Budget Gears For Beginner....!

ဒီတစ်ခါလည်း Buying Guide ပဲ ဆိုပါတော့ဗျာ..။ Tutorial လေးရေးလိုက် Review လေး ရေးလိုက်ပေါ့..။

ဓာတ်ပုံကို အဓိက စိတ်ဝင်စားတာ အသက်အရွယ်အားဖြင့် လူလတ်ပိုင်းတွေပါ...။ ကိုယ့်ဝင်ငွေလေးနဲ့ ကိုယ် အနဲနဲ့ အများတော့ ရှိကြတာ များတယ်..။ လူငယ်ပိုင်းတွေကြတော့လည်း ရှိသမျှ မုန့်ဖိုးလေး ခြစ် ချုပ်စုပြီး ဝယ်ရတာဆိုတော့...။ သိပ် Heavy ကြီးတွေ မသုံးနိုင်ကြပါဘူး..။

Heavy တွေ အဓိက မသုံးသင့်တဲ့ နောက်တစ်ချက်က..။ ကျွန်တော်တို့တွေဟာ Professional အသက်မွေး ဝမ်းကြောင်း တစ်ခုအနေနဲ့ ဆက်လုပ် မှာ မဟုတ်ပဲ..။ ဝါသနာအရသာ လေ့လာ လိုက်စား ကြတာ ဖြစ်ပါတယ်..။ အခွင့်အရေးကြုံမှ အများဆုံး ပြိုင်ပွဲလေး ဘာလေးဝင် Tripod ဖိုး..။ ကျောပိုးအိတ် ဖိုးလေးလောက် ရမှာဆိုတော့..။ တကယ့် Pro တွေ ဝယ်သလို Heavy ကြီးတွေ ဝယ်တာဟာ ကျွန်တော် တို့ အတွက် လုံးဝ အဓိပါယ် မရှိဘူးလို့ ကျွန်တော်ထင်ပါတယ်..။ သူတို့က သူတို့ Gear တွေအတွက် ဝင်ငွေပြန်ရပါတယ်..။ ကျွန်တော်တို့က အထွက်ပဲရှိပြီး အဝင်မရှိပါဘူး..။

ကျွန်တော့်အဖေ ကျွန်တော့်ကို အမြဲဆုံးမတဲ့ စကားကို ပြန်သုံးရမယ်ဆိုရင်..။ "What You Want Is Not What Need" တဲ့... ကျွန်တော် တို့ လိုချင်နေတဲ့အရာတွေ အားလုံးဟာ ကျွန်တော်တို့ လိုအပ် တာ ဖြစ်ချင်မှ ဖြစ်ပါလိ့မ်မယ်..။ လိုချင်တာတွေသာ အကုန်လိုက်ဝယ်ရ မယ်ဆို ဘယ်လာ ကုန်မလဲဗျာ..။ ရှိသမျှ ဘတ်ငွေလေးတွေသာ ပြောင်သွားမယ်..။ Store ဆိုင်ကြီးကတော့ မိန့် မိန့်ကြီး ကျွန်တော်တို့ကို ကြည့်နေတုန်းနေမှာ...

ဒီတော့ ကျွန်တော် ဒီနေ့ ဈေးသက်သက်သာသာနဲ့ အကုန်အကျနည်းပြီး Quality ကောင်းကောင်းရမယ့် Gear လေးတွေကို ညွှန်းချင်ပါတယ်..။ ဒါက Overall မျိုးစုံရိုက်ချင်တဲ့သူတွေအတွက်ပါ..။ သီးသန့် Photography တစ်ခုထဲကို ရိုက်ချင်တဲ့သူတွေ အတွက်လည်း ကျွန်တော် ရေးပေးပါ့မယ်..။ စလိုက် ရအောင်...။

