Data များ အရ တွက်ချက် ကာ Light ကို ထုတ်လွတ်သည့် စနစ် ဖြစ်သည်။ သိမ်မွေ့သည့် Subtle Lighting နှင့် Fill-in Flash များ တွင် များစွာ ထိရောက်သည့် Mode ဖြစ်သည်။

Rear or Slow.

Second Curtain ၏ Shutter လုံး လုံး မပိတ်မှီ ကာလ ဖြစ်သည့် 1/10000 Sec. အတွင်း အလင်း လွတ်သည့် Mode ဖြစ်သည်။ ဤသို့ ဖြင့် Frame အတွင်းရှိ နောက် ခံ Background ပုံများ ပေါ်လာပြီး Main Subject သည် လည်း ပေါ်လွင် လာသည်။


E TTL Mode ဖြင့် ရိုက်ထားသည့်ပုံ။


Rear Curtain Mode ဖြင့် ရိုက်ထားသည့်ပုံ။


Available Light ဖြင့် ရိုက်ထားသည့်ပုံ။


Rear Curtain Mode ဖြင့် ရိုက်ထားသည့်ပုံ။


Rear Curtain Mode ဖြင့် ရိုက်ထားသည့်ပုံ။

Multi.

Flash ကို အကြိမ်များစွာ ဖွင့်သည့် Stroboscopic Effect ပေးသည့် Mode ဖြစ်သည်။ အောကပါပုံ ကဲ့သို့ အမှောင်ထဲရှိ Subject ကို Creative Photography အဖြစ်ရိုက်ရာတွင် သုံးလေ့ရှိသည်။


Stroboscopic Effect ဖြင့် ရိုက်ထားသည့် ပုံ။

The Rule of Flash.

မိမိ သုံးနေသည့် Flash သည် မည်မျှ အထိ ရောက် အောင် အလင်း ဖြန့် နိုင် သည်ကို လေ့ လာ ထားရန် လိုပါသည်။ ဤကဲ့သို့ မလေ့လာ ထားခြင်း အားဖြင့် ရိုက်ပြီးမှ မှောင်နေသည့် Underexposed ပုံ များ ထွက်လာတတ်သည်။ အထူးသဖြင့် 3 meter ကျော် သည့် Subject များကို ရိုက် ရာ တွင် ဖြစ် လေ့ ရှိ သည်။ ဤ ကဲ့ သို့ မဖြစ်စေရန် အနီး ကပ် ကာ Manual ဖြင့် ရိုက်သင့်ပါသည်။

Group Photo ရိုက်ရာ တွင် Flash သည် ဥပမာ အားဖြင့် လူအုပ် အတွင်းရှိ White Shirt ၀တ်ထား သည့် လူ ကို အဓိက ထား Exposure တွက် ချက် ကာ လင်းနေသည်ဟု ယူဆပြီး Exposure လျှော့ လိုက် သည့် အတွက် အားလုံးကို မငုံ မိဘဲ ဘေး ဘက်မှ လူ များ မဲ နေတတ် ပါသည်။ ယင်းကို သတိပြု ရန် လိုပါမည်။ ဤ ကဲ့ သို့ အခြေ အနေမျိုး တွင် Bounce Flash ကို သုံး၍ သော်လည်းကောင်း ၊ ထူးခြား သော အရောင်ရှိ သည့် အရာ အား ဖယ်ရှားခြင်းကို သော်လည်းကောင်း ဆောင်ရွက် ရပါမည်။

အခြား တစ်ချက်မှာ Red-eye-effect ဖြစ်သည်။ Flash နှင့် Lens များစွာ နီးကပ်နေသည့် ကင်မရာ များ တွင် ဖြစ် လေ့ ရှိသည်။ Flash ၏ အလင်းရောင်သည် မျက်လုံးအတွင်းရှိ သူငယ် အိမ် Retina ကို ရိုက်ခတ် ရာတွင် သွေးကြော အမျှင် ကလေးများ ( Blood Vessels ) မှ အနီရောင် သည် Sensor သို့ ရောက် လာခြင်း ဖြစ်သည်။ အချို့ သော ကင်မရာ များတွင် Red-eye-reduction ပါသော်လည်း အကာင်း ဆုံးနည်း မှာမူ Flash ကို ကင်မရာမှ ခွာလိုက် ခြင်းသည် အထိရောက် ဆုံး ဖြစ်သည်။



The Speed to Capture.

