Star Trails ဘယ်လိုရိုက်မလဲ...?

ဒီနေ့တော့ တော်တော်များများ စိတ်ဝင်စားတဲ့ Star Trail လေး အကြောင်း နဲနဲရှင်းပြချင်ပါတယ်...။

Star Trial ဟာအမှန်ကတော့ Long Exposure အမျိုးအစားပါပဲ..။ သူကမှ တကယ် Long တယ်လို့ ပြောချင်လဲပြောလို့ရပါတယ်..။ ဘာလို့လဲ ဆိုတော့ Star Trail ပုံကောင်းတစ်ခုဟာ အနဲဆုံး 1 hour ရိုက်မှ လှမှာ ဖြစ်တဲ့အတွက်ပါ...။

Star Trail ရိုက်နည်း ၂ မျိုးလောက် ကျွန်တော် လေ့လာဖူးပါတယ်..။ တစ်မျိုးက အခု ကျွန်တော် ရှင်းပြပေးမယ့်..။ တစ်ပုံထဲကို တစ်ခါထဲ ရိုက်တဲ့ နည်းပါ..။

နောက်တစ်မျိုးကတော့ ပုံပေါင်းများစွာကို Timer ပေးပြီး ပုံပေါင်းများစွာ ရိုက်ပါတယ်..။ ပြီးတော့မှ Photoshop ထဲမှာ ပြန်ဆက်ပါတယ်..။

ဒီနေ့ ကျွန်တော် ရှင်းပြမှာကတော့ တစ်ပုံထဲ ရိုက်တဲ့နည်းပါ..။ ဘာလို့ တစ်ပုံထဲ ရိုက်တဲ့နည်းကို ကျွန်တော်ရွေးပြီး ရှင်းပြရသလဲဆိုတာ...။ အကြောင်းရှိပါတယ်..။ Digital ခေတ်ဖြစ်တဲ့အတွက် Post Processing ကို မဖြစ်မနေ လုပ်ရမှာမျိုးကို ကျွန်တော်လက်ခံပေမယ့်...။ အနဲဆုံး ပဲ ဖြစ်စေချင်ပါတယ်..။

Camera ထဲမှာ တစ်ခါထဲ ပြီးမယ့် Situation ကို Camera ထဲမှာပဲပြီးစေချင်ပါတယ်...။ ဒါမှလည်း High End Camera တွေ ကိုင်ရကျိုး နပ်မယ်ထင်ပါတယ်..။ ဒီလိုမှ မဟုတ်ရင်တော့ ..။ Point & Shoot Camera လေးပဲ သုံးပြီး ...။ အားလုံး Photoshop ပဲ အားကိုးတော့ မှာပေါ့..။ ဘာလုပ်ဖို့ ကျွန်တော်တို့ DSLR တွေ Lens တွေ ဈေးကြီးပေးပြီး ဝယ်ကြတော့မလဲ...။ ဒါကြောင့် ကျွန်တော်က တစ်ပုံထဲရိုက်တဲ့ နည်းကို ရှင်းပြဖို့ ရွေးချယ်လိုက် ခြင်းဖြစ်ပါတယ်...။

Star Trail ရိုက်နည်းအကြောင်း မပြောခင်...။ သူ့ရဲ့ သဘောတရားလေးကို နဲနဲရှင်းပြချင်ပါတယ်...။

Photography ဟာ...။ Mathematics, Engineering, Philosophy, Physic... စတဲ့ ပညာရပ်ပေါင်း များစွာကို အသုံးချပြီး Artistic ဖြစ်အောင် ဖန်တီးရတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်...။

Rocket Science လောက်မခက်ပေမယ့်...။ သိထားသင့်သလောက်တော့ သိထားဖို့လိုပါတယ်..။ ဒါမှလည်း ပိုင်ပိုင်နိုင်နိုင် ပုံကောင်းကောင်း တစ်ပုံကို ရနိုင်မယ်ထင်ပါတယ်..။ ဘာမှ လေ့လာစရာ မလိုပဲ...။ မွေးရာပါ..။ ဗီဇ နဲ့ ပါရမီ ကောင်းလွန်းလို့ ရိုက်တိုင်းကောင်းနေတာကတော့ သူ့ ကုသိုလ်ကံနဲ့ သူပေါ့ဗျာ...။

သေချာတာတစ်ခုကတော့ Photography ဟာ ဘယ်လိုမှ သချာင်္သဘောတရား၊ အင်ဂျင်နီယာ သဘောတရား၊ ရူပဗေဒ သဘောတရားတွေကို ရှောင်ကွင်းလို့မရပါဘူး..။ Philosophy သဘောတရားကတော့ Artistic သိပ်ဖြစ်လွန်းတဲ့ပုံတွေကလွဲရင်..။ ခပ်ဖယ်ဖယ်နေလို့ (ရကောင်း) ရနိုင်ပါတယ်...။

