Latest Updates:

ဘရာဇီးထောင်တွင် စာအုပ်တစ်အုပ် ဖတ်ပြီးတိုင်း ၄ ရက် ထောင်ဒဏ် လျော့ချ

Thursday, July 31, 2014


ဘရာဇီးနိုင်ငံ ရှိ ထောင်အချို့မှာ ပြစ်ဒဏ်ခံ ထောင်သား များကို အထူးအခွင့် အရေး များ ပေးတဲ့ အစီ အစဉ်များ ရှိပါတယ်။ ယင်း ကတော့ စာအုပ် တစ်အုပ် ဖတ်ပီးတိုင်း ထောင်ရက် ၄ ရက် လျော့ချ ပေးခြင်း ဖြစ်ပါတယ်။

သို့ပေမယ့် ယင်းဟာလည်း အကန့်အသတ်နဲ့ ရှိပါတယ်။ တစ်နှစ်ပတ်လုံး အတွက် ၄၈ ရက် လျော့ချလို့ ရအောင် အခွင့်အရေး တစ်ခု ပေးထားခြင်း ဖြစ် ပါတယ်။ ဒါ့အပြင် အခြားသော လူမှုရေး လုပ်ငန်း များဖြင့်လည်း ထောင် ရက် လျော့ချ ပေးတာ ရှိပါ သေးတယ်။ ဥပမာ လျှပ်စစ် ဓာတ်အား ထုတ်ရန် စက်ဘီးစက် နင်းတာမျိုးတို့ ဘာတို့ ဖြစ်ပါတယ်။

သေဒဏ်ကျခံရသူက လွဲလို့ ယင်း အခွင့်အရေး များကို ရရှိပြီး ထောင်ကနေ ထွက်တဲ့ အခါ အသက်မွေး လုပ်ကိုင်နိုင်ရန်လည်း ပညာရပ် အချို့ များ ကို သင်ကြား ပေးကြောင်း သိရပါတယ်။


Ref: dyknow
အောင်ခမ်း (www.innewsmyanmar.com)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
အပြည့်အစုံသို့ >>

Myanmar Ooredoo Using Guide

Thursday, July 31, 2014

Ooredoo အသုံးပြုရန် အတွက် ဒီ using guide လေးကို ဖတ်ပေးစေချင် ပါတယ်။ Ooredoo sim card တွေ အသုံးပြုဖို့ အတွက် ဘာတွေ သိသင့်လဲ ဘာတွေ လိုအပ်လဲ ဆောင်ရန် ရှောင်ရန် လေးပါ။ 

Ooredoo Sim Card ဆိုသည်မှာ GSM အမျိုးအစား ဖြစ်ပါတယ်။ ရန်ကုန် မန္တလေး နေပြည်တော် ၃ နေရာပဲ အသုံးပြုလို့ ရဦးမှာဖြစ် ပါတယ်။ Ooredoo Sim Card ကို အသုံးပြုဖို့အတွက် Huawei ဖုန်းတွေနဲ့ သုံးလို့ သိပ်အဆင်မပြေ ကြောင်းသိရပါတယ်။ Samsung တွေနဲ့ ဆိုရင်တော့ အိုခေတယ်လို့ ပြောကြ ပါတယ်။ ထူးခြားမှုတစ်ခုကတော့ Ooredoo Sim Card အသုံးပြုတဲ့ ဟန်းဆက်တွေမှာ Root မဖောက် ခိုင်းပါဘူးခဗျာ … သူပေးထားတဲ့ ဖုန်းတွေက မြန်မာဖောင့် auto ပါလာပြီးသား မို့ဖြစ်ပါတယ်။ သူဖုန်းပေး ထားတဲ့ default ဖုန်းဆိုတာ ကတော့ SINGTECH အမည်ရတဲ့ Touch အမျိုးအစားဖုန်းပဲ ဖြစ်ပါတယ် ခဗျာ … ဖုန်း အဝင်အထွက် ဈေးနှုန်းတွေကတော့ ၂ မျိုး ရှီကြောင်း သိရပါတယ်။ Ooredoo to Ooredoo ခေါ်ရင် ၂၅ ကျပ် ဖြစ်ပြီး Ooredoo to Other Network ကိုခေါ်ရင် ၃၅ ကျပ် ဖြစ်ပါတယ်ခဗျာ။ Keypad နဲ့ရတဲ့ ဖုန်း ၁ ခုပဲ ရှိသေးကြောင်း သိရပါတယ်။ ထို Keypad ဖုန်းတွင် video calling ပါရရှီကြောင်း သိရ ပါတယ်။ ထို Keypad အမျိုးအစားဖုန်းမှာ ၂ သောင်း ၂ ထောင်ကျပ် သာရှီကြောင်း သိရပါတယ်။ 

Ooredoo Sim Card အားဝယ်ယူရန် မှတ်ပုံတင် ရယ် Sim Card ဖိုး ၁၅၀၀ ရယ် ငွေဖြည့်ကတ်ဖိုး ၃၀၀၀ ရယ်ယူလာရပါမယ်။ စုစုပေါင်း ၄၅၀၀ ကြပါမယ်ခဗျာ။ 

Ooredoo Sim Card ဝယ်ပြီးလို့ မီမိလက်ထဲကို ရောက်လာပြီဆိုပါတော့ … မိမိဝယ်ယူလာသော ဖုန်းနာပတ် နှင့် လိုင်းကို Activate ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဘယ်လိုပြုလုပ်ပေးရမလဲ ဆိုတာကတော့ လွယ်ကူပါတယ် … Ooredoo/ QRdroid/ Barcode scanner ထို Apk ၃ ခုလိုပါတယ် … အသုံးခုကို install ပြုလုပ်ပြီးပါက Ooredoo Sim Card ကို စတင် အသုံးပြုလို့ ရပြီဖြစ်ပါတယ် … Ooredoo/ QRdroid/ Barcode scanner apk ၃ ခုလုံးမှာ Ooredoo Activation APK တစ်ခုထဲမှာ ပါဝင်ပြီးသား ဖြစ်သည့်အတွက် အောက်ပါ Link များတွင် Download ရယူနိုင်ပါတယ်။ အဓိအနေဖြင့် Ooredoo Activation ကို install ပြုလုပ်ပြီး အဆင့်ဆင့် လုပ်သွားဖို့ပါပဲ … 

Ooredoo ရဲ့ အင်တာနက် Setting အနေနဲ့ကတော့ Sim Card ကို မိမိ၏ ဟန်းဆက်ထဲထည့်လိုက်တာနဲ့ အင်တာနက် setting ချိန်ပြီးသားဖြစ်ပါတယ်။ name နဲ့ apn မှာ internet ဖြစ်ပြီး username password မလို Authentication type မလို apn type မှာ default ပဲဖြစ်ပါတယ်ခဗျာ … အခြားသော အပိုင်းများအား စာရေးသူ ထပ်မံသိရှီရပါက ဆက်လက် ဝယ်မျှပါဦးမည်။ 

pCloud 
https://my.pcloud.com/publink/show?code=XZDs07ZbUIj49CcRC8USgeB1UXVEST8WtQ7

Mediafire 
http://www.mediafire.com/download/cdm2ekbyy8kvecu/Ooredoo_Activation.apk

Ziddu 
http://downloads.ziddu.com/download/23937551/Ooredoo-Activation.apk.html

Zippyshare 
http://www25.zippyshare.com/v/52251324/file.html


Sharing – Thaw Tar

ref;commaspace.com
-------------------------------------- 
အပြည့်အစုံသို့ >>

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သင်ယူလေ့လာရာမှာ ပိုမိုလျင်မြန် ထက်မြတ် ဟုဆို

Thursday, July 31, 2014
အမျိုးသမီး တွေဟာ လေ့လာ သင်ယူ ရာမှာ အမျိုးသား တွေထက် လျင်လျင်မြန်မြန် တတ်မြောက် ကြတယ်လို့ လေ့လာချက် အသစ် တစ်ခုအရ သိရှိရ ပါတယ်။ အကြောင်း ကတော့ သူတို့တွေ မကြာခဏ ဆိုသလို ခွဲခြား ဆက်ဆံ ခံရတာကြောင့် ဖြစ်နိုင် တယ်လို့ ဆိုပါတယ်။ အသက်(၅၇) နှစ်ရှိ မတူညီ ကွဲပြားတဲ့ နေထိုင်မှု ပုံစံမှလာကြတဲ့ လူပေါင်း ၃၁,၀၀၀ ယောက်ရဲ့ ဦးနှောက်တွေကို အသေအချာ စစ်ဆေးမှု ပြုလုပ်ခဲ့ ပါတယ်။ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးက လူနေမှု အဆင့်အတန်း မြင့်မြင့်နဲ့ နေထိုင်ခဲ့တဲ့ အချိန်မှာ သင်ယူမှုမှာ ပိုမိုလျင်မြန်မှု ရှိပြီး လူနေမှုဘ၀မှာ အဆင်ပြေတဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လျင်လျင်မြန်မြန် သင်ယူ တတ်မြောက် ကြပါ တယ်။

Proceedings of the National Academy of Sciences မှာ ဖော်ပြထားတဲ့ လေ့လာချက်အရ အမျိုးသား တွေထက် အမျိုးသမီးတွေက ဥာဏနဲ့ လုပ်ရတဲ့ အလုပ်တွေကို ရရှိနိုင်ဖို့ ပိုပြီး ကြိုးစားရုန်းကန် ရတဲ့ အတွက် သင်ယူလေ့လာရာမှာ ဥာဏ်ရည်ဖွံ့ဖြိုး တိုးတက်လာတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေ ပိုင်ဆိုင်တဲ့ အစွမ်းအစတွေကို တန်ဖိုးထား မခံရတာ သိသာ ထင်ရှားပါတယ်။ ဒါကြောင့် ဒီလို အကျိုးသက်ရောက်မှုတွေ ဖြစ်လာတာ ဖြစ်ပါတယ်လို့ လေ့လာချက်ပြုလုပ်သူ တစ်ယောက်ဖြစ်တဲ့ Agneta Herlitz က ရှင်းပြပါတယ်။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ သင်ယူလေ့လာမှု ပုံစံခြားနား သွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အရည်အချင်းဟာ အင်မတန် အရေးပါတယ် ဆိုတဲ့အကြောင်း ဒီလေ့လာမှုကနေ သိသာမယ်လို့ သူမမျှော်လင့် ထားပါတယ်။


Ref: cosmopolitan.com
Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
အပြည့်အစုံသို့ >>

သံဓာတ် ချို့တဲ့သည့် လက္ခဏာများ

Thursday, July 31, 2014
အောက်ဖော်ပြပါ ရောဂါလက္ခဏာ များကို သတိပြု မိပါက ဒေါက်ခွရွက် (Spinach)နှင့် အမဲသားသုပ် စတင် စားသုံးပေးပါ။ 

အမေရိကန် ရောဂါထိန်းချုပ် ကာကွယ်ရေးဌာန CDCP ၏ လက်ရှိ စာရင်း ဇယားများအရ အမျိုးသမီးများ ၏ ၉ ရာခိုင်နှုန်းမှာ သံဓာတ် ချို့တဲ့မှုကြောင့် ဆိုးကျိုးများ ခံစားနေ ရကြောင်း သိရသည်။ သို့သော် သံဓာတ် ချို့တဲ့နေသည့် ရုပ်ပိုင်းဆိုင်ရာ တက်တက်ြ ကွကြွရှိသော အမျိုးသမီးများ အရေအတွက်မှာ ပို၍ ပင်မြင့်မားကြောင်း ကျွမ်းကျင် ပညာရှင်များက ပြောသည်။ သံဓာတ် ချို့တဲ့မှုကို အောက်ပါ လက္ခဏာရပ် များကို ကြည့်၍ သိရှိနိုင်သည်။

ပင်ပန်းနွမ်းနယ်ခြင်း

အောက်စီဂျင် သယ်ဆောင်သည့် သွေးနီဆဲလ်များအတွင်း ပါဝင်သော ဟေမိုဂလိုဘင်ကို ထုတ်လုပ်ရန် ခန္ဓာကိုယ်က သံဓာတ်(Iron)ကို အသုံးပြုသည်။ ကျန်းမာသန်စွမ်းသည့် သွေးဆဲလ်များ လုံလောက် သော ပမာဏမရှိပါက မောပန်းနွမ်းနယ်မှုကို စတင်ခံစားလာရ မည်ဖြစ်သည်။

အာရုံစိုက်ရန် ခက်ခဲခြင်း

သံဓာတ် ချို့တဲ့မှုနှင့်အတူ လူများတွင် အာရုံကြောများကြား ဆက်သွယ် ဆောင်ရွက်ပေးသော ဓာတုဒြပ် ပေါင်းမှာလည်း အပြောင်းအလဲ ရှိမည်ဖြစ်သည်။ သံဓာတ် ချို့တဲ့မှုကြောင့် ယင်းဒြပ်ပေါင်း လုပ်ဆောင် ချက်မှာ သာမန်ထက်လျော့ကျသွားနိုင်သည်။

စိတ်ပါဝင်စားမှုမရှိခြင်း

အာရုံကြော များကြား ဆက်သွယ်ဆောင်ရွက် ပေးသော ဓာတုဒြပ်ပေါင်း ပြောင်းလဲမှု၏ နောက်ထပ် ဆိုးကျိုး တစ်ခုမှာ မည်သည့် ကိစ္စကိုမဆို စိတ်ပါဝင်စားမှု မရှိဖြစ်ခြင်းပင်ဖြစ်သည်။

အသက်ပုံမှန်ရှူ၍မရခြင်း

သွေးထဲတွင် လုံလောက်သော သံဓာတ် မရှိခြင်းကြောင့် ခန္ဓာကိုယ်တွင် အောက်စီဂျင်ဓာတ် များစွာ လိုအပ်လာ၍ အသက် ပုံမှန်ရှူ မရခြင်းကို ဖြစ်စေသည်။

ပုံမှန်မဟုတ်ဘဲ အသားအရေဖျော့တော့ခြင်း

သွေးလည်ပတ် စီးဆင်းမှုနှုန်း လျော့ကျခြင်းနှင့် သွေးနီဆဲလ် အရေအတွက် လျော့ကျသွားပါက အသားအရေ ဖျော့တော့လာနိုင်သည်။

ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်း လုပ်ရန်ခက်ခဲခြင်း

သံဓာတ် ချို့တဲ့ပါက ယခင်က ပုံမှန်လုပ်ဆောင်နေကျဖြစ်သော ကိုယ်လက် လေ့ကျင့်ခန်းများကို လုပ်ဆောင်နိုင်တော့မည် မဟုတ်ပေ။

ကြွက်သားများ အလွန်နာကျင်ခြင်း


လေ့ကျင့်ခန်း လုပ်ပြီးနောက် သာမန်ထက် ပိုမိုကြာရှည်စွာ ပင်ပန်းနွမ်းနယ်ပြီး ကြွက်သားများ နာကျင်နေ ပါက သံဓာတ် မလုံလောက်ခြင်းကြောင့် ကြွက်သားများ အသေအချာ ပြန်လည်ကျန်းမာရန် စွမ်းရည် နည်းပါးပြီး နာကျင် ကိုက်ခဲနိုင်သည်။

ခြေသည်းလက်သည်းများ ကြွပ်ဆတ်မာကျောခြင်း


ခြေသည်း လက်သည်းများ ကြွပ်ဆတ်မာကျောပြီး အလွယ်တကူ ကျိုးပဲ့ခြင်းမှာလည်း သံဓာတ်ချို့တဲ့ မှုလက္ခဏာ တစ်ခုဖြစ်သည်။

မကြာခဏ နာမကျန်းဖြစ်ခြင်း

အထူးသဖြင့် အသက်ရှူ လမ်းကြောင်း ဆိုင်ရာနှင့် မကြာခဏနာ မကျန်းဖြစ်ခြင်းမှာ သံဓာတ် ချို့တဲ့ မှုကြောင့် ဖြစ်သည်။

ဆီးပန်းရောင် (သို့မဟုတ်) အနီရောင်သွားခြင်း

သံဓာတ် ချို့တဲ့မှုကြောင့် အူသိမ်အူမများက အရောင်ပါဝင်သော ပစ္စည်းများကို ပိုမိုစုပ်ယူသဖြင့် ဆီးသွား သည့်အခါ ပန်းရောင် (သို့မဟုတ်) အနီရောင်ဆီးများ သွားလေ့ရှိကြောင်း သိရသည်။ 


—Ref: Time
7Day Daily
No.456 Thursday, July 31, 2014 
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
အပြည့်အစုံသို့ >>

မြန်မာလူမျိုး တစ်ရာနီးပါး ဗီဇာအတုများဖြင့် မလေးရှားတွင် ဖမ်းဆီးခံထားရ

Thursday, July 31, 2014
မလေးရှား နိုင်ငံသို့ အလည်အပတ် ဗီဇာ (Visit Visa) ဖြင့် သွားရောက် ခဲ့သော မြန်မာနိုင်ငံသား ၉၂ ဦးသည် ၎င်းတို့ ကိုင်ဆောင် ထားသော ဗီဇာ များမှာ အတုများ ဖြစ်နေသောကြောင့် မလေးရှားနိုင်ငံ လေဆိပ်တွင် ဖမ်းဆီးခံရ ကြောင်း သတင်း ရရှိသည်။


ဇူလိုင် ၈ ရက်တွင် မလေး ရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၇၂ ဦးနှင့် ဇူလိုင် ၂၄ ရက် တွင် သွားရောက်သော မြန်မာနိုင်ငံသား ၂၀ ဦးတို့မှာ ဗီဇာအတုများ ဖြစ်နေသောကြောင့် မလေးရှားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးက လေဆိပ်တွင် ဖမ်းဆီးထား ပြီး အကျဉ်းထောင်များသို့ ပို့ဆောင် လိုက်ကြောင်း သတင်း ရရှိသည်။ ၎င်းတို့သည် ကြိမ်ဒဏ် အပါအဝင် အနည်းဆုံး ထောင်ဒဏ်ခြောက်လ ကျခံရဖွယ် ရှိကြောင်း ဖမ်းဆီးခံရ မှုတွင် ပါဝင်သော မိသားစုဝင်များက ပြောကြားသည်။

ဖမ်းဆီး ခံထားရသူများ အတွက် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးက ကိုင်တွယ် ဖြေရှင်းနေကြောင်း သံရုံး တာဝန်ရှိသူ တစ်ဦးက ပြောသည်။

‘‘လူဦးရေက ရေတွက်နေ တုန်းပဲ ရှိသေးပါတယ်။ အဲဒီ သတင်းကြားတဲ့နေ့က လေဆိပ်ကို သွားပြီး ဆက်သွယ် ခဲ့ပါတယ်။ အခုချိန်မှာ ပြောလို့ မရသေးပါဘူး။ သံရုံးကတော့ ဖြေရှင်းပေးဖို့လုပ် နေပါတယ်’’ ဟု မလေးရှားနိုင်ငံ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