(1) Body

Canon EOS 550D/ Nikon D3100

ဒီနှစ်ခုက Function အားဖြင့်တော်တော်လေးကို တူညီတာကိုတွေ့ရပါတယ်..။ ဈေး လည်း တော်တော်လေး သက်သက် သာသာ ရှိပါတယ်..။ Movie လည်း ရတဲ့အတွက် တော်တော်လေး အဆင်ပြေနိုင်ပါတယ်..။ ပုံထွက် Quality အားဖြင့်လည်း မတိမ်းမယိမ်း ပါပဲ..။ ပေါ့ပေါ့ ပါးပါးနဲ့ သယ်ယူ ရတာလွယ်ပါတယ်..။ Memory Card က SD card ကို သုံးတာဖြစ်တဲ့ အတွက် ဈေးသက်သက်သာသာနဲ့ ဝယ်နိုင်ပါတယ်..။ အများဆုံး ၅ သိန်းနဲ့ ၆ သိန်းကြားပဲကုန်ကျ မှာ ဖြစ်ပါတယ်..။ မုန့်ဖိုးလေးတွေစုပြီး ဝယ်ရတဲ့ လူငယ်တွေအတွက် ရည်ညွှန်းပါတယ်..။

Canon EOS 7D/Nikon D300s (or) D7000

ကျွန်တော်က D300s ကို ဘာလို့ထည့်ရေးလည်း ဆိုတော့ သူက စထွက်ကတည်းက 7D နဲ့ အပြိုင်ထွက် တာပါ..။ ဈေးကွက်မှာ အဓိက Fight ခဲ့ရတဲ့သူပါ..။ D300s ရော D7000 ရော ကျွန်တော်မသုံးဖူးပါဘူး..။ သုံးဖူးတဲ့သူတွေ တော်တော်များများကတော့ အဲ့ဒီ့ နှစ်ခုစလုံးထက်စာရင် Nikon D90 ကို ပိုအားပေးကြ ပါတယ်..။ ဈေးလည်း ပိုသက်သာသလို Quality အားဖြင့်လည်း မတိမ်းမယိမ်း ဖြစ်နေလို့ပါ...။

ဒီ Line Up ကတော့ အတော်အသင့် ငွေကြေးသုံးစွဲနိုင်တဲ့သူတွေ... ဝင်ငွေရှိတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်..။ Canon 60D ကို ကျွန်တော်အားမပေးတာက 7D နဲ့ ဈေးအားဖြင့် သိပ်မကွာပေမယ့် Quality နဲ့ Function ပိုင်းမှာ တော်တော်ကွာပါတယ်..။ လွန်ခဲ့တဲ့ တစ်ပါတ် မတိုင်ခင်အထိ 60D ရဲ့အားသားချက် အချို့ကို ကျွန်တော် သဘောကျခဲ့ဖူးပါတယ်..။ In Camera Raw Processing ပါတာ.. Image Ratio ပါတာ..။ Image Rating ပါတာတွေပါ..။ ဒါပေမယ့် ဒီ Function တွေအားလုံးဟာ သြဂုတ်လမှာ ထွက်မယ့် Canon EOS 7D ရဲ့ firmwae version 2.0.x ကြရင် အကုန်ပါလာပြီ ဖြစ် တဲ့အတွက်..။ 7D က အစစအရာရာ ပြန်သာသွားပြီ ဖြစ်ပါတယ်..။

ဒါပေမယ့် ကျွန်တော် 60D မှာ အကြိုက်ဆုံး ၃ ခု ရှိနေပါတယ်..။ Video သမားတွေအတွက် Screen ကို Flip လုပ်လို့ရခြင်းနဲ့..။ 3.2" Display ဖြစ်ချင်းနဲ့ Screen Dot 1,040,000 ဖြစ်ခြင်းပဲ ဖြစ်ပါတယ်..။ Filp လုပ်လို့ရခြင်းဟာ Video သမားတွေ အတွက်သာမက ဓာတ်ပုံသမားတွေအတွက်လည်း Low Angle ရိုက်တဲ့အခါမှာ လိုအပ်ပါတယ်..ကြုံတုန်း ဗဟုသုတလေး တစ်ခုပြောချင်ပါတယ်..။ ကျွန်တော် DSLR တွေ မှာ Live View ပါတာကို အရင်က ပျက်ရယ်ပြုခဲ့ဖူးပါတယ်..။ ဘာလုပ်ဖို့လဲပေါ့..။ ဘယ်သူမှ Live View နဲ့ မရိုက်ဖူး...။ အားလုံး View Finder ကပဲ ရိုက်တယ်..။ Live View ကိုကြည့်ပြီး ရိုက်နေတဲ့ DSLR user တွေ ကိုတွေ့ရင်လည်း ကျွန်တော် ရယ်ချင်တယ်..။ အခုချိန်ထိပါ..။ ဒါပေမယ့်... ဒါပေမယ့်...