ဘာလို့ ဒါတွေ ကျွန်တော်ရှင်းပြရသလဲဆိုတော့..။ အခု ကျွန်တော်ပြောမယ့်..။ Star Trail ရိုက်နည်းဟာ..။ သခ်ာၤသေဘာတရား..။ ရူပဗေဒ သဘောတရားတွေနဲ့ တိုက်ရိုက်ပါတ်သတ်နေတဲ့ အတွက်ကြောင့် ဖြစ် ပါတယ်...။ ဒီလောက်တောင် လေးနက်သလားဆိုရင်..။ ပညာရပ်တိုင်းဟာ သူ့အတိုင်းအတာနဲ့ သူလေးနက်ကြပါတယ်...။ တကယ်လေ့လာ လိုက်စားတော့မယ်ဆိုရင်...။ ဘယ်ပညာရပ်မှာမှ "အချဉ်" ဆိုတာ မရှိပါဘူး...။

Star Trails Photography ဘာကြောင့် ဖြစ်ပေါ်လာသလဲဆိုရင်..။ လူတွေရဲ့ တွေးခေါ်နိုင်မှု..။ ဆိုင်ရာ နည်းပညာတွေကို အနုပညာဆန်အောင် ဖွဲ့စည်းနိုင်မှုတွေကနေ အခြေခံပြီး ဖြစ်ပေါ်လာတာဖြစ်ပါတယ်...။ ဒီနေရာမှာ ဆက်စပ်စဉ်းစားတွေးခေါ်နိုင်တဲ့ Logic လည်း ပါလာမှာ ဖြစ်ပါတယ်..။ ဒီလို Logic ကျကျ စဉ်းစားမှုများ တီထွင်ဆန်းသစ်မှုများမရှိရင် Photography မှာ Long Exposure ဆိုတာတွေ... Panning တွေ... Star Trail တွေ... ။ Abstract နဲ့ Table Top တွေ ပေါ်လာစရာ အကြောင်းမရှိပါဘူး...။

Star Trail Photography ဟာ Kinetic သဘောတရားပဲ ဖြစ်ပါတယ်...။ Kinetic သဘောတရားနှစ်ခုကို မှ...။ တစ်ခုကို Constant ယူပြီး ..။ နောက်တစ်ခုကို Relative ထားလိုက်တဲ့ သဘောဖြစ်သွားပါတယ်...။ ဒီနေရာမှာ Einstein ရဲ့ Relativity ကို လေ့လာဖူးရင် သဘောပေါက်တာ နဲနဲ မြန်ပါလိ့မ်မယ်...။

လွယ်လွယ်ကူကူပြောရရင်တော့...။ သီးခြားအရှိန်တစ်ခုဆီနဲ့ သွားနေတဲ့ အရာနှစ်ခုရဲ့ မတူညီတဲ့ အရှိန်နှစ်ခုကို Star Trail နဲ့ သက်သေ ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်..။ (ရှင်းလိုက်မှု တော်တော်ရှုပ်သွားမယ် ထင်ပါတယ်..။)

ဒီလိုပါ...။ ကျွန်တော် တို့ ကမာ (ကျွန်တော်ပက်ဆင့်ရိုက်လို့မရဘူးဗျာ..။ ခွင့်လွှတ်ပါ..။) ကလည်း သူ့ Speed နဲ့ သူနေ ကို ပတ်နေတယ်..။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကမာ ပေါ်မှာရှိနေတဲ့ အတွက်...။ နေဝင်သွားတာနဲ့ ထွက်လာတာကလွဲရင်..။ ကမာ သွားနေတဲ့ Speed ကို မခံစားမိနိုင်ဖူး...။ မသိနိုင်ဘူးပေါ့..။ ကားစီးနေရင်တော့ ..။ လေတဟူးဟူးနဲ့ သွားနေတယ်ဆိုတဲ့ အသိကို သိနိုင်ပေမယ့်...။ ကမာ စီးနေတဲ့အခါမှာတော့ ကျွန်တော်တို့ဒီအရာသာကို မသိနိုင်ကြပါဘူး..။

ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကိုယ်တိုင်က ကမာ ရဲ့ Speed နဲ့ အတူတူ လိုက်ပါ လှုပ်ရှားနေ လို့ပဲ ဖြစ်ပါတယ်...။

ဒါပေမယ့်...။ ဒါပေမယ့်..။

ကမာ မဟုတ်တဲ့ အခြား ကြယ်တွေ၊ ဂြိုလ်တွေရဲ့ သွားလာလည် ပတ်နေတဲ့ အရှိန်ကတော့ ကျွန်တော်တို့ Earth ရဲ့ Speed နဲ့ မတူတော့ပါဘူး...။ သူတို့မှာ သီးခြား Acceleration, Momentum နဲ့ Speed တွေရှိကြပါတယ်..။ ကျွန်တော်တို့ ဒီကမာ မြေပေါ်ကနေ ကြည့်လိုက်ရင် သူတို့ဟာ ငြိမ်နေတယ်လို့ ထင်ကောင်းထင်ရနိုင်ပေမယ့်..။ သူတို့လည်း သူတို့ အရှိန်နဲ့ သူတို့ သွားလာ နေကြတာ ဖြစ်ပါတယ်..။