‘‘မလေးရှားကိုအလည်လာ ဖို့ ကျွန်တော့်တူကိုခေါ်လိုက်တာ ဗီဇာကအတုတွေဖြစ်နေလို့ ဖမ်းဆီးခံထား ရတယ်။ သူတို့ကို ပထ မလေဆိပ်စခန်းမှာ နှစ်ပတ်ထား ထားတယ်။ ခုတော့ ထောင်မှာ ပြောင်းထား တယ်။ သူတို့အတွက် စိတ်ပူနေကြတယ်။ အခုဖမ်းခံထားရတဲ့ သူတွေက အလည်လာတဲ့သူတွေချည်းပဲ။ ကျွန်တော်တို့ ကြားတာတော့ တစ်ယောက်ကို ကြိမ်ဒဏ်အပါအဝင် ထောင် အနည်းဆုံးခြောက်လ လောက်ကျ မယ်လို့ကြားနေတယ်။ အခုသံရုံး ကိုသွားပြီး အကူအညီတောင်း မလို့လုပ်နေကြတာပါ’’ ဟု ဇူလိုင် ၈ ရက်တွင် ပဲခူးမြို့မှ မလေးရှား နိုင်ငံသို့ လာရောက်လည်ပတ်ရာ တွင် ဖမ်းဆီးခံရသူ ကိုချမ်းမြေ့ အောင်၏ အစ်ကိုတစ်ဝမ်းကွဲ တော်စပ်သူကိုလှိုင်မျိုးသန့်က ပြောသည်။

ဗီဇာစာအုပ်များကို အကျိုး ဆောင်မှတစ်ဆင့်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဇူလိုင် ၈ ရက်က ဖမ်းဆီးခဲ့ရသည့် ၇၂ဦးကို လိုက်ပါပို့ဆောင်ပေးသော အေးဂျင့်သုံးဦးကိုလည်း မလေးရှားအစိုးရက ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။ ဖမ်းဆီးခံရသောအမျိုးသားများကို ဆွန်ငိုင်းဘူးလို့ထောင်တွင်ထားရှိပြီး အမျိုးသမီးများကို ဆာချန့်ထောင်တွင်ထားရှိကာ သြဂုတ် ၁၂ ရက်တွင် ရုံးထုတ်စစ်ဆေး သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘ အလည်ဗီဇာအတုတွေ ကိုင်ဆောင်လို့ ဖမ်းထားတာလို့မလေးရှား လူဝင်မှုကြီးကြပ်ရေးက ပြောတယ်။ အုပ်စုလိုက်ကြီးဆိုတော့လူကုန်ကူးခံရတဲ့ သဘောပဲ၊ သေချာစစ်ဆေးဖို့တော့ လိုနေတယ်။ အဲ့ဒီထဲမှာ အလည်လာရောက်လည်ပတ်တဲ့ သူတွေပါနေတယ်လို့ သူတို့ရဲ့မိသားစုဝင်တွေက လာပြောထားတာတွေ ရှိတယ်’’ဟု မလေးရှားနိုင်ငံမြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။


7Day Daily
No.456 Thursday, July 31, 2014 
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
အပြည့်အစုံသို့ >>

မန္တလေးတွင် စတင်ရောင်းခဲ့သော Ooredoo Sim card များ ပြင်ပပေါက်ဈေး မြင့်တက်

Thursday, July 31, 2014
၂၀၁၄ ခုနှစ် ဇူလိုင် (၂၉) ရက်နေ့မှ အစပြု၍ Ooredoo Myanmar ၏ sim cardများကို စတင်ရောင်းချ လျက်ရှိရာ ၀ယ်ယူလိုသူ အရေအတွက် မြင့်တက် လာကြောင်း မန္တလေးမြို့ အခြေစိုက် မိုင်ဘိုင်းလ်ဆိုင် များမှ တစ်ဆင့် သိရှိရသည်။

“ကျွန်တော် သိတဲ့အချိန်က ညနေ ၃ နာရီလောက် ပဲ ရှိသေးတယ်။ တစ်ချို့ ဆိုင်တွေ မှာတော့ ကုန် သွားပြီ။ ၂၆လမ်း၊ ၈၄လမ်းအနီး ကရိန်းဘိုး ဆိုင်မှာ သွားဝယ်တော့ မနက်ဖြန် မနက် လာခဲ့လို့ ပြောတယ်။ တစ်ကတ်ကို (၁၅၀၀)နဲ့ ရောင်းတာ၊မှတ်ပုံတင် မိတ္ထူနဲ့ တစ်ယောက် တစ်ကတ်ပဲ ရောင်း တယ်”ဟု ကိုမြင့်အောင် (အမည်လွှဲ)က ပြောကြားခဲ့သည်။ 

Ooredoo Simcard အချင်းချင်း ဆက်သွယ် ပြောဆိုပါက တစ်မိနစ်လျှင် ဖုန်းပြောဆိုခ (၂၅) Ooredoo Network မှ တစ်ခြားNetwork သို့ ဖုန်းပြောဆို ပါက တစ်မိနစ်လျှင် (၃၅) ကျပ် ကျသင့်မည် ဖြစ်ကြောင်း ကနဦး သတင်းများ အရ သိရှိရသည်။ SMS ပေးပို့ပါက တစ်စောင်လျှင် (၂၅) ကျပ် ခန့်ကျသင့် မည်ဖြစ် ကာ Mobile Data ပမာဏ(1) MB အသုံးပြုလျှင် (၂၅) ကျပ် ကောက်ခံမည် ဖြစ်ကြောင်း မန်္တလေး မိုဘိုင်းလ်ဆိုင် အသိုက်အ၀န်းမှ တစ်ဆင့် ကြားသိရသည်။ 

“ညနေပိုင်းမှာ ၀ယ်မယ်ဆိုပြီး သွားမေးတော့ ကတ်တွေ ကုန်သွားပြီတဲ့။ နောက်နေ့အတွက် ကိုယ့်ရှေ့မှာ အယောက် (၂၀၀) လောက် ရှိနေတာနဲ့ ပြန်ခဲ့ရတယ်။ ပြီးတော့ ၀ယ်တဲ့ သူတွေက တန်းစီပြီး ၀ယ်ရမှာ ဆိုလို့ အဆင်မပြေ ဘူးပေါ့။ နောက်ပြီးတော့ အပြင်မှာလည်း ဖုန်းနံပါတ် လှရင် လှသလိုကျပ် (၃၀၀၀) ကနေကျပ် (၁၀,၀၀၀) အထိဈေး ပေါက်နေတယ်။ Ooredoo simcard တွေက 09-97xxxxxxxxx နဲ့ စတဲ့ ကတ်တွေပါ။ ဂဏန်း (၉)လုံးပါတယ်”ဟု ကိုမျိုးက ပြောကြားခဲ့သည်။ Sim card အသုံးပြုရာတွင် Ooredoo Myanmar ၏ တရားဝင် website ဖြစ်သည့် www.ooredoo.com.mm တွင် ၀င်ရောက် ကြည့်ရှုနိုင်သည်။

ရန်ကုန်တွင် ၃၀.၇.၂၀၁၄ ညနေပိုင်းမှ အစပြုကာ ရောင်းချပေးလျှက် ရှိသည်။ 

ကျော်ထက်
ref;Myanmar Digital Life Journal
-------------------------------------- 
အပြည့်အစုံသို့ >>

စေ့စပ်ပြီး (၄၂) နှစ်ကြာပြီးမှ လက်ထပ်မင်္ဂလာပွဲ ပြုလုပ်

Thursday, July 31, 2014
အင်္ဂလန်နိုင်ငံ၊ ဟက်ဒါ စဖီးလ်မြို့မှာ နေထိုင်တဲ့ ဒေးဗစ် ဘာကာနဲ့ ဒါဖင်သော့ပ် တို့ဟာ စေ့စပ်ပြီး (၄၂) နှစ်ကြာမှ လက်ထပ် မင်္ဂလာပွဲကို ကျင်းပ ပြုလုပ်ခဲ့ ပါတယ်။ သူတို့ဟာ ၁၉၇၂ တုန်းက ပွဲ တစ်ခုမှာ ဆုံတွေ့ပြီးနောက် စေ့စပ်မှုပြု လုပ်ခဲ့ပါ တယ်။ ဒေးဗစ် ဘာကာက လက်ထပ်တဲ့ ဘ၀ကို မလိုချင်တာမို့ အခုလိုနှစ်ပေါင်း များစွာ ကြာမြင့် သွားခြင်း ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ဒါဖင် သော့ပ်ဟာ ဒေးဗစ် ဘာကာနဲ့ စေ့စပ်ပြီး တဲ့နောက် အခြား ယောက်ျားတစ်ဦးနဲ့ အိမ်ထောင် ပြုခဲ့တာ ကလေးနှစ်ဦး ရရှိခဲ့ပါတယ်။ ဒီနောက် သူတို့နှစ်ဦးဟာ ပြန်လည် ဆုံတွေ့ခဲ့ကြပြီး ချစ်သူတွေ အဖြစ်နဲ့သာ နေထိုင်ခဲ့ ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်မှာ ဒါဖင်သော့ပ်ဟာ နှစ်လုံးရောဂါ ဝေဒနာ ခံစားပြီး တဲ့နောက် နေထိုင်နေဖို့ နှစ်သိပ် မရှိတော့ဘူးလို့ တွေးမိပြီး လက်ထပ်ဖို့ စဉ်းစားခဲ့ခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့ လက်ထပ်ပွဲကို ဒါဖင်သော့ပ်ရဲ့ အသက် (၈၂) နှစ်ပြည့်မွေးနေ့မှာ ကျင်းပ ခဲ့ပါတယ်။ ဒါဖင် သော့ပ်က မျှော်လင့် ထားတာထက် ပိုပြည့်စုံခဲ့တဲ့ မင်္ဂလာပွဲ ဖြစ်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။ ဒေးဗစ်ဘာ ကလေ ကလည်း ဇနီးဖြစ်သူ မရှိလျှင် ဘာတွေဖြစ် မလဲဆိုတာ မသိပေမယ့် အမြဲတမ်း ချစ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။ ဒါ့အပြင် ဒေးဗစ်ဘာကလေ က မိမိတို့ဟာ စေ့စပ်ပြီးတဲ့နောက် လက်ထပ်ဖို့ မှန်ကန်တဲ့ အချိန်ကို မရှာဖွေနိုင်ခဲ့ကြောင်း၊ လက်ထပ်ခြင်းကို အလျင်အမြန် မဆောင်ရွက်လို တာကြောင့်ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ဟာ လက်ထပ်ပြီးတဲ့နောက် ဟန်နီးမွန်း ခရီးထွက်ဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။


The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
အပြည့်အစုံသို့ >>

ပျောက်ဆုံးတော့မှာလား အငြိမ့်သဘင်

Thursday, July 31, 2014
မျိုးမြင့်စံ
ပျူခေတ် ကြေးရုပ်များကို ကြည့်ကြည့်။ နံရံ ဆေးရေး ရှေးရှေး ပုဂံခေတ် ပန်းချီ လက်ရာ များကိုပဲ ကြည့်ကြည့်။ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ် မြန်မာ့ တူရိယာ တီးခတ်မှုနှင့် အတူ မြူးထူးက ခုန်နေသည့် အနုသုခုမ သဘင် ပညာရှင် ကြီးများကို အထင်းသား မြင်တွေ့ကြ ရမည် ဖြစ်သည်။ သူတို့သည် မြန်မာဘုရင် အဆက်ဆက် မြစိမ်းဖက်နှင့် ပုဆစ်ဒူးတုတ် ပွဲတော် တည်ခင်း ချီးမြှင့် ဂုဏ်ပြုမှုကို ခံယူခဲ့ ကြရသည့် မြန်မာ့ အနုသုခုမ သဘင် ပညာရှင် ကြီးများ ဖြစ်ခဲ့ကြသည်။

မြန်မာ့ သဘင်ပညာရပ်တွင် မြေ၀ိုင်းမှသည် စင်မြင့်ထက်သို့ အဆင့်ဆင့် တိုးတက် မြင့်မားလာခဲ့သည့် ဂရိတ်ဦးဖိုးစိန်၊ ယောက်ျား မင်းသမီး အောင်ဗလ၊ ရွှေမန်းတင်မောင်၊ လေဘာတီ မမြရင် အစရှိသဖြင့် သဘင် ပညာရှင်ကြီးများ၏ တစ်ခေတ် တစ်ခါက ရွှေရောင်လွှမ်းသော ညများရှိခဲ့သည်။

တစ်ခေတ် တစ်ခါဆီက အငြိမ့်မင်းသမီး၊ လူရွှင်တော်၊ မြန်မာ့တူရိယာ ဆိုင်းဝိုင်းတို့ဖြင့် ခေတ်အဆက် ဆက် ဟန်ချက်ညီညီ မြိုင်မြိုင် ဆိုင်ဆိုင် အသုံးတော်ခံ တင်ဆက်က ပြခဲ့ကြသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုသုခုမ သဘင် ပညာရပ်သည် ယခုအချိန်တွင် မှေးမှိန် လာခဲ့ချေပြီ။ မြန်မာနိုင်ငံတွင် အနုသုခုမ သဘင်ပညာ အားကောင်းမောင်း သန်ဆုံးဟု ဆိုရမည့် မန္တလေးမြို့တွင်ပင် အငြိမ့်သဘင်သည် လက်တစ် ဖက်စာပင် မပြည့်တော့။

““တစ်ချိန်က ကတ္တရာလမ်းမ ပူပူပေါ်မှာ ကိုယ့်ဖိနပ်ကို ဖင်ခုထိုင်ပြီးတော့ ချွေးတပြိုက်ပြိုက်နဲ့ အားပေးခဲ့ ကြတယ်။ ဒီဘက်ပိုင်းမှာတော့ ကျွန်မတို့ မင်းသမီးတွေမှာ ရုပ်ရည်အရ ထိုင်ကြည့်ချင် လောက်အောင် လှတဲ့သူလည်း အတော့ကို ရှားသွားပါပြီ။ ဒီဘက် နှစ်တွေမှာပေါ်လာတဲ့ နိုက်ကလပ်တွေ၊ ကေတီဗွီတွေ၊ စင်တင် ကာရာအိုကေတွေ အများကြီး ပေါ်လာတော့ အဲဒီနေရာတွေမှာပဲ အပန်းဖြေ ချင်ကြတာပေါ့။ ကျွန်မတို့ အငြိမ့်သဘင်၊ ဇာတ်သဘင်တွေကို ကတ္တရာလမ်းမ ပူပူပေါ်မှာ ဒုက္ခခံ ထိုင်ကြည့်ပြီးတော့ ဘယ်မှာ အပန်းဖြေ ချင်ကြတော့မှာလဲ””ဟု အငြိမ့် မင်းသမီးကြီး ပန်တျာထိပ်သီး သန်းသန်းက ပြော သည်။

သုခုမရပ်ဝန်းဟု တင်စားနိုင်သည့် သဘင်ပညာရှင် အများဆုံး တည်ရှိရာ မြန်မာဘုရင်များ နောက်ဆုံး နန်းစိုက်ခဲ့သည့် မန္တလေးမြို့တွင် ယခင် (၁၉၈၈) ခုနှစ် ၀န်းကျင်ခန့်က အငြိမ့်သဘင် (၄၀) ၀န်းကျင် ရှိခဲ့ရာမှ ယခုအခါ အငြိမ့်သဘင် စစ်စစ်မှာ (၄) ခုသာ ကျန် ရှိတော့ကြောင်း မန္တလေးတိုင်း ဒေသကြီး သဘင်ပညာရှင်များ အစည်းအရုံးမှ သိရသည်။ ဇာတ်သဘင်မှာမူ (၃၉) ခု ရှိသည်။

သဘင်ပညာရှင် အများဆုံး နေထိုင်ရာ မန္တလေးခရိုင်တွင် သဘင်ပညာရှင် ဦးရေ (၂၀၁၃-၁၄) သဘင် ရာသီနှစ် လူဦးရေ စာရင်းအရ (၁၉၆၂) ဦးရှိပြီး၊ ဇာတ်သဘင် မင်းသားဦးရေ (၂၀၀) ကျော်ရှိသည်။ အငြိမ့်မင်းသမီး ဦးရေမှာမူ တစ်နှစ်ထက် တစ်နှစ် နည်းပါးလာနေပြီး၊ အချို့သော ဇာတ်သဘင်များတွင် ယိမ်းအဖွဲ့ကပြရန်ပင် ပြည့်မီအောင် အငြိမ့်မင်းသမီး မရှိကြောင်း မန္တလေးတိုင်း ဒေသကြီး သဘင် ပညာရှင်များ အစည်းအရုံး အတွင်းရေးမှူး ဦးနန်းဋ္ဌေးအောင်က ပြောသည်။

၁၉၈၈ အရေးအခင်းကာလ နိုင်ငံရေး ဟောပြောမှုများတွင် သဘင် ပညာရှင်အချို့ တစ်တပ်တစ်အား ပါဝင်ခဲ့ကြပြီး နောက်ပိုင်း စစ်အုပ်ချုပ်ရေး ကာလများ၌ မြန်မာ့ သဘင်ပညာရှင်များ ပွဲမိန့်တောင်းခံရခြင်း၊ ပွဲမိန့်တောင်းခံရာတွင် အချိန်ကြန့်ကြာမှုနှင့် နိုင်ငံရေးနှင့် ဆက်စပ်သည့် သီချင်းဟာသ ပြက်လုံး များကြောင့် အဆင့်ဆင့်ခေါ်ယူ သတိပေးမှုများ ရှိခဲ့ခြင်းနှင့် နိုင်ငံတော် ရုံးပိတ်ရက်များတွင် ယခင်ကဲ့သို့ လွတ်လွတ် လပ်လပ် ဖျော်ဖြေခွင့် မရရှိကြတော့ခြင်းတို့ကြောင့် အငြိမ့်သဘင် လောက ဆုတ်ယုတ် လာခဲ့ရသည်ဟု အငြိမ့်သဘင် ပညာရှင်များက ဆိုသည်။ ထို့အပြင် အငြိမ့်ပွဲများ အတွက် ဦးဆောင် ကျင်းပသူတို့၏ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းမှာ ပိုမိုကြီးလေးလာသဖြင့် အငြိမ့် သဘင်ငှားရမ်းမှု နည်းပါးလာကြ သည်ဟု ၎င်းတို့က ပြောသည်။

““၈၈ အရေးအခင်း နောက်ပိုင်းမှာ ဟိုနားတစ်ပွဲ ဒီနားတစ်ပွဲနဲ့ ပြန်လည် ကပြလာကြတဲ့ အခါမှာ နိုင်ငံတော်က စစ်အုပ်ချုပ်ရေး ဥပဒေတွေနဲ့ ပွဲမိန့်ဆိုပြီး ထုတ်ပြန်လိုက်တဲ့ အခါမှာ တစ်အချက် ရပ်ကွက် လူကြီးတွေက ဟိုနား မတ်တပ်ရပ်ရ၊ ဒီနား မတ်တပ်ရပ်ရနဲ့ တစ်ခုခုဖြစ်ရင် ခင်ဗျားတာဝန် ယူရမှာနော် ဆိုတဲ့ အချက်တွေကြောင့် တဖြည်းဖြည်းနဲ့ တစ်ယောက်ချင်း တစ်ယောက်ချင်းနဲ့ အငြိမ့်တွေက ပြုတ်သွား လိုက်ကြတာ။ ဒါ့ကြောင့်ပဲ အငြိမ့်သဘင် ဆိတ်သုဉ်းသွားရခြင်း ဖြစ်တယ်”” ဟု နန်းမြို့တော် ဇာတ် သဘင်ဆရာ၊ ယခင်အငြိမ့်သဘင် ဆရာတစ်ဦး ဖြစ်သူ မန္တလေးတိုင်း ဒေသကြီး သဘင်ပညာရှင်များ အစည်းအရုံး ဘဏ္ဍာရေးမှူး ဦးမြမောင်က ပြောသည်။