Live View ကို တကယ်လိုအပ်လာတဲ့အခါတွေ ရှိပါတယ်..။ အထူးသဖြင့် Landscape သမားတွေပါ..။ ကျွန်တော်တို့က View Finder ကနေ ကြည့်ရင် မှန်ဘီးထဲက မြင်ရတဲ့ပုံရိပ်အတိုင်း အပြင်ရဲ့ တကယ့် ကာလာကိုပဲ မြင်ရပါတယ်..။ Camera ထဲမှာပေးထားတဲ့ Setting တွေရဲ့ Effect တွေကို မမြင်ရပါဘူး..။ ဥပမာ Exposure -2 အထိ မတော်တစ်ဆချမိထားရင် View Finder ထဲမှာ ( Metering ကို သတိ မထားမိရင်) မိတ်ဆွေ ဘယ်လိုမှ သိနိုင်မှာမဟုတ်ပါဘူး..။ နောက်ပြီး Color Style ကိုယ်ဘာပြောင်းထား တယ်ဆိုတာ View Finder မှာ ကြည့်ရုံနဲ့ Effect မဖြစ်ပါဘူး..။ White Balance ထိုနည်းတူပါပဲ..။

Live View မှာကြတော့ ဒါတွေ အားလုံးကို မြင်နေရတယ်..။ Color ဘာအရောင်ထွက်နေလဲ..။ Under, Over ဖြစ်နေလား..။ White Balance မှန်လား..။ ဘာလို့လဲဆိုတော့ Live View မှာ မိတ်ဆွေ Setting တစ်ခုခုပြောင်းတာနဲ့ သူကလည်း လိုက်ပြောင်းပေးတဲ့အတွက် ဖြစ်ပါတယ်...။ ဒါလေးက ဗဟုသုတ အဖြစ် ပြောပေးတာပါ..။ Live VIew ကြီးပါနေပါလျှက်နဲ့ အသုံးဝင်မှန်း မသိမှာစိုးလို့ ပါ...။

(2) Lens Nikon - Nikon Nikkor AF-S 18-55 VR/ Canon - Canon EF-S 18-55 IS USM

Kit Lens လို့ လူသိများပါတယ်..။ ဈေးသက်သာတယ်..။ အကြမ်းခံတယ်..။ Quality အသင့် အတင့်ကောင်း တယ်..။ အသင့်အတင့်ဆိုတာက မှန်ဘီလူး Quality တင်မကပါဘူး..။ Lens ရဲ့ Mount နဲ့လည်း ဆိုင်ပါတယ်..။ Metal Mount နဲ့ Plastic Mount ဆိုပြီး ၂ မျိုးရှိပါတယ်..။ သတိထားကြည့်ပါ..။ Lens ရဲ့ ဖင်ပိုင်းပေါ့..။ Camera နဲ့ တပ်မယ့် အပိုင်းကိုပြောတာပါ..။ Plastic Mount က ကျိုးလွယ် ပါတယ်..။

ဥပမာ Lens က တစ်ခုခုနဲ့ရိုက်မိရင် မှန်ဘီလူးဘာမှ မဖြစ်သည့်တိုင် ..။ တပ်ထားတဲ့ အရင်းကနေ Mount ကျိုးပြီး ပြုတ်ထွက်သွားတတ်ပါတယ်...။ အဲ့ဒါကြောင့် ဈေးကြီးတဲ့ Lens တွေမှာ Metal Mount ကိုပဲသုံးကြ ပါတယ်..။18-55 က Lanscape ကို တော်တော်ကျယ်ကျယ်ထိ ရိုက်နိုင်သလို..။ Macro အတွက်လည်း အတိုင်းအတာ တစ်ခုအထိ ရပါတယ်..။ သူ့တန်ဖိုးနဲ့ Quality ကိုတွက်ရင် Budget အခက်အခဲ ရှိသူတွေအတွက် မရှိမဖြစ် ဝယ်သင့်ပါတယ်..။

