Posts

Showing posts from November, 2014

ရုပ်ပုံလွှာ ရိုက်ကူးခြင်း -(၅) ( Portrait Photography- 5 )

Image
စကားဦး ကျွန်တော်သည် ရုပ်ပုံလွှာ ရိုက်ကူးခြင်း ( Portrait Photography ) နှင့်ပတ်သက်၍ မှတ်စု အမှတ် (၁) မှ (၄) အထိ မှတ်စု လေးခု ရေးခဲ့ ပါသည်။ Portrait Photography ကို တတ်ကျွမ်း နားလည် ၍ ရေးသည် မဟုတ်ဘဲ ကျွန်တော် သိလို သဖြင့် လိုက်လံ ရှာဖွေ ဖတ်ရှု ခဲ့သည်များကို စုပေါင်းဘာသာပြန် ကာ ပြန် လည် မျှ ဝေခြင်းသားဖြစ် ပါသည်။ ထိုသို့ လေ့လာသည့် အတွက် Portrait Photography သည် သာမန် အားဖြင့် လူပုံ ကို ရိုက်သည်ဟုသာ သိထားသည် မှ လူ တင်သာမက သက်ရှိ သက်မဲ့ အားလုံး တို့ ၏ ရုပ်ပုံ လွှာ ကို ရိုက်ကူးခြင်း ဆိုသည် ကို သိ လိုက်ရပါသည်။ ယခု အကြိမ်တွင် လည်း Portrait Photography ကို ဆက်လက် လေ့လာ လိုသဖြင့် စုဆောင်း ဖတ်ရှု ခဲ့ရာ လက်တွေ့ အသုံးတည့် မည် ဟု ယူဆသည့် Nikon America -US မှ ထုတ် ဝေ သော Portrait Photography ဆိုင်ရာ ဆောင်း ပါး ၊ Peter Kolonia ၏ How to Create an Edgy Portrait With High-Contrast Lighting ဆောင်းပါး နှင့် ဆောင်းပါးရှင် Jmeyer ၏ Portrait photography techniques, tips and tricks ဆောင်းပါး များကိုတွေ့ ရှိခဲ့ ပါသည်။ ထို့ ကြောင့် အဆိုပါ ဆောင်းပါး သုံးခု ကို ပေါင်းစပ်ကာ ဆီလျှော် သကဲ့ သို့ ဘာသာပြန်

ဆောင်းရာသီ အပူကန် လည်ချောင်းနာအတွက် ဆေးတစ်ခွက်

Image
ဆောင်းရာသီ ကဲ့သို့ အေးမြတဲ့ ရာသီရောက် လာတဲ့ အခါတိုင်း၊ ခန္ဒာကိုယ်တွင်း အပူဓာတ် များသူတွေမှာ အပူကန် ထွက်လာပြီး လည်ချောင်း နာလေ့ရှိကြ ပါတယ်။ အဲဒီလို အပူဓာတ် များသူတွေ အဖို့ ခါတိုင်းထက် ရေပိုသောက်ပေး ရမှာဖြစ်ပြီး၊ ပုံမှန် ရေချိုးနေကျ အတိုင်း တစ်နေ့ ၂-ကြိမ် (သို့ မဟုတ်) အနည်းဆုံး ၁-ကြိမ် နေ့ စဉ်ရေချိုးပေး ဖို့ လိုပါတယ်။ ကိုယ်လက်လှုပ်ရှား များများ လုပ်ကာ၊ ကောက်ညှင်းပေါင်းလို ၀မ်းချုပ်စားတွေ မစားဘဲ၊ သင်္ဘောသီး၊ ဌက်ပျောသီးတို့ လို ၀မ်းနူးစာတွေ ကို စားပေး သင့်ပါတယ်။ အပူကန်၍ လည်ချောင်းနာတဲ့ ဝေဒနာဟာ လည်ချောင်းထဲကို မီးစနဲ့ ထိုးခံရသလို ပူစပ်ပူလောင် ခံစားရပြီး၊ အာသီးရောင်သကဲ့ သို့တံတွေးမြိုချတဲ့ အခါတိုင်း နာတဲ့အပြင်၊ လည်ချောင်းထဲက ယား၍ချောင်းဆိုး တတ်ပြန်တာကြောင့် အင်မတန် ခက်ရခက်တဲ့ ဝေဒနာတစ်မျိုးပါဘဲ။ ဒိအတွက် စိတ်ညစ် မနေပါနဲ့ ။ ဟောဒီမှာ ဆေးကောင်း တစ်လက် ရှိပါတယ်။ ဒီဆေးဖော်စပ်နည်းက လုပ်ရ တာလွယ်ကူလို့  အထင် မသေးလိုက်ပါနဲ့ .ဘေးထွက်ဆိုးကျိုး မရှိဘဲ ပျောက်ကင်း သက်သာသွားစေမယ့် ဆေးကောင်း တစ်ခွက်ဖြစ် လို့ ပါ။ သဘာဝ ပျားရည်စစ်စစ်၊ သံပုရာသီး၊ ဂျင်း စတဲ့ ပစ္စည်း ၃-မယ်ရှိရင် ဆေးဖော်စပ်ဖို့ ရပါပြီ။ (၁၀၀% သဘာ၀ပ်