ယခင်က အာဇာနည်နေ့ ရောက်ပြီဆိုလျှင် ရပ်ကွက်တိုင်းမှ “အာဇာနည်နေ့ ကိုတော့ဖြင့် တို့မမေ့နိုင်ပါ သလေ”စသည်ဖြင့် အငြိမ့်များ ဆိုင်းဝိုင်းများမှ မင်းသမီးကြီးများ၏ သီချင်းဆိုသံများ ကြားကြရသည်။

၈၈ မတိုင်မီက မန္တလေးတိုင်း ဒေသကြီး အပါအ၀င်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင် ပြည်နယ် အပါအ၀င် နိုင်ငံအနှံ့ရှိ ဒေသများတွင် အာဇာနည်နေ့၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စု နေ့၊ အလုပ်သမားနေ့၊ မဟာသင်္ကြန် အစရှိသည့် နိုင်ငံတော် အသိအမှတ်ပြု အားလပ်ရက်များတွင် တစ်ရက် လျှင် နှစ်ပွဲဆက် ကပြကြရသည် အထိ နိုင်ငံတော်အစိုးရမှ အားပေးမှု ရှိခဲ့ကြောင်း ၎င်းက ထပ်မံပြော သည်။

မန္တလေးတွင် ယခင်က ဈေးချိုတော်ကြီး (၁၂) ရုံရှိသည်။ တို့အပြင် သံဖြူတန်း၊ ပန်းတန်းအစရှိသဖြင့် အပြင်ဘက်တွင် ဈေးတန်းများစွာ ရှိနေသေးသည်။ ဈေးချို ဈေးတန်းများမှာ နေ့ထူး နေ့မြတ်များတွင် ကိုယ်အဖွဲ့နှင့် ကိုယ်စုပေါင်းကာ အငြိမ့်ပွဲများ ငှားရမ်းကာ ကျင်းပခဲ့ကြသည်။ ထိုအခါက အငြိမ့်များသည် နေ့ပွဲ၊ ညပွဲစသည်ဖြင့် ပွဲဆက်များစွာဖြင့် ကပြကြရပြီး အချို့သောလများတွင် (၃၅) ပွဲအထိပင် ကပြကြရသည်ဟု အငြိမ့်သဘင် အနုပညာရှင်များက ဆိုသည်။

““ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် ရပ်ကွက်တိုင်းမှာ ဓမ္မာရုံတွေရှိတယ်။ ဓမ္မာရုံ လူကြီးတွေက နေ စုပေါင်းပြီးတော့ ရပ်ကွက်တိုင်းမှာ အငြိမ့်တွေ၊ ဇာတ်တွေအပြိုင် ကျင်းပကြတယ်။ ကျွန်တော်ကတော့ ဇာတ်သဘင်ထက် အငြိမ့်ကိုပိုကြိုက်တယ်။ မဆလ ခေတ်ဆိုတော့ ပါတီကို ပြက်လုံး ထုတ်ကြတယ်။ ခေတ်ကို သရော်တယ်၊ စနစ်ကို သရော်တယ်။ ဒီရပ်ကွက်ပြီးရင် ဟိုရပ်ကွက် အဲလို လှည့်ကြည့်ကြ တာ””ဟု မန္တလေးဒေသခံ ကာတွန်း ဆရာညီညီထွေးက ပြောသည်။

မြန်မာနိုင်ငံ ဒေသအနှံ့တွင် အငြိမ့်သဘင်၊ ဇာတ်သဘင်များစွာ ကပြနေကြသော်လည်း စာချုပ်စာတမ်း ခိုင်မာစွာဖြင့် ဖွဲ့စည်းထားသည့် အနုပညာ အငြိမ့်သဘင်နှင့် ဇာတ်သဘင်များသည် မန္တလေးမြို့တွင်သာ ရှိသည်။ နှစ်စဉ် တည်ထောင်ခွင့်ကို ၀ါဆိုလဆန်း (၁) ရက် နေ့မှ စတင်ကာ ပါမစ်ပြုလုပ်ကြရပြီး၊ ၀ါခေါင်လကွယ်နေ့တွင် နောက်ဆုံးအဖြစ် သတ်မှတ်ထားရှိကြောင်း မန္တလေးတိုင်းဒေသကြီး သဘင် ပညာရှင်များ အစည်းအရုံးမှ သိရသည်။

““မြန်မာ့ အနုပညာရှင်တွေ ဘက်က အားနည်းတာလည်း ပါပါတယ်။ နိုင်ငံတော်ဘက်က ပံ့ပိုးမှုမရှိတဲ့ အားနည်းချက်တွေလည်း ပါပါတယ်။ သဘင်အနုပညာ လောကအခုလို ဖြစ်သွားရတာ ကတော့ တစ်ဦး တစ်ယောက်တည်း ကြောင့်တော့ မဟုတ်ပါဘူး။ မင်းသားတွေ ဘက်ကလည်း စတိတ်ရှိုးလေး ကောင်း ကောင်း ဆိုတတ်ရင်ဖြစ်ပြီ။ မင်းသမီးတွေ ဘက်ကလည်း မလုံ့တလုံ အ၀တ်အစားလေးတွေ ၀တ်တတ် ရင်ဖြစ်ပြီလို့ ယူဆလာကြ တာတွေလည်း ရှိပါတယ်။ ကျွန်မတို့ရဲ့ အငြိမ့်သဘင်ပညာဟာ သက်တမ်း အားဖြင့် သိပ်မကြာတော့ဘူး။ ပျောက်ဆုံးတော့မယ်လို့ ကျွန်မထင်ပါ တယ်””ဟု အငြိမ့်မင်းသမီးကြီး ပန်တျာထိပ် သီးသန်းသန်းက ပြောသည်။

ယခင်က အငြိမ့်သဘင်များကို ရပ်ကွက် ပျော်ပွဲရွှင်ပွဲများ သာမက တက္ကသိုလ် ကျောင်းများတွင်လည်း ကပြ အသုံးတော်ခံကြရလေ့ ရှိခဲ့သည်။ တက္ကသိုလ် ကျောင်းသား ပညာတတ်များ နှင့် သဘင်စာရေး ဆရာများ မှလည်း တေးသီချင်း၊ အော်ပရာ၊ ပြဇာတ်များ၊ နောက်ပိုင်း ဇာတ်တော်ကြီးများ ရေးသားကာ အငြိမ့် သဘင်၊ ဇာတ်သဘင်များ အကျိုးပံ့ပိုးမှုများ ရှိခဲ့ကြသည်ဟု ၎င်းက ပြောသည်။

စစ်အုပ်ချုပ်ရေး ကာလအတွင်း အငြိမ့်သဘင်များကို နိုင်ငံတော်ပွဲများတွင် လည်းကောင်း၊ တပ်မတော် အတွင်း၌ လည်းကောင်း အသုံးပြုခဲ့ကြသည်။ နိုင်ငံတော်မှ ပြုလုပ် ကျင်းပခဲ့သည့် ဆိုကရေးတီး ပြိုင်ပွဲ များတွင် အစိုးရ၏ ထောက်ပံ့မှုများ ရှိခဲ့သော်လည်း စရိတ်စက မလောက်ငမှု များကြောင့် မိမိစရိတ်ဖြင့် စိုက်ထုတ်ကာ အသုံးတော်ခံခဲ့ ကြရသည်။ သို့သော် ယနေ့အချိန်အထိ သုခုမ သဘင်ပညာရှင်များ အပေါ်နိုင်ငံတော်၏ ထောက်ပံ့မှုသည် လုံးဝမရှိဖြစ်နေသည်ဟု အနုပညာရှင်များက ပြောသည်။

ထောက်ပံ့မှု အားနည်းသော်လည်း ဆိုကရေးတီး ပြိုင်ပွဲအချိန်များ နီးလာလျှင် နိုင်ငံတော်မှ သဘင် ပညာရှင်များကို သတိတရရှိသည် ဟုလည်း ၎င်းတို့က ဆိုသည်။

““နိုင်ငံတော်အစိုးရ အဆက်ဆက်ကတည်းက သဘင်က ကျရာနေရာက အလုပ်လုပ်လာတာ။ အခုမှ မဟုတ်ဘူး။ နေရာပေးဖို့ ကောင်းလာပြီ။ သဘင်၊ ဂီတနဲ့ ရုပ်ရှင်ကို နိုင်ငံတော် သမ္မတကြီးက တွေ့ဆုံ တယ်။ ရုပ်ရှင်ကို ဘာတွေ ပေးလိုက်တယ်၊ ဂီတကို ဘာတွေ ပေးလိုက်တယ် ဆိုတဲ့ အသံတွေပဲ ကြားရ တယ်။ ဘယ်မလဲ သဘင်ကို ဘာတွေပေးဖူးသလဲ။ ဟိုးတုန်းကတည်းက သဘင်ကို နေရာပေးရမှာပါ။ သဘင်ကို အသိအမှတ် ပြုရမှာပါ””ဟု လူရွှင်တော်များ ပရဟိတအဖွဲ့မှ ဟာသ လူရွှင်တော် ကိုဂွတ်ရှယ် က ပြောသည်။

သဘင်အနုပညာ ဖွံ့ဖြိုးတိုးတက် စေလိုပါကသဘင်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေကြသောဆိုင်းများ၊ သဘင်နှင့် ဇာတ်များ၊ အငြိမ့်များ၊ ဘိသိက်များကို ပွဲမိန့်ချောမွေ့လွယ်ကူစွာ ရရှိစေရေး၊ ပွဲမိန့်တိုင်းတွင် မြို့နယ်သဘင် အဖွဲ့အစည်း အသီးသီးရဲ့ ထောက်ခံချက် ပါရှိရေး၊ ကပြနေကြသော ဇာတ်များ၊ ဆိုင်းများ၊ အငြိမ့်များ၊ ဘိသိက်များ အတွက် လုံခြုံရေး အပြည့်အ၀ တာဝန်ယူပေးရေး၊ ဇာတ်သဘင်တိုင်း၊ အငြိမ့် သဘင်တိုင်း၊ မြန်မာ တစ်နိုင်ငံလုံးတွင် တစ်နှစ်စာပွဲကြေး ကြိုတင်ပေးရသည့် နေရာမှာ မန္တလေးမြို့ တစ်ခုသာ ရှိသည့်အတွက် သဘင်အနုပညာ လောကတွင် လာရောက် လိမ်လည်နေကြသော အကျင့် ပျက်များကို တရားဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သည့် နေရာတွင် ဥပဒေရေးဆိုင်ရာ ၀န်ထမ်း များကို အပြည့်အ၀ တာဝန်ယူ ဆောင်ရွက်ပေးနိုင်ရေး၊ လမ်းကြေး၊ တံတားကြေး၊ မြို့ဝင် မြို့ထွက် ဇာတ်များ၊ ဆိုင်းများ၏ မော်တော်ယာဉ်များ လွယ်ကူချောမွေ့စွာ အတားအဆီးမရှိ ၀င်ထွက်သွား လာနိုင်ရေး စသည်တို့အပြင် ရုပ်ရှင်မြို့တော်အဖြစ် တည်ဆောက်ရန် အတွက် ရုပ်ရှင်အိမ်ရာ စီမံကိန်းကို တောင်းဆိုတဲ့ နေရာတွင် အဆင်ပြေ သွားသကဲ့သို့ မန္တလေးတိုင်း ဒေသကြီးတွင် သဘင်မြို့တော် တည်ဆောက်ရေးနှင့် သဘင် အိမ်ရာစီမံကိန်း အတွက် သဘင် ပညာရှင်များသို့ ချီးမြှင့်ရန် လို အပ်ကြောင်း မန္တလေးသဘင် ပညာရှင်များ အစည်းအရုံး အတွင်းရေးမှူး ဦးပေါက်ကျိုင်းက ပြောသည်။

ယခုအခါ မန္တလေးမြို့ရှိ မြန်မာ့သုခုမ သဘင်အနုပညာရှင်များ အငြိမ့်၊ ပြဇာတ်နှင့် ဆိုင်းဝိုင်းများ ဇာတ်တိုက် ကြသည့် အခါတွင် ၎င်းတို့နေထိုင်ရာ ပတ်ဝန်းကျင်၏ ငြိုငြင်မှုများကြောင့် မန္တလေးမြို့နှင့် ဝေးရာ တံတားဦးမြို့နယ်တွင် လည်းကောင်း၊ မန္တလေးမြို့၏ အရှေ့ဘက် ရန်ကင်း တောင်ခြေ သို့မဟုတ် ဆိတ်ငြိမ်ရာ အရပ်ဒေသများတွင် သယ်ယူ ပို့ဆောင်ရေး စရိတ်စကများစွာ အကုန်အကျခံကာ သွားရောက်ပြီး တီးလုံးတိုက်ကြ ရလေ့ရှိကြောင်း သဘင် အနုပညာရှင်များထံမှ သိရသည်။

““ကျွန်တော်တို့ ဇာတ်တွေမှာ ဆိုင်းတွေ ဇာတ်တွေ တကယ်တမ်း တီးလုံး တိုက်ကြတဲ့ အခါ ဒုက္ခ ရောက်ပြီ။ ဘာလို့လဲဆိုရင် လေးနာရီကျော်ရင် ခဲနဲ့ ပစ်တာတို့ပေါ့။ ကျွန်တော်တို့ လုပ်သင့် လုပ်ထိုက်တဲ့ နေရာကို မရှိဘူး။ အဲဒါတွေကြောင့် က၊ွန်တော်တို့ကို သဘင်ခြံပေးပါလို့ တိုင်ဒေသကြီး ၀န်ကြီးချုပ်နဲ့ တွေ့တဲ့အခါ တောင်းဆိုမယ်။ တီးလုံးတိုက်ဖို့ အတွက်ပါ။ ဒီလိုမှ ချမပေးနိုင်ဘူးဆိုရင် အမျိုးသား ဇာတ်ရုံ ကြီးကို ကျွန်တော်တို့ သဘင်တွေ တီးလုံးလာတိုက်မယ်။ ကျွန်တော်တို့မှာ တံတားဦးကို သွားပြီးတော့ ဇာတ်တိုက်ရ၊ ရန်ကင်းတောင်ကို သွားပြီးတော့ ဇာတ်တိုက်ရနဲ့ စရိတ်စကတွေ ကုန်ကြနဲ့ ဖြစ်နေကြရ တယ်””ဟု မန္တလေးတိုင်း ဒေသကြီး သဘင်ပညာရှင်များ အစည်းအရုံး နာယက ဦးမွတ္တားက ပြောသည်။

ယခင်က နိုင်ငံတော်၏ အစီအစဉ်ဖြင့် နိုင်ငံတကာသို့ သွားရောက်ကာ ကပြခဲ့ကြရသည့် သဘင်ပညာရှင် များစွာ ရှိခဲ့ကြသည်။ ဆိုဗီယက်ပြန် နွဲ့နွဲ့စန်း၊ ယိုးဒယားပြန် အမာစိန်အစရှိသည့် သဘင်ပညာရှင်ကြီး များကို နိုင်ငံတော် အစီအစဉ်ဖြင့် ချစ်ကြည်ရေး ခရီးစဉ်များ၊ ယဉ်ကျေးမှု ဖလှယ်ပွဲများ စသည်ဖြင့် စေလွှတ်ခဲ့ကြသည်။

ယခုအခါတွင် စေလွှတ်မှုများ ရှိသော်လည်း လက်ရှိသဘင် ပညာရပ်ဖြင့် အောင်မြင်စွာ အသက်မွေး ၀မ်းကျောင်းပြုသူများကို စေလွှတ်မှု မရှိတော့ဘဲ ယဉ်ကျေးမှု ၀န်ကြီးဌာန မှ သဘင် ပညာရှင်အချို့ကိုသာ စေလွှတ်မှုရှိခဲ့သည်။


The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
အပြည့်အစုံသို့ >>

**ရွှေဆန်**

Thursday, July 31, 2014
ဟန်လင်းအောင်
ကမ္ဘာ တစ်ဝန်း ဗီတာမင် အေ ချို့တဲ့သည့် ကလေးငယ် သန်း (၂၅၀) လောက် ရှိသည်။ ထိုပမာဏ၏ သုံးပုံနှစ်ပုံသည် ကျောင်းနေ အရွယ် မတိုင်မီ ကလေးငယ်များ ဖြစ်သည်။ ဗီတာမင် အေ ချို့တဲ့ ခြင်းကြောင့် ကမ္ဘာတစ်ဝန်း ကလေးငယ်နှင့် အမျိုးသမီး သန်းနှင့် ချီပြီး မျက်စိ ကွယ်ခြင်း မှသည် သေဆုံး ခြင်းများထိ နှစ်စဉ် ဖြစ်ပွားနေသည်။

ကလေးများ စားသောက် ရသည့် အစားအစာများ ထဲတွင် အဓိက အသက် ဓာတ်ဖြစ်သော ဗီတာမင် “အေ ချို့တဲ့ခြင်း သို့မဟုတ် လုံးဝမပါခြင်း မျိုး နှစ်ရှည် ဖြစ်ပွားနေပါက ကလေးများသည် ငယ်စဉ် မှာပင် မျက်စိ ကွယ်ရသည်။ ဗီတာမင် “အေ ချို့တဲ့သော ကလေးများသည် အခြား ကလေးများနှင့် ယှဉ်လျှင် ကူးစက်ရောဂါ အမျိုးမျိုးကြောင့် သေဆုံးနိုင်ခြေလည်း ပိုများသည်။

ဂျွန်ဟော့ကင်း တက္ကသိုလ် သုတေသနအဖွဲ့ က ၁၉၉၂ ခုနှစ်တွင် တွက်ချက်မှု အရ ဗီတာမင် “အေ သာလုံလောက်အောင် ဖြည့်ဆည်းပေးနိုင် လျှင် ကမ္ဘာတစ်ဝန်း တစ်နှစ်ကို ကျောင်းနေအရွယ် မရောက် သေးသော ကလေးငယ် သေဆုံးနှုန်းကို (၁ ဒသမ ၃) သန်းမှ (၂ ဒသမ ၅) သန်း ကြားထိ လျှော့ချနိုင် မည်ဟု ဖော်ပြထားသည်။

ဗီတာမင် အေ ဖြန့်ဖြူးရေး လှုပ်ရှားမှုများစွာလည်း လုပ်ခဲ့ကြသည်။ သို့သော် ကုန်ကျစရိတ်များခြင်း၊ ရေရှည် မတည်မြဲခြင်း တို့ကြောင့် ထိ ရောက်သင့် သလောက် မထိရောက်ခဲ့။ ထို့အပြင် အလိုအပ်ဆုံး ဖြစ်နေသော ဝေးလံခေါင်သီ ကျေးလက်ဒေသများဆီက လူစုများဆီ အရောက်မလှမ်း နိုင်ခဲ့။ အလုပ် မဖြစ်သော နည်းလမ်းများ ရပ်သွားပြီးနောက် အလုပ်ဖြစ်မည့် အစီအစဉ်ကို စဉ်းစားကြသည်။