နောက်တစ်ခုက သူတို့ဟာလည်း သွားနေတယ်လို့ သိထားသည့်တိုင်...။ ညတိုင်း ညတိုင်းမှာ မြင်နေကြ ကြယ်လေးတွေကို မြင်နေရခြင်းက သူတို့သွားနေတဲ့ Speed နဲ့ ကျွန်တော်တို့ Earth ရဲ့ Speed ကို တူတယ်လို့ ထင်ယောင် ထင်မှား ဖြစ်စေနိုင်ပါတယ်...။

တကယ်တော့ လုံးဝမတူခဲ့ပါဘူး...။

Star Trails Photography ရဲ့ အခြေခံသဘောတရားက..။ သွားနေတာခြင်းအတူတူ.. (Earth ကလည်း သွားနေပါတယ်..။ Stars တွေကလည်း သွားနေပါတယ်) Earth ကို Constant ထားလိုက်ပါတယ်..။ ငြိမ်နေတယ်လို့ သတ်မှတ်လိုက်ပါတယ်..။ ဘာလို့လဲ ဆိုတော့..။ Tripod ပေါ်တင်ထားတဲ့ ကျွန်တော်တို့ရဲ့ Camera ဟာ Earth ပေါ်မှာ ရှိနေတာဖြစ်ပါတယ်..။ ဒီ့အတွက် Earth လည်သလို Camera ကလည်း အမှန်ဆိုလိုက်လည်နေပါတယ်..။ ဒီ့အတွက် Earth ရဲ့ Speed နဲ့ Camera ရဲ့ Speed ဟာ အတူတူဖြစ်သွားပြီး..။ သချာင်္စကားနဲ့ ပြောရရင် ခြေပြစ်လိုက်လို့ရပါတယ်...။

ဒီလိုချေပြစ်လိုက်လို့ရတဲ့အတွက်..။ ကျွန်တော်တို့ စိတ်ထဲမှာ အရှိန်မရှိတော့ဘူး..။ ကမာကလည်း ရပ်နေတယ်..။ ကင်မရာကလည်း ရပ်နေတယ်ဆိုပြီး စိတ်ထဲမှာ Constant အဖြစ် သတ်မှတ်လိုက်ပါတယ်...။

ဒါပေမယ့် ကမာ့ အပြင်မှာရှိတဲ့ ကြယ်တွေကတော့ ကျွန်တော်တို့ Earth ရဲ့ Speed နဲ့ မတူတဲ့အတွက်.. .။ ချေပြစ်လို့မရပါဘူး..။ ဒီအခြေအနေမှာ Star Trail Photography ပေါ်ပေါက်လာပါတော့တယ်..။

ဆိုကြပါစို့ဗျာ..။ ညဘက် ကားမီးတန်းတွေဖြစ်သွားအောင် Long Exposure တစ်ခုရိုက်တယ်ပေါ့..။ မိတ်ဆွေက Camera ကို ကျကျနန Tripod ပေါ်မှာတင်ပြီး ရိုက်တယ်...။ ကားတွေကတော့ သွားနေတယ်ပေါ့...။ ဒီလို စိတ်ထဲမှာ သဘောထားလိုက်တယ်..။

ဘာလို့ ဒီလိုစိတ်ထဲမှာ သဘောထားနိုင်လဲဆိုတော့...။ ကားတွေရော... မိတ်ဆွေရော..။ မိတ်ဆွေရဲ့ ကင်မရာရော...။ အားလုံးဟာ ကမာပေါ်မှာရှိနေတဲ့အတွက်..။ ကမာရဲ့ အရှိန်ကို ထည့်မတွက်တော့ပဲ Constant အဖြစ်သတ်မှတ်လိုက်နိုင်လို့ပဲ ဖြစ်ပါတယ်..။ ဒီ့အတွက် ကားတွေကတော့ သွားနေတယ်..။ မိတ်ဆွေရဲ့ Camera ကတော့ ရပ်နေတယ်လို့ လွယ်လွယ်ကူကူ သတ်မှတ်နိုင်ခြင်းဖြစ်ပါတယ်..။

Start Trail ကလည်း ဒီသဘောပါပဲ...။ စောစောက Earth နဲ့ Relative လုပ်ပေမယ့်..။ ဒီတစ်ခါ Relative လုပ်ရမှာကတော့ Universe (Solar System ပဲထားပါတော့) ပဲ ဖြစ်ပါတယ်..။ ဒီ Solar System ထဲမှာ Speed တွေ မတူတော့ပါဘူး..။ ဒါပေမယ့် ကမာ့ အပြင်ဘက်ကကြည့်မယ်ဆိုရင်တော့ ကမာပေါ်မှာရှိတဲ့ အရာတွေအားလုံဟာ Spot (အစက်အပျောက်လေး တစ်ခုဖြစ်သွားပြီး) အားလုံးဟာ အရှိန်တူညီတယ်လို့ သတ်မှတ်နိုင်ပြီ ဖြစ်ပါတယ်...။

