ဘာသာအလိုက် သင်ကြားခြင်းကို ရပ်တန့် ပြီး ခေါင်းစဉ်အလိုက် သင်ကြားသွားမည့် ပညာရေးစနစ်

By သမန်းကျား

ဥရောပ တစ်ခွင်မှာ ပညာရေးနဲ့ ပါတ်သက်လာရင် နာမည်ကောင်းရှိပြီး အမြဲဦးဆောင် ဦးရွက်ပြု လုပ်နေခဲ့ တဲ့အပြင် ဥရောပမှာ အဋ္ဌမမြောက် အကြီးဆုံးနိုင်ငံ လည်းဖြစ်တဲ့ ဖင်လန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံ ကမှ မလုပ်ဖူးသေးတဲ့ ပြုပြင်ပြောင်းလဲမှုကြီးကို ၂၀၂၀ ခုနှစ်ထက်နောက် မကျ ဘဲ ပြုလုပ်သွားတော့ မှာဖြစ် ပါတယ်။ အဲဒီပြောင်းလဲမှု ကတော့ ကျောင်း၊ကောလိပ်၊ တက္ကသိုလ် ပညာရေးတွေမှာ ရူပဗေဒ၊ ဓါတုဗေဒ၊ သင်္ချာ အစရှိသည်ဖြင့် ဘာသာလိုက် ခွဲခြားသတ်မှတ် သင်ကြား သွားတော့မှာ မဟုတ်ဘဲ ခေါင်းစဉ်တွေနဲ့ ပဲ သင်သွားတော့ မှာဖြစ်ပါတယ်။

ကျောင်းတွေမှာ အတန်းအချိန် တစ်ချိန်ကို တစ်ဘာသာ သင်ကြတဲ့စနစ်၊ စာမေးပွဲကို တစ်ရက် တစ် ဘာသာ ဖြေရတဲ့ စနစ်၊ ဘယ်ဘာသာကိုမုန်းတယ်၊ ဘယ်ဘာသာကိုဖြင့် ကြိုက်တယ်ဆိုတဲ့ အစွဲတွေ၊ ဒါတွေသင်ပြီး ဘာလုပ်ရမှာလဲ ဆိုတဲ့ မေးခွန်းတွေကို အဆုံးသတ်စေမယ့် ပြောင်းလဲမှုလို့ မြင်ပါ တယ်။ ကျောင်းတက်လိုက်တာနဲ့  သင်္ချာအချိန် ဆိုတာမျိုးမရှိတော့ဘဲ ဆရာမဖြစ်သူက ၀င်လာမယ်၊ ခေါင်းစဉ် တစ်ခုကို သင်ပုန်းပေါ်ရေးမယ်၊ ကျောင်းသူကျောင်း သား တွေနဲ့  အပြန်အလှန်ဆွေးနွေးမယ်၊ ထပ်သိဖို့  လိုတာတွေရှိရင် သုတေသနလုပ်ကြမယ်၊ စာတမ်းတွေရေးကြ မယ်၊ ဖွံ့ ဖြိုးဆဲနိုင်ငံတွေက လက်မ လွှတ်နိုင်သေးဘဲ အသုံးပြုနေဆဲဖြစ်တဲ့ အလွတ်ကျက်ဖြေစနစ်ထက် အဆင့် ပေါင်းများစွာ ပြောင်းလဲ သွားတော့မယ့် ဖင်လန်နိုင်ငံရဲ့  ၂၀၂၀ အမှီ ပြောင်းလဲမယ့် ပညာရေး စနစ်ကြီး ဖြစ်ပါတယ်။

ကျောင်းသူကျောင်းသားတွေက ပထ၀ီတစ်ချိန်၊ သမိုင်းတစ်ချိန် လိုမျိုးသင်ယူရတော့မှာ မဟုတ်ဘဲ ဥပမာ အားဖြင့် ဥရောပ သမဂ္ဂအကြောင်းကို ၂နာရီလောက် သင်ယူမယ်၊ အဲဒီမှာ ဘာသာစကား၊ စီးပွားရေး၊ သမိုင်း၊ပထ၀ီ ပေါင်းစပ် ပါဝင်မယ်။ ဒါမှမဟုတ် ကျောင်းသူကျောင်းသားတွေက အသက်မွေးဝမ်းကျောင်း ဘာသာရပ် တက်မယ် ဆိုပါစို့ ။ ကဖေးမှာ ဘယ်လို အလုပ်လုပ်ရမလဲ ဆိုတာကို လက်တွေ့ ကွင်းဆင်းလေ့ လာ သင်ယူရင်း အတွက်အချက်၊ ဘာသာ စကားနဲ့  ဆက်ဆံရေး နည်းလမ်းတွေကို တစ်ပါတည်း သင်ယူ သွားရမှာ ဖြစ်ပါတယ်။

ဒီတော့ ကျောင်းသူကျောင်းသား တွေဟာ သိပ္ပံ ဘာသာရပ်တွေကို စာအုပ်လိုက်သင်ယူကြတာ မဟုတ်တော့ပေမယ့် သက်ဆိုင်ရာ နယ်ပယ်အလိုက် ပါတ်သက်တာအားလုံးကို သင်ယူရမှာဖြစ်တဲ့အတွက် ကိုယ်နဲ့ တိုက်ရိုက်တိုက်ဆိုင်တဲ့ကိစ္စတွေဖြစ်နေလေတော့ စိတ်ဝင်တစား လေ့လာမှတ်ယူ သွားကြမှာပဲ ဖြစ် ပါတယ်။