Bridge Camera ဝယ်မယ်ဆိုရင်...!

Image
ဒီနေ့တော့ Photography အကြောင်းမဟုတ်ပဲ Buying Guide လေးပဲ ပေါ့ပေါ့ပါးပါး ဆွေးနွေးတာပေါ့..။ ကျွန်တော်အခုရေးခဲ့တဲ့ Tutorial တွေထဲမှာတော်တော်များများက DSLR မဟုတ်ပဲ ..။ Bridge Camera လေးတွေနဲ့ ရိုက်လို့ရပါတယ်..။ Bridge Camera ဆိုတာ Point & Shoot ထက် အဆင့်မြင့်ပြီး..။ DSLR နီးပါး အသုံးပြုလို့ရတဲ့ High End Compact Camera လေး တွေဖြစ်ပါတယ်..။ အားသာချက်က...။ DSLR တွေလို Lens လဲစရာ မလိုပါဘူး..။ သယ်ရတာလွယ်ကူတယ်..။ အလုပ်ရှုပ်သက်သာတယ်..။ Landscape ကနေ Tele Shot အထိ Range တော်တော်စုံစုံ ရိုက်လို့ရတယ်..။ (DSLR သမားတွေ မဝယ်နိုင်တဲ့ Long Range Tele Lens တွေထက် ပိုပြီး ဝေးဝေး ရိုက်နိုင်ပါတယ်..။ Quality ကတော့ ချွင်းချက်ပါ..) Macro လည်းရပါ တယ်..။ နောက်ဆုံးအချက် က ဈေးသက်သာတယ် (DSLR ထက်)..။ အားနည်းချက်က DSLR တွေမှာပါတဲ့ APS-C Sensor လောက်တောင် မကြီးပါဘူး..။ Full Frame နဲ့ ဆိုအကွာကြီးပေါ့..။ ISO သိပ်မနိုင်ပါဘူး..။ Quality ကတော့ DSLR ကိုမမှီပါ..။ ဒါပေမယ့် တော်တော်လေး အလုပ်ဖြစ်တဲ့ Quality ကိုရပါတယ်..။ အောက်မှာ ကျွန်တော် DSLR မဝယ်ခင်က သုံးခဲ့တဲ့ Sony DSC-H7 Bridge Camera လေးနဲ့ ရိုက်ထားတဲ့ပုံ တွေ ပြထားပါတယ