ဒီတော့ ဆိုကြပါဆို့ဗျာ..။ ကမာကို ကျွန်တော်တို့ရပ်နေတဲ့ ကုန်းကျော်တံတားလို့ သတ်မှတ်လိုက်...။ ကျွန်တော်တို့ ရိုက်မယ့် ကြယ်တွေကို..။ အောက်က သွားနေတဲ့ ကားတွေလို့ သတ်မှတ်လိုက်ဗျာ...။

ဒီ့အတွက် ကမာပေါ်မှာ မိတ်ဆွေရဲ့ Camera ကို Tripod နဲ့ ထောင်ပြီး ကြယ်တွေကို ရိုက်ခြင်းဟာ..။ ကုန်းတံတားတစ်ခုအပေါ်ကနေ အောက်ကသွားနေတဲ့ ကားတွေကို ရိုက်ခြင်းနဲ့ အတူတူပဲ ဖြစ်သွားတော့တယ်...။

ဒီလောက်ဆိုရင် သဘောတရားလေးကို နဲနဲတော့ တီးမိ ခေါက်မိမယ်ထင်ပါတယ်..။

လွယ်လွယ်လေးပဲဗျာ..။ ကင်မရာကို Tripod ပေါ်တင်..။ ကြယ်တွေကိုချိန်...။ Cable Release ကို Lock ချပြီး ရိုက်..။ Star Trail ရရော လို့....။ ပြောရရင် ရပါတယ်...။ တစ်ကြောင်းထဲနဲ့ ရိုက်နည်း ပြီးပါတယ်..။ ဘာလို့ ကျွန်တော်အပေါ်က ဟာတွေ ရှင်းပြရသလဲဆိုတော့..။ ကိုယ်လုပ်မယ့် အလုပ်...။ ဒါမှ မဟုတ် ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုကို..။ သေသေချာချာ အတွင်းကျကျ သိစေချင်ပါတယ်..။ ဒါမှ လုပ်ရတာ အဓိပါယ်ရှိပါလိ့မ်မယ်..။

သူများရိုက်လို့သာ လိုက်ရိုက်တယ်..။ Photography ကို နားမလည်တဲ့ သူတစ်ယောက်ယောက်က..။

" ဟ ..။ ဘာကြီးလဲဟ..။

Star Trails လေ..။ ဒါလေးတောင် မသိဘူးလား..။

သြော်...။ Photoshop နဲ့ လုပ်ထားတာလား" လို့မေးရင်..။

ကိုယ်အပင်ပန်းခံပြီးရိုက်ထားသမျှ..။ ဘာမှ ပြန်မရှင်းပြနိုင်ပဲ "နင်ပြီး" ပြန်လာရတာမျိုး မဖြစ်စေ ချင်လို့ပါ...။ လာမေးတဲ့သူကို..။ ဒါကတော့ ဒီလိုရှိတယ်..။ ဘာ့ကြောင့် ဒီလိုပုံထွက်တယ်..။ ဘယ်လိုရိုက်တယ်..။ စသဖြင့် ကိုယ်လုပ်ထားတဲ့ ဖန်တီးထားတဲ့ အနုပညာတစ်ခုကို ပိုင်ပိုင်နိုင်နိုင်...။ ယုံကြည်ချက်ရှိရှိ ပြန်ရှင်းပြစေနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်..။

အံမယ်..။ မင်းက လူကို ငတုံးများ ထင်နေလို့ ဒီလောက်ရှင်းပြနေတာလားမေးရင်းတော့..။ ဟုတ်ပါတယ်..။ ကျွန်တော့်လို ငတုံးတစ်ယောက် မဖြစ်အောင် ကျွန်တော်ရှင်းပြခြင်းဖြစ်ပါတယ်...။ ကျွန်တော် ကတော့ တော်တော်တုံးတဲ့အတွက်..။ တော်တော်လေ့လာ ခဲ့ရပါတယ်...။ အခုလည်း ဆက်လက် လေ့လာနေဆဲပါ...။

အိုကေ..။ ဒီလောက်ဆိုရင်တော့ Theory တွေ ပြီးပြီပေါ့ဗျာ..။ မပြီးလို့လဲမရပါဘူး...။ Star Trail Photography ကနေ Relativity... Relativity ကနေ Super String တွေ Black Hole တွေ အထိ ရှည်သွားနိုင်ပါတယ်... Photography ဘက် ပြန်လှည့်ရအောင်..။

ဟုတ်ပြီဗျာ..။ သဘောတရားနားလည်သွားပြီ (ပဲ ထားလိုက်ပါတော့ဗျာ) ..။ စရိုက်မယ်...။

စရိုက်မယ်ဆိုရင်..။ ဘယ်လိုရိုက်ရမလဲ မပြောခင်..။ ဘာတွေလိုတယ်ဆိုတာကိုပြောချင်ပါတယ်..။ မဖြစ်မနေ လိုမှာကတော့ Tripod တစ်ချောင်းနဲ့ Cable Release တစ်ခုပါပဲ...။