Falsh ကို ဖွင့် လိုက်သည်နှင့် ကင်မရာ သည် အမြင့်ဆုံး သုံး နိုင်မည့် Shutter Speed ( Predetermined X-Sync) ကို ပေး လိုက်သည်။ ခေတ်ဟောင်း ကင်မရာ များ၏ Predetermined X-Sync မှာ 1/60 Sec ဖြစ် သည်။ နောက် ပေါ် Pro Level ကင်မရာ များ တွင် မူ Flash Predetermined X-Sync သည် 1/250 Sec., 1/500 Sec. စသည်ဖြင့် ရှိကြသည်။ အချို့ သော Pro Level DSLR ကင်မရာ များ သည် High Speed Sync Flash Mode ဖြစ်သည့် FP ( Focal Plane ) ကိုသုံးကြသည်။

ဤ စနစ် ကို စ တင် တည်ထွင် သည့် ကင်မရာ မှာ Olympus ဖြစ်သည်။ မည်သည့် Shutter Speed မဆို Flash ဖြင့် ရိုက်နိုင်သည်။ ဤ နည်းသည် Sport ရိုက်ခြင်း နှင့် Wide-open Aperture Telephoto Lens များ ဖြင့် ရိုက်ရာ တွင် များစွာ အသုံးတည့်သည်။ သို့ ရာ တွင် အားနည်း ချက် မှာ Lens ၏ အချို့ သော Distance များကိုသာ ရိုက် နိုင်ခြင်း ဖြစ်သည်။

Bounce or Direct.

နံ ရံ သို့ မဟုတ် အမိုး မှတစ်ဆင့် Bounce ဖြစ်လာသည့် အလင်းသည် ပြေ ၍ Diffused Effect ကို ရစေသည်။ သို့ရာ တွင် Two Vertical Meter ( ဒေါင်လိုက်) နှင့် Four Horizontal Meter ( ရေပြင်ညီ ) ကျော်သွားပါက Exposure မ မှန် ဖြစ်သွားတတ်သည်ကို သတိပြု ရန် လိုသည်။

Fill Flash.

Subject ၏ အရေး ပါသည် အပိုင်း များ အား အရိပ် ဖုံးနေခြင်း ကို ဖြေ ရန် Falsh ဖြင့် ဖြည့် (Fill-in) လုပ် ခြင်း ဖြစ်သည်။ အထူးသဖြင့် Outdoor Portrait တွင် အသုံးများသည်။ Slow or Rear Mode or ETTL Mode စသည် တို့ ဖြင့် Fill-in လုပ်နိုင်သည်။


Correct Amount of Fill-in Flash ဖြင့် ရိုက်ထားသည့်ပုံ။

အဓိက Flash Mode နှစ်မျိုး

Flash ၏ အဓိက Mode နှစ်ခုမှာ -

- 1st Curtain or Front Curtain Sync.
- 2nd Curtain or Slow/Rear Curtain Sync

တို့ ဖြစ်သည်။

အများ အားဖြင့် DSLR ကင်မရာ တွင် Shutter တစ်ခု ထည်းရှိသည်ဟု ထင်မှတ်ကြသည် ။ စင်စစ် အားဖြင့် Shutter တွင် Two Shutters ဖြင့် ဖွဲ့ စည်း ထား သည်။ တစ်ခု မှာ ဓါတ်ပုံ စရိုက်သည့် အစပိုင်း ( Beginning of the Shot ) တွင် ပွင့် Shutter အပိုင်း ဖြစ်ပြီး ကျန် တစ်ခု မှာ End of the Shot တွင် မှ ပွင့်သည် Shutter ဖြစ်သည်။

1st Curtain, 2nd Curtain ဟု ခေါ်သည်မှာ အဆိုပါ Beginning of the Shot နှင့် End of the Shot တို့ တွင် Flash ပွင့် သည့် အပေါ် တွင် ကြောင်း ပြု ကာ ခေါ် ခြင်း ဖြစ်သည်။

Front Curtain Sync .