Nikon - Nikon Nikkor AF-S 55-200 VR / Canon - Canon EF-S 55-250 IS USM

စောစောက ကျွန်တော်ပြောခဲ့တဲ့ 18-55 မှာ Range က 55mm မှာဆုံးသွားပါပြီ..။ ဒီ့အတွက် 55mm က ပြန်စတဲ့ Lens ဟာ အသင့်တော်ဆုံးပါပဲ..။ ဒီလိုအခြေအနေမျိုးကို Photography မှာ Range စုံတယ်လို့သုံးပါတယ်..။ တကယ်လို့ မိတ်ဆွေက 70-300 လို ဟာမျိုး ဝယ်လိုက်မယ်ဆိုရင်..။ 55 နဲ့ 70 ကြားမှာ ဟသွားပြီ ဖြစ်တဲ့အတွက် Range ပျက်သွားပါတယ်..။55-200/55-250 ဟာ ဈေးသက်သက် သာသာနဲ့ ရနိုင်တဲ့ Tele ပဲ ဖြစ်ပါတယ်..။

IS (or) VR ပါပြီးသားဖြစ်တဲ့အတွက် Tele အရည်အချင်းနဲ့ ပြည့်စုံပါတယ်..။ IS (သို့) VR မပါတဲ့ Tele ဟာ တကယ်တမ်း အားမနာပဲပြောရမယ်ဆိုရင် အလကားပါပဲ..။ Tele ဟာ အဝေးကို ရိုက်ရတာဖြစ်တဲ့ အတွက်..။ Lens ရဲ့ Weight, Subject Distance, Subject Size အရ..။ ဝေးဝေးနဲ့ သေးသေးကို ရိုက်ပြီ ဆိုရင် IS or VR မပါရင် ဘယ်လိုမှ Sharp ဖြစ်စရာ အကြောင်းမရှိပါဘူး..။ Hand Shake သေ ချာပေါက် ဖြစ် ပါပြီ...။ ဒီတော့ Range လည်း ပြည့်အောင်..။ Tele လေးလဲ ရအောင် 55-200/55-250 လေးက အရမ်းတန်တဲ့ အမျိုးအစားထဲပါသွားပါတယ်.။ ဈေးကလည်း တော်တော်လေး သက်သာမှာ ဖြစ်ပါတယ်..။

Prime Lens - Nikon Nikkor AF 50mm f/1.8 , Canon EF 50mm f/1.8

ဒီနေရာမှာ မိတ်ဆွေတို့ မသိသေးတဲ့ ကျွန်တော့်ရဲ့ Photography Background လေးကို နဲနဲပြောမှ ဖြစ် မယ်..။ မိတ်ဆွေတို့က အခု ကျွန်တော့်ကိုကြည့်ရင် Canon သမားစစ်စစ်ကြီးလို့ထင်ပါလိ့မ်မယ်..။ မဟုတ်ပါဘူး..။ ကျွန်တော့်ရဲ့ ပထမဆုံး DSLR က Nikon D90 ပါ..။ ဝယ်ဝယ်ပြီးချင်း ၃ လ အကြာမှာမှ ကျွန်တော် Canon EOS 50D နဲ့ ပြန်လဲခဲ့ခြင်းဖြစ်ပါတယ်..။ ထားပါ..။ အဲ့ဒီ့မှာ ကျွန်တော် ဘာလို့ Canon ပြောင်းလဲဆိုတာလေး နဲနဲရှင်းပြချင်ပါတယ်..။

Canon ပြောင်းခဲ့တဲ့ အချက် ၅ ချက် ၆ ချက် လောက်ထဲကမှ အခု တစ်ချက်ကိုပဲ တိုက်ဆိုင်လို့ ပြော ပါရစေ..။ Nikon Camera Body တွေမှာ Build In Motor ပါတဲ့ Body နဲ့ မပါတဲ့ Body ဆိုပြီး ၂ မျိုးရှိပါတယ်..။ D70 နဲ့ အထက်..။ D80,D90 စသဖြင့် အပေါ် Body တွေမှာ Built In Motor ပါတဲ့အတွက် Nikon ကထုတ်တဲ့ ဘယ် Lens တပ်တပ် Auto Focus ရပါတယ်..။ သို့သော်..။ D5100 လိုမျိုးက စပြီးအောက် Camera တွေမှာတော့ Motor မပါတော့ပါဘူး.. အဲ့ဒီ့အတွက် Nikon က ထုတ်တဲ့ Lens မှာ Auto Focus Sysytem ပါပြီးသားဖြစ်တဲ့ AF-S လို Lens မျိုးတပ်မှသာ Auto Focus က အလုပ်လုပ်ပါ လိ့မ်မယ်..။ အဲ့လိုမဟုတ်ပဲ AF Lens သာ တပ်မိပါက ... Focus ကို လက်နဲ့ လှည့်ပြီး ချိန်ဖို့သာ စဉ်းစား ထားလိုက်ပါတော့...။ အဲ့ဒီ့မှာ ပြသနာက စပါတယ်..