Tripod ကတော့ ထုံးစံအတိုင်း ကင်မရာတင်ဖို့ပေါ့..။ Cable Release ကတော့ ...။

ကျွန်တော်တို့ Camera မှာ Long Exposure အတွက် 30 sec ပဲ ပေးရိုက်ပါတယ်...။ အဲ့ဒီ့ထက်ကျော် သွားရင် Cable Release လိုလာပါပြီ...။ ဒါမှသာ ၁ မိနစ် ၂ မိနစ် ၁ နာရီ ၂ နာရီ စသဖြင့် ရိုက်နိုင်မှာပါ...။

Tripod ကတော့ အားလုံးလိုလို ရှိပြီးသားမို့ ..။ ထပ်ဝယ်စရာမလိုပေမယ့် ..။ Star Trail အတွက်ဖြစ်စေ..။ Serious ဖြစ်တဲ့ Landscaper များအတွက် ဖြစ်စေ..။ Cable Release ကတော့ မဖြစ်မနေ ဝယ်ရတော့ မှာ ဖြစ်ပါတယ်..။ စိတ်မပူပါနဲ့....။ Original Canon ကထုတ်တဲ့ Shutter Release တွေက ဈေးကြီးပေ မယ့်...။ (ဈေးကြီးတယ်ဆိုတာ သောင်းဂဏန်းပါ..။ အများဆုံး ၂ သိန်း ပေါ့) Third Party, China Made လေးတွေက ထောင်ဂဏန်းလောက်ပဲ ရှိပါတယ်...။

ဒါပေမယ့် Canon Made ပဲ ဝယ်ဝယ် China Made ပဲ ဝယ်ဝယ်...။ Cable Release ဝယ်ရင်တော့ Lock လုပ်လို့ရတဲ့ဟာ ဝယ်ပါ..။ သို့မဟုတ်ရင် Cable Release ဝယ်တာ အလကားပါပဲ...။

နောက်ဆုံး Cable Release မဝယ်ချင်သူများ သို့မဟုတ် ဝယ်ဖို့အဆင်မပြေသူများအတွက် နောက် တစ်နည်းကတော့...။ Computer နဲ့ Camera ကို USB Cable နဲ့ တွဲပြီး ရိုက်ဖို့ပါ..။ Canon သမားရော Nikon သမားရော Computer ကနေ ရိုက်လို့ရတဲ့ Software Utility တွေ Camera ဝယ်ကတည်းက CD ချပ်တွေနဲ့ပါ ပါတယ်..။ အဲ့ဒီ့အတွက် Computer ထဲကနေ Bulb Mode နဲ့ ရိုက်ရင်လည်း ရပါတယ်..။ ဒါပေမယ့် Computer ကြီးသယ်ရမှာနဲ့...။ Camera နဲ့ ချိတ်ရမှာနဲ့...။ တော်တော်အလုပ်ရှုပ်နိုင်ပါတယ်..။

နောက်တစ်ခု..။ ရိုက်တာကလည်း Star Trail ဖြစ်တဲ့အတွက်..။ ခြုံကြို ခြုံကြားတွေ...။ ရေကန် နားတွေ...။ ချောင်ကလောင်တွေထဲမှာ ဆိုတော့..။ Computer ကြီး တကားကားနဲ့ ဆို အဆင်တော့ မပြေလောက်ပါဘူး...။ ဒါပေမယ့်လည်း လိုရမယ်ရ ..။ သုံးလို့ရတယ်ဆိုတာ သိအောင် ကျွန်တော်ပြောပြတာပါ...။

အိုကေ Gear တွေစုံပြီဆို စရိုက်ဖို့လုပ်ပါမယ်...။ ဘယ်လိုရိုက်မလဲ... ဘယ်အချိန်ရိုက်မလဲ...။

Star Trail ဖြစ်တဲ့အတွက်..။ သေချာပေါက် ညဘက် ရိုက်ရမှာ ဖြစ်ပါတယ်...။ ရိုက်တဲ့နေရာမှာ..။ လုံးဝအလင်းရှိလို့မရပါဘူး...။ မီးလုံးလေး ၅ လုံးလောက်သာရှိတဲ့ အလင်းက..။ မိတ်ဆွေရဲ့ 1 Hour လောက် ရိုက်မယ့် Star Trail ပုံတစ်ခုလုံးကို သုံးစားလို့မရတော့ လောက်အောင်..။ ပျက်စီး သွားစေပါတယ်...။

နောက်ပိုင်း ကျွမ်းကျင်သွားရင်တော့ ကိုယ်ရိုက်မယ့် Exposure ကို ကြိုစဉ်းစားထားပြီး..။ မီးအရောင် ဘယ်လောက်ရှိရင်တော့ ပုံမပျက်ပဲ ရနိုင်တယ် ဆိုတာကို တွက်ချက်နိုင်မှာ ဖြစ်ပါတယ်...။ ဘာလို့ ကျွန်တော် ဒီလိုပြောလဲဆိုတော့..။ အောက်မှာ ကားတွေရဲ့ Light Trails တွေနဲ့ အပေါ်က Star Trails တွဲရိုက်ထားတာတွေ မြင်ဖူးကြမှာပါ...။