Front Curtain Sync Flash သည် Normal Flash Mode ဖြစ်သည်။ Shutter စ ပွင့် သည်နှင့် Flash အလင်းစလွတ်သည့် စနစ် ဖြစ်သည်။ Flash သည် အားလုံးသော လှုပ်ရှား မှု များကို Freeze လုပ် လိုက် သည်။ Slow Shutter ဖြင့် ရိုက်ပါလျှင်မူ Flash မီးပွင့် ပြီး သော်လည်း Shutter က ဆက်ပွင့် နေသည့် အတွက် လှုပ် ရှားနေသည့် အရာ များ ၀ါးနေမည် ဖြစ်သည်။

Nikon D 90, D 7000 တို့ တွင် Front Curtain Sync Flash Mode ကို Fill Flash Mode ဟုခေါ်သည်။

အောက်ပါပုံ တွင် Shutter Speed အမြန် ဖြစ်သည့် 1/200 Sec ဖြင့် ရိုက်ထားရာ တွင် Subject Freeze ဖြစ်နေသည်ကို တွေ့ နိုင်ပါသည်။


Front Curtain Sync Flash 1/200 Sec. ဖြင့် ရိုက်ထားသည့်ပုံ။

ယင်းကိုပင် Slow Shutter Speed ဖြစ်သော 1/20 Sec ဖြင့် ရိုက်ပါက အောက်ပါအတိုင်း တွေ့ရပါမည်။



အဆိုပါ ပုံကိုပင် 2nd Curtain Sync ဖြင့် ရိုက်ပါမူ အောက်ပါအတိုင်း မြင်ရပါမည်။



Ambient Light ၏ အနေအထားသည် Front Curtain Sync Slow Shutter Speed 1/20 Sec ဖြင့် ရိုက်ထားသည့် ပုံ တွင် မြင် ရ သည့် အနေအထား ဖြင့် ပြောင်းပြန် ဖြစ်နေသည်ကို မြင်နိုင်ပါသည်။

Front Curtain Sync တွင် Subject ၏ Swing ဘယ်ဘက် အစ တွင် Flash ပွင့်ပြီး Rear Curtain Sync တွင်မူ Subject ၏ Swing ညာ ဘက်အဆုံးနားတွင်မှ Falsh ပွင့် သောကြောင့် ဖြစ်သည်။

Second Curtain Sync Flash.

Second Curtain Sync Flash ၏ Flash Firing Sequence သည် Shutter ပွင့် သေည်လည်း Falsh မပွင့် သေးဘဲ ဒုတိယ ပိုင်း Shutter ပြန် မပိတ် မှီကလေး တွင်မှ Flash ဖွင့် ပေး လိုက်သည့် နည်း ဖြစ်ပါ သည်။ နောက်ကျ မှ Falsh ပွင့် သည့် နည်း ဖြစ်ပါသည်။ ထို့ ကြောင့် Slow or Rear Sync Flash ဟု ခေါ် ကြပါ သည်။

Flash တစ်ခု၏ Normal 1st Curtain Firing Sequence မှာ-

1. Press shutter button.
2. Curtain (A) opens.
3. Flash fires.
4. Frame is open for some period of time (as determined by your shutter speed).
5. Curtain (B ) closes the frame, ending the exposure.

စသည့် အစဉ်အတိုင်း ဖြစ်ပါသည်။



အချုပ်အားဖြင့် Shutter ပွင့်သည် နှင့် မီးပွင့်သည်ဟု ဆိုနိုင်ပါသည်။

သို့ရာ တွင် 2nd Second Curtain Sync (also sometimes called Slow Synch) Flash Firing Sequence မှာမူ -

1. Press shutter button.
2. Pre-flash fires so the camera can measure and adjust the intensity.
3. Curtain (A ) opens.
4. Frame is open for some period of time (as determined by your shutter speed).
5. Flash fires.
6. Curtain ( B ) closes the frame and ends the exposure.