မလိုလားအပ်သော ယူရစ်အက်ဆစ်များကို သဘာဝနည်းဖြင့် လျော့ချနည်း

Image
သွေးထဲရှိ မလိုလား အပ်သော ယူရစ်အက်ဆစ် များကို၊ ဘေးဘယာ ကင်းဝေးစွာဖြင့် အောက်ပါ နည်းလမ်း(၃) သွယ်ကို သုံး၍ လျော့ချနိုင် ပါတယ်။ (၁) ရေက ကျောက်ကပ်ကို ကောင်းစွာ အလုပ် လုပ်စေပြီး၊ ယူရစ် အက်ဆစ်တွေကို ခန္ဓာကိုယ် ပြင်ပသို့ ဆီးအဖြစ် စွန့် ထုတ်နိုင် အောင် ပံ့ပိုးကူညီပေး ပါတယ်။ ဒါကြောင့် အရွယ်ရောက်ပြီး သူ ကျား-မ အားလုံး တိုင်းဟာ နေ့ စဉ်  သန့် ရှင်းသော သောက်ရေ သန့် ကို ၂ လီတာမှ ၃ လီတာခန့် အထိ သောက်သုံးပေးဖို့ လိုပါတယ်။ မှန်ကန်သော ရေသောက် နည်းကတော့၊ တကြိမ်တည်းမှာ ရေတွေ အများကြီး သောက်သုံးခြင်းမျိုး မဟုတ်ဘဲ၊ ရေနည်းနည်း စီကို မကြာခဏ ဆိုသလို သောက်သုံးပေး ရမှာဖြစ်ပါတယ်။ (၂) မုန့် ဖုတ်ဆော်ဒါက ယူရစ်အက်ဆစ်တွေကို ကောင်းစွာချေဖျက်ပေးနိုင်ပါတယ်။ ၈ အောင်စ ပမာဏ ရှိသော သောက်ရေထဲ ကို မုန့် ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်း တ၀က်ခန့်  ရောဖျော်၍သောက်ပေး ရမှာပါ။ ၄င်းဆေးရည်ကို သောက်သုံးရမည့် အချိန်များ ကတော့ ညအိပ်ယာမ၀င်ခင် (သို့ မဟုတ်) နံက် အိပ်ယာထ ချိန် (သို့ မဟုတ်) နေ့ လည်စာစားပြီးချိန် နှင့် ညစာမစားမီ ကြားကာ လအတွင်းမှာ မိမိအဆင်ပြေ သလို သောက်သုံးပေးနိုင် ပါတယ်။ (သတိပြုရန်။ မုန့် ဖုတ်ဆော်ဒါမှာ ဆိုဒီယမ်ဓာတ်မြင့်မားစွာ ပါ

အိန္ဒိယရိုးရာ လက်ထပ်မင်္ဂလာပွဲ

Image
အိန္ဒိယနိုင်ငံတွင် ၄-ရာစုနှစ်ခန့် မှစ၍၊ အပျိုဖော်/ လူပျိုဖော် ၀င်သည်နှင့် တပြိုင်နက် အသေး စိပ်ကြိုတင် စီစဉ်သော မင်္ဂလာပွဲများကို ဆောင်ကြဉ်း လာခဲ့ကြ ပါသည်။ အေဒီ ၁၀၀၀ ခုနှစ်မှစပြီး၊ ကလေးသူငယ် လက်ထပ်ပွဲ အစဉ်အလာများ စတင် လာခဲ့ပြန်ပါသည်။ ဟိန္ဒူအယူဝါဒအရ၊ မယားပြိုင် ယူသော ဓလေ့က ရှေးရိုး စွဲဖြစ်နေပြီး၊ မိန်းမပျို တစ်ယောက်က လက် မထပ်ခင် ချစ်ကြိုး သွယ်မိခြင်းသည် ကြီးလေးသောပြစ် မှုကို ကျူးလွန်သည်ဟု ပညတ်ထားပါသည်။ သတို့ သား မိဘက ကြားဝင်စေ့စပ်ပေးသူ၏ အကူအညီဖြင့် သတို့ သမီး၏ မိဘကို ချဉ်းကပ်လေ့ ရှိပြီး၊ သတို့ သားမိသားစုဂုဏ်ဒြပ်၊ ပညာတတ်မှုကို အကဲခတ်ပြီးနောက်၊ သတို့ သမီးဘက်က လက်ခံ ဆုံးဖြတ် ပါသည်။ သတို့ သမီးဘက်က သတို့ သား ကို ရွှေစ၊ငွေစ ပေး၍တင်တောင်းရ သည့်ပြင်၊ မင်္ဂလာဧည့်ခံ စရိတ်ကိုပါ တာဝန်ယူပေးရပြန်ပါသည်။ ယနေ့ မျက်မှောက်ကာလ မှာတော့ မင်္ဂလာ လက်ဖွဲ့ တင်တောင်း ရသည့်ပမာဏနှင့် သတို့ သမီး ပညတ်ချက်များ ကို ရှေးယခင်ကေ လာက်ပုံကြီးမချဲ့ ကြသော်လဲဘဲ၊ အစဉ် အလာကတော့ ကျန်ရှိနေပါသေးသည်။ မင်္ဂလာပွဲများ တွင် များသောအားဖြင့် သတို့ သားက အဖြူရောင် ၀တ်လေ့ရှိပြီး၊ သတို့  သမီးက အနီရင့် (သို့ မဟုတ်) ကြက်သွေးရောင် (သို့ မဟုတ်) ရွှေရောင