ဒါပေမယ့် မိတ်ဆွေ သတိထားဖို့တစ်ခုက အဲ့ဒီ့အောက်က ကား Light Trails တွေဟာ မိတ်ဆွေ ထင်ထားသလို..။ ရိုးရိုး Long Exposure ရိုက်တုန်းကလည်း စက်ကန့်နဲ့ အမျှသွားနေတဲ့ ကားတွေ မဟုတ်ပါဘူး..။ ၄ မိနစ် ၅ မိနစ်လောက် နေမှ တစ်စီးလာတဲ့ အလင်းတွေ ဖြစ်ပါတယ်..။ တစ်နာရီ ရိုက်လိုက်တဲ့အတွက်သာ..။ ကားတွေ အများကြီးသွားနေတယ်လို့ ထင်နေရတာ ဖြစ်ပါတယ်..။

ဒါကြောင့် အလင်းရောင်တွေ မရှိတဲ့ နေရာ (အလင်းရောင် အရမ်းနဲတဲ့နေရာ ) ကို မဖြစ်မနေ ရွေးရ ပါမယ်...။

နောက်တစ်ခုက တိမ်ရှိနေတဲ့ ညတွေ ရိုက်လို့မရပါဘူး..။ တိမ်ရှိနေတဲ့ ညတွေမှာ ရိုက်ရင်..။ မိတ်ဆွေရဲ့ ကြယ်တွေကို တိမ်တွေက လာလာဖုန်းတဲ့အတွက်...။ ကြည်လည် ပြတ်သားတဲ့ Star Trail ပုံတစ်ခုမရပါဘူး..။

နောက်ပြီး..။ လမိုက်ညလို ညမျိုးမှ ရိုက်ပါ...။ ကျွန်တော်စောစောက ပြောသလို မြို့ပြအလင်းတွေ..။ လျှပ်စစ်အလင်းတွေရှောင်ရုံနဲ့ မလုံလောက်ပါဘူး..။ Star Trail ရိုက်တဲ့အခါမှာ လရဲ့ အလင်းရောင် ကလည်း တော်တော် ပြသနာပေးပါတယ်...။

အကောင်းဆုံးကတော့ လမိုက်..။ လကွယ်မှာ ရိုက်တာ...။ ကြယ်တွေကို အကြည်လင်ဆုံးနဲ့ အထင်ရှား ဆုံး မြင်ရစေမှာ ဖြစ်ပါတယ်..။ လအလင်းရောင်ရှိနေရင် ကောင်းကင်မှာ မျက်လုံးနဲ့ ကြည့်ရင်လည်း ကြယ်တွေကို သေသေချာချာ မမြင်ရနိုင်လို..။ ပုံထွက်လာရင်လည်း Over Exposed ဖြစ်ပြီး ပုံ ပျက်သွားစေနိုင်ပါတယ်...။

မှာရမယ့် အချက်တွေက တော်တော်များပါတယ်..။ မိတ်ဆွေထင်သလောက် Star Trail က ပြီးပြီးရော ရိုက်လို့မရပါဘူး..။

အရပ်မျက်နှာကိုလည်း သိဖို့လိုပါတယ်..။ Star Trail ရိုက်တဲ့အခါကြရင် ကြယ်တွေကို အဝိုင်းပုံလေးတွေ လိုချင်တယ်ဆိုရင်..။ တောင်ဘက် ဒါမှမဟုတ်...။ မြောက်ဘက်ကို ရိုက်ဖို့လိုပါတယ်..။ ဒါမှသာ လှပတဲ့ လမ်းကြောင်းလေးတွေရှိတဲ့ Star Trail Photography ရပါလိမ့်မယ်..။ အရှေ့ဘက် သို့မဟုတ် အနောက်ဘက်..။ ဒါမှမဟုတ် ကြုံတဲ့ဘက်ကို ကြုံသလို ရိုက်ထည့်လိုက်ရင် တော့ ကြယ်တွေ (လမ်းကြောင်းတွေ) က ကန့်လန့်တွေ ပြေးနေပါလိမ့်မယ်...။

နောက်ပြီးတော့ အချိန်ကာလပါ...။ မိုးတွင်းကြီး ဘယ်လိုမှ Star Trail ရိုက်လို့မရပါဘူး..။ ညဘက် ကောင်းကောင်မှာ မိုးတိမ်တွေရှိနေ သလို..။ အချိန်မရွေး မိုးရွာချနိုင်တဲ့အတွက်..။ မိတ်ဆွေရဲ့ ကျန်းမာရေးအတွက်ရော..။ Camera ရဲ့ ကျန်းမာရေးအတွက်ပါ..။ Danger ကျပါတယ်...။

အကောင်းဆုံးကတော့ တန်ဆောင်မုန်း တန်ဆောင်တိုင်..။ ဆေးပေါင်းခတဲ့ည..။ ဘာညာ..။ အနီးအနား ပါတ်ဝန်းကျင်လတွေက ..။ Star Trail ရိုက်ဖို့အတွက် သင့်တော်ဆုံးပါ..။ ကြယ်တွေကို စုံစုံ လင်လင် မြင်ရသလို..။ မိုးလေလည်း ကင်းလွတ်ပါတယ်..။ ကောင်းကင်မှာ တိမ်တွေလည်း ကင်းတဲ့အတွက် အဆင်ပြေပါတယ်...။