ထူးခြား အချက်မှာ ည အချိန် ရိုက်ရာ တွင် Exposure ဖွင့် ထားသည့် အချိန် ပိုင်း အတွင် Light များ၏ လှုပ်ရှားမှုကို တွေ့ရခြင်းဖြစ်သည်။ Light သည် Frame ကို ဖြတ်သွာသည်ကို တွေ့ နိုင်မည် ဖြစ်သည်။


2nd Curtain Sync ဖြင့် ရိုက်ထားသည့်ပုံ။


2nd Curtain Sync ဖြင့် ရိုက်ထားသည့်ပုံ။

Second Curtain Sync Flash သုံး ရာ တွင် မည်သည့် အချိန် တွင် Flash ပွင့် မည်ကို အတိအကျ ထိန်းချုပ် ၍ မရ ခြင်း ပင်ဖြစ်သည်။ တစ်ခါ တစ်ရံ Flash ပွင့် ချိန် တွင် Subject သည် Frame အပြင် သို့ ရောက် သွားသည့် အဖြစ်မျိုး နှင့်လည်း ကြုံ ရ တတ်သည်။ ထို့ ကြောင့် Second Curtain Sync Flash ရိုက် ရာ တွင် အလေ့ အကျင့် ရှိထားရန် လိုသည်။ တစ်ခါ တစ်ရံ တွင်လည်း ကံ အားလျှော်စွာ ကြက်ကန်း ဆန်အိုး တိုး သည့် အဖြစ်မျိုး နှင့်လည်း ကြုံ နိုင်ပါသည်။

အချုပ် အားဖြင့် ဆိုရပါလျှင် Flash Photography သည် အလွန် ကျယ်ပြန့် သည့် ဘာသာရပ် ဖြစ်ပါသည်။ ယခု မှတ်စု မှာ Falsh Photography ၏ ခြေဆင်း ကလေး မျှ လောက်သာ ဖြစ်ကြောင်း ဖေါ်ပြ အပ်ပါ သည်။

PDF file ကို ဒီနေရာမှာ ရယူပါ...

Credit: ဆရာဦးစိုးလှိုင် (Country Road)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

မိမိကိုယ်ကို ဆန်းစစ်ခြင်း...

Saturday, May 31, 2014


တစ်နေ့တော့ စတိုးဆိုင်ထဲကို လူငယ်တစ်ယောက်ဝင်လာတယ်။ ဖုန်းပြောချင်လို့ပေါ့။ ဆိုင်ရှင်ကလဲ ပြော လို့ရတယ်လို့ပြောတော့ လူငယ်က ဖုန်းတစ်ခုကို ခေါ်လိုက်တယ်။

လူငယ်ဖုန်းပြောတာကို ထိုဆိုင်ရှင်ကလဲ နားထောင်နေတာပေါ့။ ဖုန်းကို ဟိုဘက်က အမျိုးသမီးတစ်ယောက် ကိုင်တယ်။ အဲဒီအခါ လူငယ်က "ကျွန်တော်က ဥယျာဉ်မှူးပါ အန်တီရဲ့ပန်းဥယျာဉ်ကို အလှဆုံး လုပ်ပေးနိုင် ပါတယ်" အဲလိုလဲပြောရော အမျိုးသမီးက" ဆောရီးပဲကွာ ငါတို့ခြံမှာ ဥယျာဉ်မှူးရှိပြီးသား" တဲ့။

လူငယ်က ထပ်ပြီးတော့ " ကျွန်တော် အဲဒီလူလုပ်ပေးတာထက် ဈေးတစ်ဝက်ပဲယူပြီး လုပ်ပေးပါ့မယ်" လို့ပြောပြန်တယ်။ ဟိုဖက်က အမျိုးသမီးက "မလိုပါဘူးကွယ် လူတစ်ယောက်ရှိနေပါတယ်" လို့ပြောပြန် တယ်။

လူငယ်ကတပ်ပြီးတော့ " ကျွန်တော် တစ်ပါတ်အတွင်း အန်တီ့ ခြံကို အလှပဆုံးနဲ့ အကောင်း ဆုံးဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။ လစာကိုလဲ သုံးပုံတစ်ပုံ ပဲပေးပါ" လို့ထပ်ပြောတာပေါ့။ ဟိုဘက်က အမျိုးသမီးကလဲ မရပါဘူးလို့ပြန်ပြောတယ်။

