ဦးနှောက် အမြှေးရောင်ရောဂါအကြောင်း သိကောင်းစရာများ

ဦးနှောက် အမြှေးရောင် ရောဂါမှာ ဗိုင်းရပ်စ် (သို့မဟုတ်) ဘက်တီး ရီးယားရောဂါ ကူးစက်မှုကြောင့် မကြာခဏဖြစ်တတ်သည်။ မှို (သို့မဟုတ်) ရောဂါဖြစ်စေသော အခြားအရာ များကြောင့်လည်း ဦးနှောက် အမြှေးရောင်ရောဂါ ဖြစ်နိုင်သည်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဦးနှောက် အမြှေးရောင် ရောဂါမှာ ဖြစ်ပွားမှု အများဆုံးဖြစ်ပြီး ယေဘုယျအားဖြင့် တိုက်ရိုက် ကူးစက်လေ့ မရှိပေ။ သို့သော် ကလေးများတွင် အများဆုံးဖြစ်လေ့ ရှိသည်။ ဗိုင်း ရပ်စ်ကြောင့်ဖြစ်သော ဦးနှောက် အမြှေးရောင်ရောဂါမှာ တစ်ပတ် ၁၀ ရက်အတွင်း အလိုလိုပျောက်သွား မည်ဖြစ်သည်။

ဘက်တီးရီးယားကြောင့်ဖြစ်သော ဦးနှောက် အမြှေးရောင်ရောဂါမှာ အလွန်ပြင်းထန်ပြီး အသက် အန္တရာယ် ရှိနိုင်သည်။ အလွန် ကျန်းမာသူများပင် ရောဂါဖြစ်နိုင်သော်လည်း ကလေးငယ်များနှင့် အသက်ကြီးသူများမှာ ပို၍ အန္တရာယ်များသည်။

ကလေးငယ်များနှင့် အသက်အရွယ် ကြီးရင့်သူများအပြင် ပြင်းထန်သောရောဂါ ရှိနေသူများနှင့် ကိုယ်ခံအား နည်းနေသူများမှာ မှို နှင့် ဘက်တီးရီးယားများကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင် ရောဂါဖြစ်ပွားနိုင် သည့် အန္တရာယ်များကြောင်း သိရသည်။

ဦးနှောက် အမြှေးရောင်ရောဂါ၏ လက္ခဏာများမှာ အပြောင်း အလဲရှိတတ်သော်လည်း ခေါင်းကိုက်ခြင်း၊ ဖျားခြင်းနှင့်လည်ပင်း တောင့်တင်း နာကျင်ခြင်းများ ဖြစ်လေ့ရှိသည်။ အခြားသော ရောဂါ လက္ခဏာများတွင် အလင်းရောင်ကို မကြည့်နိုင်ခြင်း၊ မူးမော်ခြင်း၊ အန်ခြင်း၊ ထိုင်းမှိုင်းခြင်း၊ စိတ်ရှုပ်ထွေးခြင်းတို့ ပါဝင်သည်။

တံတွေးနှင့် သလိပ်တို့ကဲ့သို့ ခန္ဓာကိုယ်မှ ထွက်သော အရည် များတွင် ဦးနှောက်အမြှေးရောင်ရော ဂါဖြစ်စေသော ဘက်တီးရီး ယားများနှင့် ဗိုင်းရပ်စ်များကို တွေ့ရလေ့ရှိပြီး တိုက်ရိုက်ထိတွေ့မိ ခြင်းကြောင့် ကူးစက်ပျံ့နှံ့နိုင်သည်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ရောဂါ ပုံစံ အများစုကို ကာကွယ်ရန် ကာကွယ်ဆေး မရှိပေ။ သို့သော်လည်း ရောဂါမှာ တုပ်ကွေးရောဂါကဲ့သို့ အရည်များများ တိုက်ကျွေးပြီး ကုသပေးနိုင်ကာ တစ်ပတ်မှ ဆယ်ရက်အတွင်း သက်သာပျောက်ကင်းနိုင်သည်။

သင် (သို့မဟုတ်) သင်၏ ကလေးတွင် ရောဂါလက္ခဏာများ ပြသနေပါက ဆရာဝန်နှင့် ချက်ချင်းပြပါ။ ဦးနှောက်အမြှေးရောင် ရောဂါကြောင့် သေဆုံးသူ ၁၀ ရာခိုင်နှုန်းသာ ရှိသော်လည်း အသက် ရှင်သူ အများစုတွင် အကြားအာရုံဆုံးရှုံးမှု (သို့မဟုတ်) အာရုံကြော ဆိုင်ရာပြဿနာများကဲ့သို့ ရေရှည်နောက်ဆက် တွဲ ပြဿနာများ ကြုံတွေ့ရလေ့ရှိသည်။

-Prevention
7Day Daily
-------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...