အရေးအကြီးဆုံးနောက်တစ်ချက်ကတော့...။ ဓာတ်ခဲအား အပြည့်ဖြစ်ဖို့လိုပါတယ်..။ ဒီနေရာမှာ Grip သုံးပြီး နှစ်လုံးထည့်ထား တဲ့သူတွေက ပိုစိတ်ချရပါတယ်..။ မိတ်ဆွေရိုက်မယ့် ကြာချိန်က ၁ နာရီ ဆိုပါတော့..။ Noise Reduction ပြန်လုပ်မှာက ၁ နာရီ..။ စုစုပေါင်း ၂ နာရီ တိတိ Camera က Non Stop အလုပ်လုပ်နေမှာ ဖြစ်တဲ့အတွက်..။ ရိုက်နေရင်း တန်းလန်းသော်လည်းကောင်း..။ Noise Reduction လုပ်နေတဲ့အချိန်မှာသော်လည်းကောင်း Battery Down သွားရင်တော့ ရင်ကျိုးရကိန်း မြင်ပါတယ်..။

ဒါကြောင့် ရှိသမျှ Battery အားလုံးကို Fully Charged လုပ်ထားဖို့လိုပါတယ်..။

Star Trail ရိုက်မယ်ဆိုရင် ..။ နောက်ထပ် မဖြစ်မနေ လိုအပ်မယ့် Gear တွေကတော့...။

(၁) ဓာတ်မီး

(၂) စားစရာ (ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်)

(၃) သောက်စရာ (ကော်ဖီ၊ ရေ)

(၄) တုတ်တစ်ချောင်း (လိုရမယ်ရ အကောင်ဗလောင်တွေ ဘေးက ကာကွယ်ရန်)

(၅) အနွေးထည်

(၆) သံလိုက်အိမ်မြှောင် (Compass ပါတဲ့ Mobile Phone လဲ အဆင်ပြေပါတယ်)

(၇) လည်ရှည်ဖိနပ် (ဖြစ်နိုင်ရင် ဝတ်သင့်ပါတယ်..။)

စတာတွေပဲ ဖြစ်ပါတယ်...။ အဲ့ဒီ့အထဲက တစ်ခုမဟုတ် ...။ တစ်ခုမေ့ကျန်ခဲ့ရင်..။ မိတ်ဆွေ နောင်တ ရရ ပါလိမ့်မယ်...။

ဆောင်ရန်၊ ရှောင်ရန်တွေလည်း ပြီးပြီဆိုတော့ နောက်ဆုံးရိုက်နည်းပါပဲ...။

ကင်မရာကို Tripod ပေါ်တင်..။ Bulb Mode မှာထား..။ Aperture ကို f/8 လောက်ပေး..။ ISO ကို အနဲဆုံးထား (50,100,200)... Long Exposure Noise Reduction ကို On ... အရပ်မျက်နှာတွက်...။ Composition ချ...။ ပြီးရင် Cable Release ကို Lock ချပြီးရိုက်ဗျာ...။

Test Shot စမ်းချင်တယ်..။ ကြယ်တွေရဲ့ Direction ကို သိချင်တယ်ဆိုရင်တော့ 15 မိနစ်လောက် အရင် စမ်းရိုက်ကြည့်ပါ..။ အိုကေတယ်ဆိုမှ လုံးဝ ၁ နာရီစာ စရိုက်ပါ..။ နောက်ပိုင်း ကျွမ်းကျင်သွားရင် ၁ နာရီ မကပါဘူး..။ စိတ်ကြိုက်ရိုက်ပါ..။ များသောအားဖြင့်တော့ ၁ နာရီဆိုရင် ကြယ်တွေ စပြီး ဝိုင်းသွားပါပြီ...။ တစ်ခုနဲ့ တစ်ခုထိသွားပါပြီ...။

အရေးကြီးတာတစ်ခုတော့ ကျွန်တော်မှာပါရစေ..။ Composition အရေးကြီးပါတယ်...။ ကြယ်တွေ ဒီအတိုင်းသွားနေတာကို ရိုက်ထားတဲ့ Star Trail တစ်ခုထက်စာရင် Subject တစ်ခုခုပါနေတဲ့ ပုံက သိသိသာသာ သာသွားပါလိမ့်မယ်...။ အဲ့ဒီ့အတွက် နေရာကောင်းကောင်း ရွေးနိုင်ဖို့လိုပါတယ်...။

Subject ရွေးပြီးရင် Direction ရွေးဖို့ကိုလည်း မမေ့ပါနဲ့...။ နောက်တစ်ခုက ကိုယ်ရွေးထားတဲ့ Subject က အလင်းရှိနေတာမျိုးလည်း မဖြစ်ဖို့လိုပါတယ်...။ အလင်းမရှိရင် ပုံထဲမှာ ဘယ်မြင်ရမလဲလို့ မထင် ပါနဲ့....။ Star Trail ဖြစ်ပါတယ်..။ အနဲဆုံး ၁ နာရီလောက် Shutter ကို ဖွင့်ပေးထားတာဖြစ်တဲ့အတွက် မိတ်ဆွေရဲ့ Subject ပေါ်ကိုပေါ်ပါတယ်..။ အားမရဖူးဆိုရင် ပါလာတဲ့ ဓာတ်မီးလေးနဲ့ ၅ စက်ကန့် စာလောက် Subject ကို မီးထိုးပေးလိုက်ပါ..။ အဲ့လောက်ဆိုလုံလောက်ပါတယ်..။ တစ်နာရီလုံးလုံး ထိုးထားပေးဖို့ မလိုပါဘူး..။