လူငယ်လဲ ပြုံးပြီးတော့ ဖုန်းချလိုက်တယ်။ ဆိုင်ရှင်က စကားအားလုံးကို နားထောင်ထားတာမို့ လူငယ်ကို " မင်းကိုတော့ ချီးကျူးတယ်ဟေ့ ဟိုဘက်က မင်းကို အလုပ်မခန့်တာတောင် အကောင်းမြင်တဲ့ စိတ်ရှိလို့ဟေ့ " လို့ဆိုင်ရှင် ကပြောပါတယ်။

လူငယ်က "အကောင်းမမြင်ပါနဲ့ဗျာ၊ ကျွန်တော်က ကျွန်တော့်လုပ်ရည်ကိုင်ရည် ဘယ်လောက်ရှိလဲလို့ စမ်းသပ်တာပါ။ ခုနက အမျိုးသမီးက ကျွန်တော့်ရဲ့ အလုပ်ရှင်လေ။ သူကျွန်တော့် လုပ်ပုံကိုင်ပုံတွေကို ကြိုက်နှစ်သက်သလားလို့ မေးတာပါ။ တကယ်လို့ ကျွန်တော့ လုပ်ရည်ကိုင်ရည် မကောင်းလို့ကတော့ အခုလို ဖုန်းဆက်မေးတဲ့ နောက်တစ်ယောက်ကို သူခန့်မှာပေါ့" လူငယ်လဲ ဖုန်းဖိုးပေးပြီးတော့ ဆိုင်အပြင် ဘက်ကို ပြန်ထွက်သွားပါတော့တယ်။

မောင်စိုင်း
http://www.kanaung.net/
------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

ကျောင်းနေအရွယ်ကလေးတွေအတွက် စာသင်ကျောင်းဆောက်လုပ်ပေးမယ့် သားစိုး

Saturday, May 31, 2014


တေးသံရှင်သားစိုးက မြန်မာချစ်သူဆိုတဲ့ ပရဟိတအဖွဲ့တစ်ခုကို ဖွဲ့စည်းပြီး ကျောင်းနေအရွယ် ကလေး ငယ်များအတွက် ပညာရေး အထောက်အပံ့များ ပေးလျက်ရှိတာဟာ ၄ နှစ်နီးပါးပင်ရှိပြီဖြစ်ပါတယ်။ ဒလမြို့နယ်မှာလည်း ကျောင်းနေအရွယ် ကလေးများအတွက်အလှူဒါနအဖြစ်နှစ် စဉ်လို ကျောင်းအပ်ခ နဲ့ ကျောင်းသုံး ပစ္စည်းများလှူဒါန်းနေ သူလည်း ဖြစ်ပါတယ်။ ဒီနှစ်အတွက်အစီအစဉ်ကိုကော ဘယ်လိုစီစဉ် ထားလဲဆိုတော့

” ဒီနှစ်အတွက် အစီအစဉ်ကတော့ အတိအကျပြောလို့ မရသေး ဘူး။ ဖြူဖြူကလည်း အမေရိကရောက်နေ တယ်။ ကျွန်တော်ကလည်း ထိုင်းသွားဖို့တွေ၊ အမေရိက သွား ဖို့တွေရှိ တယ်။ အဲဒါကတော့ ပိုးထည်နဲ့ ပတ်သက်တဲ့ကိစ္စတွေကို ပြည်ပတွေနဲ့ပါ ချိတ်ဆက်ပြီးလုပ်ဖို့ပါ။ အဲဒီအတွက် ဒီနှစ်ကိုယ်တိုင်တော့ သွား မလှူဖြစ်ဘူး။ ငွေသား အနေ နဲ့တော့ လှူဖြစ်မှာပါ။ ဒီနှစ်ကအချိန်ကပ်သွားတဲ့ အတွက်ပါ။ နောက်နှစ် မှာတော့ မြေကွက်ဝယ်ပြီး ကျောင်းဆောက်လှူဒါန်းဖို့ ရည်ရွယ်ထားပါတယ်”လို့ သားစိုး က ပြောပါတယ်။