လူတိုင်း အစားစားကြသည်။ ကမ္ဘာ့ လူသား အများစုကြီး ဆန်ကိုစားပြီး အသက်ဆက်ကြသည်။ သို့ဖြစ်ရာ လူတိုင်းလိုလို နေ့တိုင်း စားနေကြ သော ဆန်ကို ဗီတာမင် အေ ပြည့်ဝအောင် လုပ်ပေး ခြင်းဖြင့် ပြဿနာကို ဖြေရှင်းနိုင်မည်ဟု အဖြေ ထွက်လာသည်။ ဆန်ကို ဗီတာမင် အေ ပြည့်ဝအောင် လုပ်ပေးလိုက်ခြင်းဖြင့် နေ့စဉ် စားနေသောက်နေရင်းဖြင့်ပင် လူတိုင်း ဗီတာမင် အေ ပြည့်ဝနေကြမည်ဟု ပညာရှင်များ အကြံရခဲ့ကြသည်။ ထိုနည်းလမ်း သည်သာ ကမ္ဘာတစ်ဝန်း ကလေးနှင့် မိခင်များ ဗီတာမင် အေ ချို့တဲ့ ခြင်းကြောင့် မျက်စိကွယ်ခြင်းနှင့် သေဆုံးခြင်းများကို လျှော့ချနိုင်မည်။

ထိုသို့သော လူသားများကို အကျိုးပြုမည့် ဆန်တစ်မျိုးလည်း ပေါ်နေပြီ။ Golden Rice (ရွှေဆန်) ဟု တင်စား ခေါ်ဝေါ်ကြသည်။ စမ်းသပ်မှု နောက်ဆုံး အဆင့်ရောက် နေပြီဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက ၂၀၁၆ ခန့်တွင် ထမင်းစားပွဲပေါ် ရောက်လာနိုင်တော့မည်ဖြစ်သည်။ ဗီတာမင် “အေ” ကြွယ်ဝသော ရွှေဆန် သုတေသနကို အမေရိကန်နိုင်ငံ ရော့ဖဲလား ဖောင်ဒေးရှင်းနှင့် ဥရောပသမဂ္ဂတို့၏ ရန်ပုံငွေဖြင့် စတင် ခဲ့ခြင်း ဖြစ်သည်။ ဆန်ကို ဗီတာမင် အေ ကြွယ်ဝအောင် မျိုးဗီဇပြုပြင်ယူ မည်ဖြစ်သည်။ ဆန်တွင် ဘီတာ ကရိုတင်းဟု ခေါ်သော ဓာတ်တစ်မျိုး ထည့်သွင်းမည်။ ထိုဓာတ်သည် မုန်လာဥနီ၊ သခွားမွှေးသီး စသည် တို့ကို လိမ္မော်ရောင်ရှိအောင် လုပ်ပေးသောဓာတ်လည်း ဖြစ်သည်။ ထိုဓာတ်သည် လူ့ခန္ဓာကိုယ်ထဲ ရောက်လျှင် ဗီတာမင် “အေ” အဖြစ် ပြောင်းလဲသွားသည်။ ရွှေဆန်သည် ဘီတာ-ကရိုတင်း ကြွယ်ဝ အောင် မျိုးဗီဇ ပြုပြင်ယူ ထားသော ဆန်မျိုး ဖြစ်သည်။

သုတေသနကို ၁၉၉၉ ခုနှစ်ခန့်ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံမှ မျိုးဗီဇဆိုင်ရာ သုတေသန ပညာရှင် နှစ်ဦးဖြစ်သော အင်ဂိုပိုထရီကတ်စ်နှင့် ပီတာဘေယာတို့ ကြိုးပမ်းခဲ့ကြခြင်း ဖြစ် သည်။ မျိုးဗီဇ ပြုပြင်ထားသော စပါးကို စမ်းသပ်စိုက်ပျိုးကြည့်ပြီး ထွက်လာသော ဆန်ကို စစ်ဆေး ကြည့် သည်တွင် ဆန်စေ့သည် သရက်သီးမှည့်၏ အသားအလား လိမ္မော်ရောင် တောက်တောက် ထွက်လာ သည်။ ဆန်စေ့ကို လိမ္မော်ရောင် တောက်တောက် မြင်ရသည်မှာ သဘာဝ မကျသော်လည်း စားသုံး ကြည့်ပါက လက်ရှိဆန်များနှင့် အရသာချင်းမည်သို့မျှ မကွဲပြားကြောင်း တွေ့ခဲ့ရသည်။ စားလိုက်ပါက ဗီတာမင် အေ အဖြစ် ပြောင်းလဲမည့် ဘီတာကရိုတင်းဓာတ် ကြွယ်ဝစွာ ပါဝင်ခြင်းကြောင့်သာ ဆန်စေ့ သည် လိမ္မော်ရောင် ဖြစ်နေခြင်းဖြစ် သည်။

သို့သော် ကန့်ကွက်မှုများ ပေါ်လာသည်။ သဘာဝအတိုင်း မဟုတ်ဘဲ မျိုးဗီဇ ပြုပြင်ယူထားသော ဆန်သည် လူသားများကို ဒုက္ခပေးလိမ့်မည် ဟု သဘာဝပတ်ဝန်းကျင် အရေးလှုပ်ရှားသူများက ကန့်ကွက်ခဲ့ကြသည်။ စည်းရုံးရေး လှုပ်ရှားမှုများ အကြီးအကျယ် လုပ်ကာ ဆန့်ကျင်ခဲ့ကြသည်။ သိပ္ပံ နည်းကျ ရှုကြည့်မည် ဆိုပါက မျိုးဗီဇ ပြုပြင် ထားသော စားသောက်စရာတစ်မျိုးသည် စံဩန်းနှင့် ကိုက်ညီမည်ဆိုပါက သဘာဝ အစားအစာ တစ်မျိုးအဖြစ် သတ်မှတ်နိုင်ပြီး လူသားများ စားသုံးလျှင်လည်း မည်သို့မျှ အန္တရာယ် မဖြစ်နိုင်။

ကန့်ကွက်သူများ ရှိနေသလို ထောက်ခံသူများလည်း ရှိသည်။ ဘီဂိတ်မောင်နှံ ထူထောင်ထားသော ဂိတ်ဖောင်ဒေးရှင်း အပါအ၀င် နိုင်ငံတကာ ပရဟိတ အဖွဲ့ကြီးများက ကမ္ဘာတစ်ဝန်း ဗီတာမင် အေ ချို့တဲ့မှု တိုက်ဖျက်ရေးတွင် ရွှေဆန်သည် လုံးဝ လိုအပ်သည့် လက်နက်ကောင်းကြီး ဖြစ်ကြောင်း သဘော ထားရှိကြသည်။ ထို့ကြောင့်ပင် ကန့်ကွက်မှုများကြားမှပင် သုတေသနလုပ်ငန်းများ အရှိန်ကောင်း ကောင်း ဆက်သွားနေနိုင်ခြင်း ဖြစ်သည်။

ရွှေဆန်သည် လူသား စားသုံးလို့ရသော ဆန်မျိုးဖြစ်ကြောင်း သိပ္ပံပညာအရ သက်သေပြနိုင်နေပြီ ဖြစ် သည့်တိုင် လက်တွေ့ စားသုံးနိုင်ကြစေ ရန်ကား လူသားနှင့် နီးစပ် မှုရှိအောင် ထပ်တိုး သုတေသနပြု ဖြည့်စွက်မှု များ ပြုရဦးမည်ဖြစ်သည်။ ရွှေဆန်ဟူ၍ စပါး မျိုး တစ်မျိုးတည်းကိုပဲ တစ်ကမ္ဘာလုံး စိုက် ခိုင်းလို့မဖြစ်နိုင်။ လုပ်ရမည်မှာ ဒေသအလိုက် စိုက်နေကြသော စပါးမျိုးများကို ဘီတာ-ကရိုတင်းဓာတ် ကြွယ်ဝအောင် စနစ်တကျ မျိုးဗီဇ ပြုပြင် ပေးရမည်ဖြစ်သည်။ သို့မှသာ လူသား များသည် လက်ရှိ စားသုံး နေသည့် ပုံစံအတိုင်း ဆက်စားသုံးနေရုံဖြင့်ပင် ဗီတာမင် အေ လောက်ငသူများ ဖြစ်လာကြမည်။

၂၀၀၉ ခုနှစ်တွင် လုပ်ထားသော သုတေသနတစ်ရပ်အရလည်း ရွှေဆန်သည် ဗီတာမင် အေ ကြွယ်ဝစွာ ပေးနိုင်သော အစားအစာဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။ဗီတာမင် အေ ဆေးပြားများ သောက်သုံး ခြင်းထက် ပင်ပို၍ ထိရောက်သော နည်းလမ်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ စားသောက် ကုန်လုပ်ငန်း များမှ ကျွမ်း ကျင် အရသာခွဲခြား ပညာရှင်များ၏ စမ်းသပ်ချက်အရလည်း ရွှေဆန်သည် ပုံမှန်ဆန်များနှင့် အရသာချင်း တစ်ပုံစံတည်းဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် ရွှေဆန် စမ်းသပ်မှု စီမံကိန်းကို ဖိလစ်ပိုင်နိုင်ငံတွင် ပြုလုပ်လျက်ရှိသည်။ စိုက်ခင်း ငါးခင်းတွင် စိုက်ပျိုးကြည့် နေသည်။ ဒေသခံ လယ်သမားများ လက်တွေ့ စိုက်ပျိုးလျှင် အစစအရာရာ အဆင်ပြေစေရန် လက်တွေ့ စမ်းသပ်နေသည်။ ထို့အပြင် စားသုံးသူများအတွက် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် သတ် မှတ် အာဟာရပြည့်ဝရေးအတွက်လည်း စမ်းသပ်လျက်ရှိသည်။ စမ်းသပ် မှုများ ပြည့်စုံပါက ခွင့်ပြုချက် တင်သွင်းသွားမည် ဖြစ်ပြီး အားလုံး ချောမွေ့ပါက ၂၀၁၆ ခန့်တွင် လက်တွေ့ စတင်စိုက်ပျိုးနိုင်တော့ မည်ဖြစ်သည်။

ဘာကြောင့် ဆန်ကို ရွေးတာလဲ

ဆန်သည် ကမ္ဘာ့ လူသား ထက်ဝက်ခန့်၏ နေ့စဉ် စားစရာဖြစ်သည်။ အာရှနိုင်ငံများဘက်တွင်ကား ပြည်သူများ နေ့စဉ် ရရှိနေသည့် ကယ်လိုရီ ပမာဏ သုံးပုံနှစ်ပုံထိသည် ဆန်မှ ဖြစ်သည်။ တစ်ကမ္ဘာလုံး အတိုင်းအတာ အနေနှင့်ကား ကမ္ဘာ့ပြည်သူများ ရရှိ နေသည့် ကယ်လိုရီ ငါးပုံတစ်ပုံသည် ဆန်မှ လာခြင်းဖြစ်သည်။ သို့သော် ဆန်ကို အဓိက စားစရာ အဖြစ် မှီခိုနေရသည့် နိုင်ငံများတွင် ဗီတာမင် အေ ချို့တဲ့မှုလည်း အဆိုးဆုံး ဖြစ်နေသည်ကို တွေ့ရပြန်သည်။ ဖြူစင်သော ဆန်သည် လူသားများ စွမ်းအင် ရရှိရေး ရင်းမြစ်ကြီး ဖြစ်သည်။ သို့သော် ထိုဆန်ဖြူတွင် လူသားအတွက် လိုအပ်သော ဗီတာ မင်နှင့် ဓာတ်သတ္တု လုံလောက်စွာ ပါဝင်ခြင်း မရှိ။ ဆန်စေ့များထဲတွင် ဗီတာမင် “အေ မပါသလောက် ဖြစ်သည်။ သို့ဖြစ်ရာ ရွှေဆန် သုတေသနမှ ထွက် လာမည့် ဆန်စေ့သည် ကလေးတစ်ဦး နေ့စဉ်လိုအပ်သည့် ဗီတာမင် အေ (၆၀) ရာခိုင်နှုန်းထိ ဖြည့် ဆည်းပေးနိုင်အောင် စမ်းသပ်လျက်ရှိသည်။

ရွှေဆန်ကို လက်တွေ့ စိုက်ပျိုးနိုင်ပါက နိုင်ငံများအတွက် စီးပွားရေးအရလည်း များစွာ အကျိုးပြုမည် ဖြစ်ကြောင်း စိုက်ပျိုးရေး ဘောဂဗေဒ ပညာရှင် အလက်ဇန်းဒါး စတိန်းက ပြောသည်။ လူအများ အထင် အမြင် လွဲနေကြသကဲ့သို့ ရွှေဆန် စိုက်ပျိုးခြင်း ဖြင့် ထိုဆန်ကို တီထွင်သည့် လူတစ်စုသာ ချမ်းသာ သွား ကြမည် ဆိုခြင်းမျိုးလည်း မရှိနိုင်။ ဘက်စုံ ဘေးအန္တရာယ် ကင်းရှင်းရေး စမ်းသပ်မှုများ ခံယူပြီးမှ လက်တွေ့ စိုက်ပျိုး ထုတ်လုပ်မည် ဖြစ်ရာ လူသားများ အတွက် အန္တရာယ်ဖြစ် မှာလည်း ပူရန်မလို။ လယ်သမား ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ် ရောင်းချနိုင်အောင် နည်းပညာများ ပေးအပ် သွားမည်ဖြစ်သည်။ ရွှေဆန်ကို စိုက်ပျိုးစေခြင်းသည် ဟင်းစားပေးခြင်းမျိုး မဟုတ်ဘဲ ကွန်ချက်ကိုပါ ပြသပေးမည့် ပုံစံမျိုးဖြစ် သည်။ ငါးတွေ လက်ထဲ ထည့်ပေးခြင်းမျိုး မဟုတ်ဘဲ ငါးဖမ်းတတ်အောင် သင်ပေးပြီး ဆင်းရဲသော လယ်သမားများ ကိုယ်တိုင် ကြီးပွားရေး လျှောက်လှမ်းနိုင်စေမည့် အစီအစဉ်သာ ဖြစ်ကြောင်း အလက်ဇန်းဒါး စတိန်းက ပြောသည်။

လယ်သမားတွေအနေနဲ့ ရွှေဆန်ကို ဦးဆုံးတစ်ကြိမ်သာ မျိုးစိတ်ရယူ စိုက်ပျိုးရန်လိုအပ်ပြီး နောက်ပိုင်းတွင် မိမိလယ်မှ ထွက်သော စပါးကိုပင် နောက်တစ်ရာသီမှာပြန် အသုံးပြုကာ စိုက်ပျိုးနိုင်ကြမည်ဖြစ်ကြောင်း၊ သမားရိုးကျ စိုက်ပျိုးနည်းများအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ကြောင်း ဖိလစ်ပိုင် နိုင်ငံရှိ ဆန်စပါး သုတေသန သိပ္ပံမှ ရွှေဆန် စီမံကိန်း အဖွဲ့ခေါင်းဆောင်က ပြောသည်။

ကျွန်တော်တို့ လိုချင်တာက ရွှေဆန်ကို လူတိုင်း စားသုံးကြပြီး ဗီတာမင် အေ ချို့တဲ့နေတဲ့ ပြဿနာ ပြေလည် သွားဖို့သာ ဖြစ်ပါတယ်။ ဗီတာ မင် အေ ချို့တဲ့မှုကြောင့် ကလေးတွေ မျက်စိကွယ်နေရတာ၊ သေဆုံးနေရ တာတွေ လျော့ကျ သွားဖို့သာ ဖြစ်ပါ တယ်။ စီးပွားရေး အရ အမြတ်ထုတ်ဖို့မ ဟုတ်ပါဘူး ဟု ၎င်းက ပြောသည်။

ရွှေဆန် သုတေသန အစဦးပိုင်းချိန်များတုန်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ဖူးသော အစိမ်းရောင် ငြိမ်းချမ်းရေး လှုပ်ရှားမှု အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သော ပတ်ထရစ်မိုး ကလည်း စိတ်အား ထက်သန် စွာဖြင့် သုတေသန ရှေ့ဆက်တိုးပြီး လက်တွေ့ အကောင်အထည် ပေါ်လာအောင် လုပ်ကို လုပ်ကြရ မယ်။ ရှေ့ဆက်တိုးနိုင်တဲ့ အစွမ်းမရှိကြဘူး ဆိုရင် ကမ္ဘာတစ်ဝန်း တစ်နှစ်ကို ကလေး နှစ်သန်းလောက် သေဆုံးနေရတာကို တာဝန်မဲ့ ပစ်ထားရာ ရောက်မယ် ဟုပင် ထောက်ခံအားပေးစကား ပြောကြားထားပြီ ဖြစ်သည်။

Ref: A Miracle Rice Could Save Millions Of Lives by Antonio A. Alfonso (Business Insider)

The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
အပြည့်အစုံသို့ >>

Telenor မှ 4G ဆင်းကတ် သန်း (၃၀) စတင် ရောင်းချပေးမည်

Thursday, July 31, 2014
ရန်ကုန် - စိုးစည်သူ
Telenor မှ 4G အထိ အသုံး ပြုနိုင်သည့် မိုဘိုင်း ဆင်းကတ်သန်း (၃၀)အား (၁၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချမည် ဖြစ်သည်။ အဆိုပါ ဆင်းကတ်များ တွင် Video Call, Voice Mail, Internet, SMS စသည့် ၀န်ဆောင်မှု များကိုလည်း ထည့်သွင်း ဆောင်ရွက် ထားကြောင်း Telenor Mynmar မှ သိရသည်။ Telenor အနေနဲ့တော့ စပြီးကတိ ပေးထားတဲ့ အတိုင်း လိုင်စင်ရပြီး ရှစ်လ အကြာ မှ ရောင်းချပေးမယ်။ ဆင်းကတ်က 2G,3G သုံး လို့ ရပါတယ်။ ဈေးနှုန်း ချိုသာတဲ့ ဟန်းဆက်ကိုပါ ရောင်းချပေးဖို့ စီစဉ် ထားတယ် ဟု Telenor Myanmar မှ ပြန်ကြားရေ တာဝန်ခံ ကိုစိုးသူက ပြောသည်။ 4G အထိ အသုံးပြုနိုင်သည့် ဆင်းကတ် များအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ပြီး ဆင်းကတ် ၀ယ်ယူရာတွင် မှတ်ပုံတင် တစ်ခုဖြင့် လိုသလောက် ၀ယ်ယူ နိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆင်းကတ်များ၏ ဈေးနှုန်း အားကျပ် (၁၅၀၀) သတ်မှတ်ထား သော်လည်း ငွေဖြည့်ကတ်မှာမူ တစ်မိနစ် (၂၅) ကျပ်နှုန်းဖြင့် အကြမ်းဖျင်း သတ်မှတ်ထားပြီး အင်တာနက် အသုံးပြုခမှာ လက်ရှိ MPT ဈေးနှုန်းထက် လျော့နည်းသွား မည် ဖြစ်ကြောင်း Telenor Mynmar မှ သိရသည်။

ဘယ်သူပဲ ရောင်းရောင်း ဈေးသက်သာပြီး လိုင်းကောင်းတဲ့ ဆင်းကတ်ကိုပဲ ၀ယ်မှာပါ။ အခုသုံးနေတဲ့ MEC ဆင်းကတ်ဆိုရင် လိုင်းမမိတာနဲ့ တော် တော် စိတ်ညစ်ရတယ် ဟု ကုမ္ပဏီဝန်ထမ်း မနွယ်နီဝင်းက ဆိုသည်။ လက်ရှိ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍ အဆင့်မြှင့်တင်ရန် မြန်မာ့ဆက်သွယ် ရေးလုပ် ငန်း၊ ရတနာပုံ တယ်လီပို့၊ Ooredoo နှင့် Telenor တို့ ယှဉ်ပြိုင် လုပ်ကိုင်နေပြီး ယင်းထဲမှ Ooredoo သည် ပြည်သူများအား စိတ်ဝင်စားဖွယ် ၀န်ဆောင်မှုများဖြင့် စတင် ရောင်းချပေးလျက် ရှိသည်။