ဒီလောက်ဆိုရင်တော့ အားလုံး နားလည်ကြမယ် ထင်ပါတယ်..။ နားမလည်ရင်လည်း အားမနာ တမ်းမေးကြပါ..။ တော်တော်များများ ရိုက်လေ့ရိုက်ထ မရှိကြတဲ့အတွက်...။ ဒီ Post မှာ မေးစရာတွေ များနိုင်ပါတယ်...။ တစ်ခေါက် နှစ်ခေါက်လောက် ရိုက်ကြည့်ပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်ရေးခဲ့တဲ့ ဘယ်အချက်တွေက ဘာတွေကို ဆိုလိုတယ်ဆိုတာ သဘောပေါက်သွားမယ်လို့ မျှော်လင့်ပါတယ်..။

အားလုံးပဲ ကြိုးစားပြီး စမ်းကြည့်စေချင်ပါတယ်..။ ကျွန်တော်တို့ နိုင်ငံမှာတော့ လောလောဆယ် မိုးတွင်းဖြစ် တဲ့အတွက် အဆင်မပြေနိုင်ပါဘူး..။ အခြားနိုင်ငံတွေမှာ ရှိနေတဲ့သူများကတော့ အခွင့်အရေးပေးတဲ့နေ့လေး စမ်းစေချင်ပါတယ်..။

နေ့ကောင်း ရက်သာ ရွေးပေးရမယ်ဆိုရင်တော့..။ သောကြာနေ့ ညမျိုး...။ စနေညမျိုးက အဆင်ပြေပါ တယ်..။ ည သန်းခေါင်..။ အလင်းတွေနဲ..။ ကြယ်တွေများတဲ့အချိန်မှာမှ ရိုက်ရမှာ ဖြစ်တဲ့အတွက်..။ မနက် အိပ်ရေးပျက်နိုင်ပါတယ်..။ ဒါကြောင့် ရုံးပိတ်ရက် ကျောင်းပိတ်ရက် ရိုက်ခိုင်းတာပါ..။ သို့မို့ဆိုရင်တော့ Boss တွေက ကွိုင်ရှာကြပါလိမ့်မယ်..။

ရိုက်ရင်းနဲ့လေ့လာပါ..။ လေ့လာရင်းနဲ့ ရိုက်ပါ..။ အားမငယ်ပါနဲ့..။ ဓိတ်ဓာတ်မကျပါနဲ့...။ ဘယ်ပညာရပ် ကိုမှ အထင်မသေးပါနဲ့..။ ပညာရပ်တိုင်းဟာ သူ့ဟာနဲ့သူ လေးနက်ကြတယ်ဆိုတာလေး အသိပေးရင်း...။

လေးစားစွာဖြင့်

Black Dream
http://www.blackdream21.com


အရှေ့မှာ ပါနေတဲ့ Subject က Star Trails ကို ပိုပြီးအားကောင်း စေပါတယ်..။


ဒီပုံမှာတော့ အလင်းဖောက်ထားတာကို သတိထားမိနိုင်ပါတယ်..။ နောက်ပိုင်းကျွမ်းကျင်သွားရင် ဒီလိုမျိုးလေး အလင်းဖောက်ပေးတာက ပိုကောင်းပါတယ်..။

Sunset လောက်ကနေစပြီး ရိုက်တာပါ..။ Star Trails မှာ အချိန်ကောင်းရွေးနိုင်ဖို့လည်း တော်တော် အရေးကြီးပါတယ်..။

ရိုးရိုးလေးပါ..။ Composition ချပြီး..။ ရိုက်ထားတာပါ...။

ဒီပုံကို အပေါ်က ပုံတွေနဲ့ ယှဉ်ကြည့်ကြည့်ပါ..။ တောင်ဘက် စူးစူး သို့မဟုတ် မြောက်ဘက်စူးစူး ကို ရိုက်ထားတာ မဟုတ်တဲ့အတွက်..။ ကြယ်လမ်းကြောင်းတွေက ဘေးတိုက်တွေ ဖြစ်နေ တာကို တွေ့နိုင် ပါတယ်...။

ဒီပုံကတော့ ဘာကြောင့် ကျွန်တော် တိမ်တွေကို ရှောင်ခိုင်းသလဲဆိုတာရဲ့ အဖြေပါပဲ...။ ဒါတောင် ဒီပုံက တိမ်နဲနေလို့ပါ...။ တိမ်များရင် ဘယ်လို ဖြစ်မလဲ တွေးကြည့်နိုင်ပါတယ်...။

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...