“လောလောဆယ်တော့ မြေကွက်ရှာနေတယ်။ အရှေ့ဒဂုံဘက်မှာ လုပ်ဖို့စဉ်းစားထားတယ်။ နောက်နှစ်မှာ မဖြစ်မနေလုပ်ဖို့စဉ်းစားထားတယ်။ အခုလို ငွေသားချည်း လှူ တာမျိုး မဟုတ် ဘဲ ကလေးတွေအတွက် လည်း သတ်သတ်မှတ်မှတ် ဖြစ်သွား အောင်ပေါ့။ အခုကျွန်တော် ဒီကျောင်းသား တွေအပြင် ဂီတ မိတ်မှာ ဂီတကျောင်းထားပေး ထားတဲ့ ကလေးအတွက်လည်း သူမုန့်ရောင်းချင်တယ်ဆိုလို့ လှည်းတစ်စီး စိုက်ထုတ် ဝယ်ပေးထားတယ်။ နောက်လမ်းဘေး ရောက်နေတဲ့ တခြားကလေး တွေ အတွက် လည်းနိုင်သလောက် လုပ်သွားမှာပါ။ ဒီနှစ်ကတော့ ကျောင်းဝင်ကြေးကလည်း အခမဲ့ဖြစ်မယ်လို့ ကြားတော့ အရင်နှစ်က ဝယ်ပေးထားတဲ့ ကျောင်း ပစ္စည်းတွေ ကသူတို့ အတွက် အဆင်ပြေမှာပါ”လို့ သားစိုးက ပြောပါတယ်။

ကျောင်းသားဘဝမှာလည်း ပြည်ပမှာ ကျောင်းသွားတက်ခဲ့ဖူးတဲ့သားစိုးကို ပညာရေးစနစ်နဲ့ ပတ်သက်ပြီး လည်း ဆက်လက်မေးဖြစ်တော့ ” နိုင်ငံတကာမှာ က ပညာရေး အတွက်ဆို အခမဲ့ပဲ။ ဒါကတော့ အစိုးရ တာဝန်ပေါ့။ ဒါပေမဲ့ အစိုးရကလည်း ဒီကိစ္စကို အလကားလုပ်ပေးလို့ မရဘူး။ ပြည်သူတွေဆီက အခွန်ကောက်ရမယ်။ အဲဒီေ တာ့ ပြည်သူကလည်း အခွန်မှန်မှန်ပေး၊ အစိုးရကလည်း အခွန်နဲ့ ပတ်သက်တဲ့ စည်းကမ်းကို သေချာ ထုတ်ပြီး သေချာတကယ်လုပ်ပေးလိုက်ရင် အဆင်ပြေမှာပါ” လို့ ပြောတဲ့ သားစိုးက သူ့သား ပန်းသီးလေးကိုတော့ ကျောင်းနေဖို့ သင့်တော်တဲ့အရွယ် ၅ နှစ်ဝန်းကျင်မှာမှကျောင်းစ ထား မှာ ဖြစ်ပြီး ၁ဝနှစ်၊ ၁၅ နှစ်အရွယ် မှာ တော့ ပြည် ပမှာ ကျောင်းသွားထားဖြစ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

” ငယ်စဉ်ကနေ နည်းနည်း အရွယ်ရောက်တဲ့အထိတော့ မြန်မာပြည် မှာ မြန်မာစာကို သေချာ သင် မယ်။ နို့မို့ဆို နည်း နည်းအာရုံနောက်တဲ့ကလေးဖြစ် သွားမှာစိုးလို့။ အရွယ်ရောက်လာရင်တော့ သူ့ကို ပြည်ပမှာ ကျောင်း တက်ခိုင်းဖို့ စဉ်းစားထားပါတယ်”လို့ သားစိုးကပြောပါတယ်။

ရဲရဲ
Popular Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

တင်ခဲ့ပြီးသော Posts များ ဆက်လက်ဖတ်ရှုရန်...

                 

သိလိုသော အကြောင်းအရာကို အောက်က Search Box ထဲမှာ မြန်မာ/အင်္ဂလိပ် ဘာသာဖြင့် ရိုက်ထည့်၍ ရှာဖွေပါ...