The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
အပြည့်အစုံသို့ >>

သင့်စမတ်ဖုန်းအား Walkie Talkie အဖြစ် ပြောင်းလဲပေးမည့် ကိရိယာ

Thursday, July 31, 2014
သင့်အနေဖြင့် တောတွင်း၌ လမ်းလျှောက်ခြင်း ကိုဖြစ်စေ၊ သို့မဟုတ် တောင်တက်ခြင်း ကိုဖြစ်စေ နှစ်သက်သူ ဖြစ်ပါက goTenna ကို ယခုပင် ၀ယ်ယူ အသုံးပြုသင့် သည်ဟု အကြံပေးလို ပါသည်။ အဘယ်ကြောင့် ဆိုသော် စမတ်ဖုန်း ဆိုသည်မှာ ၄င်းအတွက် ထုတ်လွှင့် ပေးထားသော ဧရိယာ အ၀န်း၌သာ ဖုန်းလိုင်း မိခြင်းသာ ဖြစ်ပြီး သတ်မှတ်နေရာ ကျော်သွားပါက သင့်ကို ဆက်သွယ်မှု ဧရိယာပြင်ပတွင် ရောက်ရှိနေတော့ မည်ဖြစ် သည်။

၎င်းအချိန်၌ သင့်အတွက် ဆက်သွယ်မှု တစ်စုံတစ်ရာ လိုအပ်လာပါက ဧ၇ိယာရှိသောနေရာ ၊မြို့ပေါ်တွင် နေထိုင်သော သူများအတွက် တစ်စုံတစ်ရာ အရေး မကြီးသော်လည်း ယခုကဲ့သို့ တောတွင်း ၊တောင်ပေါ် များ၌ ရောက်ရှိနေပါက စိတ်ပူပန်မှုကို ဖြစ်ပေါ်စေပေလိမ့်မည်။

goTenna ဆိုသည်မှာ ရေဒီယိုလှိုင်းများကို အသုံးပြု၍ မိုင် ၅၀ ပတ်လည်အတွင်း ဖုန်းလိုင်းမရှိသည့် နေရာ၌ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ဆောင်ရွက်နိုင်ရန် လုပ်ဆောင်ပေးမည့် ကိရိယာဖြစ်ပါသည်။ သို့သော် ထိုသို့အချင်းချင်း ဆက်သွယ်ဆောင်ရွက် ရန်အတွက် တစ်ဦးနှင့်တစ်ဦး goTenna ပစ္စည်း ကိ၇ိယာ တစ်ခုစီ ကိုင် ဆောင်ထားရမည်ဖြစ်ပေသည်။

goTenna ပစ္စည်းအနေဖြင့် Bluetooth မှတစ်ဆင့် မည့်သည့် iOS၊သို့မဟုတ် Android နှင့်မဆို ချိတ်ဆက် အသုံးပြုနိုင်ပြီး တစ်ဦးနှင့်တစ်ဦး Message များအပြန်အလှန်ပေးပို့ခြင်း၊ မြေပုံများအပါအ၀င် GPS တည်နေရာများ Share လုပ်နိုင်ခြင်းတို့ကို မိုင် ၅၀ အတွင်း လုပ်ဆောင်နိုင်သောကြောင့် သင့် အနေဖြင့် လမ်းပျောက်နေခြင်းများ၊ အုပ်စုနှင့်ကွဲကွာသွားခြင်းများ အစရှိသည့် အဖြစ်အပျက်များအတွက် စိုးရိမ်ပူပန်မှု ရှိနေရန် လိုအပ်တော့မည်မဟုတ်ပေ။

ကိရိယာကို ကျောပိုးအိတ်နောက်ကျော၌ တပ်ဆင်ထားရုံဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး မက်ဆေ့ခ်ျများ အပြန်အလှန်ပေးပို့ခြင်း၊ Share လုပ်ခြင်းများအတွက်မူ သင့်အနေဖြင့် ငွေကြေးတစ်စုံတစ်ရာ ကုန်ကျမည် မဟုတ်ချေ။

ထို့အပြင် မက်ဆေ့ခ်ျပေးပို့မှုအား မရောက်မချင်း အလိုအလျောက်ဆက်တိုက်ပေးပို့နေမည်ဖြစ်ပြီး ရောက်ရှိ သွားပါကလည်း ရောက်၇ှိကြောင်းကို ပြန်လည်ဖော်ပြပေးမည်ဖြစ်ပေသည်။ စွမ်းအင်အနေဖြင့် ထူးခြားချက်မှာ အားအပြည့်သွင်းရန် ၇၂ နာရီအသုံးပြုရမည်ဖြစ်သော်လည်း ထိုသို့အားသွင်းပြီးပါက ရက်ပေါင်း ၁၅၀ အထိအသုံးပြုနိုင်မည်ဖြစ်ပေသည်။ တန်ဖိုးအနေဖြင့် အမေရိကန် ၁၉၉ ဒေါ်လာ ကျသင့်ကြောင်း သိရှိရပါသည်။



Ref:DM
WorldWide(BMSTU)
TechSpace Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
အပြည့်အစုံသို့ >>

မည်သည့် User Manual ကိုမဆို အွန်လိုင်းမှာ ရှာဖွေခြင်း

Thursday, July 31, 2014
သင့်ရဲ့ပီစီ၊ တက်ဘလက်သို့မဟုတ် အခြားသော device အဟောင်းတွေ သို့မဟုတ် အသစ်တွေ အတွက် သုံးစွဲသူ လမ်းညွှန်ချက် စာအုပ် လိုအပ် ပါသလား ? Robert Zak က သင့် အနေဖြင့် သုံးစွဲသူ လမ်းညွှန် စာအုပ် User Guide များကို အွန်လိုင်းမှာ ဘယ်နေရာတွေ ကနေ ရှာဖွေလို့ ရနိုင်မလဲ ဆိုတာ တင်ပြ ထားပါတယ်။

ခေတ်သစ် hardware ပစ္စည်း တွေဖြစ်တဲ့ ပီစီ များမှသည် ရေခဲသေတ္တာ တွေအထိ သူတို့နဲ့အတူ အသုံးပြုမှု လမ်းညွှန် စာအုပ်များနဲ့အတူ လာကြ ပါတ်ယ။ အကယ်၍ ပါမလာခဲ့ရင် သင့်အနေဖြင့် manual စာအုပ်ကို လှန်လှော ဖတ်ရှုနိုင်မှာ မဟုတ်ပါ ဘူး။

သင့်အနေဖြင့် မကြာခဏဆိုသလိုပဲ ထုတ်လုပ်သူများရဲ့ website ကနေ online manual တွေကို ရှာဖွေလေ့ရှိ မှာဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း သင့်ရဲ့ ပစ္စည်းတွေရဲ့ ထုတ်လုပ်သူ နဲ့မော်ဒယ် နံပါတ် တွေကို Google မှာ ရိုက်ထည့် ရှာဖွေမှာဖြစ်ပါတယ်။ အများစုသော ပီစီ၊ တက်ဘလက်၊ ဖုန်းနဲ့ ဒီဂျစ်တယ် ကင်မရာတွေမှာ သူတို့ထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲတွေထဲမှာ လမ်းညွှန်ချက်များကို ထည့် သွင်း ပေးထားကြပါတယ်။ သင့်အနေဖြင့် စာရွက်တွေအနေနဲ့လည်းရရှိနိုင်မှာဖြစ်ပေမဲ့ အွန်လိုင်းမှာ ရနိုင်မဲ့ digital manuals များက များစွာသော အကျိုးဖြစ်ထွန်းမှုတွေကိုရရှိနိုင်မှာပါ။ မည်သည့် device များမှမဆို download ချကာရယူနိုင်ပြီး အကယ်၍ စာရွက်အနေဖြင့်လိုအပ်တယ်ဆိုရင်လည်း print ထုတ်နိုင် မှာဖြစ်ပါတယ်။

သို့သော်လည်းသင့်အနေဖြင့် အလွန်သက်တမ်း ကြာပြီဖြစ်သော စက်ပစ္စည်း အစိတ်အပိုင်း များနဲ့ ပတ်သက်လို့ instructions တွေ လိုအပ်တဲ့အခါ ထုတ်လုပ်သူများရဲ့ website မှာလည်းမတွေ့ဘူး၊ ဒါမှမဟုတ် ထုတ်လုပ်သူများက website မရှိဘူး ဆိုပါစို့။ ကံကောင်းစွာနဲ့ပဲ အွန်လိုင်းမှာ သက်တမ်း ကြာမြင့်ပြီဖြစ်သော စက်ပစ္စည်းများအပါအဝင် hardware အမျိုးအစား အားလုံးအတွက် အသုံးပြုမှု လမ်းညွှန်များကို databases များအနေဖြင့် စုဆောင်းထားရှိ ထားပါတယ်။

Manual အဟောင်းများကို အွန်လိုင်းမှာရှာဖွေခြင်း
=================================

အကယ်၍ စက်ပစ္စည်း အစိတ်အပိုင်း တစ်ခုအတွက် manual ကိုရှာဖွေမတွေ့လျှင် သို့မဟုတ် သူတို့ရဲ့ နေရာမှာ မရှိဘူးဆိုလျှင် eSpares (www.espares.co.uk/usermanuals) က အဲဒါတွေကို ရှာဖွေဖို့ အကောင်းဆုံး နေရာတစ်ခုဖြစ်ပါတယ်။ဒီ site မှာ ရိုးရှင်းစွာ ရှာဖွေနိုင်မယ့် search bar တစ်ခုပါဝင်ပြီး အဲဒိမှာ ထုတ်လုပ်သူ သို့မဟုတ် မော်ဒယ် နံပါတ်ကိုရိုက်ထည့်ရှာဖွေနိုင်မှာဖြစ်ပါတယ်။ အကယ်၍ သင်က မော်ဒယ်နံပါတ်ကို မသိဘူးဆိုလျှင် eSpares က သင့်ရဲ့ စက်ပစ္စည်း အစိတ်အပိုင်းနဲ့ပတ်သက်ပြီး ဘယ်နေရာမှာ ရှာဖွေနိုင်မလဲ ဆိုတာကို ပြောပြပါလိမ့်မယ်။

Instruction Manuals UK (www.instruction-manuals.co.uk) ကတော့ manuals တွေကို ထိန်းသိမ်း ထားရှိတဲ့နေရာတစ်ခုမဟုတ်ပေမဲ့ အဆိုပါ manual တွေကို အွန်လိုင်းမှာ ဘယ်နေရာတွေမှာ ရှာဖွေနိုင်မ လဲ ဆိုတာကို ပြောပြပေးနိုင် ပါလိမ့်မယ်။ Manuals များအတွက် Brand အလိုက်ရှာဖွေကာ links များကို ရယူနိုင်ပြီး အခြားသော websites များမှ အကြံပြုမှုများကိုရယူနိုင်မှာဖြစ်ပါတယ်။ အကယ်၍ ပစ္စည်းတစ်ခု အတွက် link တစ်ခုကို ရှာဖွေမတွေ့ဘူးဆိုလျှင် သင့်အနေဖြင့်အခမဲ့ ကြော်ငြာတစ်ခုကို တင်ကာ အခြား သော သုံးစွဲသူများထံမှ ကော်ပီကို တောင်းခံနိုင်မှာ ဖြစ်ပါတယ်။

UsersManualGuide (www.usersmanualguide.com) မှာ များစွာသော အီလက်ထရောနစ် ပစ္စည်း များဖြစ်တဲ့ LCD မော်နီတာများမှသည် လျှပ်စစ် အော်ဂင်များအတွက် AC adapters များ နဲ့ အနှိပ်ထိုင်ခုံ များအထိ လက်စွဲလမ်းညွှန်စာအုပ်များစွာကိုစုစည်းထားပေးပါတယ်။ ဒီ site မှာတော့ search engine မပါရှိပေမဲ့ သင်ရှာဖွေသမျှနဲ့ပတ်သက်ပြီး brand အလိုက် စနစ်တကျစုစည်းပေးထားတဲ့ များစွာသော manuals များကို တွေ့ရှိနိုင်မှာဖြစ်ပါတယ်။

မည်သည့် device တွေကိုမဆို ဘယ်လိုပြင်ဆင်မလဲဆိုတာကို ရှာဖွေခြင်း
================================================

အကယ်၍ သင့်ရဲ့ စက်ပစ္စည်း တစ်ခုအတွက် သုံးစွဲသူ လမ်းညွှန် မရှိလျှင်တောင်မှ အဆိုပါပစ္စည်းရဲ့ ပြဿနာများကို ဘယ်လိုဖြေရှင်းမရလဲ ဆိုတာ သိနိုင်မှာပါ။ eService Info( www.eserviceinfo.com) ဆိုတဲ့ website က သင့်အနေဖြင့် ထောင်ပေါင်းများစွာသော ကုန်ပစ္စည်းတွေ အတွက် ဘယ်လိုပြင်ဆင် ရမလဲဆိုတာနဲ့ပတ်သက်ပြီး အချက်အလက်တွေကိုပေးနိုင်မှာဖြစ်ပါတယ်။ ဒီ site ရဲ့ database ထဲမှာ ရှာဖွေလို့ရနိုင်မယ့် သုံးစွဲသူလက်စွဲလမ်းညွှန်များ၊ schematic diagrams များ၊ datasheets များ၊ service manuals များ နဲ့ download လုပ်နိုင်မဲ့ ဆော့ဖ်ဝဲများကို ထည့်သွင်းထားမှာဖြစ်ပါတယ်။ ၄င်းရဲ့ database စနစ်ထဲမှာ ထုတ်လုပ်သူပေါင်း ၂၀၀ နီးပါးရဲ့ ထုတ်ကုန်တွေရဲ့ ပြုပြင်ထိန်းသိမ်းနည်းပေါင်း ၂၀၀၀၀ ဝန်းကျင် ရှိနေမှာဖြစ်ပါတယ်။

PDF SB(www.pdfsb.net) ဟာ PDF manuals များ၊ guides များ၊ ebooks များ၊ exam papers များ အပြင် ခုံနဲ့ကစားရတဲ့ဂိမ်းတွေရဲ့ ကစားနည်းဥပဒေသစာအုပ်လိုမျိုး တွေပါစုစည်းပေးထားပါတယ်။ အဆိုပါ site က ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ သုံးစွဲသူလက်စွဲ တစ်ခုတည်းကိုသာ ဦးတည်ထားတာ မဟုတ်သလို သူ့ရဲ့ database ထဲမှာ စာအုပ်ပေါင်း ၇၂ သန်း နီးပါးရှိတဲ့အတွက် ရှာဖွေကြည့်ရှုဖို့ ထိုက် တန် ပါတယ်။ ဒီ site ကိုကောင်းမွန်စွာ စုစည်းထားပြီး အသုံးပြုရတာလွယ်ကူပါတယ်။ သင်ကြည့်ရှုသော စာရွက်စာတမ်းများနဲ့ ဆက်စပ်သော စာရွက်စာတမ်းများရဲ့စာရင်းကိုလည်း တွေ့ရှိနိုင်မှာဖြစ်လို့ သင့်အတွက် အသုံးတည့်မှာ ဖြစ်ပါတယ်။

သင့်ရဲ့တက်ဘလက်မှာ User Guides များကို ရယူခြင်း
=====================================

Device အသစ်များအနေဖြင့် သင့်ရဲ့ device အဟောင်းများကိုအသုံးပြုဖို့နဲ့ ပြင်ဆင်နိုင်စေရန် အလွန် ကောင်းမွန်သော iFixit ကဲ့သို့ ‘how to’ apps များကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒီ free app ကို တက်ဘလက်များနဲ့ ဖုန်းများမှာ ကောင်းမွန်စွာ အသုံးပြုနိုင်ပြီး Android အတွက် (www.snipca.com/12640)၊ iOS အတွက် (www.snipca.com/12639) နှင့် Window phone အတွက်(www.snipca.com/12642) တို့မှာ ရယူသုံးစွဲနိုင် မှာဖြစ်ပါတယ်။ အဆိုပါ app မှာ ရာပေါင်း များစွာသော နည်းပညာဆိုင်ရာနှင့် စက်ပိုင်းဆိုင်ရာလုပ်ငန်းစဉ်များဖြစ်တဲ့ hard drives များကိုဖြုတ်ခြင်း ၊ပျက်ယွင်းနေတဲ့ မျက်နှာပြင်များလဲလှယ်ခြင်းကဲ့သို့သော နည်းစနစ်များကို သရုပ်ဖော်ပုံများနှင့်တကွ တစ်ဆင့်ချင်းစီ ရှင်းပြထားပါတယ်။ သင့်အနေဖြင့် အဆိုပါလမ်းညွှန်ချက်များကို သင့်ရဲ့ပီစီ သို့မဟုတ် လက်ပ်တော့မှာ ဖတ်ရှုချင်တယ်ဆိုရင်လည်း iFixit ရဲ့ website ဖြစ်တဲ့ (www.ifixit.com) မှာကြည့်ရှုနိုင် မှာဖြစ်ပေမဲ့ apps မှာ သုံးစွဲတာက ပိုပြီးတော့ လွယ်လင့်တကူ အသုံးပြုနိုင်တာကို တွေ့ရပါတယ်။

Devices အသစ်များမှာ သုံးစွဲမှုလမ်းညွှန်များပါဝင်တဲ့ apps များပါဝင်လေ့ရှိပြီး သင့် device အတွက် Google ရဲ့ Play Store, Apple App Store သို့မဟုတ် Windows Phone website များမှာ ရှာဖွေနိုင် မှာဖြစ်ကာ ဘာတွေ အသစ်ရောက်နေပြီလဲဆိုတာသိရှိနိုင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ‘Canon PIXMA printer’ ကို Canon ရဲ့free app တစ်ခုဖြစ်တဲ့ PIXMA Printing Solutions( Android ,www.snipca.com/12544; iOS,www.snipca.com/12646) မှာ ရှာဖွေနိုင်မှာဖြစ်ကာ အဲဒိမှာ PIXMA ပရင်တာအားလုံးအတွက် manuals များပါဝင်ပြီး သင့်ရဲ့ andorid တက်ဘလက်သို့မဟုတ် ဖုန်းကနေပြီး ကြိုးမဲ့ print ထုတ်နိုင်စေမှာ လည်းဖြစ်ပါတယ်။

ကင်မရာ ထုတ်လုပ်သူ Nikon မှာလည်း သူ့ရဲ့ SLR ကင်မရာ များအားလုံးအတွက် manual ပါဝင်တဲ့ free app တစ်ခုရှိပြီး အဲဒါကို (Android , www.snipca.com/12541 ; iOS,wwwsnipca.com/12645) တို့မှာရရှိနိုင်ပါတယ်။ အချို့သော နာမည်ကျော် device တွေဖြစ်တဲ့ Raspberry Pi လိုမျိုး device တွေ အတွက် မိုဘိုင်းသုံးစွဲသူများအတွက် လမ်းညွှန်များကို RPi Hardware Guide အား Android အတွက် (www.snipca.com/12543) မှာရရှိနိုင်ပြီး iOS နဲ့ Windows ဖုန်းများအတွက်လည်းရရှိနိုင်ကာ အဲဒိမှာ များစွာသော အခမဲ့ဥပမာများစွာကိုလေ့လာနိုင်မှာဖြစ်ပါတယ်။