တကယ်လို့ မိတ်ဆွေက D5000 ကို ဈေးလည်းသက်သာတယ်..။ ကြိုက်လည်းကြိုက်တယ်ဆိုပြီး ဝယ်လိုက်တယ်.. အဲ့ဒီ့နောကမှာ Nikon Nikkor AF 50mm f/1.8 လေးရဲ့ quality လေး ကြိုက်လို့ ဝယ်လိုက်တယ်.. ။ တပ်တယ်..။ ရိုက်လည်း ရိုက်ရော Auto Focus မရတော့ပါဘူး..။ အဲ့ဒီ့အချိန် ပြာသွား ပါပြီ.. ။ ဘာဖြစ်တာလဲ ..။ ဘာမှ မဖြစ်ပါဘူး..။ Camera ကလည်း Motor (Auto Focus Function) မပါ..။ Lens ကလည်း Auto Focus မပါတော့... ဘယ်လိုလုပ် Auto Focus ရပါတော့မလဲဗျာ..။

အဲ..... အဲ့ဒီ့ အဲ... က အထှာရှိပါတယ်..။

အဲ့ဒီ့မှာ Nikon Nikkor AF-S 50mm f/1.8 ဆိုတာကိုထပ်တွေ့ပါတယ်..။ ဟ ဘာလဲဟ S လေး တစ်လုံးပဲ ကွာတယ်..။ ဟုတ်ကဲ့ အဲ့ဒီ့ S လေးက ဈေး ၁ သိန်းကျော်ကျော် ၂ သိန်းလောက်ကွာသွားပါတယ်..။ အဲ့ဒီ့ကွာသွားတဲ့ငွေကိုသာ Body မှာသုံးခဲ့မယ်ဆိုရင် D90 ရနေပါပြီ..။ အခု အဲ့ဒီ့ ၂ သိန်းလောက် ကို ချွေလိုက်တဲ့အတွက် အခု Lens မှာ သွားထိတာပဲ ဖြစ်ပါတယ်..။

ဒီအချက်ဟာ ကျွန်တော် ပထမဆုံး Nikon ကနေ Canon ပြောင်းခဲ့တဲ့ အချက်ပဲ ဖြစ်ပါတယ်..။

Note- ဒါဟာလွန်ခဲ့တဲ့ ၃ နှစ်ကျော် ၄ နှစ်နီးပါးက ကျွန်တော့်ရဲ့ Nikon အတွေ့အကြုံဖြစ်တဲ့အတွက် အားနည်းချက်ရှိနိုင်ပါတယ်..။

ကျွန်တော့်အထင် Nikon ကလည်း AF တွေ ဆက်မထုတ်တော့ပဲ AF-S များသာ ဆက်ထုတ်နေတယ်လို့ ထင်ပါတယ်..။Canon မှာကြတော့ Lens တိုင်းမှာ Auto Focus ပါပြီးသားဖြစ်တဲ့အတွက် ဘယ် Lens ဖြစ်ဖြစ် ဘယ် Body ဖြစ်ဖြစ် Auto Focus အလုပ်လုပ်ပါတယ်..။

စကားပြန်ကောက်ရရင် 50mm f/1.8 လေးဟာ Nikon သမားဖြစ်ဖြစ်..။ Canon သမားဖြစ်ဖြစ် မဖြစ်မနေ ဆောင်ထားသင့်တဲ့ တန်ဖိုးနဲ High Qualtity Lens လေး ဖြစ်ပါတယ်..။ Portrait သာမက..။ အလင်းရောင် အရမ်းနဲတဲ့ Low Light မှာ အရမ်းအသုံးတည့်ပါတယ်..။

f/1.8 ဆိုတော့ Aperture က အကျယ်ကြီးပါ..။ Aperture ကျယ်တော့ အလင်းများများဝင်နိုင်တယ်..။ အလင်းများများဝင်တဲ့အတွက် Shutter တံခါးတွေကို မြန်မြန်ပိတ်ပေးနိုင်တယ် (Shutter Speed မြန်တယ်) ..။ Shutter Speed မြန်တော့ Hand Shake မဝင်တော့ဘူးပေါ့..။ ပြီးတော့ အားရပါးရ ကောင်းတဲ့ Bokeh ကိုလည်းရရှိမှာ ဖြစ်ပါတယ်..။ ဒါကြောင့် မရှိမဖြစ် Lens လေးပါ..။