နှာခေါင်းထိပ်က အမည်းစက်တွေကို ရိုးရင်းလွယ်ကူစွာ ဖယ်ရှားနည်း

Image
မျက်နှာ အဆီပြန် တတ်သူများနှင့် ပေါင်းစပ် အသားအရေ (ခေါ်)နှဖူးအလယ် နှာခေါင်း မေးစေ့ တွေ မှာ အဆီပြန်တတ် သူများဟာ အမည်းစက်များ ထွက်လေ့ ရှိပါတယ်။ အမည်းစက် လို့  ဆိုပေမယ့် တကယ် တမ်းမှာတော့ ၀က်ခြံဖြစ်ပြီး၊ ၄င်းကို ညှစ်လိုက်တဲ့ အခါ အထဲက အဖြူရောင် အဆံလေးတွေ ထွက် လာ တာမျိုးပါ။ ထိုအမည်းစက်တွေကို နှာခေါင်းထိပ် တ၀ိုက်မှာ အများဆုံးတွေ့ ရပြီး၊ နှာခေါင်းဘေး ကပ်လျက် ရှိသော ပါးပေါ် မှာ လည်း တွေ့ ရ တတ်ပါတယ်။ အောက်နှုတ်ခမ်း နဲ့ နီး ကပ်နေသော မေးစေ့ပေါ်မှာတော့ ကြာစူးကဲ့သို့  အဖု ချွန်းချွန်းလေးတွေ ခပ်ကျဲကျဲ ထွက်ပြီး၊ ၄င်းကို ကုတ်ခြစ်ကြည့်တဲ့ အခါမှာလည်း အဖြူရောင် အဆံထွက်ရှိလာ ပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသားများထက် အမျိုးသမီးတွေမှာ ပို၍အဖြစ်များပြီး၊ ဆယ်ကျော်သက် အရွယ် ကစလို့  ခုလိုမျိုး ထွက်လာကြ တာပါ။ သာမန်ဝက်ခြံဖုတွေဟာ အချိန်တန်လို့  သူ့ အလိုလို မှည့်သွားတဲ့အခါ အဖြူရောင်အဆံ သွေးစ သွေးနနှင့် သားနံ(သားငံ) ရည်တွေ ထွက်လာပေ မယ့်၊ အမည်းစက်တွေကတော့ အဲဒီလိုမဟုတ်ပါဘူး။ ဒါ ကြောင့် ၄င်းအမည်းစက်တွေကို အထဲက အဆံ ထွက်လာဖို့  ညှစ်ပေးရမှာပါ။ တချို့  သူများက ညှစ်လိုက်ရင် ပွားတတ် တယ်ဆိုကာ မညှစ်ရဲဘဲ ထားကြပါ တယ်။ တကယ်တမ်းမှာ တေ

ပဲကြီးနှပ်

Image
ပဲကြီးကို ခရမ်းချဉ်သီးနဲ့ ရောချက် ထားတာပါ။ ထမင်းမြိန်စေတဲ့ ဟင်းရံ တမျိုးပါ။ ချက်ရလည်း လွယ်တာမို့ ခုပဲ တူတူ ချက်ကြည့် ရအောင်… ပါဝင်ပစ္စည်းများ ပဲကြီး – ၂၀၀ ဂရမ် (အခွံနွှာထားပေးပါ) ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ) ခရမ်းချဉ်သီး – ၁လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးပါ) ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၂ပုံ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က် ဂီ(သို့) ထောပတ် – စားပွဲတင်ဇွန်း ၃ဇွန်း နံနံပင် – အနည်းငယ် (ပါးပါးလှီးထားပါ) ချက်ပြုတ်နည်း ၁။ အရင်ဆုံး ပဲကြီးကို ရေစင်အောင်ဆေးပြီ အခွံနွှာထားပေးပါ။ ၂။ ပြီနောက် ဒယ်ထဲ ဂီ (သို့) ထောပတ် အပူပေးပြီ ပူလာလျှင် ကြက်သွန်နီ ဆီပူထိုးပေးပါ။ ၃။ ပြီလျှင် ဆနွင်းမှုန့် ထည့်ကာ မိနစ်ဝက်ခန့်ေ၇ာမွှေပေးပါ။ ၄။ ထို့နောက် ခရမ်းချဉ်သီး၊ ပဲကြီး၊ ရေ(၂၀၀မီလီလီတာ)၊ ဆား၊ ကြက်သားမှုန့် ထည့်ကာ အဖုံးအုပ်ပြီ ပဲကြီး နူသည်အထိ တည်ထားပေးပါ။ (ရေလိုလျှင် ထပ်ထည့်ပေးပါ) ၅။ ဆီပြန်လာလျှင် နံနံပင် အုပ်ပြီ အရသာရှိသော ပဲကြီးနှပ်ကို သုံးဆောင်လို့ ရပါပြီ… Wutyee Food House -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com ) Facebook Page