Nyein Chan (TSJ Tech Team)
Ref: Computer ActiveIssue 428 မှ
TechSpace Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
အပြည့်အစုံသို့ >>

လက်ကိုင်ဖုန်း လိုချင်သည့် ၁၁ နှစ်သား စတိုးဆိုင် ဖောက်ထွင်း

Thursday, July 31, 2014
မော်လမြိုင်၊ ဇူလိုင် ၃၀
ရန်ကုန်-မော်လမြိုင် အဝေးပြေး လမ်းမကြီး ပေါ်တွင် ရှိသည့် ပေါင်မြို့နယ် ကျွဲခြံကျေးရွာ အလယ်ပိုင်းရှိ စတိုးဆိုင်ကို အသက် ၁၁ နှစ် အရွယ်သာ ရှိသေးသည့် ကလေးငယ် တစ်ဦးက လက်ကိုင်ဖုန်း ရယူလိုသည့် စိတ်ဖြင့် ဖောက် ထွင်း ခဲ့ခြင်းကြောင့် ဇူလိုင်လ ၂၈ ရက်နေ့ ညက ဖမ်းဆီး ခဲ့ရကြောင်း ယင်းဒေသခံ များက ပြောကြားသည်။

“အဲဒီနေ့ ည ၁၀ နာရီလောက်က ကားမီးရောင် တွေကို ကွယ်ပြီး ဆိုင်ခန်း တံခါးကို ခဲနဲ့ ထုနေတာတွေ့လို့ စောင့်ကြည့် နေလိုက်တယ်။ ခဏကြာတော့ ဖယောင်းတိုင်မီး တွေ့လို့ ဆိုင်ရှင် တွေကိုခေါ်ပြီး ဖမ်းလိုက်တာ” ဟု ယင်းဆိုင်ခန်းနှင့် မျက်နှာချင်းဆိုင် တွင် နေထိုင်သည့် ဦးစိုးဝင်းက ပြောဆိုသည်။

အဆိုပါ ကလေးငယ်သည် တံခါးတွင် ရိုက်ထားသည့် သံချက်များကို ဝက်အူလှည့်ဖြင့် ထိုးဖွင့်ပြီး ဆိုင်ခန်း အတွင်း ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆိုင်ခန်းတွင် အဖိုးတန် ပစ္စည်းများစွာ ရှိသော်လည်း ဖုန်းများ ထည့်ထားသည့် မှန်ဗီရိုသော့ကိုသာ ယူထားသောကြောင့် လက်ကိုင်ဖုန်း ရယူလိုသည့် ဆန္ဒတစ်ခု တည်းသာ ဖြစ်နိုင်ကြောင်း စတိုးဆိုင်ရှင် ဦးမြင့်ဆွေက မှတ်ချက်ပြုသည်။

စတိုးဆိုင် ဖောက်ထွင်း ခံခဲ့ရသော်လည်း ကလေးငယ်၏ ရှေ့ရေးအတွက် ရဲစခန်းတွင် အမှုဖွင့်မည် မဟုတ်ကြောင်း၊ သို့သော် ယင်းသို့ ထပ်မံကျူးလွန်မှုမျိုး မလုပ်မိစေရန် အုပ်ထိန်းသူကို ခံဝန်ကတိ လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း စတိုးဆိုင်ပိုင်ရှင် ဒေါ်ခင်သီတာဆွေက ပြောကြားသည်။

“ဖုန်းလိုချင်တယ်လို့ သူ့အမေကို ပြောတယ်။ သူ့အမေက ဆေးလိပ်လိပ်တဲ့ အလုပ်ကနေ ငွေစုပြီး ဝယ်ပေးမယ်။ ၁၀ ရက်လောက် စောင့်ပါလို့ ပြောထားတာကို မစောင့်နိုင်လို့ အခုလို ဖြစ်ရတာ” ဟု ကလေးငယ်၏ အဘွားဖြစ်သူက ပြောကြားသည်။

စတိုးဆိုင်ကို ဖောက်ထွင်းခဲ့သည့် ကလေးငယ်၏ ဖခင်သည် လွန်ခဲ့သည့် သုံးနှစ်ခန့်က သေဆုံးခဲ့ကြောင်း၊ ယင်းကြောင့် မိခင်ဖြစ်သူမှာ ဆေးလိပ်လိပ်သည့် အလုပ်ဖြင့် မိသားစုဘဝ ရပ်တည်ကြရသူများ ဖြစ်ကြောင်း၊ မိခင်ဖြစ်သူ၏ တစ်ရက်လုပ်အားခမှာ ကျပ် ၁၅၀၀ ဝန်းကျင်သာ ရှိကြောင်း ယင်းကလေး ငယ်၏ ပတ်ဝန်းကျင်ထံမှ စုံစမ်းသိရှိရသည်။ ဖောက်ထွင်းခံရသည့် စတိုးဆိုင် ပိုင်ရှင်များက အမှုဖွင့် တိုင်ကြားခဲ့ခြင်း မရှိသော်လည်း ကလေးငယ်ကို ခေါ်ယူစစ်ဆေးလျက် ရှိကြောင်း ပေါင်မြို့နယ် ရဲစခန်းမှ တာဝန်ကျ အရာထမ်းတစ်ဦးက ပြောကြားသည်။


The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
အပြည့်အစုံသို့ >>

ခုတစ်မျိုး တော်ကြာတစ်မျိုး ပညာရေး ရလဒ်ဆိုး

Thursday, July 31, 2014
အစိုးရ ကျောင်းတွေမှာ ယိုးဒယား မြန်မာ ဆက်ဆံရေး သမိုင်းကို မသင်တော့ဘူး ဆိုတဲ့ သတင်းကို ဖတ်ရ ပြန်တယ်။ စစ်အစိုးရတွေ အုပ်ချုပ် ကတည်းက ပညာရေး မှာလည်း လိုတစ်မျိုး၊ မလိုတစ်မျိုး ဝါဒကို လိုက်ပြီး အကောင် အထည် ဖော်ပေးခဲ့ ရတာကို ပြန်ပြီး သတိရလိုက် တာကြောင့် အသည်း နာမိတယ်။

မြန်မာ စစ်အစိုးရဟာ ထိုင်းနဲ့ ပလဲနံ ပသင့်ပြီး ပလူး ချင်ရင် ‘ထိုင်း’ ဆိုတဲ့ စကားကို တွင်တွင် သုံးတယ်။ ထိုင်းနဲ့ မတည့်တော့ဘူး၊ တစ်ခုခု ပြဿနာပေါ်လာရင် ‘ယိုးဒယား’ ဆိုပြီး ပြောင်းသုံး ကြတယ်။ ဒါကို စာနယ်ဇင်း လောက မှာပါ တစ်ခေတ်က ထင်ဟပ်စေ ခဲ့တယ်။ စာပေစိစစ်ရေး ထားတဲ့ ခေတ်တုန်းက ထိုင်းလို့ရေးရင်၊ ယိုးဒယားလို့ ပြင်ခိုင်းတာမျိုးတွေ ရှိခဲ့တယ်။

စစ်အစိုးရခေတ်မှာ ပညာရှင်တွေလည်း အသုံးချခံကြရတာပဲ။ ကျွန်တော်လေးစားခဲ့ရတဲ့ ပညာရေးဌာနက ဒေါက်တာမကြီး တစ်ယောက်ဟာဆိုရင် ယိုးဒယား မကောင်းကြောင်း လက်စောင်းထက်ထက်နဲ့ အစိုးရမီဒီယာတွေမှာ ခပ်သွက်သွက်ရေးခဲ့တာပေါ့။ သမိုင်းကလည်း နှံ့စပ်တော့ ငယ်ကျိုးငယ်နာတွေ ပြန်ဖော်ပြီးတော့ ဆော်သလိုလို အရေးအသားတွေကြောင့် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးများက မြှောက်စားခဲ့တဲ့အထိ ဖြစ်ခဲ့ရတယ်။ နောက်ပိုင်း ထိုင်းနဲ့ မြန်မာ ပြန်ပြီးတည့်သွားချိန်မှာ ဒေါက်တာ မကြီးရဲ့ နိုင်ငံပိုင်သတင်းစာတွေပေါ်ကနေ ဆော်ပလော်တီးနေတာတွေကို ထိုင်းကဝေဖန်၊ မြန်မာအစိုးရ ကလည်း တော်ပါတော့ဆိုပြီး ရပ်ခိုင်းရတဲ့အထိ ဖြစ်ခဲ့ဖူးတယ်။ ရလဒ်က ဘာလဲဆိုတော့ စစ်အစိုးရက ပညာရှင်ကိုမြှောက်ပေး၊ ပညာရှင်ကလည်း တက်အောင်ကပြ၊ နောက်ဆုံးပညာရှင်ပဲ ပေါတောတော ဖြစ်ကျန်၊ စစ်အစိုးရကတော့ ဘာမှမဖြစ်သလို ထိုင်းနဲ့ပြန်ပြီး လည်ပင်းဖက်၊ ရေးတဲ့ပညာရှင်ပဲ အပြစ်ဖြစ် ခဲ့ရတယ်။

ကျွန်တော် ဘီအီးဒီတက်တော့ အဲဒီဒေါက်တာမကြီးနဲ့ ကြုံခဲ့ရပါတယ်။ စာသင်အလွန်ကောင်းတယ်။ ပြောဆိုဆွေးနွေးချက်တွေကလည်း အရမ်းခေတ်မီတယ်။ ကျွန်တော်တို့ကို အနှစ်လေးဆယ် စစ်ပွဲ အကြောင်း လက်ချာပေးသွားတာ အရမ်းစိတ်ဝင်စားလွန်းလို့ တစ်ချက်တောင် မငိုက်မိဘူး။ ဒီလိုနဲ့ စာမေးပွဲ စစ်တော့မယ်လုပ်တော့ ဆရာမကြီးက မေးခွန်းကို ကြိုပြောတယ်။ ရှင်တို့ကို အနှစ်လေးဆယ် စစ်ပွဲအကြောင်း စာမေးပွဲမှာ မေးမှာတဲ့။ မထူးဆန်းဘူးလား။ စာမေးပွဲမှာမေးမယ့် မေးခွန်းကို ဘယ် ဆရာက ကြိုတင်ကြေညာဖူးလို့လဲ။ ကျွန်တော်ကတော့ ဆရာမကြီးတစ်ခုခု လုပ်တော့မယ်ဆိုတာ ကြိုသိနေတယ်။

အနှစ်လေးဆယ်စစ်ပွဲကို စာမေးပွဲမှာ မေးမယ်ဆိုတော့ ဆရာတွေ အကောင်းဆုံး လိုက်ဖတ်ပြီး ပြင်ဆင် ကြတယ်။ ကျွန်တော်ကတော့ ဆရာမကြီး လက်ချာကိုပဲ ပြန်သုံးသပ်ပြီးတော့ သမိုင်းကို ကျောရိုးလောက် သိအောင် ဖတ်ထားလိုက်တယ်။ စာမေးပွဲစစ်ပါပြီ။ ဆရာမကြီးက တစ်ပုဒ်ပဲမေးတယ်။ “မွန်-မြန်မာ အနှစ်လေးဆယ်စစ်ပွဲသည် ပဒေသရာဇ်ချင်း အာဏာလုသည့် စစ်ပွဲလော၊ ပြည်သူများဆန္ဒအရ ဖြစ်ခဲ့ ရသည့် စစ်ပွဲလော ကြောင်းကျိုးပြဖြေဆိုပါ” ဆိုတဲ့မေးခွန်းကို ဆရာတွေ တွေ့လိုက်တော့ အားလုံးငိုင် ကုန်ကြတယ်။ သူတို့က အနှစ်လေးဆယ် စစ်ပွဲရဲ့ Figure တွေကို အလွတ်ကျက်ထားတာကိုး။ လိုချင် တာက Figure တွေမှ မဟုတ်တာ။ Reason တွေဆိုတော့ ပြဿနာတက်ပြီး ငိုင်ကုန်တယ်။ စာစစ်ဆရာတွေ ကလည်း သမိုင်းကြောင်းကိုဖြေရင် အမှတ်မပေးဘူးလို့ ကြေညာလိုက်တော့ ပိုဆိုးကုန်တာပေါ့။ အဲဒီစာမေးပွဲမှာပဲ ကျွန်တော် လေးမှတ်ရအောင်ဖြေနိုင်ခဲ့လို့ အရမ်းအားရခဲ့တယ်။ ဘီအီးဒီတက်တုန်းက အဲဒီတစ်ကြိမ်ပဲ အမှတ်အများဆုံး ရခဲ့ဖူးတယ်။

အဲဒီအနှစ်လေးဆယ်စစ်ပွဲလိုပဲ ပဒေသရာဇ်အချင်းချင်း၊ အာဏာရှင် အချင်းချင်း ဖြစ်ကြတဲ့ မတည့်မှုတွေ၊ ငြူစူစောင်းမြောင်းမှုတွေဟာ ပြည်သူတွေ ကြားကနေ မြေစာပင် ဖြစ်ကြရတယ်။ ပညာရှင်တွေ ကြားထဲ ကနေ အသုံးချခံတွေ ဖြစ်ခဲ့ရတယ်။ ကျောင်းတွေမှာ ယိုးဒယား-မြန်မာ ဆက်ဆံရေးဆိုပြီး သီးခြား သမိုင်း စာအုပ်တွေ ရေးခိုင်းကာ၊ အလယ်တန်းနဲ့ အထက်တန်းတွေမှာ အတင်းအဓမ္မ သင်ခိုင်းတယ်။ ဒါဟာ သမိုင်းကြောင်းကို သိစေလိုတဲ့ဆန္ဒနဲ့ ရိုးသားစွာ သင်ခိုင်းခြင်း ဟုတ်၊ မဟုတ် သမိုင်းစာအုပ်တွေကို ပြန်ဖတ်ရင် သိနိုင်ပါလိမ့်မယ်။ ညံ့ဖျင်းတဲ့ စာရွက်သားတွေနဲ့ ပေါပေါပဲပဲ ထုတ်လိုက်တဲ့ သမိုင်းစာအုပ် တွေဟာ စာအုပ်ပုံနှိပ်ရတဲ့ လုပ်ငန်းရှင် အမည်ခံ စစ်ထွက်အရာရှိကြီး ဘယ်နှယောက်ကို အလုပ်အကျွေး ပြုပြီး ချမ်းသာသွားစေသလဲ ဆိုတာလည်း အတွင်းသိတွေ သိပြီးသား ဖြစ်မယ်ထင်ပါတယ်။

ပညာရှင်ဆိုတဲ့သူတွေကတော့ စစ်အစိုးရအကြိုက် ယိုးဒယားကို ပုတ်ခတ်၊ အစတွေဆွဲထုတ်ပြီး ဘုတ် အုတ်ကို ရေးလိုက်ရတာ။ နောက်ဆုံး ချောင်ထိုးတာ ခံလိုက်ရတဲ့အပြင်၊ ပြည်သူ့အမုန်း ပါခံလိုက်ရတာနဲ့ပဲ နိဂုံးချုပ်ခဲ့ရတယ်ဆိုတာ သတိထားစရာ ကောင်းပါတယ်။ ဒီလိုပါပဲ အာဏာရှိသူ၊ ပိုက်ဆံရှိသူတွေဟာ ပညာရှင်တွေကိုမွေး၊ ကောင်းကောင်းပေး၊ ကောင်းကောင်းကျွေးပြီး မင်းတိုင်ပင်ယောင်ယောင်၊ အဆောင် အယောင်တွေနဲ့ တန်ဆာခံလုပ်ထားတာ၊ စစ်အစိုးရတွေ တက်လာတဲ့ နောက်ပိုင်းမှာ ပိုဆိုးလို့ လာပါတယ်။ စစ်အစိုးရတွေက ခရိုနီတွေမွေး၊ ပညာရှင်တွေကိုမွေးပြီး ပေးကျွေးထားခြင်းရဲ့ နောက်ဆုံး နိဂုံးဟာ ပြည်သူတွေရဲ့ အမုန်းတရားတွေနဲ့သာ ရင်ဆိုင်ရတတ်ပါတယ်။ ပြည်သူက ဒဏ်ခတ်တာကို ခံရတာလို့ဆိုနိုင်ပါတယ်။

ကျွန်တော်အထက်မှာ ပြောခဲ့သလို ပဒေသရာဇ်အချင်းချင်း စစ်ခင်းတာကို သမိုင်းသင်စဉ်က မြင်သာ အောင် ဖွင့်ပြခဲ့တဲ့ ကျွန်တော်တို့ရဲ့ လေးစားစရာကောင်းတဲ့ ဆရာမကြီး တစ်ယောက်ဟာ၊ စစ်အစိုးရချင်း၊ အာဏာရှင်ချင်း စစ်မြှူစစ်ခင်းပြီး ကိုယ့်အရှိန်အဝါကို မြှင့်တင်နေတာ သတိမထားလိုက်မိလို့ ကျဆုံးခဲ့ ရတယ်။ ခုတစ်ခါစစ်တပ်က ပညာရေးဌာနကို အသုံးချပြီး ယိုးဒယားကို အပုပ်ချခဲ့တဲ့ ဇာတ်လမ်းကို ဘာသဘောတွေနဲ့ ဖြုတ်ထုတ်သတ်လိုက် ပြန်သလဲဆိုတာ (ဖြုတ်ထုတ်သတ်ခွင့် ရသွားသလဲဆိုတာ) အစမ်းသပ်ခံပညာရေးကို၊ နည်းမျိုးစုံလိုက်ပြီး အကောင်အထည် ဖော်ပေးနေတဲ့ လမ်းဘေးပညာရေး ဓာတ်ခွဲခန်းတွေက ပညာရှင်ကြီးတွေ ပိုပြီးသိကြလိမ့်မယ် ထင်ပါတယ်။

အငြိမ်းစားကျောင်းဆရာတစ်ဦး

The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
အပြည့်အစုံသို့ >>

Viber တွင် မြန်မာစာနှင့် မြန်မာစတစ်ကာများ လပိုင်းအတွင်း သုံးနိုင်တော့မည် ဟုဆို

Thursday, July 31, 2014
ရန်ကုန်၊ ဇူလိုင် ၃၀
မြန်မာနိုင်ငံတွင် လူဦးရေ ငါးသန်းခန့် အသုံးပြု နေသော Viber မိုဘိုင်းလ် ဆက်သွယ်ရေး စနစ်တွင် မြန်မာစာနှင့် မြန်မာ စတစ်ကာများ အသုံးပြုနိုင်ရန် စီစဉ်လျက် ရှိရာ လပိုင်းအတွင်း အသုံးပြုနိုင်ဖွယ် ရှိကြောင်း Viber ကုမ္ပဏီ၏ ဖိလစ်ပိုင်နိုင်ငံ ဆိုင်ရာ မန်နေဂျာ Mrs. Crystal Lee ၏ အဆိုအရ သိရသည်။