ပညာရေးစနစ်ဟာ လူတွေကို လုပ်ငန်းခွင်ဝင်နိုင်အောင် ပြင်ဆင်ပေးနိုင်ဖို့  လိုအပ်ပါတယ်။ စက်မှု၊ နည်း ပညာ၊ ဆက်သွယ်ရေး အလွန်ထွန်းကားနေတဲ့ ဒီဘက်ခေတ်ကြီးက လူ့ ဘောင် လူ့ အသိုင်းအ၀ိုင်းအတွက် ကိုက်ညီမယ့် ပညာရေး စနစ်တစ်ရပ် ပေါ်ထွန်းလာစေရေးအတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့  လိုအပ်လာပါပြီ။ တစ်ချိန်က ဂဏန်းတွေကို ဂဏန်းတွက်စက်နဲ့ ပေါင်းနေတဲ့ ဘဏ်တွေမှာ အခုဆိုရင် အဆင့်မြင့်ဆော့ဖ်ဝဲတွေ ထည့်သွင်းထားတဲ့ အဆင့်မြင့် ကွန်ပျူတာကြီးတွေ ရှိပါတယ်။ ဒီစနစ်မှာ အံဝင်ခွင် ကျဖြစ်နေဖို့  ဘဏ်လုပ်ငန်း သင်ရိုးညွှန်းတန်းကို ပြောင်းရမှာပဲ မဟုတ်ပါလား။ ဒီလိုသဘောနဲ့ ပဲ ကျောင်း ပညာရေးမှာလည်း ဘာသာရပ် အလိုက် သင်ပေးတာထက် ခေါင်းစဉ်အလိုက်ပဲ သင်ကြားပို့ ချသွားဖို့  ဖင်လန်နိုင်ငံက စီစဉ်နေတာ ဖြစ်ပါတယ်။

ဖင်လန်နိုင်ငံရဲ့  ပညာရေး စနစ်သစ်မှာ သင်ယူမှု အသွင်သစ် အမျိုးမျိုးကို အားပေးထားပါတယ်။ အဖွဲ့  ငယ်လေးတွေ ခွဲပြီး အခြင်းခြင်း အပြန်အလှန်ဆွေးနွေးပြီးတော့ ပုစ္ဆာဖြေရှင်းရမှာတွေ၊ လုပ်ငန်းခွင်ဝင်ဖို့  အသင့်ဖြစ်အောင် လေ့ကျင့် ပေးတာတွေ ပါဝင်ပါတယ်။ ပညာရေးစနစ်ကို ပြန်လည်သုံးသပ်ပြီး ဒီဇိုင်းပြန်ရေးဆွဲဖို့  လိုအပ်ပါတယ်။ ဒါမှသာလျင် ကလေးတွေဟာ ဒီနေ့ ၊မနက်ဖြန်၊အနာဂါတ်တွေမှာ လိုအပ်မယ့် နည်းပညာနဲ့ စွမ်းရည်တွေ ပြည့်ဝသူတွေ ဖြစ်လာ ကြမှာပါ။

၁၉၀၀ ၀န်းကျင်က ရေးဆွဲခဲ့တဲ့ ပညာရေးစနစ်ကို အခုအချိန်အထိ အသုံးပြုနေသေးတဲ့ နိုင်ငံတွေ ရှိပါတယ်။ ၁၉၀၀ တုန်းက လိုအပ်ချက်က တစ်မျိုးပါ။ အခု ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ လိုအပ်ချက်က တစ်မျိုးပါ။ ပညာရေးပြုပြင် ပြောင်းလဲမှုက လိုကိုလိုအပ်ပါတယ်လို့  ဒီလှုပ်ရှားမှုကို ဦးဆောင် ဦးရွက်ပြုနေတဲ့ ပညာရှင် တစ်ဦးက ပြောပြပါတယ်။

ဖင်လန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၂-နှစ် ကတည်းက ဘာသာရပ်ကိုတဆင့်ပြီးတဆင့် ဖြုတ်နေပါတယ်။ တစ်နိုင်ငံ လုံးရဲ့  ပညာရေးဝန်ထမ်း ၇၀ ရာခိုင်နှူန်းက စနစ်သစ်ပညာရေးကို သင်တတ်အောင် သင်တန်းပြန်တက်နေ ရပါတယ်။

စမ်းသပ်ကာလ သာဖြစ်ပေမယ့် ကျောင်းသူကျောင်းသားတွေဟာ ကျောင်းကို စိတ်ဝင်စားလာပြီး ကိုယ် သိတာ တတ်တာကို အမှန်တကယ်ဖော်ပြလို့ ရမယ့်နေရာအဖြစ် ကျောင်းချစ်စိတ် ပိုလာတာကို တွေ့ ရ ပါတယ်။

ဒါဖြစ်ရင် တစ်သက်လုံး သင်္ချာသင်လာတဲ့ ဆရာဆရာမတွေ ဘယ်လို လုပ်ကြမလဲလို့ မေးလာရင် နစ်နာ မှုတွေတော့ ရှိနိုင်တယ်လို့  ပြန်ဖြေရမှာဖြစ်ပါတယ်။ ဒါပေမယ့် သေချာပါတယ်။ စာသင်ခန်းတစ်ခန်းမှာ ဆရာဆရာမ ၂ယောက် လောက် တွဲဖက် သင်ကြားကြတဲ့အခါ သင်္ချာ ဆရာမအတွက် နေရာအမြဲရှိနေမှာပါ။
ကမ္ဘာပေါ်မှာ အကောင်းဆုံး ပညာရေး စနစ်ပိုင်ရှင် ဖင်လန်ရဲ့  ၂၀၂၀ ပညာရေး စနစ်သစ်အကြောင်း တစေ့တစောင့်း  လေ့လာရေးသား တင်ပြလိုက် ရပါတယ်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...