ချုံကြားမှ ဘုံဖျားသို့

Image
ဘ၀ကို မည်မျှ နိမ့်ပါးနုံချာသော အခြေအနေမျိုးမှ စတင် ခဲ့ရသည် ဖြစ်ပါစေ၊ ရည်မှန်းချက် ရှိမည်၊ ဥာဏ် အမြော်အမြင် ရှိမည်၊ မလျှော့သော ဇွဲလုံ့လ ရှိမည်ဆိုက သည်တစ်သက်တာ ဘ၀အပြီးသတ် ချိန်၌ အမြင့်မားဆုံး ထိပ်ဆုံးနေရာကို ရရှိနိုင်ပါ သည်။ သည်လို ရရှိသွားခဲ့ သူတွေလည်း သမိုင်း တစ်လျှောက် အမြောက်အမြား ရှိသည်။ အထွတ် အထိပ်သို့ ရောက်ရှိ ကြသူတွေ၏ အတ္ထုပ္ပတိများကို လှန်လှောကြည့်လျှင် “ ချူံကြားမှ ဘုံဖျားသို့ ” တက်လာနိုင်ခဲ့သူတွေ များပြားလှကြောင်း တွေ့ရှိရလိမ့်မည်။ သည်လို တက်လာနိုင်ခွင့်သည် ပါရမီထူးသူ တချို့သာ ရရှိနိုင်သည့် မဟာအခွင့်အရေး မဟုတ်။ ဘုံဖျားသို့ တက်သော လှေကားသည် အထူးပုဂ္ဂိုလ်များအတွက် သီးသန့် ကန်သတ်ထားသည့် လှေကားမဟုတ်။ လူတိုင်းတက်နိုင်သည့် လှေကား၊ လူတိုင်းအတွက် ဖွင့်ထားသည့် အခွင့်အရေး တံခါးသာ ဖြစ်သည်။ သင်သည် စီးပွားရေးနယ်ပယ်တွင် အောင်မြင် ကြီးပွားချင်သလား၊ အနုပညာသမားအဖြစ် ထင်ပေါ်ကျော် ကြားချင်သလား၊ လူမှုရေးနယ်ပယ်တွင် လွှမ်းမိုး တွင်ကျယ်ချင်သလား၊ ထူးခြားပြောင်မြောက်သော နိုင်ငံရေး သမားတစ်ယောက်အဖြစ် အထွတ်အထိပ်သို့ ရောက်ချင်ပါသလား။ ဘယ်အရာမဆို ဖြစ်လာနိုင်ခွင့် သင့်မှာ ရှိနေသည်။ အရေးကြီးသည်က အထက်တွင်ဆိုခဲ

