ဇူလိုင်လတွင် ပလူတိုဂြိုလ်သို့  အာကာသယာဉ် ပထမဆုံးအကြိမ် ရောက်ရှိမည်

သမန်းကျား

ဇူလိုင်လတွင် ပလူတိုဂြိုလ်ထံသို့ ရောက်ရှိမည့် နာဆာပိုင် Horizon အာကာသ ယာဉ်သည် ယခုအခါ ပလူတိုဂြိုလ် အား ဓါတ်ပုံ ရိုက်ကူးမှု စတင် လိုက်ပြီဖြစ်ကာ အာကာသ စူးစမ်းလေ့လာမှု သမိုင်းတွင် ပလူတိုအား နက်ရှိုင်းသော အာကာသ တစ်နေရာမှ ပထမဆုံးဓါတ်ပုံ ရိုက်ကူးဖူးခြင်းဖြစ်ကာ ပလူတိုဂြိုလ် ထံသို့  ရောက်ရှိခြင်းမှာလည်း ပထမဆုံး အကြိမ်ပင်ဖြစ်ကြောင်း သိရသည်။

Horizon အာကာသယာဉ်သည် ကမ္ဘာမှမိုင်ပေါင်း ၃ ဘီလီယံကို အချိန် ၉ နှစ်ယူကာ ဖြတ်သန်းခဲ့ရပြီး ပလူတိုဂြိုလ် ထံသို့  ချဉ်းကပ်ခဲ့ခြင်းဖြစ်သည်။ ချဉ်းကပ်သည် ဆိုသော်လည်း ယခုရောက်ရှိနေသောနေရာ သည် ပလူတိုဂြိုလ်နှင့် မိုင်ပေါင်း သန်း ၂၀၀ ဝေးကွာနေဆဲဖြစ်သည်။ သို့ သော် သိပ္ပံပညာရှင်များက တန်ဖိုးမဖြတ်နိုင်သော ဒေတာများကို ရရှိလိမ့်မည်ဟု မျှော်လင့်ထားကြကြောင်း သိရသည်။

ပလူတိုကို ချဉ်းကပ်နေဆဲကာလမှာ ဓါတ်ပုံတွေ အဆက်မပြတ် ရိုက်သွားပါမယ်။ ဒါမှလည်း ပလူတိုနဲ့ Horizon ရဲ့  အနေအထားကို တွက်ချက်နိုင်မှာဖြစ်ပါတယ်။ တစ်ကယ်လို့ များ လမ်းကြောင်း လွဲချော်နေတယ်ဆိုရင်လည်း လမ်းကြောင်းမှန်အောင် ချက်ခြင်းပြင်ဆင် သွားရမှာဖြစ်ပါတယ်ဟု သုတေသီ တစ်ဦးက ပြောပြသည်။

Horizon အနေဖြင့် ပလူတိုဂြိုလ်ရှိရာသို့  ရောက်ရှိ သွားသောအခါ အလွန်မြန်ဆန်သော တစ်စက္ကန့် လျင် ၁၄ ကီလိုမီတာ အရှိန်ဖြင့် ရွေ့ လျားနေမည်ဖြစ်ပြီး ထိုမျှမြန်ဆန်သော အရှိန်ဖြင့် ဂြိုလ်တစ်လုံး၏ ပတ်လမ်း ထဲသို့  ၀င်ရောက်ရန်မှ မဖြစ်နိုင်လေရကား ပလူတိုဂြိုလ်အား ဖြတ်သန်းသွားရုံသာ ရနိုင်မည်ဖြစ်ကြောင်း သိရသည်။

Horizon ပေါ်မှာ ကိရိယာ ၇-မျိုးထက်မနည်း ပါပါတယ်။ ဒီ ၇-မျိုးလုံးကနေ ပေးပို့ တဲ့ဒေတာတွေကို မပြတ် ဖတ်နိုင်ရပါမယ်။ ဒါအတွက် ပညာရှင်အများကြီးက စနစ်တကျပေါင်းစပ် လုပ်ကိုင်နေ ရပါတယ်။ ဒါမှလည်း Horizon က ပလူတိုဂြိုလ်ကို စနစ်တကျ ဖြတ်သန်းသွားနိုင်ဖို့  လိုတာတွေ စီစဉ်နိုင်မှာဖြစ်ပါတယ်ဟု သုတေသီ တစ်ဦးက ပြောပြသည်။

ဇူလိုင်လ ၁၄ ရက်၊ ဂရင်းနစ်စံတော်ချိန် ၁၁း၅၀ တွင် Horizon သည် ပလူတိုနှင့် အနီးဆုံးနေရာသို့  ရောက် ရှိမည် ဖြစ်ပြီး ပလူတိုဂြိုလ်မှ ကီလိုမီတာ ၁၃၆၉၅ သာ ကွာဝေးတော့ မည်ဖြစ်ကြောင်း သိရသည်။ Horizon ပေါ်မှ ကိရိယာ ခုနှစ်မျိုးမှပေးပို့ သော သတင်း အချက်အလက်များကို ၁၀၀ စက္ကန့် အတွင်း ချိန်သားကိုက် ရရှိနိုင်ရန် စီစဉ်ထားရှိပြီး များမကြာမှီ နေအဖွဲ့ အစည်း၌ ဂြိုလ်ကြီး ၉-လုံး ရှိ၊မရှိကို တိကျစွာ သိရှိနိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...