Note - f number သေးလေ Aperture ကြီးလေ.. Aperture ကြီးလေ အလင်းဝင်တာများလေ.. အလင်း ဝင်တာများလေ Shutter Speed မြန်မြန်ရလေ...။ Shutter Speed မြန်မြန်ရလေ..။ Hand Shake မဖြစ်နိုင်လေ...။ Bokeh ကောင်းကောင်းရလေ..။ f number ကြီးလေ... Aperture သေးလေ..။ Aperture ပေါသေးလေ..။ အလင်းဝင်တာနဲလေ..။ အလင်းဝင်တာနဲတဲ့အတွက်..။ Shutter ကြာကြာ ဖွင့်ရလေ..။ Shutter ကြာကြာဖွင့်ရလေ ဖြစ်တဲ့အတွက်...။ Handshake ဖြစ်ဖို့များလေ..။ Bokeh နဲလေ...။

အပေါ်မှာ ကျွန်တော်ပြောခဲ့တာတွေကတော့ စုစုပေါင်း Camera + 18-55 + 55-250 + 50mm f/1.8 ပေါင်းမှ ၆ သိန်းနဲ့ ၇ သိန်း ဝန်းကျင်လောက်ပဲကျနိုင်တဲ့ Gear တွေ ဖြစ်ပါတယ်..။ အလွန်ဆုံးရှိလှ ၈ သိန်းပါ...။

Dedicated Photogarphy အတွက် ကျွန်တော် 1 Body + 1 Lens ရေးပေးချင်သော်လည်း ကျွန်တော် Canon Lens တွေကိုသာ သေသေချာချာသိပြီး ယှဉ်ပြစရာ Nikon Lens တွေကို သေသေချာချာ မသိသေး တဲ့အတွက် နောက်တစ်ခေါက်ကြမှ ရေးပါရစေ..။ Nikon သမားတွေ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော် အောက် မှာဖော်ပြပေးမယ့် Canon Lens တွေနဲ့ ညီမျှမယ့် Nikon Lens တွေကို ဖော်ပြပေးစေချင်ပါတယ်..။ မဖော်ပြပေးဖြစ်ခဲ့ရင်တော့ နောက်တစ်ခါကြရင် ( 1 Body + 1 Lens) ကြရင် Canon အတွက်ပဲ ရေးဖြစ် မယ်ထင်ပါတယ်..။ ကျွန်တော် အချိန်ရလို့ လေ့လာဖြစ်ရင်တော့ နှစ်ခုစာ ယှဉ်ပြီးရေးပေးပါ့မယ်...။

Short List : Canon EF-S 10-22mm f/3.5-4.5 USM, Canon EF 17-40mm f/4L USM, Canon EF 100mm f/2.8L Macro, Canon EF 70-200 f/4 L USM ( ဒီ Lens အတွက်ကတော့ Nikon မှာ 70-200 Line Up က တစ်ခုပဲရှိပါလိ့မ်မယ်..။ ဒီ့အတွက် ယှဉ်စရာ မရှိနိုင်ပါဘူး..။ Canon မှာက 70-200 L Line Up ကြီးပဲ ၅ မျိုးအထိ ရှိနေလို့ပါ..။)

အခု အပေါ်မှာ ကျွန်တော်ပြောတဲ့ Budget Camera, Lens တွေနဲ့ ရိုက်နိုင်တဲ့ Photography အမျိုးအစားများကို နိဂုံးအနေနဲ့ ရေးပေးလိုက်ပါတယ်..။

(1) Landscape (Long Exposure, Light Trail)
(2) Portrait(3) Sports
(4) Wildlife
(5) Low Light
(6) Panning
(7) Table Top
(8) Abstact (Water Drop, Smoke)
(9) Macro (Reverse Ring Needed)
(10) Photo Journalist

P.S - ကဲ.... ဘာလိုသေးလဲဗျာ...?

Aperture21 | Lives Beyond The Light
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...