သားသား မီးမီးကြီးရင် ဘာလုပ်မယ်

Image
သရုပ်ဖော်ပုံ ကာတွန်းအာကာ တနေ့က ကျမ မိတ်ဆွေ တယောက် အိမ်ကို အလည်ရောက် ပါတယ်။ သူနဲ့ အတူ သူ့ရဲ့ သမီးလေးလည်း ပါပါတယ်။ သူ့ရဲ့ သမီးလေးက အသက် ၁၂ နှစ် အရွယ်လောက်ပါ။ မိတ်ဆွေက သူ့ရဲ့ သမီးကလေး အကြောင်း ပြောပြပါတယ်။ သမီးလေးက မူကြိုကျောင်းကို မတက်ခဲ့ဖူးတဲ့ အကြောင်း၊ မူကြို ထားတုန်းက တရက်ပဲ တက်ပြီးတော့ ငိုပြီး ပြန်လာ တယ် ဆိုတဲ့ အကြောင်း၊ ပြီးတော့ ကလေးက “အမေတို့ ဖြစ်ချင်တဲ့ ဆရာဝန် ကြီး ဖြစ်အောင် လို့ ကျောင်းနေရင် သမီး စာကြိုးစား ပါ့မယ်၊ မူကြိုတော့ မထားပါနဲ့” လို့ပြောခဲ့တဲ့ အကြောင်း၊ သူ့သမီး ဆရာဝန်မကြီး ဖြစ်လာအောင်လို့ ဘယ်လို ဘယ်လိုတွေ ကလေး ကို တွန်းအား ပေးပြီးတော့ စာကျက် ခိုင်းတယ် ဆိုတဲ့ အကြောင်း၊ အတန်းထဲမှာ သူ့သမီးက အမြဲပဲ ပထမ နေရာက မဆင်းဘူး ဆိုတဲ့ အကြောင်း စသဖြင့် ကျမကို ပြောပြ ပါတယ်။ သူ့စကားကို ကျမနားထောင်ပြီးတဲ့ အချိန်မှာတော့ ကျမက ကလေးကို သမီးက ဆရာဝန် ဖြစ်ချင်တာလား ဆိုတော့ ကလေးက ခေါင်းငြိမ့်ပြ ပါတယ်။ သမီးက ကျန်တာရော ဘာတွေ ၀ါသနာ ပါသေးလဲလို့ ကျမက ကလေးကို ထပ်မေးတဲ့ အခါမှာတော့ ကလေးက ကျမမေးခွန်းကို ဘာမေးမှန်း မသိရှာပါဘူး။ မျက်လုံးလေး ပြူးပြီးတော့ ကြည့်ပါတယ်။ ဒါနဲ့ ကျမက ထပ်မေးပါတယ်။ “သမီးက ဘာဝါသနာပ

ဆယ်ကျော်သက် မြီးကောင်ပေါက် အရွယ်တွေနဲ့ ကျန်းမာရေး ပြဿနာ အထွေထွေ

Image
ဓာတ်ပုံ – tpe.madmag2.com ဆယ်ကျော်သက်၊ မြီးကောင်ပေါက်၊ လူငယ် ဆိုတာကို အမျိုးမျိုး အမည်တပ် ခေါ်ဝေါ်ကြပေမယ့် လူကြီး မဖြစ်သေးမီနဲ့ ကလေးဘဝ ကျော်လွန် လာခါစ အရွယ်ဆိုတာတော့ ယေဘုယျ သတ်မှတ် ထားကြတာပါ။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးကတော့ ဆယ်ကျော် သက်၊ မြီးကောင်ပေါက် (Adolescents) ဆိုတာ ကို ၁၀ နှစ် ကနေ ၁၉ နှစ်အရွယ် လူငယ်တွေ လို့သတ်မှတ် ပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာ အဲဒီအရွယ် ၁ ဒသမ ၂ ဘီလီယံလောက် ရှိပြီး ကမ္ဘာ့ လူဦးရေရဲ့ ၅ ပုံ ၁ ပုံ ရှိနေကာ အရေအတွက်က ပိုပိုတိုးလာနေတာ တွေ့ရ ပါတယ်။ ဆယ်ကျော်သက်၊ မြီးကောင်ပေါက် လူငယ် ဘဝဆိုတာက ကလေးသူငယ် အဖြစ်ကနေ လူကြီးဆိုတဲ့ ဘဝကို သွားနေတဲ့ ခရီးတခုပါပဲ။ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ ခံစားမှုပိုင်းတွေ အားလုံးလည်း ပြောင်းလဲ သက်ဝင်စ အရွယ်ပေါ့။ ခန္ဓာကိုယ် ကြီးထွားလာသလို စိတ်ထဲမှာလည်း စူးစမ်းလိုစိတ်တွေ၊ မေးခွန်းတွေ စတင်လာကြတဲ့ အရွယ်ပေါ့။ လွတ်လပ်စွာ နေလိုတဲ့ စိတ်တွေလည်း စတင်လာ ကြပြီပေါ့။ ဒီအရွယ်မှာ အပြောင်းအလဲတွေနဲ့ အတူ သူတို့ရဲ့ ဖြစ်တည်လိုခြင်းတွေ အတွက် သင်ယူဖို့ရာ အထောက်အကူ နည်းမှန်လမ်းမှန်တွေ လိုအပ်တာတော့ အသေအချာပါပဲ။ ဆယ်ကျော်သက်၊ မြီးကောင်ပေါက် ဆိုတာက ကလေး မဟုတ်တော့ပေမယ့် လူကြီးလည်း မဖြ