“မြန်မာပြည်ရဲ့ ယဉ်ကျေးမှုကို အခြေခံပြီး မြန်မာ စာလုံးပါသော ပျော်ရွှင်စရာ ပုံတွေကို မြန်မာနိုင်ငံမှာ အသုံးပြုနိုင်အောင် လုပ်ဆောင်နေတယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါစနစ်တွင် မြန်မာစာနှင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ဆိုင်ရာ ရုပ်ပုံ စတစ်ကာများကို လပိုင်းအတွင်း အသုံးပြုနိုင် ရန် စီစဉ်လျက် ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ရုပ်ပုံစတစ်ကာများကို လတ်တလောတွင် အခမဲ့ဝန်ဆောင်မှု ပေးမည်ဖြစ်ပြီး နောက်ပိုင်းတွင် အခကြေးငွေဖြင့် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း Gulixo မှ CEO Mr. Raphael Dana က ဆိုသည်။

ကမ္ဘာ့ထိပ်တန်း သုတေသန အဖွဲ့အစည်းဖြစ်သော On Device Research ၏ စစ်တမ်းတစ်ခုအရ မြန်မာနိုင်ငံအတွင်း မိုဘိုင်းလ်စာတိုပို့စနစ် Applications အသုံးပြုသူများ၏ ၇၅ ရာခိုင်နှုန်းမှာ Viber ကို အသုံးပြုကြပြီး အခြားမိုဘိုင်းလ် စာတိုပို့စနစ်ထက် အသုံးပြုသူ များပြားကြောင်း ဖော်ပြထားသည်။ 


အောင်သီဟ
The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
အပြည့်အစုံသို့ >>

အမျိုးသားများ နဲ့  ဆီးကျိတ်ပြဿ နာ

Thursday, July 31, 2014
“ယောက်ျားမှာ ဆီး၊ မိန်းမမှာ မီး” ဟူသော ဆိုရိုးစကား အတိုင်း အမျိုးသား များကို ဒုက္ခပေးလေ့ ရှိသော ဆီးကျိတ်ကို ဆေးပညာအရ သုက်ရည် ဂလင်းဟု ဆိုကြသည်။ သက်လတ်ပိုင်း အရွယ်သို့   ရောက် ရှိလာသော အမျိုးသား တစ်ယောက်တွင်၊ သုက်ရည် ဂလင်းပြဿနာ ဖြစ်လာနိုင်ချေ အလွန် များပြား လာသည့်အတွက် ဆရာဝန်နှင့် မှန်မှန် ဆေးစစ်ဘို့ လိုနေပါပြီ်။

< ဆီးကျိတ်၏ အရေးပါပုံ >

ဆီးကျိတ်သည် မျိုးပွားစေသည့် အကျိတ်ဖြစ်ပြီး၊ သစ်ကျားသီးအရွယ်ခန့် ရှိ၏။ ထိုအကျိတ်သည် ဆီးအိမ်၏ အောက်ခြေတွင် တည်ရှိကာ၊ လိင်ကျန်းမာရေးနှင့် ဖို/မ မျိုးပွားခြင်း အတွက် အရေးပါသည့် အကျိတ်ဖြစ် သည်။ သုက်ရည်လွှတ် နေစဉ်အတွင်း ထိုဂလင်းက အဖြူရောင် သုက်ရည်ကို ထုတ်ပေးသည်။ လူတို့ သည် အသက်အရွယ်ကြီင်္းရင့် လာသည်နှင့်အမျှ ခန္ဓာ ကိုယ်အတွင်းရှိ အခြား အင်္ဂါအဖွဲ့ အစည်းများနှင့် ဂလင်းများက လိုက်၍ ကြီးထွားလာခြင်း မရှိတတ်ကြသော်ငြား၊ သုက်ရည် ဂလင်းကတော့ ဆက်လက် ကြီးထွား ဆဲဖြစ်သည်။ ထိုဂလင်း အရွယ်အစားသည် ဝှေးစေ့မှ ထွက်ရှိသော ဟိုမုန်းဓာတ်ပမာဏ ပေါ် မူတည်ကာ၊ အသက်အရွယ် ကြီးလာသည်နှင့် အမျှ၊ ဟိုမုန်း ထွက်ရှိမှုလည်း ကျဆင်းတတ်သည်။

< ဆီးကျိတ်ကင်ဆာ နှင့် အခြားရောဂါများ >

ဆီးကျိတ်တွင်ပြဿနာရှိပြီး၊ ရုတ်တရက် ကြီးထွားလာပါက ဆီးလမ် ကြောင်းကို ဖိထားသောကြောင့် ဆီးများ မထိန်းနိုင်ခြင်း၊ ဆီး သွားသော အခါတွင် နာကျင်ခြင်း၊ ညှစ်၍ ဆီး သွားရသည့် အတွက် သက်တောင့် သက်သာမရှိခြင်းနှင့် ဆီးထဲတွင် သွေးပါခြင်း စသည့် ဝေဒနာများကို ခံစားကြရ သည်။ အခြေအနေ ဆိုးရွားပါက သုက်ရည် ဂလင်းထဲတွင် ကင်ဆာ အဖုအကျိတ် ဖြစ်ပေါ်လာ တတ် သည်။ ထိုအခြေ အနေမျိုးတွင် ဆေးဝါးကုသမှု ကောင်းစွာ မခံယူခဲ့ပါက ခန္ဓာကိုယ်၏ အခြားနေရာများ ထိပါ ကင်ဆာဆဲလ်များပျံ့ နှံ့ တတ်သည်။ အမျိုးသားများဆီးသွားရာတွင် ပုံမှန်အနေအထား မဟုတ်တော့ ဘဲ၊ ထူးခြားသည့် လက္ခဏာ တစ်စုံတစ်ရာဖြစ် လာသောအခါတွင် လည်းကောင်း၊ ဆီးကျိတ်ရောင်းရမ်း သော အခါတွင် လည်းကောင်း ဆရာဝန်နှင့်ပြ သင့်သည်။ အသက် ၃၀ နှင့် ၅၀ အကြားရှိ အမျိုးသားများ တွင် မကြာခဏ ဆီးကျိတ်ရောင်ရမ်းခြင်း ဖြစ်ပေါ်တတ်သည်။ ထိုသို့  ရောင်ရမ်းခြင်းသည် ဘက်တီး ရီးယား ပိုးကြောင့် ရောင်ရမ်းနိုင်သလို၊ အခြားပြဿ နာကြောင့်လည်းရောင် ရမ်းနိုင်၏။ ဆီိးလမ်း ကြောင်းမှ ဘက်တီးရီးယားပိုးဝင်၍ ဆီးကျိတ်ေ ရာင်ရမ်းသောအခါများတွင် အဖျားတက်ခြင်း၊ ချမ်းစိမ့်စိမ့် ဖြစ်ခြင်း၊ ကြွက်သားများ ကိုက်ခဲနာ ကျင်ခြင်း၊ လိင်အင်္ဂါနာကျင်ခြင်းနှင့် ဆီးသွားရာ၌ပုံမှန်မဖြစ်ခြင်း စသည့်ရောဂါ လက္ခဏာ များ ဖြစ်ပေါ်လာတတ်သည်။ ဘက်တီးရီးယားပိုးကြောင့် မဟုတ်ဘဲ ဆီးကျိတ်ရောင်ရမ်းသော အခါတွင်လည်း၊ အလားတူဖော်ပြပါ ရောဂါဝေဒနာများအတိုင်း ခံစားကြရသည်။ သို သော့်ရောဂါ ကူးစက်ခြင်းဇစ်မြစ်ကို အဖြေရှာရန် ခက်ခဲပါလိမ့်မည်။

< ဆီးကျိတ် စတင်ကြီးထွား ရောင်ရမ်းလာခြင်း >

အသက် ၄၀ ကျော် အမျိုးသားများတွင် ဝှေးစေ့မှထွက်သော ဟိုမုန်းဓာတ် လျော့နဲ သွားသောေ ကြာင့် သုက်ရည်ဂလင်း စတင်ပြီးရောင်ရမ်း ကြီးထွား လာတတ်ကြ၏။ ထိုအခြေအနေမျိုးတွင် ဆီးပြတ်တောင်း ပြတ်တောင်းသွားခြင်း၊ ဆီးသွားရာ၌ အားမရခြင်းနှင့် ဆီးအိမ်ထဲတွင် ဆီးများ ကျန်နေသေးသည်ဟု ခံစားရခြင်း စသည်တို့ ကဲ့သို့ သော ပိတ်ဆို့သည့် လက္ခဏာများဖြစ် လာတတ်သည်။ ထို့ ပြင်တစ်ချို့ အမျိုးသားများတွင် ၄င်းလက္ခဏာများနှင့် ဆန့် ကျင်ဘက်ဖြစ် သော ဆီးပမာဏ ထွက်ရှိမှုများပြားလာခြင်း၊ ဆီးသွားလိုစိတ်ပြင်းပြခြင်းနှင့် ဆီးသွားနေစဉ် ဆီးအိမ်နာ ကျင်ခြင်း စသည့် လက္ခဏာတို့ လည်း ဖြစ် တတ်သည်။ ဆီးကျိတ်ကြီးထွားရောင် ရမ်းခြင်း ဝေဒနာသည် အသက်ကိုခြိမ်းခြောက် အန္တရာယ်ပြုသည် ဟု မဆိုလိုသော်လဲဘဲ၊ အမျိုးသားများ၏ ဘ၀သက်တမ်းကိုတော့ ထိခိုက်စေသည်မှာ ဧကန်မလွဲဖြစ်သည်။ အကြိတ် ကြီးထွားလာသော အခါ၌ ကျောက်ကပ်တွင် ကျောက်တည်ခြင်းနှင့် ဆီးမထိန်းနိုင်ခြင်း စသည့် ပြဿနာများဖြစ်လာသည်။

အဆိုပါ အခြေအနေ မျိုးတွင် ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ကာ၊ ထိရောက်စွာဆေးဝါးကုသမှုခံ ယူသင့်ပြီး၊ ဝေဒနာရှင်မှလည်း (၁) ညနေစောင်းပိုင်းမှ စ၍ ရေကို ယခင်ပုံမှန်သောက်သုံးခြင်းထက် ယခုအနဲငယ် လျော့သောက်ခြင်း (၂) အရက်သေစာ သောက်စားခြင်းမှရှောင်ရှား ခြင်း (၃) ကဖိန်းဓာတ်ပါသော အရည်များကိုမသောက်ခြင်း (၄) ဆီးရွှင်ဆေးကဲ့သို့ သော ဆီးဆေးများကို မသောက်သုံးခြင်း……. စသည်ဖြင့် မိမိကိုယ်ကို ဆင်ခြင်ဖို့ လိုအပ်သည်။

< ဆီးကျိတ်ကင်ဆာ >

မိသားစု ရာဇ၀င်ကို စမ်းစစ်ကြည့်ရာ၌ ဖခင်(သို့ မဟုတ်) ညီအစ်ကိုများတွင် ဆီးကျိတ်ကင်ဆာ ရှိကြလျှင်၊ သင်သည်လည်း အသက် ၄၀ နောက်ပိုင်းတွင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေများသည်။ ဆိုးရွားပြင်းထန် လာသော အခြေအနေတွင်၊ ၄င်းကင်ဆာ ဆဲလ်များသည် ခန္ဓာကိုယ်ထဲရှိ ကုသရန် ခက်ခဲသော နေရာ များဖြစ်ကြသည့် သွေးဖြူဥများ၊ အရိုးများနှင့် အခြားကိုယ် အင်္ဂါအစိပ်အပိုင်းများ ထိပါ ပျံ့ နှံ့ သွားတတ် သည်။

< ကာကွယ်တားဆီးခြင်း >

အကယ်၍ သင့်မှာ အထက်ပါ ရောဂါလက္ခဏာများ မပြသေးသော်လဲဘဲ၊ သင်သည် အသက် ၄၀ ရောက် ချိန်မှစ၍ ဆီးကျိတ်ကျန်းမာရေး အခြေအနေကို ပုံမှန်စစ်ဆေးသင့်သည်။ အာဟာရပြည့်ဝစွာ စားသောက် ခြင်းကလဲ ထိုရောဂါ ဝေဒနာကို တစ်ဖက်တစ်လမ်းက ဟန့် တားကာကွယ် ပေးသကဲ့သို့ ၊ ပြည့်ဝဆီ မြင့်မားစွာ ပါရှိသော အစားအစာများကို အထူး ရှောင်ကြဉ်ပါ။ ဟင်းလျာများကို သံလွင်ဆီ၊ မြေပဲဆီတို့  ကဲ့သို မပြည့်ဝဆီဖြင့်သာ ချက်ပြုတ်စားသောက်ပါ။ ပင်လယ်ငါးကြီးများ တွင် Omega-3 fatty acids များ ကြွယ်ဝစွာ ပါရှိသောကြောင့် ကင်ဆာရောဂါကို တိုက်ထုတ်ေ ပးနိုင်သည်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ် နှင့် ပဲပုပ်ပဲ တို့ တွင် ပါရှိသော Allyn Sulfar ဓာတ်က ကင်ဆာရောဂါ တိုက်ထုတ် ပေးနိုင်သော အစွမ်းသတ္တိများစွာပါရှိသည်။ ဆီးကျိတ်ြ ကီးထွားရောင်ရမ်းသောအခါတွင၊် ကန်စွန်းရွက်ကို ထောင်း၍ ရောင်ရမ်းသော နေရာတွင် အုံပေးခြင်းဖြင့် သက်သာပျောက်ကင်းစေသည်။

< ဆီးကျိတ်ကင်ဆာရောဂါ ရှိ/မရှိ ကိုစစ်ဆေးခြင်း >

(၁) ဆရာဝန်သည် လူနာ၏စအိုလမ်းကြောင်းထဲမှ လက်ဖြင့်နှိုက်၍၊ ဆီးကျိတ် အရွယ်အစာြးေ ပာင်း လဲမှုတို့ ကို စစ်ဆေးခြင်းကို ဆေးပညာအရ Digital Rectal Exam(DRE) ဟုခေါ်၏။ (၂) Prostate-specific antigen (PSA) နည်းဖြင့်လဲ ထိုကင် ဆာရောဂါ ရှိ/မရှိကိုစစ်ဆေးနိုင်ပြီး၊ ထိုနည်းက သုက်ရည် ဂလင်းမှ ထုတ်ပေးသော သွေးထဲရှိ ပရိုတင်းပမာဏကို တိုင်းတာစစ် ဆေးသော နည်းဖြစ်သည်။အကယ်၍ ပရိုတင်းပမာဏ မြင့်မားနေခြင်းသည် သုက်ရည်ဂလင်း ကင်ဆာ ရှိကြောင်းကို ဖော်ပြနေခြင်းဖြစ်၏။ (၃) Ultrasound ဖြင့် စမ်းသပ်နိုင်သည်။ စအိုလမ်းကြောင်း ထဲတွင် ပြွန်တစ်ခုထဲ့၍ သုက်ရည်ဂလင်းအနားထိရောက်အောင် အသံလှိုင်းကိုဖြတ်သန်းစေကာ၊ ကွန်ပြူတာထဲတွင်ပေါ်လာသော ပုံရိပ်ကိုကြည့်၍ ကင်ဆာရောဂါ ရှိ/မရှိကိုစစ်ဆေးနိုင်၏။ (၄) အလွန်သေးငယ်သော အပ်ဖြင့် နမူနာ တစ်ရှုးစကို ထုတ်ယူပြီးနောက်၊ အနုစိပ်ကြည့် မှန်ဘီလူးအောက်တွင် ဆဲလ်အကျိတ်စစ် ဆေးခြင်းကို Biopsy (ခေါ်) အသားမျှင်ကိုထုတ်၍ ဓာတ်ခွဲစစ်ဆေး ခြင်းဟုခေါ်သည်။

"Precaution is Better than Cure" ဆိုသော ဆိုးရိုးစကားရှိပါသည်။ " ရောဂါဖြစ်လာမှကု သခြင်းထက်၊ ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းသည်သာအကောင်းဆုံး" ဖြစ်ပါသည်။ လူ့ ဘ၀သည် ရခဲလှသဖြင့် လူသားအားလုံး သက်တမ်းစေ့ နေနိုင် ရေးအတွက် မိမိနှင့်တကွ၊ မိမိ၏မိသားစု၊ ဆွေမျိုးသားချင်း၊ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတို့ တွင် ကျန်းမာရေး ဗဟုသုတ ရှိစေလိုပါကြောင်း စေတနာအရင်းခံဖြင့် တိုက်တွန်းလိုက်ရပါသည်။ (အကယ်ဤကျန်းမာေ ရး လမ်းညွှန်ကို ဖတ်ရှုနေသော သင်သည် အမျိုးသမီး တစ်ယောက်ဖြစ်နေပါလျှင်၊ သင်၏ ဖခင်/ခင် ပွန်း / အစ်ကို/မောင် တို့ အား ဤကျန်းမာရေး လမ်းညွှန် ဗဟုသုတကို လက်ဆင့်ကမ်းမျှဝေပေး ပါရန်)


(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)

ဝန်ခံချက် - A Proactive Approach to Prostate Health by Dr.Apichart Kongkanan, A Board Certified Urologist
--
promise.pauk
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
အပြည့်အစုံသို့ >>

Samsung Phone Korea Devices အတွက် CWM Recovery (working)

Thursday, July 31, 2014




Galaxy S3 ( Android 4.3 )
SHW-M440S
SHV-E210S / K / L

CWM Recovery Link 
http://www.mediafire.com/?jloiio0bd8mpkpb
—————————

Galaxy S4 ( Android 4.3 , 4.4.2 )
SHV-E300S / K / L

CWM Recovery Link
http://www.mediafire.com/?hmx493z63ypi0b2
—————————–

Galaxy S4 LTE-A ( Android 4.3 , 4.4.2 )
SHV-E330S / K ( L တော့ မစမ်းရသေး )

CWM Recovery Link
http://www.mediafire.com/download/hw44e718z1ouzeh/GalaxyS4-CWM-6.0.4.4-GT-i9505.tar
——————————–

Galaxy Note 2 ( Android 4.3 , 4.4.2 )
SHV-E250S / K / L

CWM Recovery Link
http://www.mediafire.com/?b21s7an9qcvjsqx
———————————

Galaxy Note 3 ( Android 4.4.2 )
SM-N900S / K / L

CWM Recovery Link
http://www.mediafire.com/?umztw65whsal5nl
———————————

Galaxy S5
SM-G900S / K / L

CWM Recovery Link
http://www.mediafire.com/download/tm8o32nrhm3wpuc/unofficial_philz_touch_6.41.6-g900s.tar

http://www.mediafire.com/?d20gdg3febe824p
———————————

Galaxy S5 Prime / Galaxy F
SM-G906S / K / L

CWM Recovery Link
http://www.mediafire.com/download/8c8bm4atxrbsxre/unofficial_philz_touch_6.48.4-g906s_hsk.tar
———————————–

***အထူး သတိပြုရန်***
1. သက်ဆိုင်ရာ Firmware ကို PC မှ Odin ဖြင့်တင်ပါ ..
2. ပြီးမှ CWM Recovery ကို Firmware တင်သလို ထပ်တင်ပါ …
————————————
Device အား မြန်မာစာ စနစ်ထည့်သွင်း လိုပါက
FinalSolution zip အား
ဖုန်း တွင် Folder တစ်ခု အတွင်း သိမ်း၍
cwm recovery မှ တစ်ဆင့် install ပြုလုပ်ပေးပါ ..

FinalSolution 1 Fixed ( Android 4.3 , 4.4.2 )
http://www.mediafire.com/download/xbi3g7dojly62s9/FinalSolution+1+Fixed.zip
————————————

FinalSolution 1.1 Fixed with S5 Fonts ( Android 4.4.2 only )
http://www.mediafire.com/download/aaxtxeyc87e9ipd/FinalSolution+1.1+Fixed+%28S5%29.zip
————————————

Device အား Root ပြုလုပ် လိုပါက
SuperSu Update zip အား
CWM Recovery မှ install ပြုလုပ်ပေးပြီး
ဖုန်းပြန်ပွင့် လာရင် SuperSu Application ဝင်၍
Update Binary Normal .. Knox Disable Ok
လုပ်ပေးရင် Root Access ရပါပြီ..

SuperSu V2.01 Update.zip
http://www.mediafire.com/download/ut3wvr66u86m7as/UPDATE-SuperSU-v2.01.zip
————————————

Samsung Devices များအတွက်

Root မလုပ်ပဲ မြန်မာစာ သုံးလို သူများအတွက်
Build-in Browser များမှအပ မြန်မာစာ သုံးနိုင်ရန်

ZawgyiOne2014 V2 apk ကို install လုပ်ပြီး
FontStyle မှာပြောင်းသုံးပေးပါ …

http://www.mediafire.com/?rix2j2y7i8dj697

Credit ; Ko Aung Thura

အားပေးနေသော Mobile User အားလုံးကို အစဉ်လေးစားလျက်ပါ။

ref;MMAS
-------------------------------------- 
အပြည့်အစုံသို့ >>

အမျိုးသမီးတစ်ယောက်ရဲ့ တန်ဖိုး

Thursday, July 31, 2014
တစ်ခါတုန်း ကပေါ့ ဘုရားသခင်က လူသား မိန်းမကို ဖန်ဆင်းနေတဲ့ အချိန်ကာလ အတွင်း ၆ ရက်မြောက် နေ့မှာ နတ်သမီး တစ်ပါး ရောက်လာ ပါတယ်။ ပြီးတော့ ဘုရားသခင်ကို မေးတယ်..

“ ဒီတစ်ခု လေးကို ဘုရားသခင်က ဘာလို့အချိန် အများကြီး ယူပြီး ဖန်ဆင်း နေရတာလဲ ”

ဘုရားသခင်က နတ်သမီးကို ကြည်ပြီး ပြောတယ်..

“ အခု ဖန်တီးနေတဲ့ လူသား မိန်းမရဲ့ အစိတ် ပိုင်းတွေကို တွေ့လား ” 

နတ်သမီးက ဖန်တီးလက်စ လူသား မိန်းမကို သေသေချာချာ ကြည့် လိုက်တယ်..

ဘုရားသခင်က ဆက်ပြောတယ်.. သူ ဖန်တီးပြီး ဖြစ်တဲ့ လူသား မိန်းမရဲ့ လက်နှစ်ချေင်းကို ညွှန်ပြ လိုက်ပြီး.. 

“ ဒီလက်နှစ်ချောင်းနဲ့ သူမဟာ ခန္ဓာကိုယ်ပေါ်က အ၀တ်တွေကို လျှော် ဖွပ်နိုင်တယ် အိမ်ထဲမှာ ရှိတဲ့ ပစ္စည်း အမျိုး ၂၀၀ လောက်ကိုလည်း ဟိုရွှေ့ ဒီရွေ့ပြောင်းနိုင်တယ် အရသာ ထူးကဲတဲ့ အစားအသောက် တွေကိုလည်း ချက်ပြုတ် ပြင်ဆင် ပေးနိုင်တယ် ဒါ့အပြင် ကလေးငယ်တွေ ကိုလည်း ချီမပြုစု ပေးနိုင်သေး တယ် အဲဒီ လက်နှစ်ဖက်နဲ့ပဲ ဒူးနာတာက အစ လူတစ်ဖက်သား အသည်းကွဲတာ အဆုံး သူ ပျောက်ကင်း အောင် စွမ်းဆောင် ပေးနိုင်တယ် နတ်သမီး ”

ဘုရားသခင်ရဲ့ စကားကြောင့် နတ်သမီးက လူသား မိန်းမကို အထင် ကြီးသွားတယ် ပြီးတော့ ဘုရား သခင်ကို ထပ်မေးတယ်..

“ ဒါဟာ လူသား မိန်းမရဲ့ ပုံသဏ္ဍန် အပြည့်အစုံ ပဲလား ဘုရားသခင် ” 

“ ဒီနေ့တော့ သူမကို ဖန်တီး၇တာတွေ များနေပြီ မနက်ဖြန် တစ်ချက် ကြည့်ပါဦး အဲဒီအခါ ပြီးပြည့်စုံတဲ့ လူသားမိန်းမ ပုံစံကို တွေ့ရပါလိမ့်မယ် ”

နောက်တစ်နေ့ကျတော့ နတ်သမီးက ဘုရားသခင်ဆီ ရောက်လာပြန်တယ် ဘုရားသခင်က ပြောတယ်..

“ ဒီနေ့တော့ လူသားမိန်းမရဲ့ ပုံစံဟာ ပြီးသင့်သလောက်တော့ ပြီးနေပါပြီ ဖန်ဆင်းခဲ့ သမျှထဲမှာ လူသား မိန်းမကို ဖန်ဆင်းရတာ အနှစ်သက်ဆုံးပါပဲ ” 

“ ဘာလို့ပါလဲ ဘုရားသခင် ” နတ်သမီးက မေးတယ်.. 

“ နေထိုင်မကောင်းဖြစ်တဲ့ အချိန်မှာ ဆို လူသားမိန်းမဟာ သူမ ဘာသာသူမ ပြုစုစောင့်ရှောက် တတ်တယ် သူတစ်ပါး နေမကောင်းရင်လည်း ပြုစုစောင့်ရှောက်ေ ပးတတ်တယ် တစ်နေ့မှာ သူမဟာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်စွမ်း ရှိတယ် ”

နတ်သမီးက ဘုရားသခင်ရဲ့ စကားကို နားထောင်ရင်း လူသားမိန်းမ အနီးကို တိုးကပ်သွားတယ် ပြီးတော့ လူသားမိန်းမကို တို့ထိကြည့် လိုက်တယ်..

“ နူးညံ့လိုက်တာ ” 

“ ဟုတ်တယ် နူးညံတယ် ဒါပေမယ့် စိတ်ထားကိုတော့ သန်မာအောင်လို့ ဖန်ဆင်းထားတယ် အခက် အခဲတွေ အတားအဆီးတွေကို ကျော်လွှားနိုင်အောင်လည်း ဖန်ဆင်းထားတယ် ” 

“ သူမက တွေးခေါ်တတ်လို့လား ” နတ်သမီးက ထပ်မေးလိုက်တယ် 

“ တွေးတတ်ယုံတင် မကပါဘူး အကျိုးအကြောင်း ဆီလျှော်အောင် စဉ်းစားနိုင်ပြီး ညှိညှိနှိုင်းနှိုင်းလည်း လုပ်တတ်သေးတယ် ” 

နတ်သမီးက ဘုရားသခင် ဖန်တီးလက်စ လူသားမိန်းမ ပါးပြင်ကို လက်နဲ့ ထိလိုက်တယ်.. 

“ ဟင် ဒီမှာ အရည်တွေ စိမ့်ကျနေပါလား ဖန်ဆင်းထားတာ များလို့များ လူသားမိန်းမမှာ ၀န်ထုပ်ဝန်ပိုး ဖြစ်နေတာလား ” 

“ အဲဒါကို မျက်ရည်လို့ ခေါ်တယ် နတ်သမီး ” 

“ ဟင် .. ဘာအတွက်လဲ ” 

“ သူမရဲ့ဘ၀မှာ တွေ့ကြုံလာရတဲ့ ကြေကွဲမှု ၀မ်းနည်းမှု အမုန်းတရားနဲ့ ချစ်ခြင်းတရားတွေ အထီးကျန်မှုနဲ့ နာကျင်မှုတွေ ဂုဏ်ယူမှုတွေ ပျော်ရွှင်မှုတွေ စတဲ့ စိတ်ခံစားမှုတွေကို ဖော်ပြဖို့အတွက်ပါ ” 

နတ်သမီးဟာ လူသားမိန်းမကို အရမ်း အထင်ကြီးသွားတယ် ပြီးတော့ လူသား မိန်းမကိုပြောတယ်.. 

“ သင်ဟာ သိပ်ကို ကြီးကျယ် မြင့်မြတ်လှတဲ့ လူသားမိန်းမပါပဲ ဘုရားသခင် သင်ဟာအရာရာကို စဉ်းစား ချင့်ချိန်ပြီး တွေးတွေးဆဆ စွမ်းဆောင်နိုင်တယ် အခု သင်ဖန်ဆင်းထားတဲ့ လူသား မိန်းမကလည်း ကမ္ဘာလောကကြီး အတွက် ထူးခြားပြီး မရှိမဖြစ် အလိုအပ်ဆုံး ဖြစ်လာပါလိမ့်မယ် ” လို့ ဆိုလိုက်တယ်

ဘုရားသခင်က ပြုံးပြီးပြန်ပြောတယ် 

“ ဟုတ်တယ် လူသားမိန်းမက ကမ္ဘာကြီးအတွက် တကယ့် လိုအပ်မှုတစ်ခုပါ သူမမှာ လူသားယောက်ျား တွေ အံ့သြသွားစေမယ့် ခွန်အားနဲ့ သတ္တိတွေ ရှိတယ် မိသားစုရဲ့ ၀န်ထုပ်ဝန်ပိုး တွေကိုလည်း ဖြေရှင်းနိုင် စွမ်းရှိတယ် သူမကြောင့် ပျော်ရွှင်ခြင်းတွေ ချစ်ခြင်းတရားတွေနဲ့ အတွေးအခေါ်သစ်တွေ ဖြစ်ပေါ်လာနိုင် တယ် နောက်ဆုံး သူမကြောက်ရွံ့ နေတာတောင်မှ သူမမှာ ပြုံးပြနိုင်တဲ့ အစွမ်းရှိတယ် ”

“ အဲ့လောက်တောင် ပဲလား ” 

“ ဒါတင်မကသေးဘူး ငိုကြွေးရမယ့် ဒုက္ခတွေ ခါးဆီးခံရမယ့် အချိန်မှာ သူမ သီချင်းဆိုနိုင်တယ် ပျော်ရွှင် ရယ်မောတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် ကြောက်ရွံ့ထိတ်လန့် နေချိန်မှာလည်း သီချင်းဆိုတယ် ” 

“ အိုး ... ” 

“ သူမ မိသားစုအတွက် သူမယုံကြည်ရာကို ပြုလုပ်နိုင်သလို မိသားစုအတွက် သူမဟာ အဓိက ဇာတ်ကောင် အဖြစ် ခံယူထားပြီး မိသားစု ငြိမ်းချမ်း တည်ငြိမ် အောင်မြင်အောင် သူမအပေါ် မူတည်နေ တယ်လို့လည်း ခံယူထားတယ် သူမရဲ့နှလုံးသားဟာ ပုံသဏ္ဍန် အမှန်မရှိဘူး ”

“ သူမရဲ့သားသမီးတွေ အောင်မြင်နေတာ ကြည်ပြီး ကြည်နူး မျက်ရည်တွေလည်း ကျနေတတ်တယ် သားသမီးအတွက် ၀မ်းနည်းတာဖြစ်စေ ၀မ်းသာတာဖြစ်စေ မျက်ရည် ကျတတ်သေးတယ် တခါတခါ ပီတိအပြုံးနဲ့ ဂုဏ်ယူနေတတ် သေးတယ် ” 

နတ်သမီးက ဘုရားသခင် စကားနားထောင်ရင်း လူသားမိန်းမကို သဘောကျနေခဲ့တယ် ဘုရားသခင်က နောက်ထပ် ဆက်ရှင်းပြတယ်... 

“ သူမ နှလုံးသားဟာ ဆွေမျိုး မိသားစုထဲက တစ်ယောက်ယောက် ဒါမှမဟုတ် သူငယ်ချင်း တစ်ယောက် ယောက် ဆုံးတယ် သတင်းကြားရင် ကြေကွဲထိခိုက် တတ်တယ် ဒါပေမယ့် အဲဒီကြေကွဲမှု တွေကိုပဲ ဘ၀အတွက် လိုအပ်တဲ့ ခွန်အားအဖြစ် ပြောင်းလဲ ယူနိုင်စွမ်းလည်း ရှိတယ် ”

“ သူတပါးအတွက် အနမ်းရယ် ယုယနွေးထွေးတဲ့ ဆက်ဆံခြင်းတွေက အသည်းကွဲခြင်းကို ကုစားပေးနိုင် တယ် ဆိုတာလည်း သူမက သိသေးတယ် ”

ဘုရားသခင်က နောက်ဆုံး နတ်သမီးကို စကား တစ်ခွန်းပြောတယ်.. 

“ ဒါပေမယ့် လူသားမိန်းမမှာ ချို့ယွင်းချက် တစ်ခုရှိတယ် ” 

“ ဘယ်လို .. ” “ ဘယ်လို ချို့ယွင်းချက်လဲ ဒီလောက် ပြည့်စုံနေတာကို ”

“ သူမဟာ သူမရဲ့ အဲဒီလို တန်ဖိုးရှိနေမှု တွေကို မေ့နေတတ်တယ် ” 

“ ဟင် .. ” 

“ နောက်ပြီး ကမ္ဘာပေါ်မှာ သူမဟာ အဖိုးတန်ဆုံး လူသား တစ်ယောက်ပါလား ဆိုတာကိုလည်း အမြဲတမ်း မေ့နေတတ်တယ် ”

အမျိုးသမီးတိုင်း မိမိ ရရှိနေတဲ့ ဘ၀ကို တန်ဖိုးထားပြီး ဂုဏ်ယူနိုင်ကြပါစေ။


The creatures of women အား ဆီလျှော်သလို ဘာသာပြန်သည်။

သက်တန့်ချို
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
အပြည့်အစုံသို့ >>

ဝတဲ့သူတွေ ပြိုင်တဲ့ ၀ယဉ်ကျေးမယ် ပြိုင်ပွဲ

Thursday, July 31, 2014
By အသင်အောင်
ခန္ဓာကိုယ် အချိုးအစား လှပသူတွေ ကတော့ လှယဉ်ကျေးမယ် ပြိုင်ပွဲကို ၀င်ရောက် ဆင်နွှဲ တတ်ကြ ပါတယ်။ ဒါပေမဲ့ အ၀ လွန်သူတွေ အတွက် ကတော့ ၀င်ရောက် ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲ မရှိသလောက် ရှားပါးပါတယ်။ ဒီပြဿနာကို ပြေလည်စေဖို့ ဗြိတိန်မှာ အ၀လွန်တဲ့ သူတွေသာ ၀င်ရောက် ယှဉ်ပြိုင်နိုင်တဲ့ အလှမယ်ပြိုင်ပွဲ တစ်ခု ကို ကျင်းပ ပြုလုပ်ခဲ့ပါ တယ်။ ဒီပြိုင်ပွဲကို အခြား အလှမယ်ပြိုင်ပွဲတွေလို ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။ စုစုပေါင်း ပြိုင်ပွဲ ၀င် (၃၀) ဦးရှိပြီး Size ၁၄ ကနေ ၂၆ အထိ ရှိသူတွေသာ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရှိပါတယ်။ ပြိုင်ပွဲကို အဆင့်ဆင့် ကျင်းပပြီး ညနေခင်း ၀တ်စုံ ၀တ်ဆင် ခြင်း၊ ရေကူးဝတ်စုံ ၀တ်ဆင်ခြင်းစတဲ့ အရာတွေ ကိုလည်း ပြုလုပ်ရပါတယ်။ ပြိုင်ပွဲရဲ့ အလှမယ် ဆုကိုတော့ အသက် (၂၄)နှစ် အရွယ် အီမီလီဘလိတ်က ရရှိသွားခဲ့ပါတယ်။ Size ၁၆ ရှိတဲ့ အီမလီဘလိတ်ဟာ ဆွဲဆောင်မှု အားကောင်းခဲ့ပြီး အ၀ါရောင် ရေကူးဝတ်စုံနဲ့ လမ်းလျှောက်ခဲ့ရာမှာ လက်ခုပ်သံတွေ ရယူနိုင်ခဲ့ပါတယ်။ နောက်ဆုံးဖိုင်နယ်မှာ အီမီလီဘလိတ်ဟာ အနီရောင်ဝတ်စုံနဲ့ လှသွေးကြွယ်ခဲ့ပြီး အလှမယ်ဆုကိုရခဲ့လို့ မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ပါတယ်။ 

အီမီလီဘလိတ်က အိပ်မက်လိုဖြစ်နေပါတယ်။ ယုံလည်းမယုံနိုင်ပါဘူး။ အလှမယ်ဆုကို ရခဲ့လို့ ဂုဏ်ယူ မိပါတယ်။ ကျွန်မကတော့ ဒီခန္ဓာကိုယ် ကိုပဲ ကြိုက်တယ်။ ဒီဆုဟာ ကျွန်မကိုယုံကြည်မှု ရှိစေခဲ့ပါတယ်။ လူတွေ အတော်များများဟာ ခန္ဓာကိုယ်သေးသွယ်တဲ့သူ၊ ခြေတံလှတဲ့သူတွေကို ချော မောသူ အဖြစ် ထင်နေကြတာပါ။ ဒါပေမဲ့ ကျွန်မဟာ ကျန်းမာရေးအတွက် အစားတွေစားခဲ့တယ်။ကျန်းမာအောင်လည်း လေ့ကျင့်ခန်းတွေပြု လုပ်ပါတယ်။ ကျွန်မရဲ့ သဘာဝအလှကို ထုတ်ပြခဲ့ပါတယ်။ ကျွန်မဟာ ပြီးပြည့်စုံတဲ့ အလှမယ် မရှိဘူးဆိုတာ သက်သေပြနိုင်ခဲ့ပါတယ် လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် တွေမှာ အလှမယ် ဆုရထား သူတွေက ဒိုင်လူကြီးအဖြစ် ၀င်ရောက်ဆောင်ရွက်ပေးခဲ့ပါတယ်။ တတိယနေရာရခဲ့တဲ့ အသက် (၂၉) နှစ်အရွယ် ဒီအိုနီက ထူးခြားတဲ့ အတွေ့အကြုံကို ခံစားမိပါတယ်။ ဒီပြိုင်ပွဲဟာ အမျိုးသမီးတွေ အတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေပါတယ်။ ကျွန်မ ဒီပြိုင်ပွဲကို နှစ်သက်ပြီး ရေကူး ၀တ်စုံနဲ့ လမ်းလျှောက်ရတဲ့ အချိန်ကို အရမ်းစိတ်လှုပ်ရှားခဲ့ ပါတယ်လို့ ဆိုသွားခဲ့ပါတယ်။


The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
အပြည့်အစုံသို့ >>

တင်ခဲ့ပြီးသော Posts များ ဆက်လက်ဖတ်ရှုရန်...

                 

သိလိုသော အကြောင်းအရာကို အောက်က Search Box ထဲမှာ မြန်မာ/အင်္ဂလိပ် ဘာသာဖြင့် ရိုက်ထည့်၍ ရှာဖွေပါ...